Main menu

Background

Sunday, 31 Jul 2011

ပြည်ပဲကြီး ဈေးလျော့သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်                   ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုမှာ ဇွန်လအထိ ဒေသ တွင်း မြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ဇူလိုင်လဆန်းမှစ၍ ပဲကြီးအဝင်ပါး လာခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးဖက်မှ ဝင်ရောက်မှုရှိခဲ့တာကြောင့် ယခုလကုန် အထိ အိတ် ၅ဝဝ ကျော် တိုင်းအတွင်းအဝင်ရှိခဲ့ပြီး လက်ကျန်ပဲများလည်း ရှိခဲ့တာ ကြောင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။                    ဒေသတွင်း ပဲကြော်လုပ်ငန်းသမားအပြင် ရန်ကုန်လိုင်းသမားများမှလည်း မှာယူမှုရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) အမျိုးအစားမှာ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် တစ်တင်း ၅ဝဝ ကျပ်နှုန်းလျော့နည်း ခဲ့ကြောင်း သိရပါတယ်။                      ခင်ဆွေဝင်း

Sunday, 31 Jul 2011

ဝါတွင်းကာလက ကုလားပဲဝယ်လိုအားကို မြင့်မားစေ၍ဈေးနှုန်းထပ်မံမြင့်မားဦးမည် ခန့်မှန်း                   ဇူလိုင်လကုန်ပိုင်း အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ ပဲအများစုဈေးနှုန်း ကျဆင်းသော်လည်း ကုလားပဲဖြူ လုံးကြီးဈေးနှုန်းတွေ ခိုင်မာနေတယ်။ ဒါကြောင့် ဈေးကွက်တွေအတွင်း ဝယ်လိုအားကဲျပါးလျက်ရှိပေမဲ့လည်း ဝါတွင်းကာလအသား စားသုံးမှု ရှောင်ကျဉ်ကြခြင်းက ကုလားပဲဝယ်လိုအားကို မြင့်မားစေပြီး ဈေးနှုန်းကို ဆက်လက် အထောက်အပံ့ပေးနေတယ်။ လှောင်လက်တွေကလည်း ကုလားပဲကို လက်ဝယ်ပမာဏများစွာ ဆက်လက် သိုလှောင်ထားပြီး ဈေးနှုန်း ထပ်မံမြင့်မား ဦးမယ်လို့ ခန့်မှန်းကြတယ်။                     ဒါပေမဲ့ ဈေးမြင့်လာရင် သိုလှောင်ထားသူတွေ ဈေးကွက်အတွင်း ပြန်လည် ရောင်းချပေးပါက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့လည်း မျှော်လင့်ကြတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ အိန္ဒိယပြည်တွင်း ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -အမျိူးအစား                                            ဈေးကွက်                       ဈေးနှုန်း(ရူပီး/ ကွမ်ကယ်လ်)သြစတြေးလျကုလားပဲဖြူလုံးကြီး                မွန်ဘိုင်း                  ၂၆ဝဝ-၂၈ဝဝ (၅၉၁-၆၃၆ ဒေါ်လာ)တန်ဇန်းနီးယား                                       မွန်ဘိုင်း                   ၂၅၅ဝ-၂၅၇၅ (၅၇၉-၅၈၅ ဒေါ်လာ)ရာဂျစ်စသန်ဒေစီ                                    ဒေလီ                         ၃ဝဝဝ-၃ဝ၂၅ (၆၈၁-၆၈၈ ဒေါ်လာ)ပပ၊Source:nnscommoditynews.com

