Background
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ တစ်တင်း ၁၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ဈေးလျော့နည်းသွားခဲ့ပါတယ်။ ပွဲရုံ များမှာ ပဲစင်းငုံလက်ကျန်များရှိခဲ့ပေမဲ့ အရောင်းအဝယ် အေးနေခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ တစ်ရက် အိတ် ၄၀၀ ကျော် ရောင်းဝယ် ခဲ့ကြကြောင်းသိရပါတယ်။ ဆုမွန်ဆွေ
ယခုတစ်ပတ်အတွင်း ပဲစင်းငုံဈေး ကျဆင်းနေခဲ့ရာမှ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ ဒေသတွင်း ခွဲစက်များအဝယ်ရှိလာလို့ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဒေလီဈေးကွက်မှာ ပဲစင်းငုံလီမွန်အိတ် ၅၀၀-၇၀၀ ခန့်ရောင်း ထွက်ခဲ့ပါတယ်။ ပြည်တွင်းထွက် ဂူဘာကာမှ ပဲစင်းငုံများကို အမြင့်ဈေးနဲ့ ဖော်ပြ ထားတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဟာရာနာနဲ့ ဥတ္တရာ ပရာဒေ့ရှ်က ပဲစင်းငုံအသစ် အိတ် ၄၀၀-၅၀၀ ဝန်းကျင်ဝင်ရောက်ခဲ့တဲ့အတွက် နောက်ရက်တွေမှာတော့ ပဲစင်းငုံဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၁၁-၁၁ ၃-၁၁-၁၁ ၂-၁၁-၁၁ ၁-၁၁-၁၁မွန်ဘိုင်း ၆၄၈-၆၈၃ ၆၃၃ ၆၃၀ ၆၃၃ဒေလီ ၆၈၉-၆၉၀ ၆၇၁-၆၇၃ ၆၇၃-၆၇၅ ၆၇၂-၆၇၄ချန်နိုင်း ၆၃၈ ၆၁၈ ၆၂၀ ၆၂၃MIRT-MAPT
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်အားအကောင်းဆုံးပဲကတော့ ပဲစင်းငုံဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်ဝင်မလာမီ စပ်ကူးမတ်ကူး ကာလအတွက် အဝယ်လိုက်လာလို့ ယခုတစ်ပတ်(အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ ပဲစင်းငုံဖြူနီ တန်ချိန် ၄၈၀၀၊ ငုံနီ တန် ၆၄၀၀ ခန့်နဲ့ စုစုပေါင်း တန် ၁၁၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲစင်းငုံတွေထဲမှာ လင်းခေးစက ဈေးပိုတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အားကောင်းနေတဲ့အတွက် ယခုတစ်ပတ်မှာ ပို့ကုန်ဝင်ငွေ တန်ဖိုးလျော့လို့ အခြားပဲဈေးများ အနည်းငယ်လျော့ကျပေမဲ့ ပဲစင်းငုံ FOB ဈေးကတော့ ငြိမ်နေပါတယ်။ နိုဝင်ဘာလ ၄ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀-၄၈၀ နဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၂၆၀၀ ကျော်သာတင်ပို့နိုင်ခဲ့ရာမှ ယခု တစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့)အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ခန့်အထိ ပိုမိုတင်ပို့လာနိုင်ပါတယ်။ အဓိကပဲများထဲမှာ ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှုက ယခင်တစ်ပတ်တွေထက် ပိုမိုနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၃၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၅ သန်းကျော်ရရှိပြီဖြစ်ပါတယ်။ ယခင် ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၆၅၀၀၀ ခန့်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၂ သန်းကျော်ရရှိလို့ တင်ပို့မှုပမာဏအားဖြင့် ယခုနှစ်မှာ တစ်ဆပိုနေပေမဲ့ ဝင်ငွေ အားဖြင့် တင်ပို့မှု ပမာဏနဲ့ယှဉ်ရင် လျော့နည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်ရှိလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုပုံမှန် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT
ပြည်ပွဲရုံများသို့ ယခုတစ်ပတ်အတွင်း မတ်ပဲအဝင်မရှိတော့ဘဲ လက်ကျန်များသာ တစ်တင်းကို ၁၈၀၀၀ ကျပ် ဈေးနဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ မတ်ပဲဈေး တစ်တင်း ၂၄၅၀၀ ကျပ်ဈေး ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ ယခင်နှစ်ကဈေးကို မမီတာတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် လည်း နည်းနေပြီး၊ လှောင်လက်သမားများသာ ထုတ်ရောင်းနေကြတဲ့အတွက် တစ်နေ့ကိုအိတ် ၃၀၀-၄၀၀ လောက်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၂၀၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ယခင်သီတင်းပတ်အတွင်း မတ်ပဲတင်ပို့မှု တန်ချိန် ၁၂၀၀၀ ကျော်ထိ တိုးတက် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့) အတွင်းမှာ တော့ တန်ချိန် ၅၇၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်းပြန်လည် လျော့ကျခဲ့ ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာ ၂၈ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု တန်ချိန် ၄၄၅၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၄ သန်းရရှိပြီးကြောင်းနဲ့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၁၀ ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု တိုးတက်ဖွယ် မရှိဘူးလို့ ကုန်သည်များခန့်မှန်းထားကြောင်း သိရပါတယ်။ MIRT-MAPT
