Main menu

Background

Tuesday, 8 Nov 2011

               ပြည်ပွဲရုံများသို့ ယခုတစ်ပတ်အတွင်း မတ်ပဲအဝင်မရှိတော့ဘဲ လက်ကျန်များသာ တစ်တင်းကို ၁၈၀၀၀ ကျပ် ဈေးနဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ မတ်ပဲဈေး တစ်တင်း ၂၄၅၀၀ ကျပ်ဈေး ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ ယခင်နှစ်ကဈေးကို မမီတာတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် လည်း နည်းနေပြီး၊ လှောင်လက်သမားများသာ ထုတ်ရောင်းနေကြတဲ့အတွက် တစ်နေ့ကိုအိတ် ၃၀၀-၄၀၀ လောက်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၂၀၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။   မိမိအေး

Tuesday, 8 Nov 2011

                  ယခင်သီတင်းပတ်အတွင်း မတ်ပဲတင်ပို့မှု တန်ချိန် ၁၂၀၀၀ ကျော်ထိ တိုးတက် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့) အတွင်းမှာ တော့ တန်ချိန် ၅၇၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်းပြန်လည် လျော့ကျခဲ့ ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာ ၂၈ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု တန်ချိန် ၄၄၅၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၄ သန်းရရှိပြီးကြောင်းနဲ့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၁၀ ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု တိုးတက်ဖွယ် မရှိဘူးလို့ ကုန်သည်များခန့်မှန်းထားကြောင်း သိရပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                မန်းဈေးကွက်တွင်းသို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင်၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့များ လှိုင်လှိုင် ဝင်ရောက်နေပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသတွင်း အစာစပ် လုပ်ငန်း များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်းသွက်ကြောင်း သိရပါတယ်။ ယခင်လ မှာတော့ ပြောင်းဖူးစေ့ (ရှမ်း/ဗမာ)တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက် တိုးပြောင်း ၃၇၇ ကျပ်၊ CP  ပြောင်း ၃၄၃ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုလ မှာတော့ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်း(ဗမာ) ၂၅၉ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်၊ CP ပြောင်း ၂၇၈ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိတာကြောင့် ပြောင်းဖူးဈေးအေးရခြင်းဖြစ်ပေမယ့် တရုတ်သို့ ပြောင်းဖူးစေ့ မျိုးစုံတန်ချိန် ၁၃၀ ခန့် နေ့စဉ်နီးပါးအထွက်ရှိတာကြောင့် ဆက်ပြီးတော့ အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်နေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ စိုးအောင်

Sunday, 30 Oct 2011

                 အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ပြောင်း ၄၈၀၄ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၃၇၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ် တင်ပို့မှု ၃ ဆခန့် မြင့်တက် သွားတာတွေ့ရပါတယ်။ မြန်မာ့ပြောင်း အထွက်ကောင်းတဲ့အပြင် ကမ္ဘာ့ပြောင်းလိုအပ်ချက် မြင့်တက်လာတာကြောင့် ယခုလိုတင်ပို့မှု မြင့်တက်ရခြင်းဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ် ကလည်း အပတ်စဉ် တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉၀-၃၀၅ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW

Sunday, 30 Oct 2011

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၂ ဒသမလ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၃၂ တန်ကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်များက အပို့ရှိခဲ့ပြီး ယခုအပတ်တင်ပို့မှုဟာ တန် ၂၀၀ ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နယ်စပ်စခန်းအလိုက် ရော်ဘာအဆင့်လိုက်တင်ပို့မှုများကတော့ မူဆယ်မှ RSS-3  ၂၇၈ တန်၊MSR -20  ၆၉ တန်၊MSR -50 ၆၉ တန်နဲ့ ချင်းရွှေဟော်မှRSS-3  ၁၁၆ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3  ၂၅၄ တန်နဲ့ MSR -50 ၂၅ တန်MSR -50 ၆၉ တင်ပို့မှုပိုမိုခဲ့ပြီး MSR -20 ၁၃၅ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံရော်ဘာဈေးများ ကျလျက်ရှိပါတယ်။                                       မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု                ယခင်         ပြောင်းလဲမှု   %        ယခု         ယခင်  ပြောင်းလဲမှု   %RSS - 3      ၃၁၈၄၂၀၁      ၃၄၂၅၈၆၀      ၂၄၁၆၅၉     ၇        ၃၉၂၉      ၄၁၅၇      ၂၂၈          ၅RSS - 5       ၂၉၁၅၄၀၂     ၃၃၁၂၃၇၉        ၃၉၆၉၇၈  ၁၂       ၃၇၇၂       ၄၀၀၁    ၂၂၉           ၆MIRT(DOBT)

