Background
ယခင်သီတင်းပတ်များက ပြည်ပကို ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်၊ ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့ တန်ချိန် ၅၁၀၀ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လိုအား နည်းတာကြောင့် တင်ပို့မှုလျော့ကျလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင် ဘာလ ၇ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၂၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၅၈၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ တစ်ဆကျော်ပိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ လတ်တလောမှာ ပြည်ပအရောင်း အဝယ်နည်းလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT-MAPT
ပြည်ပွဲရုံတွေရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်ကဈေးအတိုင်း ငြိမ်နေပြီး၊ ပဲတစ်တင်း ၁၈၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ သီတင်းကျွတ်ပွဲတော်ရက် ဖြစ်လို့အရောင်းအဝယ်အေးနေပြီး၊ ဈေးလည်းအေးနေပါတယ်။ မြို့ခံပဲကုန်သည် များမှ တစ်နေ့ ပဲအိတ် ၄၀၀-၅၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်၊ လက်ပံတန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်ဘက်မှ ရန်ကုန် ဘုရင့်နောင် သို့ တစ်နေ့ကို ပဲအိတ် ၂၀၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့် လျော့ကျလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးတာကြောင့် ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းကျော်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ သီတင်းကျွတ်ပိတ်ရက် ရှိခြင်းကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ်တွေ ရောင်းချနေလို့ မြန်မာမတ်ပဲ အဝယ်အေးနေတာဖြစ်ပေမဲ့ လာမယ့်လများမှာ မတ်ပဲသစ် ဝင်ရောက် မှု ပြီးဆုံးသွားရင်တော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ ကုန်သည်ကြီး များက ခန့်မှန်းထားပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်း ခဲ့သလို ပြည်ပအဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးလည်း အနည်းငယ်လျော့ ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၄-၁၀-၁၁ ၇၄၀-၇၆၀ ၈၁၅-၈၃၅၇-၁၀-၁၁ ၇၅၅-၇၇၅ ၈၃၀-၈၅၀MIRT(MAPT)
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ယခင်အရောင်းအဝယ် ဖြစ် ထားတဲ့ ပဲများတင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့မှု ဟာ တန်ချိန် ၄၂၀၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀၀ ကျော်သာရှိတာ တွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်ဝင်တဲ့ကာလဖြစ်လို့ ဝယ်လို အားနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။ MIRT-MAPT
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉၈၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၇၇၁ တန်နဲ့ နှံစားပြောင်း ၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခုအပတ်မှာချင်းရွှေဟော် နယ်စပ်မှ ပြောင်း အပို့မရှိ ဘူးလို့ သိရပါတယ်။ ယခုအပတ် မူဆယ်မှ ပြောင်းတင်ပို့ မှုသည် ယခင်အပတ် ကထက် ပြောင်း ၂၆၅၃ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပြောင်းတင်ပို့မှုမှာ ၃၃၂၄၈ တန်ဖြစ်ပြီး ဧပြီလမှ စက်တင်ဘာလထိ ပြောင်းတင်ပို့မှုမှာ တန် ၂၇၅၀၀၀ ကျော် ရှိပြီးဖြစ်ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးများ ယခုအပတ်အနည်းငယ်မြင့်တက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၈၃၆၅ ၂၂၇၁၇၅ ၁၁၉၀ ၀ .၅ ၂၈၂ ၂၉၀ ၈ ၃နှံစားပြောင်း ၂၅၃၀၀၀ ၂၄၆၀၉၁ ၆၉၀၉ ၃ ၃၆၇ ၃၄၅ ၂၂ ၆MIRT(DOBT)
ယခုနှစ် ရော်ဘာထုတ်လုပ်နိုင်မှုဟာတရုတ်၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့က အထွက်နှုန်းတက်တာကြောင့် ယခင် ခန့်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(ANRPC)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၀ သန်း ပိုမိုထုတ်လုပ်နိုင်မယ်လို့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကနဦး ခန့်မှန်းချက်အရ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၉ ဒသမ ၉၆ သန်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ရောင်းလိုအား တိုးတက်နိုင်ပေမဲ့ သဘာဝရော်ဘာရဲ့ အခြေအနေ တည်ငြိမ်မှုမရှိနိုင်သေးကြောင်း ကွာလာလမ်ပူအခြေစိုက် ရော်ဘာအသင်းရဲ့ စီးပွားရေးပညာရှင်ကပြောကြားခဲ့ပါတယ်။ ရော်ဘာရဲ့ အလားအလာက ယခုနှစ်မှာ အမေရိကန်စီးပွားရေး ကျဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကြောင့် တာယာနဲ့လက်အိတ် ထုတ်လုပ်ရေးအတွက် ဝယ်လိုအားကျဆင်းပြီး ၂၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးဖွယ်ရှိ ကြောင်း ၎င်းင်းကခန့်မှန်း ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးကွက်က ရေတိုမှာ ဆက်လက်ပြီး အပြောင်းအလဲမြန်နေဦးမှာဖြစ်ကာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေနေက ဈေးနှုန်းကိုချုပ်ကိုင်သွားမှာဖြစ်ကြောင်း ၎င်းစီးပွားရေး ပညာရှင်က ပြောကြားခဲ့ပါတယ်။ တတိယ (၃) လပတ်မှာ အထွက်နှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သုံးစွဲမှုက ကမ္ဘာ့ဝယ်လိုအားရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး တတိယ (၃) လပတ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမနဲ့ ဒုတိယ (၃) လပတ်တွေမှာ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: Bloomberg .com,KZW
စိုက်ပျိုးစရိတ် အရင်းအနှီးကြီးသလို မျိုး၊ မြေနဲ့သွင်းအားစု ဖြည့်ဆည်းရာမှာ ခက်ခဲနက်နဲလွန်းပြီး ဈေးကွက်မှာ ပေါက်ဈေး အနိမ့်အမြင့်၊ အတက်အကျကြမ်းတဲ့အတွက် ယာသမား တိုင်း မစိုက်ရဲတဲ့သီးနှံကတော့ ကြက်သွန်နီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ မျိုးစေ့ပျိုးရာကနေ တူးဖော်ချိန်အထိ အချိန်တိုင်းနေ့ တိုင်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသလို ရေလိုရင်ရေ၊ ဆေးလိုရင်ဆေး၊ မြေဆီလိုရင်မြေဆီ၊ ရာသီဥတုကိုကြည့်ပြီး အချိန်အဆ အတိုင်းအဆ မှန်မှန်ဖြည့်ဆည်းဖို့ အလိုအပ်ဆုံး သီးနှံပါ။ ဒီလို မှော်ဆန်တဲ့ ကြက်သွန်နီက မုံရွာနယ်မှာ အစဉ်မပြတ်အားခဲစိုက်ကြတဲ့ မြေနဲ၊ မအူ၊မင်းရွာ၊ အောင်သာ၊ အက်တော၊ ကျွဲရဲနဲ့ပလ’င်ကုန်းနယ်က တောင်သူတွေဟာ လာမဲ့ ဆောင်းရာသီမှာ စောစောစိုက်နိုင်ဖို့ ယခုအခါ ပျိုးထောင်နေ ကြပြီ ဖြစ်ပါတယ်။ မြေနဲနဲ့မအူရွာကတောင်သူတွေကတော့ ဈေးကွက်မှာ လျော့လာတဲ့ ကြက်သွန် လက်ကျန်ကို ဖြည့်စွက်ဖို့ ကြက်သွန်နီတွေ ဧက ၁၀၀ ကျော်ထိပြီးခဲ့တဲ့ စက်တင်ဘာ လထဲက စိုက်ခဲ့ကြတယ်လို့ တောင်သူတွေကဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ ယနေ့ပွဲရုံသိမ်းဈေး အနိမ့်ဆုံး တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့်ဆုံး ၇၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ အမြင့်ဆုံး ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်ပေါက်နေပါတယ်။ ယခုတစ်ပတ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ မန်းတင်ပို့မှုမှာ ပိဿာ ၂၀၀၀၀ ခန့်သာရှိသလို လက်လီအဝယ်လည်း ပါးတယ်လို့ ပွဲရုံတန်းက ကြားသိရပါတယ်။ တောင်သူကြီးတချို့နဲ့ ပွဲစားကုန်သည်တွေဆီမှာ လက်ကျန်ကြက်သွန်နီ ခပ်များများရှိသေးပေမဲ့ အညှောက် ထွက်စပြုလို့ အမြန်ထုတ်ရောင်းလိုကြတဲ့အတွက် ယခုလို ဈေးအေးခြင်းဖြစ်တယ်လို့ ပွဲစားတစ်ဦးကပြောပါတယ်။ ထွန်းလှိုင်
ရှမ်းနနွင်းကတော့ ခပ်အေးအေးသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တစ်လလုံးလိုလို အရောင်းအဝယ် မဖြစ်ခဲ့တဲ့ နနွင်းက ဒီလဆန်းမှာတော့ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာလို့ အရောင်းအဝယ်နည်းနည်း ဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ်ဖို့နဲ့ ပရဆေးအတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ရွေးဝယ်ယူပြီး၊ ခြင်ဆေးခွေ အတွက်တော့ နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ငူ၊ ပြည်စတဲ့မြို့တွေက အဓိကဝယ်ယူနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ နနွင်း (ကောင်း)ကတစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်ဈေးရှိပြီး၊ နနွင်းညံ့ကတော့ တစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိပါတယ်။ ဒီလဆန်း မှာတင် နနွင်းပိဿာချိန် ၂ ဒသမ ၉ သောင်းပိဿာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဧဧခိုင်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၀ ဒသမ ၀၈၁ သန်းတန်ဖိုးရှိ နနွင်းတက် ၅၂ တန်ကျော် အပို့ရှိခဲ့ပြီး၊ ယခင်အပတ်တင်ပို့မှုထက် ၅၈ တန်လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နနွင်းတက် ၃၅၇ တန်တင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလကုန်အထိ ၂၆၃၂ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)
ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန်ကို အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၅၇၅ ရရှိခဲ့ပါတယ်။စက်တင်ဘာလအတွင်း နနွင်းကို မလေးရှား၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနဲ့ အိန္ဒိယစတဲ့နိုင်ငံတွေကို နနွင်းတင်ပို့ခဲ့တာ စုစုပေါင်း တန်ချိန် ၇၉ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ သို့ပေမဲ့ သြဂုတ်လရဲ့ နနွင်းတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁၂၈ ဒသမ ၅၇ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှ နနွင်းအပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT(DOBT)