Background
သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၈ ရက်နေ့တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ချင်း ၄၃၄ ဒသမ ၈၀ တန်ကိုတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို ၁၂၉ ဒသမ ၆ တန်၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံကို ၁၀၅ ဒသမ ၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၉၉ ဒသမ ၆ တန်အသီးသီးတင်ပို့ခဲ့တယ်လို့ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများ ဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာကျော်သာတင်ပို့နိုင် ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်ထက် ဒီတစ်ပတ်မှာ ချင်းတင်ပို့မှုအားကောင်းခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းလေးထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOT)
၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပို့ကုန် ကုန်စည်တွေကတော့ ပြောင်းဖူးစေ့ ၃၉၇၇စီး ၁၂၈၀၂၈ တန်ကျော်၊နှမ်းဖြူ ၁၀၁ စီး ၂၇၇၃ တန်ကျော်၊ နှမ်းညို ၁၂၄ စီး ၃၃၁၁ တန်၊ နှမ်းနက် အစီး (၁၄၀) ၃၆၃၉ တန်ခွဲ၊ ရော်ဘာ ၃၃၇ စီး ၇၆၅၀ တန်၊ ပဲတီစိမ်း ၁၅၅ စီး ၄၁၃၃ တန်၊ ပဲလွန်းဖြူ ၂၂ စီး ၃၇၇ တန်ကျော်၊ ပဲကြီး ၆ စီး ၁၀၁ တန်ကျော်၊ မြေပဲဆန် ၅၈ စီး ၁၁၇၀ တန်၊ ဆန်ကွဲ ၃၃၂ စီး ၇၈၅၀ တန်ခွဲ၊
တရုတ်နိုင်ငံက အဝယ်များတာ ကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်အတွင်းရှိ မြို့နယ်များမှထွက်ရှိတဲ့ ပဲတီစိမ်းဈေးတွေမြင့်တက်လာခဲ့တယ် လို့ တောင်ငူမြို့ခံ ပဲကုန်သည်ကြီးများ ထံမှသိရပါတယ်။
မုံရွာကုန်စည်ဒိုင် ၂၀၁၄ ခုနှစ်၊ ဇန် နဝါရီလ ပထမပတ် နှစ်ဆန်းပဲ ဈေး ကွက်မှာတရုတ် Export အတွက် ပဲတီ စိမ်း အဝယ်သွက်ခဲ့တယ်လို့ သိရပါ တယ်။ ချောင်းဦး၊ ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ မြောင်နဲ့၊ ဂန့်ဂေါနယ်တွေက ပါ ပဲအဝင်စုံခဲ့ကာ စိမ်းကြီးတစ်နေ့ အိတ် ၃၀၀ ကျော်နဲ့ စိမ်းသေးတစ်ရက် အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ် လျက် ရှိတယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါ တယ်။ ယခုတစ်ပတ်အတွင်း စိမ်းကြီး တစ်တင်း ၂၉၂၀၀ ကျပ်နဲ့ စိမ်းသေး တစ်တင်း၂၆၅၀၀ကျပ်အသီးသီး အမြင့် ဆုံးပေါက်ဈေးဖြစ်ခဲ့တာ တွေ့ရပါတယ်။
ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း သီးနှံကတော့ ပဲသစ်များ နေ့စဉ်အဝင်ရှိ ခဲ့ပြီး၊ မန္တလေးလိုင်းသမား ဝယ်လိုအား များတဲ့အတွက် တစ်ရက်အိတ် ၂၀၀ ကျော်၊ အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ တာကို တွေ့ရပါတယ်။ ဝင်ရောက်လာ တဲ့ ပဲများဟာ အရည်အသွေးအနည်း ငယ် ကျဆင်းလာတာကြောင့် ယခင်နှစ် ကုန်ဈေးထက် ဈေးပြန် လျော့သွားခဲ့ပါ တယ်။ ယခုနှစ်ဆန်းပိုင်းမှာ မန္တလေး ဝယ်လက်များမှ အရည်အသွေးအလိုက် ဈေးပေးဝယ်ယူနေတာ ကြောင့် ထိပ်စ တစ်တင်း ၃၀၅၀၀ ကျပ်၊ အလတ်စ တစ်တင်း ၂၈၅၀၀ ကျပ်နဲ့ ယခင်နှစ် ကုန်ဈေးထက် တစ်တင်း ၁၀၀၀ ကျော် ခန့်ဈေးလျော့သွားခဲ့တယ်လို့ သိရပါ တယ်။ ခင်ဆွေဝင်း - ပြည်
မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မိုးသီးနှံ ပဲစင်းငုံကို ၃၃၆၀၄ ဧက စိုက်ပျိုးခဲ့ ပါတယ်။ ယခုနှစ် မိုးပဲစင်းငုံစိုက်ပြီး ကာလ အပင်ပေါက်အားကောင်းခဲ့သော်လည်း အပင်ကြီးထွားဖို့အားယူချိန်မှာ မိုးခေါင်ခဲ့သဖြင့် သီးညှပ်အဖြစ်စိုက်ပျိုးခဲ့တဲ့ နှမ်းနဲ့ ပဲစင်းငုံအချို့ ပျက်စီးမှု အနည်းငယ်ရှိခဲ့ပါတယ်။ ပဲစင်းငုံကို ဒေသတွင်း တန်းစိုက်နဲ့ ကြဲပက်စိုက်နှစ်မျိုး စိုက်ကြတဲ့အတွက် အချို့တန်းစိုက်သမားများက အစားထိုး သီးနှံအဖြစ် မြေပဲကို အစားထိုးစိုက်ကြပါတယ်။
မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန် သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) မှ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံ ချောင်း၊ပခုက္ကူစတဲ့ ဒေသများမှ ဝယ်ယူ ရရှိပါတယ်။ ၂၀၁၂ ခုနှစ်၊ ထောပတ်ပဲ ပေါ်ချိန် ဒီဇင်ဘာလနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလများမှာ ဈေးအမြင့်ဆုံးဖြစ် တဲ့ တစ်ပိဿာ ၁၀၁၃ ကျပ် (တစ်တန် ၆၂၀၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ် ကြောင်း သိရပြီး၊ ၂၀၁၂ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင်လများမှာ ဈေးအအေးဆုံး ဖြစ်ပြီး တစ်ပိဿာ ၆၇၆ ကျပ် (တစ် တန်၄၁၃၉၇၆ကျပ်)နဲ့အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဒုတိယပတ် ပဲဈေးကွက်မှာ တရုတ်လက် ဝယ် လို အားကောင်းတဲ့ ပဲတီစိမ်းတစ်မျိုးသာ ဈေးမာနေခဲ့ပြီး၊ ကျန်ပဲအများစု ဈေး အေး ခဲ့တာတွေ့ရပါတယ်။ ကုလားပဲမျိုး စုံ ဈေးကွက်မှာတော့ လှောင်လက် သမားတွေ ဈေးအနည်းငယ် ဆွဲတင် ခဲ့လို့ ကုလားပဲထိုင်ဝမ်ဟာ တစ်တင်း ၁၄၂၀၀ ကျပ်မှ၁၄၇၀၀ ကျပ်၊ V2 တစ် တင်း ၁၅၅၀၀ ကျပ်မှ ၁၅၇၀၀ ကျပ် နဲ့ 929 တစ်တင်း ၁၄၅၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ် အသီးသီးဈေးမြင့်လာပြီး၊ ကုလားပဲ ရိုးရိုးကတော့ တစ်တင်း ၁၄၀၀၀ ကျပ်မှာ ငြိမ်နေတာတွေ့ရပါ တယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့ တာကာလအတွင်း မန်ကျည်း ၁၆၅ ဒသမ ၀၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်း တန်ချိန် လေးဆယ်ကျော်သာတင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာကျော် တင်ပို့မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သောင်းလေးထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ပြီးခဲ့တဲ့နှစ် ဆောင်းကြက်သွန်နီဈေးကွက်မှာ ပေါ်ကာစ တစ်ပိဿာ ၃၀၀ ကျပ်ဝန်းကျင်မှ ယနေ့ လက်ကျန် ပြတ်ချိန် တစ်ပိဿာ ၇၅၀ ကျပ်၊ ၈၀၀ ကျပ်ဝန်းကျင် ဈေးရခဲ့တာ ကြောင့် စားသုံးသူတွေအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေခဲ့ပဲ စိုက်ပျိုးသူတွေသာ အကျိုးရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လည်း မုံရွာခရိုင်က ဈေးကွက် မျှော်လင့်ချက် နဲ့ စိုက်ဧက ၁၃၀၀၀ ထက်ကျော်လွန်စိုက်ပျိုးခဲ့ကြကာ မှန်းချက်ကိုက်ခဲ့ တယ်လို့ ဆိုရမှာပါ။