Background
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုကတော့ ဆက်လက်ရှိနေပါ တယ်။ ယခင်သီတင်းပတ်က တန် ၁၆၀ တင်ပို့ခဲ့ရာမှ ယခုနိုဝင်ဘာလ ၂၈ရက်မှ ဒီဇင်ဘာ ၂ ရက်အထိတစ်ပတ်အတွင်း မှာတော့ တန်ချိန် ၃၅၃ ကို ပြန်လည် တိုးတက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများ ကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ပထမပတ်ပဲစင်းငုံနီဈေးကွက်မှာ ပဲသစ်အချို့ဈေး ကွက်ထဲဝင်လာပေမယ့် အရေအတွက်နည်းသလို ဈေးလည်းမငြိမ်ခဲ့ဘဲ ပဲဟောင်းက တော့ အရောင်းသမားရော အဝယ်သမားပါ ခပ်သွက်သွက်ရောင်းဝယ်နေကြတယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံ နေ့စဉ်အရောင်းအဝယ်ဖြစ်နေလို့ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက် အတွင်းတန်ချိန် ၉၂၀၀ ကျော်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျလာပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၆၃၀၀ ကျော်ကို အနည်း ငယ်လျော့ကျတင်ပို့ခဲ့ပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်အစပိုင်းရက်မှာ ပြည်မတ်ပဲဈေးကွက်အနေဖြင့် တစ်တင်းကို ၁၄၂၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုရက်မှာတော့ ၁၃၈၀၀ ကျပ်ဈေးသာ ရှိတယ်လို့သိရပါတယ်။
ဟင်္သာတပဲဈေးကွက်ရဲ့ မတ်ပဲဈေးဟာ ယခင်တစ်ပတ်ထက်ဈေးအနည်းငယ် မာလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၁၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ တန်ချိန်စုစုပေါင်း ၇၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင် တစ်ပတ်က အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၃၇၀၀ ရှိတဲ့အတွက် ယခုတစ်ပတ် (ဒီဇင်ဘာ ၂ - ၈ ရက်)အတွင်းမှာ အဝယ်ပြန်လိုက်လာတဲ့အတွက် အရောင်းအဝယ် အသင့်အတင့် တက်လာခြင်းဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာ တန်ချိန် ၄၅၀၀ ခန့်သာ တင်ပို့မှုရှိလို့ ယခင် သီတင်းပတ် တင်ပို့ခဲ့တဲ့ တန် ၅၀၀၀ ထက် လျော့ကျခဲ့ပါတယ်။
ယခုနိုဝင်ဘာလမှာ မြန်မာတရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကနေ ပြောင်းဖူးစေ့ ၃၇၄၅တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၀၄၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ထူးခြားမှုကတော့ ကွမ်လုံဒေသထွက် ပြောင်းဖူးစေ့များအပြင် လားရှိုး သိန္နီ ဒေသမှထွက်တဲ့ ပြောင်းဖူးစေ့များကို တင်ပို့ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းဖူးစေ့တစ်အိတ်ကို ၉၃ ယွမ်ဈေးပေါက်ပြီး ချင်းရွှေဟော် မှာတော့ တစ်အိတ်ကို ၈၅ ယွမ်သာ ဈေးပေါက်ကြောင်း သိရပါတယ်။ ဒါပေမယ့် သယ်ယူပို့ဆောင်ခမှာတော့ လားရှိုးမှ မူဆယ်သို့ တစ်အိတ်ကို ကျပ် ၂၀၀၀ ကုန်ကျပြီး လားရှိုးမှ ချင်းရွှေဟော်ကို သယ်ဆောင်ခတစ်အိတ် ၁၃၀၀ ကျပ်သာ ကုန်ကျတာကြောင့် သယ်ယူခသက်သာပြီး ရောင်းဈေးနည်းပေမယ့်တွက်ခြေကိုက် တာကြောင့် ချင်းရွှေဟော်မှ ယခုလမှာ ပြောင်းဖူးစေ့ ပိုမိုတင်ပို့နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် စခန်းနဲ့ ကန်ပိုက်တီး စခန်းတို့ကနေ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ ပြောင်းတန်ချိန် ၂၅၈၃၁ တန်ကျော်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၂၃၃ သန်းဖိုးခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀၀၀၀ ကျော် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု ရက် သတ္တပတ်က ကန်ပိုက်တီးမှတင်ပို့မှုမရှိဘဲ ယခုအပတ်မှာ တင်ပို့နိုင်တဲ့အပြင် မူဆယ် နဲ့ ချင်းရွှေဟော်စခန်းတွေကလည်း ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ပြောင်းဖူးစေ့ဈေးနှုန်း မြင့်တက်ခဲ့ပေမယ့် နှံစားပြောင်းဈေး ကတော့ ကျဆင်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးကတော့ သိသိသာသာ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၉၁၂၆ ၂၁၇၁၇၄ ၁၁၉၅၂ ၅ .၂ ၂၉၃ ၂၉၄ ၁ ၀ .၃နံှစားပြောင်း ၂၀၈၁၅၉ ၂၁၀၆၀၉ ၂၄၅၀ ၁ .၂ ၃၄၆ ၃၄၇ ၁ ၀ .၃MIRT(DOBT)
