Main menu

Background

Tuesday, 23 Aug 2011

ပြည်ချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်               တောင်ကြီးနှင့် အောင်ပန်းဈေးကွက်မှ ချင်း(ဥမ)များ ယခုတစ်ပတ်ပြည်ဈေး ကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့်ဖြစ်ပြီး ဝင်ရောက်မှုမှာ ယခင်အပတ်အတိုင်း ပုံမှန်အဝင်ရှိနေပါတယ်။ အဝင်လည်း ပုံမှန်၊ ဈေးနှုန်းလည်း ပုံမှန်ဖြင့် ယခင်ပတ်ဈေး အတိုင်း ချင်း(ဥမ)ရှယ်တစ်ပိဿာကို ၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နှင့် ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၉ဝဝ ခန့်နှင့် ယခု တစ်ပတ်အတွင်း အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နေပါတယ်။ ရခိုင်နှင့် ဧရာဝတီ ဘက်သို့ စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်တွင် တစ်ရက်ကို ပိဿာချိန် ၃၃ဝ ခန့် တင်ပို့မှုရှိကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Tuesday, 23 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့                  ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်း ၂ဝ၆၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၅၉၈ သန်းဖိုးတင်ပို့ ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံတို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၈ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ပင်လယ်ရေကြောင်းအပို့လျော့ပေမဲ့နယ်စပ်ကုန်သွယ်ရေး ကတော့တန် ၁ဝဝဝဝကျော် ပုံမှန်တင်ပို့တာကိုတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ၊ တစ်တန်ကို ဒေါ်လာ၂၉ဝ-၃၁ဝ ကြားဈေးရ လျက်ရှိပါတယ်။      KZW

Tuesday, 23 Aug 2011

ယခုအပတ် နယ်စပ်မှ ပြောင်း တန်ချိန် ၁၂ဝဝဝ ကျော်အပို့ရှိ               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၁၃၂၂ တန်ကျော် နဲ့ နံှစားပြောင်း တန် ၈ဝဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းတင်ပို့ မှု ၁၆၄၆ တန်ကျော်ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ပြောင်းတင်ပို့မှုများကတော့ မူဆယ်မှ ပြောင်းဖူးစေ့ ၁၁၂၂၂ တန်နဲ့ နံှစားပြောင်း တန် ၈ဝဝ ၊ ကန်ပိုက်တီးမှ ပြောင်းဖူးစေ့ တန် ၁ဝဝ အပို့ ရှိခဲ့တာဖြစ်ပါတယ်။ နံှစားပြောင်း ဈေးပြောင်းလဲမှု မရှိသော်လည်း ပြောင်းဖူးစေ့ဈေး မိမိဘက်မှာ လျော့နည်းလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု            ယခင်     ပြောင်းလဲမှု    %     ယခု    ယခင်   ပြောင်းလဲမှု      %နံှစားပြောင်း       ၂၁ဝ၇၇ဝ     ၂၁ဝ၇၇ဝ        -              -     ၂၉၅     ၂၉၅        -               -ပြောင်းဖူးစေ့      ၂ဝ၅၃၆ဝ      ၂ဝ၈၇၆၉    ၃၄ဝ၉          ၂     ၂၉၅     ၂၉၂       ၂               ဝ .၇MIRT (DOBT)

