Main menu

Background

Sunday, 31 Jul 2011

တင်ပို့မှု အားကောင်းနေတဲ့ နနွင်းတက်                 မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင် ကန်ဒေါ်လာ ဝ ဒသမ ၅၇၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းမ) ၂၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၆ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၅၉ တန်ကျော်အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် ၁၇၅ တန်နဲ့ နနွင်းခေါင်း ၃၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း နနွင်းတက် တန် ၅၅ဝ ခန့် မူဆယ် နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်တယ်လို့သိရပါတယ်။            MIRT(DOBT) 

Sunday, 31 Jul 2011

ဝယ်လိုအားကောင်းမွန်မှုကြောင့် ငရုတ်ကောင်းဈေးတက်                   အိန္ဒိယနိုင်ငံ NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဝယ်လိုအားကောင်းမွန်မှု ကြောင့် ငရုတ်ကောင်း ဈေးနှုန်းတွေ တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ငရုတ်ကောင်းတစ်ကွင်တယ်ကို ရူပီး ၁၉၅ တက်သွားကာ ရူပီး ၂၈၇၅ဝ (တစ်တန်ကို ကန်ဒေါ်လာ ၆၄၆၇ ဒသမ ၉၄) နဲ့ ခုျပ်ဆိုခဲ့ပါတယ်။                     အိန္ဒိယပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားတင်းကျပ်နေချိန်မှာ ဝယ်လိုအား ကောင်းမွန်မှုက ရေရှည်မှာ ပြည်တွင်းဈေးကွက်ကို ခြိမ်းခြောက်လျက်ရှိတယ်။ နိုင်ငံ များစွာမှာ ရာသီဥတုအခြေအနေဆိုးရွားမှုနဲ့ ပိုးမွှားကျ ရောက်မှုတို့ကြောင့် ကမ္ဘာ့ငရုတ်ကောင်းထုတ်လုပ်မှုက ယခင်နှစ်က တန်ချိန် ၃၁ဝဝဝဝ မှ ယခုနှစ်မှာ တန်ချိန် ၆၅ဝဝ နီးပါး ကျဆင်းသွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငရုတ်ကောင်း အဖွဲ့အစည်းက ခန့်မှန်းလိုက်တယ်။                    ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် အိန္ဒိယရဲ့ ငရုတ်ကောင်းထုတ်လုပ်မှုက လည်း တန်ချိန် ၄၈ဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ်က တန်ချိန် ၅ဝဝဝဝ ထွက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ငရုတ်ကောင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှုနဲ့ ပိုးမွှားကျရောက်မှုကြောင့် မျှော်မှန်းထားတာထက် လျော့နည်းထွက်ရှိနိုင်ကြောင်း သုံးသပ်ထားတယ်။ အိန္ဒိယရဲ့ နှစ်စဉ် ပြည်တွင်း စားသုံးမှုလိုအပ်ချက်မှာ တန်ချိန် ၅ဝဝဝဝ နီးပါးရှိကြောင်း ဈေးကွက်ရင်းမြစ်များအရ သိရှိရတယ်။                     ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်က ငရုတ်ကောင်း တန်ချိန် ၇၈ဝဝဝ ကိုတင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၄၂ဝ သန်းရရှိခဲ့တယ်။ ယခုနှစ်အတွက် ဗီယက်နမ်က ယခင်နှစ်အလားတူ ငရုတ်ကောင်းတန်ချိန် ၁ဝဝဝဝဝ မှ ၁၁ဝဝဝဝ ကြားထွက်ရှိမယ်လို့ ဗီယက်နမ်ငရုတ်ကောင်းအသင်းက ခန့်မှန်းလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com 

Sunday, 31 Jul 2011

ဝယ်လက်ရှိလို့ ရှမ်းချင်းဈေးကောင်းလာ                    ဒီတစ်ပတ်မှာလည်း ရှမ်းချင်းစိုဈေးက ထပ်ထက်လာပါတယ်။ စစ်တွေဝယ် လက်တွေက ရန်ကုန်မှာ အထိုင်ချပြီးဝယ်ယူနေတယ်လို့ သိရပါတယ်။ ရှမ်းချင်း တွေကို ပြည်ပတင်ပို့ဖို့အတွက် ဝယ်ယူလာတာကြောင့် ဝယ်လိုအားကောင်းနေတယ် လို့လည်း သိရပါတယ်။ သယ်ယူခတွေကတော့ ရန်ကုန် - စစ်တွေ သယ်ခက တစ်ပိဿာ ၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းကနေ တောင်ကုတ်ကိုလည်း သယ်ယူနေကြပြီး သယ်ခကတော့ တစ်ပိဿာ ၉၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိလာတာကြောင့် ဈေးကလည်း တဖြေးဖြေးတက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၅ဝ ကျပ်မှ ၄ဝဝ ကျပ်အထိ ဈေးရှိလာပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြားသီးနံှတွေ အရောင်းအဝယ်မကောင်းပေမဲ့ ချင်းသီးနံှက ရာသီအစမှာတင် ရောင်းတန်းဝင်နေ တဲ့ သီးနံှဖြစ်နေတယ်လို့ အောင်ပန်းဒေသခံတွေထံမှ သိရပါတယ်။ ဟိုပုံးဈေးကွက် မှာတော့ ချင်းစို တစ်ပိဿာ ၄ဝဝ ကျပ်နဲ့ ချင်းခြောက် တစ်ပိဿာ ၁၈၅ဝ ကျပ်ဈေး ရှိပါတယ်။          ဧဧခိုင် 

Sunday, 31 Jul 2011

အရောင်းအဝယ်သွက်သလို အရောင်းအဝယ်လည်းအေးတဲ့ ပြည်ချင်းဈေး                   တောင်ကြီး အောင်ပန်းဈေးကွက်မှ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ချင်း (ဥမ) များသာ ဝင်ရောက်၍ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့်နှင့် ယခင်အပတ်အတိုင်း အဝင်ရှိနေပါတယ်။ ဈေးနှုန်းမှာငြိမ်လျက် တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်- ၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်) ၁၁ဝဝ ကျပ်၊ (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိပြီး ချင်း(ဥမ) များတစ်ပတ်ချင်းအဝင်ကို ဧရာဝတီဒေသကြီးနှင့် ရခိုင်ပြည် နယ်သို့ တင်ပို့မှုအပါအဝင် အိတ် ၂၂ဝ ခန့်နှင့် အရောင်းအဝယ် သွက်လျက် ရှိနေပါတယ်။ ချင်းတက်မှာ အဝင်မရှိသလို လက်ကျန်ချင်းတက်များကို လက်လီပြန် ရောင်းချမယ့်သူတွေပါ ဝယ်လိုအားနည်းနေလို့ အရောင်းအဝယ်မှာလည်း အေးနေ ကြောင်း သိရပါတယ်။          ဝင်းလဲ့ဝါ 

Sunday, 31 Jul 2011

ချင်း ပြန်လည်တင်ပို့                 ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ချင်း ၂၆ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာသာ ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းခုနှစ် ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT) 

Sunday, 31 Jul 2011

လက်လီသမားများ အဝယ်သွက်တဲ့ ပြည်ပဲနီပြားဈေးကွက်                    ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနံှသည် လက်လီသမားများဖြင့် အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှုမှာ ဇွန်လ ကုန်မှစ၍ အဝင်ပါးလာပြီး ဇူလိုင်လအတွင်း ပဲအဝင်လုံးဝ မရှိတော့ဘဲ ပွဲရုံများမှ လက်ကျန်ပဲများဖြင့်သာ တစ်တင်း ၁၆၅ဝဝ ကျပ်ဈေးဖြင့် ယခုဇူလိုင်လ နောက်ဆုံးပတ်အထိ ဈေးအပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အရောင်းအဝယ် ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ်၅ဝ ခန့် လက်လီသမားများ အဝယ်ရှိကြောင်း သိရပါတယ်။          ခင်ဆွေဝင်း

Sunday, 31 Jul 2011

ရန်ကုန်ဝယ်လက်အဝယ်ရှိသော်လည်း ပြည်ထောပတ်ပဲဈေးငြိမ်နေ                  ပြည်ဈေးကွက်သို့ ထောပတ်ပဲမှာ ယခုဇူလိုင်လကုန်တွင် ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ ယခုတစ်ပတ်အတွင်း ဒေသတွင်း လက်လီသမားများသာမကဘဲ ရန်ကုန် ဝယ်လက်များ မှာယူမှုရှိလာခဲ့တာကြောင့် အချို့ရက်များမှာ တစ်ရက်အိတ် ၁ဝဝ နီးပါးအထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲဈေးအနေဖြင့် ယခုလအတွင်း တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်သာ ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 31 Jul 2011

မူဆယ်မှ ပဲကြီးတင်ပို့မှု အနည်းငယ်လျော့                 မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၅ဝဝ ကျော် တန်ဖိုး ရှိ ပဲကြီး ၃တန်ခန့် ဇူလိုင်လ ၂ဝ မှ ၂၆ ရက်ထိ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ ပဲကြီး ၇၃ တန်ကျော်မူဆယ်နယ်စပ်မှ တင်ပို့ ထားပြီး ဖြစ်ပါတယ်။             MIRT (DOBT)

Sunday, 31 Jul 2011

မူဆယ်နယ်စပ်မှ ပဲယင်းတန် ၇ဝဝ ကျော် အပို့ရှိ                 မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၃၃ သန်းတန်ဖိုးရှိ ပဲယင်း ၇၃၅ ဒသမ ၅ဝ တန်နဲ့ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၃ သန်းတန်ဖိုးရှိ ပဲယင်း (ချင်းပဲ) ၃ တန် စုစုပေါင်း နယ်စပ်မှ ၇၃၈ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၃၇ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း အတွက် ပဲယင်းများကို မူဆယ်မှ တင်ပို့တာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေး အနည်းငယ်လျော့နေသော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးမှာမူ ပြောင်းလဲမှုမရှိ တာ တွေ့ရပါတယ်-                                        မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု              ယခင်      ပြောင်းလဲမှု  %      ယခု    ယခင်    ပြောင်းလဲမှု     %ပဲယင်း         ၃၁၂၃၇၂       ၃၁၆၄၅ဝ      ၄ဝ၇၈      ၁     ၄၉၅     ၄၉၅              -             -MIRT (DOBT)

Sunday, 31 Jul 2011

ပြည်ပဲကြီး ဈေးလျော့သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်                   ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုမှာ ဇွန်လအထိ ဒေသ တွင်း မြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ဇူလိုင်လဆန်းမှစ၍ ပဲကြီးအဝင်ပါး လာခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးဖက်မှ ဝင်ရောက်မှုရှိခဲ့တာကြောင့် ယခုလကုန် အထိ အိတ် ၅ဝဝ ကျော် တိုင်းအတွင်းအဝင်ရှိခဲ့ပြီး လက်ကျန်ပဲများလည်း ရှိခဲ့တာ ကြောင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။                    ဒေသတွင်း ပဲကြော်လုပ်ငန်းသမားအပြင် ရန်ကုန်လိုင်းသမားများမှလည်း မှာယူမှုရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) အမျိုးအစားမှာ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် တစ်တင်း ၅ဝဝ ကျပ်နှုန်းလျော့နည်း ခဲ့ကြောင်း သိရပါတယ်။                      ခင်ဆွေဝင်း

Pages