Sunday, 31 Jul 2011

Export ဝယ်လက်ဆွဲတဲ့ မုံရွာကုလားပဲဖြူလုံးကြီး V2                   ရန်ကုန် Export ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ ဇူလိုင်လနောက်ဆုံးပတ် အတွင်း ကုလားပဲဖြူလုံးကြီး V2 တစ်ရက်ကို ပျမ်းမျှအိတ် ၅ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ဇူလိုင်လဆန်းက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၄၇ ကျပ်မှ ဇူလိုင်လ ၂၆ ရက်မှာ ၁ဝ၇၉ ကျပ်သို့ ဈေးလှုပ်လာရာ တစ်ပိဿာအပေါ် ၁၃၂ ကျပ်၊ တစ်တင်းအပေါ် ၂၅ဝဝ ကျပ် ဈေးတက်လာတဲ့အတွက် တောင်သူနဲ့ ကုန် သည်များက အပြိုင်အဆိုင် ထုတ်ရောင်းကြသလို ရန်ကုန် Export  သမားများက ဝယ်လက်အဆွဲရှိလို့ ယခုအချိန် အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ကုလား ပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ V2  တင်း ၂၇ဝဝ ကျော်၊ ရန်ကုန်သို့ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင် 

Sunday, 31 Jul 2011

ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်တက်လာ                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲ တန် ၆၅ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ကုလားပဲဖြူလုံးကြီးက တန် ၆၅ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင် အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက် ကုလားပဲအရောင်းတွင်လည်း ကုလားပဲဖြူလုံး ကြီး တန် ၁၈ဝဝ ခန့် ပါဝင်တာကြောင့် ယခုအပတ်မှာ အရောင်းအဝယ်ပမာဏ များလာသလို ဈေးလည်းမြင့်လာကြောင်း သိရပါတယ်။                    အိန္ဒိယမှ သြစတြေးလျ V2  အစား မြန်မာ V2  ကိုလှည့်ဝယ်လာခြင်းနဲ့ နယ်ပစ္စည်းလက်ကျန်လည်း မရှိသလောက်ဖြစ်နေတာကြောင့် ဈေးခိုင်မာခြင်းဖြစ်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် ဇူလိုင် ၂၁ ရက်တွင် FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိရာမှ ယခုတစ်ပတ် ဇူလိုင် ၂၉ ရက်တွင်း FAQ တစ်တန် ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။          MIRT - MAPT 

Sunday, 31 Jul 2011

ယခင်အပတ်ထက် ကုလားပဲဖြူလုံးကြီး ပိုမိုတင်ပို့လာနိုင်                  ပင်လယ်ရေကြောင်းမှ ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ယခုတစ်ပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၃ဝဝဝ ခန့်ဖြစ်ပြီး ယခင်အပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှ တင်ပို့မှု ပိုလာပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ကုလားပဲဖြူ လုံးကြီး တန်ချိန် ၃ သောင်းကျော်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅ဝဝ သာ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ဝယ်လိုအား ဆက်လက်ကောင်းနေမယ်လို့ သိရပါတယ်။MIRT - MAPT 

Sunday, 31 Jul 2011

ပဲတီစိမ်းကြီးအဟောင်း၊ အသစ် ဈေးနှစ်မျိုးနဲ့ အရောင်းအဝယ်ဖြစ်                       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးကြိုပဲတီစိမ်း အသစ်များ မုံရွာကုန်စည်ဒိုင်ကို အြင်္ကန်အပြီးကာလမှ ယခုအချိန်ထိ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်က ဧပြီလမှ ဇွန်လအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းများကို ပဲအဟောင်းအဖြစ် သတ်မှတ်ပြီး ဇူလိုင်လအတွင်း တစ်တင်းကို ၁၃ဝဝဝ ကျပ်နဲ့ ၁၇၅ဝဝ ကျပ်ကြား ဈေးပေါက်ခဲ့ပါတယ်။ ယခုလအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းကြီးကို အသစ်အဖြစ် သတ်မှတ်ကာ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ ၂ဝဝဝဝ ကျပ် ကြား ဈေးပေါက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး ဟောင်း၊ သစ် နှစ်မျိုး တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၁၄ဝဝ ကျော်၊ ရန်ကုန်သို့ တင်း ၂၅ဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင် 

Sunday, 31 Jul 2011

မူဆယ်နယ်စပ်မှ အများဆုံးတင်ပို့နေရတဲ့ ပဲတီစိမ်း                  ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ  တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ၂၁ ဒသမ ၉၈၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၈၁ဝ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ယခုအပတ်အတွင်း လယ်ယာထွက်ကုန်ထဲမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့နေတာဖြစ်ပြီး ယခုအပတ်အတွင်း တစ်နေ့ ပျမ်းမျှ တန်ချိန် ၃၄ဝဝ ကျော်ခန့် တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၈၁၅၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်မှ တတိယပတ် ၂၆ ရက်ထိကာလအတွင်း နယ်စပ်မှ ပဲတီစိမ်း ၄၁၂၈၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကို ကြည့်တဲ့အခါ တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်ဈေး ကျပ် ၁၂ဝဝဝ ဝန်းကျင် ဈေးလျော့လျက်ရှိနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်       ပြောင်းလဲမှု      %       ယခု        ယခင်      ပြောင်းလဲမှု       %ပဲတီစိမ်း     ၆၂၇၉၂၉     ၆၄ဝ၂ဝ၉      ၁၂၂၈ဝ        ၂        ၉၂၈          ၉၂၈              -            -MIRT (DOBT)

Sunday, 31 Jul 2011

ရန်ကုန် ပဲတီစိမ်းဈေးကွက် ယခုတစ်ပတ်ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် ပဲတီစိမ်းတန် ချိန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲတီစိမ်းရွှေဝါ တန် ၃၃ဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်းတန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့လို့ ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှ အညာရွှေဝါကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၇၃ဝ အဝယ်ရှိသော်လည်း ပုံမှန်စခေါ်ဈေးမှာ FOB ဈေး တစ်တန်ကန်ဒေါ်လာ ၈ဝဝ ဖြစ်၍ ယခုအပတ်တွင် ကြိုက်ဈေးရလို့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး အညာရွှေဝါ အစကောင်းများကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ဖြင့် ဝယ်ယူမှုရှိကြောင်း သိရပါတယ်။                                                         ဒေါ်လာ/ တန်                     ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၂၈-၇-၁၁         ၇၈ဝ-၈ဝဝ            ၁ဝ၅ဝ-၁ဝ၇ဝ         ၁၁၅ဝ-၁၁၇ဝ၂၁-၇-၁၁         ၈ဝဝ-၈၂ဝ            ၁ဝ၅ဝ-၁ဝ၇ဝ         ၁၁၅ဝ-၁၁၇ဝMIRT(MAPT)

Sunday, 31 Jul 2011

ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင် ပိုလာ               ပင်လယ်ရေကြောင်းမှ ပဲတီစိမ်း တင်ပို့မှုဟာ ယခုအပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် ပဲတီစိမ်း FAQ တန်ချိန် ၂၆ဝဝ ကျော်ဖြစ်တာကြောင့် ယခုအပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်ထိ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၆ဝဝ ခန့်နဲ့ ယှဉ်ရင် ယခုတစ်ပတ် တန် ၁ဝဝဝ ပိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းကျော်ရှိတာ တွေ့ရပြီး ယခင်နှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၇ သောင်းကျော်ထက် ပိုတာတွေ့ရပါတယ်။ MIRT - MAPT

Sunday, 31 Jul 2011

အရောင်းအဝယ်အေးလာတဲ့ မြေထောက်ပဲ                    အရောင်းအနည်းငယ်တက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲနဲ့ မြေထောက်ပဲတို့ အရောင်းအဝယ် စာချုပ် ချုပ်နိုင်မှုဟာ ယခင်အပတ်များက လျော့နည်းလာရာ မှ ယခုအပတ် ဇူလိုင် ၂၂ မှ ၂၈ ရက် အတွင်း ထောပတ်ပဲ တန် ၁ဝဝ ဝန်း ကျင်၊ မြေထောက်ပဲ တန် ၂၇ဝ ကျော် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲတန် ၂၇ဝ ခန့်၊ မြေ ထောက်ပဲ တန် ၂ဝ ရောင်းဝယ်နိုင်တာ ကြောင့်မြေထောက်ပဲ အရောင်းတက် လာတယ် ဆိုရမှာ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင် သီတင်းပတ်များအတိုင်း ဇူလိုင် ၂၈ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။            MIRT-MAPT

Pages