Tuesday, 23 Aug 2011

၁ဝ စုနှစ် ၂ စုကျော်မှ ရော်ဘာစိုက်ပျိုးရေးအား ပြန်လည်သုံးသပ်             ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁ဝ စုနှစ် ၂ ခုကျော်ကတည်းကစိုက်ပျိုးခဲ့တဲ့ ရော်ဘာစိုက်ခင်းတွေကို နိုင်ငံရဲ့ ရော်ဘာပြန်လည် စိုက်ပျိုးရေးအစီအစဉ် မြှင့်တင်ဖို့ ပြန်လည်သုံးသပ်ပြီး ကြမစေ့ေ တက္ကသိုလ် ကိုတာဝန်ပေးခဲ့ကြောင်းသိရပါ တယ်။အကဲဖြတ်မှုကို ၁၉၈၉ မှ ၁၉၉၄ မှာပထမအကြိမ် ၊ ၁၉၉၇ မှ ၂ဝဝ၁ အထိမှာ ဒုတိယအကြိမ်နဲ့ ၂ဝဝ၄ ခုနှစ်ကုန်မှာ တတိယအကြိမ် စိုက်ပျိုးခဲ့တဲ့ ရော်ဘာစိုက် ဧရိယာ ရိုင် ၁၁ သန်းမှာ ၄ လကြာကွင်းဆင်းလေ့လာပြီး စိုက်ပျိုးသူတွေအတွက် အခက်အခဲစွန့်စားမှုတွေကို ရှာဖွေဖော်ထုတ်မှာဖြစ်ကြောင်း စိုက်ပိုျးရေးဒုဝန်ကြီးကပြောခဲ့ပါတယ်။ ဒီစီမံကိန်းဧရိယာ ၁၁ သန်းက နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာရှိတာဖြစ်ကြောင်းသိရပါတယ်။ ဒီသုံးသပ်ချက်က အစိုးရသစ် အတွက် လာမယ့်သုံးနှစ်မှာ နိုင်ငံတစ်ဝန်းတိုးခဲျ့ စိုက်ပျိုးမယ့်ရိုင် ၈ သိန်းအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးဒုဝန်ကြီး က ရော်ဘာပြန်လည်စိုက် ပျိုးရေးထောက်ပံ့မှု ရန်ပုံငွေ ( ORRAF)  ရုံးအနေနဲ့ အစိုးရသစ်ရဲ့ အစီ အစဉ်အတွက် ရန်ပုံငွေပိုမိုရှာဖွေသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ( ORRAF)  ရဲ့ စီမံကန်းအရ စိုက်ပျိုးသူတွေရဲ့ ပျိုးပင်နဲ့ ဓာတ်မြေသြဇာအတွက် ဘတ် ၃ ဒသမ ၉၇ သန်းသုံးစွဲမှာဖြစ်ပြီး ပထမ ၃ နှစ် စိုက်ပျိုးရေးမှာ တစ်ရိုင်ကို ၃၅၂၅ ဘတ် ထောက်ပံ့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိရန်ပုံငွေအရ စရိတ်ငွေမြင့်တက်မှုကြောင့် ရန်ပုံငွေမလုံ လောက် ကြောင်းသိရပါတယ်။                        ပျိုးပင်တွေဈေးကြီးပေမယ့် တချို့သာ စိုက်ပျိုးသူတွေက ၎င်းတို့ကိုယ်ပိုင်ငွေနဲ့ စိုက်ပျိုးလိုကြကြောင်း နဲ့တောင်သူတွေက ရော်ဘာ စိုက်ပျိုးရေးရိုင် ၇ သောင်းလောက်စိုက်နိုင်ပြီး ယခုနှစ်လျာထားချက်က စိုက်ဧရိယာ ရိုင် ၂ သိန်းဖြစ်ကြောင်း ( ORRAF) ရဲ့ ညွှန်ချုပ်ကပြောကြားခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးဖို့ရှိနေတဲ့ ရိုင် ၁၃ဝဝဝဝ ကိုလာမယ့် နှစ်မှာမှ စိုက်ပျိုးနိုင်တော့မှာ ဖြစ်ပြီး ယခုနှစ်အတွက်ကတော့ စိုက်ပျိုးဖို့နောက်ကျနေပြီး လောလောဆယ် မိုးနည်းနေတာကြောင့် အခက်တွေ့နေကြောင်း သိရပါတယ်။ Source: Bangkokpost,KZW 

Tuesday, 23 Aug 2011

ယခုအပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့           မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ သြဂုတ် ၃ ရက်မှ ၉ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၃၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၄၄၉ တန်ခန့် တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3  ၁၅၅ တန်၊ MSR-20  ၁ဝ၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3  တန် ၁ဝဝ အပို့ရှိခဲ့ ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                   မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု              ယခင်      ပြောင်းလဲမှု    %     ယခု       ယခင်    ပြောင်းလဲမှု    %RSS-3    ၃၄၁၃၈ဝဝ    ၃၄၁၃၈ဝဝ        -               -     ၄၅၇၇    ၄၅၇၉         ၂           ဝ .ဝ၄RSS-5    ၃၃ဝဝ၃၁၉    ၃၄၁၃၈ဝဝ  ၁၁၃၄၈၁         ၃     ၄၄၂၁    ၄၄၂၅         ၄            ဝ .၁MIRT (DOBT)

Tuesday, 23 Aug 2011

ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့               ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၂၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၇၂ သန်းကို မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန် ၆ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ် တန် ၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီလည်း ဖြစ် ပစ္စည်းပြတ်ပြီး လက်ကျန်လည်းနည်းတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၃၆ဝ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-5 နဲ့MSR -20 ကို တစ်တန်လျှင် ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ အသီးသီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ KZW

