Background
ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ဝယ်လိုအားအနည်းအပါးသာရှိလို့ ပဲတီစိမ်းဈေးတည်ငြိမ်ရာမှ လျော့ကျခဲ့ပါတယ်။ အဓိကပဲစိုက်ပျိုးရာဒေသများအတွင်း ပဲအသစ်များ ဆက်တိုက်ဝင်ရောက်လာပြီး ယခု သီတင်းပတ်ကုန်ပိုင်းမှာ မုတ်သုံမိုး ဆုတ်ခွာဖွယ်ရှိလို့ ပဲရိတ်သိမ်းဖို့ အခြေအနေကောင်းမွန် လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်း ပဲစိုက်ဧရိယာ လျော့ကျခြင်းက လွှမ်းမိုးလျက်ရှိနေပါတယ်။ ပဲထွက်ရှိမှု ခန့်မှန်းချက် အရ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၂ သန်း ဝန်းကျင်သာ ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၁-၉-၁၁ ၂၀-၉-၁၁ ၁၉-၉-၁၁ ၁၇-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၉၄၁-၉၄၄ ၉၅၄-၉၅၉ ၉၅၂-၉၅၇ ၉၇၂ဒေလီ ၆၂၇-၈၈၈ ၆၆၄-၉၁၂ ၇၁၁-၉၆၃ ၇၁၉-၉၇၂အာကိုလာ ၇၃၂-၉၄၁ ၇၂၆-၉၃၃ ၇၃၂-၉၀၀ ၇၄၀-၉၀၉MIRT(MAPT)
ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်ထိပ်တန်းစာရင်းထဲမှာ ပါတဲ့ ပဲတီစိမ်း တင်ပို့မှုဟာ ယခုအပတ်မှာ နှမ်း၊ ရော်ဘာ ၊ ပြောင်းတို့ရဲ့ နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။စက်တင်ဘာလ၁၄ ရက်မှ ၂၀ ရက်ထိ ကာလတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း ၁၃၄၃ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၀၃ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး ယခင် အပတ် ထက် မြင့်နေသော်လည်း တစ်ဖက်နိုင်ငံဈေးကတော့ လျော့နည်းသွားတာတွေ့ရပါတယ်။ မူဆယ်ကို ကုန်တက်လည်း နည်းတယ် လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၈၀၄၃ ၆၀၉၃၁၄ ၄၈၇၂၉ ၈ ၈၉၃ ၉၀၉ ၁၆ ၂MIRT (DOBT)
FOB ပဲတီစိမ်း အရောင်းအဝယ် တန် ၁၅၀၀ ခန့်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၁၅၀၀ ခန့်သာရှိလို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၀၀၀ ထက် ထက်ဝက်လျော့ခဲ့ပါတယ်။ သင်္ဘောတင်ပို့မှု အခက်အခဲရှိတဲ့ အပြင် အိန္ဒိယဝယ်လက်များ အဝယ်နှေးသွားခဲ့တဲ့အတွက် အရောင်းအဝယ် လျော့လာတာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ FOB အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန် ၆၆၀၀ ကျော်၊ ပဲတီစိမ်းတန် ၁၀၀၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း တန် ၁၅၀၀၊ စုစုပေါင်း တန်ချိန် ၉၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
ပဲတီစိမ်းတင်ပို့မှု ပြန်နှေး ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၄၅၀၀ ထိ တိုးတက်တင်ပို့ နိုင်ခဲ့ပေမဲ့ ယခုသီတင်းပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန်ချိန် ၂၄၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့ လာတာ တွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲတီစိမ်းအသစ်အချို့ ဈေးကွက်ထဲ ဝင်လာပြီဖြစ်လို့ မြန်မာနိုင်ငံက ပဲတီစိမ်း အဝယ်မသွက်ဘဲ ပုံမှန်သာ ဝယ်ယူမှုရှိပြီး တင်ပို့မှုလည်း နည်းနေတာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၁၈၆၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ၆ သောင်း ကျော်ပိုတင်နိုင်တာ တွေ့ရပါတယ်။ MIRT- MAPT