Sunday, 30 Oct 2011

           မန္တလေးမှ လားရှိုးသို့ မီးရထားဖြင့် ရာသီကုန်များတွင် ငါးဆားနယ်များကို နေ့စဉ်ပိဿာချိန် ရာချီတင်ပို့ နေရကြောင်း သိရပါတယ်။          "ဒီလကစပြီး ကုန်လိုက်လာပြီ။ ရာသီကုန်တွေထွက်ရှိစပြုပြီဖြစ်တဲ့အတွက် ကုန်တင်ပို့မှုများနေတယ်။ ရာသီကုန်ထဲမှာ ငါးဆားနယ်နေ့စဉ်ဝင်နေတယ်။ ငါးဆားနယ် ခြင်းတစ်ခြင်းကို ကုန်ချိန် ၇၀ ဝန်းကျင်ပါ ခြင်းပေါင်း ၁၀၀ အနည်းဆုံး နေ့စဉ်ဝင်နေတာ။ ပဲမျိုးစုံ၊ သံတိုသံစ၊ အသားခြောက်၊ အုန်းသီး၊ ဂေါ်ဖီထုပ်တွေလည်း တင်ပို့ရ တယ်။ အပြန်ကုန်တွေထဲမှာ မြေဆီ၊ စက္ကူလိပ်၊ စားတော်ပဲတွေဝင်လာတယ် " ဟု ကုန်တွဲကုန်ပို့ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။               ပွင့်လင်းရာသီတွင် ရာသီကုန်များ၊ စားသောက်ကုန်များ ပုံမှန်တင်ပို့မှုရှိရာ ယခုတစ်ပတ် ငါးဆားနယ် အများဆုံး တင်ပို့မှုရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံပိဿာချိန် နှစ်သောင်းဝန်းကျင်တင်ပို့မှုရှိကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးသို့ မီးရထားဖြင့်သာမက ကားများဖြင့်လည်း ကုန်တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့် ကုန်တင်ပို့ခမှာ တစ်ပိဿာ ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။                  ဇူးဇူး

Sunday, 30 Oct 2011

                 ဒီပါဝလီပွဲတော်ပိတ်ရက် ၃ ရက်ရှိတာကြောင့် နနွင်းတောင်သူများဈေးကွက်အတွင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ အိတ်ပေါင်း ၁၇၀၀၀ ကျော်ထိ သယ်ဆောင်လာတဲ့အတွက် နနွင်းလက်ငင်းဈေး တစ်တန်ရူပီး ၂၀၀၀-၅၀၀၀ (ကန်ဒါ်လာ ၄၀ ဒသမ ၅၅ - ၁၀၁ ) ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း စပ်နနွင်းမျိုးကတော့ ဝယ်ယူမှုရှိတဲ့ အတွက် တစ်တန်ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀-၅၅ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူတွေလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး ပိတ်ရက်အပြီးမှာ ဈေးကွက်အတွင်း ဝင်လာဖွယ်ရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှပြောကြားပါတယ်။ နနွင်းကြိုပွိုင့်ဈေးလည်း တစ်တန်ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၃၀) ကျဆင်းခဲ့တယ်လို့သိရပါတယ်။                    နိုင်ငံမြောက်ပိုင်းမှ အမှာအော်ဒါများ မရရှိတာကြောင့် နနွင်းဝင်ရောက်မှုရဲ့ ၄၅ ရာခိုင်နှုန်းခန့်သာ ရောင်းထွက်တယ်လို့ သိရပါတယ်။ ရောင်းထွက်မှုနည်းတာကြောင့် တောင်သူများ စိတ်ပျက်နေကြတယ်လို့ဆို ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကျော် အတွင်း နနွင်းဈေးဟာ တစ်တန်ရူပီး ၄၅၀၀၀ နဲ့ ၅၅၀၀၀ (ကန်ဒေါ်လာ ၉၁၂-၁၁၁၅) အတွင်းဈေးမှာအတက်အကျ ဖြစ်နေပြီး နောက်လမှာ ထပ်ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။                     အကယ်လို့ နနွင်းဝင်ရာက်မှုများနေမယ်ဆိုရင် ဈေးသိသိသာသာကျနိုင်တယ်လို့ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၈၉၄၀-၅၄၈၆၀(ကန်ဒေါ်လာ ၇၉၀-၁၁၁၂)ရှိနေပြီး၊ နနွင်းဥဈေးက ရူပီး ၃၅၀၉၀-၄၈၅၉၀ (ကန်ဒေါ်လာ ၇၁၁-၉၈၅) ရှှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: hindubusiness

Sunday, 30 Oct 2011

                   ရှမ်းနနွင်းကတော့ ပုံမှန်လောက်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ လောက်သာ အရောင်းဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်ယူနေလို့ အရောင်းအဝယ် ကလည်း အသင့်အတင့်သာဖြစ်နေပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကား ဈေးက တစ်ပိဿာ ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်ရှိပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ ၃၀၀၀ ကျပ်နဲ့ ရောင်းနေကြပါတယ်။ ပင်လောင်းနနွင်းကတော့ အနိမ့်ဆုံး ၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀ ကျပ်ဈေးရှိပြီး၊ ပင်းတယ (တောင်ပို့လ) နနွင်းက ၂၀၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေ ကသိရပါတယ်။               ဟိုပုံးနနွင်းကတော့ ရန်ကုန်ဝယ်လက်နဲ့ မူဆယ်ဝယ်လက်တွေ အဝယ်နည်းနည်းလိုက်လာတာကြောင့် တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိနေပေမဲ့ ပစ္စည်းလက်ကျန်က သိပ်မကျန်တော့ဘူးလို့သိရပါတယ်။ ဧဧခိုင်

Sunday, 30 Oct 2011

                  မူဆယ်နယ်စပ်၊စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းများ မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းတန်ဖိုးရှိ နနွင်းတက် ၃၃ တန် ဝန်းကျင်အပိုရှိခဲ့ကြောင်း သိရပါတယ်။ MIRT (DOBT)

Sunday, 30 Oct 2011

             ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း နနွင်း ၆ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ အောက်တိုဘာပထမပတ်အတွင်း ၁၇ တန်သာ တင်ပို့ နိုင်ခဲ့ပြီး ယခင်သီတင်းပတ်မှာတော့ နနွင်းအပို့ ပျောက်ခဲ့ပါတယ်။ ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ခဲ့ပေမဲ့ တင်ပို့မှုအားက နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၂၅၀ သာ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၅၀၀ ရရှိခဲ့ပါတယ်။ MIRT(DOT)

Pages