Sunday, 21 Aug 2011

ပြည်ဈေးကွက်အတွင်း (မိုးထောင်)ငရုတ်ခြောက်များသာအဝင်ရှိ                   ယခုတစ်ပတ် ပြည်ငရုတ်ခြောက်ဈေးကွက်အတွင်း နေပြည်တော်၊ တပ်ကုန်း၊ ရွှေတောင်ဘက်မှ တင်သွင်းလျက်ရှိ သော (မိုးထောင်)ငရုတ်ခြောက်များသာ ၂၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် ပုံမှန်အဝင်ရှိ၍ အရောင်းအဝယ်မှာ တစ်ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၃ဝဝ ခန့်အား ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ်တင်ပို့မှုအပါအဝင် တစ်ပတ်ချင်းအဝင်ကို လက်ကျန်မရှိ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင် များအနေဖြင့် (မိုးထောင်)ငရုတ်မှာ ဈေးခိုျပေမဲ့ မိုးတွင်းကာလ မိုးစိုလို့ မှိုလိုက် တဲ့ အတွက် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ (မိုးထောင်)ငရုတ်ခြောက်တစ်ပိဿာကို ၂၃ဝဝ-၂၅ဝဝ ကျပ် တို့ဖြစ်ပြီး ယခုအပတ်မကွေးတိုင်းဒေသကြီး၊ အောင်လံဘက်မှ ငရုတ် ခြောက်(အရှည်)ဝင်ရောက်မှု မရှိဘူးလို့ သိရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 21 Aug 2011

မူဆယ်တက်မဲ့ ဟိုပုံးနနွင်းဈေးမာလာ               ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာ ဈေးနည်းနည်းတက်လာပါတယ်။ မူဆယ်ကိုပို့ဖို့အတွက် မန္တလေးဝယ်လက်တွေက ဟိုပုံး နနွင်းကို ဝယ်ယူနေတာကြောင့် ဟိုပုံးနနွင်းစက အရင်တစ်ပတ်ကထက် ၁ဝဝ ကျပ်ဈေးတက်လာ ပါတယ်။ မန္တလေး ဝယ်လက်တွေကလည်း ဟိုပုံးနနွင်းချည်းကိုပဲ အချိန် ၃ သောင်းခန့် ဝယ်ယူသွားတယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက တစိမ့်စိမ့် အရောင်းထွက်နေတာကြောင့် လက်ကျန်ကလည်း ၄-၅ သောင်းသာ ကျန်တော့တယ်လို့သိရပါတယ်။ ပင်လောင်းနနွင်း၊ အောင်ပန်းနနွင်းတွေကတော့ လက်ကျန်သိန်းချီပြီးကျန်နေတာရယ်၊ ဝယ်လိုအားကလည်း သိပ်မရှိတာကြောင့် ဈေးကလည်း ဒီထက်ထပ်တက်ဖို့မရှိနိုင်ဘူးလို့ ခန့်မှန်းနေကြပါ တယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်းဈေးက တစ်ပိဿာကို ၁၆ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၇ဝဝ ကျပ်ရှိပြီး၊ ပင်းတယ၊ အောင်ပန်းနနွင်းက တစ်ပိဿာ ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 21 Aug 2011

ဝယ်လက်အဆွဲအေးနေတဲ့ ကျောက်ဆည်နနွင်းတက်                 ယခင်နှစ်က ပြည်ပဝယ်လိုအားကောင်းခဲ့တဲ့ ကျောက်ဆည်နနွင်းတက်ဟာ ယခုနှစ်မှာတော့ ပြည်ပဝယ်လို အား အေးတဲ့အတွက် သီးနံှပေါ်စမှစ၍ ဈေးအေးနေခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာလက္ကားဈေး ၂၂ဝဝ ကျပ်ရှိခဲ့ရာက ယခုတစ်ပတ် ၂ဝဝဝ ကျပ် ဝန်းကျင်သာရှိကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် စစ်တွေနဲ့ မူဆယ်တို့မှ အဆွဲများလေ့ရှိတာကြောင့် ယခုနှစ် တရုတ်ဝယ်လက်သာ အဝယ်လိုက်ပြီး တရုတ်ဝယ်လက်မှာလည်း ပုံမှန်ထက် အဆွဲနည်းတယ်လို့ သိရပါတယ်။                 ယခုလအတွင်း လဆန်းပိုင်းမှစ၍ လလယ်ပိုင်းအထိ ကုန်ချိန်ပိဿာ ၁ဝဝဝဝ ဝန်းကျင်ပါ ကား ၃ စီးသာ တင်နိုင်ခဲ့တဲ့အတွက် ဒေသတွင်း လှောင်လက်သမားများ လက်ကျန်များနေသေးကြောင်း သိရပါတယ်။ သင်းးသင်းးမြတ် 

Sunday, 21 Aug 2011

နနွင်းတန် ငါးဆယ်ကျော်တင်ပို့             သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန်၊ မလေးရှားကို ၁၃ တန်၊ ပါကစ္စတန်ကို တန် ၃ဝနဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီ တင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝ သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Pages