ကုလားပဲတင်ပို့မှု တန် ၂၀၀၀ အောက်လျော့လာ ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ပြည်တွင်းအသုံးရှိခြင်းနဲ့အတူ ပြည်ပအဝယ်များဆက်တိုက် ရောင်းချနေတာကြောင့် လက်ကျန်နည်းလာပြီး တင်ပို့မှု တဖြည်းဖြည်းလျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၄၅၀၀ အထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်(စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၂၀၀၀ အောက်သာတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၉၀၀၀ ခန့် ရှိတာတွေ့ရပါတယ်။ ယခုသီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှု မရှိတာကြောင့် လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုလျော့ကျလာဖွယ်ရှိပါတယ်။ MIRT-MAPT
ပဲဟောင်းပေမယ့် ဈေးကောင်းအရောင်းအဝယ်သွက်တဲ့ V2 လှောင်သက်ကာလကြာ၊ ဈေးလည်းမာလာပြီဖြစ်လို့ ဈေးဖြတ်ပစ္စည်းအပ်မဲ့ ပွဲစားတွေရဲ့အဝယ်နဲ့ မန္တလေး၊ ရန်ကုန် Export ပုံမှန်ဝယ်လက်တွေ အဝယ် သွက်ခဲ့လို့ စက်တင်ဘာ တတိယပတ် မုံရွာကုန်စည်ဒိုင် V2 ဈေးကွက်ဟာ အမြင့် ဈေးမှာ အရောင်းအဝယ်ကောင်းခဲ့တာ တွေ့ရပါတယ်။ V2 ဈေးနဲ့အတူ ကျန် ကုလားပဲတွေလည်း မျိုးအဝယ်လိုက်ခဲ့သလို စက်ပိုင်နဲ့ လက်လီသမားတွေ '' လိုဝယ် '' ရှိတဲ့အတွက် အရောင်းအဝယ်ဈေးတက်လာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၆၈၀၀ ကျပ် တိုင်ပေတစ်တင်း ၁၉၆၀၀ ကျပ်မှ ၂၀၂၀၀ ကျပ် ကုလားပဲရိုးရိုး ၁၈၀၀၀ ကျပ်မှ ၁၉၂၀၀ ကျပ် ၉၂၉ ကုလားပဲ ၁၉၃၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးဈေးမာနေခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ စီးထွက်မှု အနေနဲ့ မုံရွာဈေးကွက်ကနေ မန္တလေးကို တင်း ၅၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ရန်ကုန်သွားနေတဲ့ မန်း V2 ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးစွာနေပြီး ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်က လည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်း စိုက်ပျိုးမယ့် တောင်သူများ ကလည်း မျိုးအတွက်ပါ အနည်းငယ်ဝယ်ယူလာနေတာကြောင့် ဈေးမြင့်ပြီး အရောင်းသွက်နေတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ ယခင်တစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၄၉ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၉၇ ကျပ်၊ တစ်တန် ၈၅၅၅၀၀ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၈၄ ကျပ်၊ တစ်တန် ၆၆၃၈၃၀ ကျပ်ဈေးဖြစ်လို့ ယခင်အပတ်ထက် တစ်ပိဿာ ၅၂ ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်းမှာ ကုလားပဲကို ဝယ်လိုအား ကောင်းတာကြောင့် စက်တင် ဘာလအတွင်းမှာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
အရည်အသွေးကောင်းလို့ ဈေးကောင်းရတဲ့ မြန်မာ(ရှမ်းမွှာ) ကြက်သွန်ဖြူသီးနှံအနေနဲ့ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ရှမ်းမွှာဈေးမှာ ယခင်တစ်ပိဿာကို ၁၂၅၀-၁၃၅၀-၁၄၅၀ ကျပ်မှ ယခု ၁၄၅၀-၁၅၅၀- ၁၇၀၀ ကျပ်ထိ ဈေးမြင့်တက်သွားပြီး၊ အောင်ပန်းမှ ၃၅ ပိဿာဝင် အိတ် ၁၅၀ ခန့် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ရှမ်းမွှာအနေနဲ့ ယခင်ဝင်ရောက်တဲ့ ကြက်သွန်ဖြူ တွေမှာ အရည်အသွေးညံ့တဲ့အတွက် ဈေးကောင်းမရဘဲ ယခုဝင်တဲ့ ရှမ်းမွှာမှာတော့ ပစ္စည်းအရည်အသွေးကောင်းတဲ့ အတွက် ဈေးကောင်းရခြင်းဖြစ်ပြီး၊ အရောင်းအဝယ်အားဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံ အိတ် ၁၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)နဲ့ (ဥတစ်လုံး)မှာတော့ ပုံမှန်ဈေးဖြင့် ရောင်းဝယ် နေပြီး၊ ကြူကုတ် ၁၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့်၊ ဥတစ်လုံး ၃၅ ပိဿာဝင် ၁၀ အိတ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရှိ ဈေးနှုန်းများမှာ ကြူကုတ်တစ်ပိဿာ ၁၃၅၀-၁၄၅၀ ကျပ်၊ ဥတစ်လုံး တစ်ပိဿာ ၂၃၀၀-၃၀၀၀- ၄၅၀၀ ကျပ်တို့ ရှိပြီး၊ ယခုတစ်ပတ်အတွင်း ကြူကုတ် အိတ် ၁၀၀၀ နဲ့ ဥတစ်လုံး ပိဿာချိန် ၂၀၀ ခန့် အသီးသီးအရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
မန်ကျည်းတင်ပို့ အားကောင်း စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက် တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၇၀ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မန်ကျည်းနဲ့ မန်ကျည်း စေ့စသဖြင့် နှစ်မျိုးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့ မှုက တန်ချိန် ၄၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၄ ဆလောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၉၇၈၀ ရရှိခဲ့ပါတယ်။MIRT (DOT)
အောင်ပန်းဈေးကွက်ကို ချင်းစိုတွေဝင် ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ကလောမြို့နယ် အောင်ပန်းဒေသရဲ့ အနီးတစ်ဝိုက်က ချင်း(စို)တွေ ထပ်ပြီး ဝင်လာပါတယ်။ အပင်တွေ အဝါလိုက်တာကြောင့် မပုပ်ခင်မှာ ဖော်ကြရတာလို့လည်း သိရပါတယ်။ တောင်သူတွေကလည်း မရင့်သေးတာကြောင့် မဖော်ချင်သေးပေမယ့် အခြေအနေအရ ဖော်နေရတာ လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အဝင်ကလည်း အရင်တစ်ပတ်ကထက် ပိုများလာပြီး၊ တစ်ရက်ကို ပိဿာချိန် ၁၀၀၀ - ၂၀၀၀ ခန့်ဝင်နေပါတယ်။ ချင်း(ဥမ)တွေကတော့ တောင်သူနဲ့ လှောင်လက်မှာ အနည်းငယ်ကျန်နေ သေး တယ်။ မနှစ်က ချင်း(ဥမ)တစ်ပိဿာ ၅၀၀ ကျပ်ကျော်ရခဲ့တာကြောင့်၊ ဒီနှစ်လည်း အဲဒီဈေးလောက် တက်လာမယ်ထင်ပြီး မရောင်းသေးဘဲ ဈေးအကောင်းကို စောင့်နေသေးတယ်လို့သိရပါတယ်။ ငွေလိုတဲ့ တောင်သူ အချို့ကတော့ ချင်း(ဥမ) တွေကို ဈေးကောင်းမစောင့်ဘဲ ပေါက်ဈေးနဲ့သာရောင်းချကြပါတယ်။ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်၊ နေပြည်တော်စတဲ့ မြို့တွေကိုလည်း အစဉ်မပြတ် ပို့နေရတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ် ချင်း(စို)နု ပေါက်ဈေးတစ်ပိဿာ ၁၃၀ ကျပ်မှ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(ဥမ)က တစ်ပိဿာ ၃၀၀ ကျပ် -၃၂၀ ကျပ်-၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ် ဈေးရှိပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံမှ သိရပါတယ်။ ဧဧခိုင်