မန်းဈေးကွက်တွင်းသို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင်၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့များ လှိုင်လှိုင် ဝင်ရောက်နေပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသတွင်း အစာစပ် လုပ်ငန်း များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်းသွက်ကြောင်း သိရပါတယ်။ ယခင်လ မှာတော့ ပြောင်းဖူးစေ့ (ရှမ်း/ဗမာ)တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက် တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုလ မှာတော့ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်း(ဗမာ) ၂၅၉ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်၊ CP ပြောင်း ၂၇၈ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိတာကြောင့် ပြောင်းဖူးဈေးအေးရခြင်းဖြစ်ပေမယ့် တရုတ်သို့ ပြောင်းဖူးစေ့ မျိုးစုံတန်ချိန် ၁၃၀ ခန့် နေ့စဉ်နီးပါးအထွက်ရှိတာကြောင့် ဆက်ပြီးတော့ အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်နေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ စိုးအောင်
အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ပြောင်း ၄၈၀၄ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၃၇၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ် တင်ပို့မှု ၃ ဆခန့် မြင့်တက် သွားတာတွေ့ရပါတယ်။ မြန်မာ့ပြောင်း အထွက်ကောင်းတဲ့အပြင် ကမ္ဘာ့ပြောင်းလိုအပ်ချက် မြင့်တက်လာတာကြောင့် ယခုလိုတင်ပို့မှု မြင့်တက်ရခြင်းဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ် ကလည်း အပတ်စဉ် တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉၀-၃၀၅ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၂ ဒသမလ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၃၂ တန်ကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်များက အပို့ရှိခဲ့ပြီး ယခုအပတ်တင်ပို့မှုဟာ တန် ၂၀၀ ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နယ်စပ်စခန်းအလိုက် ရော်ဘာအဆင့်လိုက်တင်ပို့မှုများကတော့ မူဆယ်မှ RSS-3 ၂၇၈ တန်၊MSR -20 ၆၉ တန်၊MSR -50 ၆၉ တန်နဲ့ ချင်းရွှေဟော်မှRSS-3 ၁၁၆ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3 ၂၅၄ တန်နဲ့ MSR -50 ၂၅ တန်MSR -50 ၆၉ တင်ပို့မှုပိုမိုခဲ့ပြီး MSR -20 ၁၃၅ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံရော်ဘာဈေးများ ကျလျက်ရှိပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၁၈၄၂၀၁ ၃၄၂၅၈၆၀ ၂၄၁၆၅၉ ၇ ၃၉၂၉ ၄၁၅၇ ၂၂၈ ၅RSS - 5 ၂၉၁၅၄၀၂ ၃၃၁၂၃၇၉ ၃၉၆၉၇၈ ၁၂ ၃၇၇၂ ၄၀၀၁ ၂၂၉ ၆MIRT(DOBT)
မန္တလေးမှ လားရှိုးသို့ မီးရထားဖြင့် ရာသီကုန်များတွင် ငါးဆားနယ်များကို နေ့စဉ်ပိဿာချိန် ရာချီတင်ပို့ နေရကြောင်း သိရပါတယ်။ "ဒီလကစပြီး ကုန်လိုက်လာပြီ။ ရာသီကုန်တွေထွက်ရှိစပြုပြီဖြစ်တဲ့အတွက် ကုန်တင်ပို့မှုများနေတယ်။ ရာသီကုန်ထဲမှာ ငါးဆားနယ်နေ့စဉ်ဝင်နေတယ်။ ငါးဆားနယ် ခြင်းတစ်ခြင်းကို ကုန်ချိန် ၇၀ ဝန်းကျင်ပါ ခြင်းပေါင်း ၁၀၀ အနည်းဆုံး နေ့စဉ်ဝင်နေတာ။ ပဲမျိုးစုံ၊ သံတိုသံစ၊ အသားခြောက်၊ အုန်းသီး၊ ဂေါ်ဖီထုပ်တွေလည်း တင်ပို့ရ တယ်။ အပြန်ကုန်တွေထဲမှာ မြေဆီ၊ စက္ကူလိပ်၊ စားတော်ပဲတွေဝင်လာတယ် " ဟု ကုန်တွဲကုန်ပို့ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ ပွင့်လင်းရာသီတွင် ရာသီကုန်များ၊ စားသောက်ကုန်များ ပုံမှန်တင်ပို့မှုရှိရာ ယခုတစ်ပတ် ငါးဆားနယ် အများဆုံး တင်ပို့မှုရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံပိဿာချိန် နှစ်သောင်းဝန်းကျင်တင်ပို့မှုရှိကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးသို့ မီးရထားဖြင့်သာမက ကားများဖြင့်လည်း ကုန်တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့် ကုန်တင်ပို့ခမှာ တစ်ပိဿာ ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး