Background
ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်း ပြောင်းဈေးကွက်မှာ ပြောင်းဈေးအေး နေသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း "မဒီ " ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် လည်းကောင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း အဓိက ပြောင်းဈေးကွက်ဖြစ်ရာ ရွှေလီမြို့၊ ကြယ်ခေါင် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ (၁၃) ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကြောင့်လည်းကောင်း၊ ပြောင်းဈေးများ အေးနေရခြင်းဖြစ်ပါတယ်။
မြိတ်မြို့နယ်အတွင်း ရော်ဘာအစေးခြစ် ရာသီချိန်ဖြစ်တဲ့ ပွင့်လင်းရာသီချိန်ရောက်မှရော်ဘာဈေး ရုတ်တရက် ကျဆင်း သွားပါတယ်။ ရော်ဘာခြံရှင်များအနေနဲ့ ယခုလို ရော်ဘာဈေး ရုတ်တရက်ကျဆင်းသွားပေမဲ့လည်း ရော်ဘာ အစေးခြစ် ထုတ်လုပ်မှုမှာ ယခင်အတိုင်းပဲ ပုံမှန်ဆောင်ရွက်လျက်ရှိတာ ကို သိရပါတယ်။
ပြည်တွင်းရော်ဘာဈေးသည် ဆက်တိုက်ကျဆင်းနေပြီး၊ ဈေးကွက်မှာလည်း ဝယ်လိုအားနည်းကာ ရောင်းလိုအားများ နေခြင်းကြောင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ အခက်တွေ့နေကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသများရဲ့ ရော်ဘာထွက်ကုန် ကျဆင်းခြင်း၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ ဆောင်းတွင်းပိုင်းမှာ ရော်ဘာစိုက်ပျိုး တဲ့ အချိန်ဖြစ်ခြင်းနဲ့ သွင်းကုန်များလည်း ဈေးတက်လာခြင်း တို့ကြောင့် လာမည့်လတွေမှာ ရော်ဘာဈေးကျမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ယခုအချိန်မှာ ကမ္ဘာ့ရော်ဘာ RSS-5 ဈေးလည်းကျဆင်းနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နိုဝင် ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ပြောင်းတစ်ပိဿာ နိမ့်မြင့်ဈေးများကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ၃၅၅ ကျပ်၊ လဲချားမှာ ၃၃၀ ကျပ်မှ ၃၆၀ ကျပ်၊ နမ့်စန်မှာ ၃၅၀ ကျပ်၊ လားရှိုးမှာ ၄၁၀ ကျပ်၊ ၄၂၀ ကျပ်၊ မူဆယ်မှာ ၄၅၈ ကျပ်၊ ၄၆၅ ကျပ်၊ ရွှေလီမှာ ၄၉၀ ကျပ်၊ ၄၉၈ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း ပြောင်းရောင်းဝယ်မှုမှာ လက်လွှဲရောင်းချခြင်းသာ အဓိက ရောင်းဝယ်ခဲ့ပြီး၊ ပြည်နယ်အတွင်းနဲ့ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ အစာစပ်လုပ်ငန်းများမှ လည်း အဝယ်ရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြောင်း ရောင်းဝယ်မှုမှာ တောင်ကြီးမှပိဿာချိန် ၆ သိန်းခန့်၊ ရပ်စောက်မှ ၄ ဒသမ ၅ သိန်း၊ လဲချားမှာ ၁ သိန်းခန့်၊ နမ့်စန်မှာ ၁ ဒသမ ၅ သိန်းခန့်၊ လားရှိုးမှာ ၈သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်ပြောင်းတစ်ပိဿာပေါက်ဈေး များကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ရပ်စောက် ၃၅၀ ကျပ်၊ နမ့်စန် ၃၅၀ ကျပ်၊ လဲချား ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ လားရှိုး ၄၁၅ ကျပ်၊ မူဆယ် ၄၆၀ ကျပ်၊ ရွှေလီ ၄၉၃ ကျပ် ပေါက်ဈေးရှိကြောင်း သိရပါတယ်။ သန်းတိုး-တောင်ကြီး
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ သိပ္ပံနှမ်းတစ်ပိဿာ ၃၈၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၃၀၄၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၅၆၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၄၁ ဒသမ ၀၄ တန်ကို နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၀၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၅ တန်တင်ပို့ ခဲ့ပါတယ်။
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)မှာ လက်ရှိအရောင်းအဝယ်ပြုလုပ် တဲ့ ပဲမျိုးစုံများအနက် ပဲတီစိမ်းကြီးမှာ အရောင်းအဝယ်အသွက် လက်ဆုံးဖြစ်ပါတယ်။ ဒီဇင်ဘာလ ပထမတစ်ပတ်လုံး အမြင့် ဈေးဖြစ်တဲ့ တစ်ပိဿာ ၁၇၀၇ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ အမြင့်ဈေး (ထိပ်စဈေး)နဲ့ အနိမ့်စဈေးကွာမှုမှာ ကွာဟချက်ကြီးမားပါတယ်။ ပြည်ပ (တရုတ်)တင်ပို့ကုန်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမွန် တဲ့ပဲတီစိမ်းကြီးကိုသာပိုမိုပြီးအရောင်းအဝယ်ဖြစ်သလို အနိမ့်စ (အောက်စ)များကိုလည်း ပဲခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ ပဲသန့်စင်စက်များက ဝယ်ယူလျက်ရှိပါတယ်။
အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်၊ နနွင်းအောက်စဖြစ် တဲ့ (ဒေသအခေါ်) အောင်ပန်း (၃) နဲ့ ဆင်တောင် နနွင်းက တစ်ပိဿာကို ၅၀ ကျပ်ခန့် ဈေးတက်လာပါတယ်။ အဝင်က လည်း များများစားစားမရှိလှပါဘူး။ ၅ ရက် တစ်ဈေးကို ပိဿာချိန် ထောင်ဂဏန်းခန့်သာအဝင်ရှိပါတယ်။ များများ စားစားဖြုန်းအားကလည်း မရှိတာကြောင့် ဝယ်လက်တွေ လာရင်လည်း လက်ကျန်(ပွဲရုံမှာရှိတဲ့)နနွင်းတွေကိုသာ ထုတ် ရောင်းနေကြရတယ်လို့လည်း သိရပါတယ်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ပထမပတ် ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံစတဲ့ ထိပ်တန်းပဲတွေ အသစ် မပေါ်သေးပေမယ့် ပဲတီစိမ်း၊ ပဲလွန်းဖြူ စတဲ့ ပဲသစ်တွေကတော့ ဈေးကွက်မှာ အဝင်လှိုင်စပြုနေသလို ထိုက်သင့်တဲ့ ဈေးကောင်းလည်းရနေတဲ့အတွက် လာမယ့် ပဲသစ်ရာသီရဲ့ နမိတ်ကောင်း လို့ မှတ်ယူရလောက်အောင်၊ အဝယ် အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းများက ၂၀၁၃ ခုနှစ် နိုဝင် ဘာလ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၁၂ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၄ တန်ကျော် အပို့ပိုခဲ့ပြီး မြဝတီနယ်စပ်မှ တန် ၁၀၀၀၊ တမူးနယ်စပ်မှ ၄၃တန်ကျော်၊ စစ်တွေနယ်စပ်မှ ၁ တန်ကျော်၊ မောင်တော နယ်စပ်မှ ၆၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။