Main menu

Background

Tuesday, 26 Jul 2011

ယခုအပတ် နယ်စပ်မှ ရော်ဘာပိုတင်ပို           ဇူလိုင်လ ၁၃ရက်မှ ၁၉ ရက်ထိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၅ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်ကထက် တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3  ၂၂၁ တန်ကျော်၊RSS-5 ၁ဝ၅ တန်၊MSR-20  ၁ဝ၅ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR-50  တန် ၇ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ယခင်အပတ်ကထက် တန် ၂၁ဝ ပိုမိုတင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ အပို့ မရှိသော်လည်း မြိတ်မှ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများ အနည်းငယ်ကျလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                 မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်       ပြောင်းလဲမှု    %         ယခု      ယခင်  ပြောင်းလဲမှု      %RSS-3    ၃၄ဝ၅၈၂ဝ    ၃၄၁၃၈ဝ၇     ၇၉၈၇          ဝ .၂     ၄၃၃၁    ၄၃၃၂          ၁           ဝ .ဝ၂RSS-5    ၃၁၇၆၂၆၉      ၃၁၈၄၃၅၈   ၇၇၈၉          ဝ .၂     ၄၂၅၄     ၄၂၅၅         ၁           ဝ .ဝ၂MIRT (DOBT)

Tuesday, 26 Jul 2011

ရော်ဘာအထွက်မရှိ၍ တင်ပို့မှု ကျဆင်း              ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ယခင်အပတ်ကတော့ တန် ၂ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းတယ်လို့ ဆိုရပါမယ်။ ပြည်တွင်းရော ပြည်ပပါ ရော်ဘာဈေးနှုန်းအနည်းငယ်တက်နေပြီး မိုးတွင်းကာလဖြစ်လို့ ရော်ဘာခြံများပါ ပိတ်ထားတဲ့အတွက် ရော်ဘာအထွက် မရှိတာကြောင့် တင်ပို့မှုကျဆင်းခြင်းဖြစ်ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေး ကနေ တန် ၅ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။                    KZW

Tuesday, 26 Jul 2011

ပြည်ပအဝယ်အော်ဒါအသစ်မရလို့ အိန္ဒိယနနွင်းဈေးကျဆင်း                အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ ဇူလိုင်လ ၂ဝ ရက်က နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) ကျဆင်းခဲ့လို့ ထုတ်လုပ်ထားတဲ့ ပမာဏရဲ့ ၇ဝ ရာခိုင်နှုန်းကို မရောင်းချဘဲ ရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များ မှာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အဝယ်အော်ဒါမရရှိတာကြောင့် လက်ငင်းဈေးမှာ ဈေးအနိမ့်နဲ့ ကမ်းလှမ်းလို့ နနွင်းတောင်သူများဟာ သိုလှောင်မှုရဲ့ ၃ဝ ရာခိုင်နှုန်းသာ ရောင်းချမှုရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗွီရှန်ကာမှ ပြောကြားပါတယ်။              လက်ရှိနှစ်အတွင်း နနွင်းအဝါမျိုးကို ဈေးမြင့်မယ်မှန်းပြီး တောင်သူတော်တော်များများ စိုက်ပျိုးကြလို့ နောက်နှစ်မှာ များများဝင်လာမယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ထုတ်လုပ်မှု နိမ့်ကျတာကြောင့် တစ်တန်ကို ရင်းဂစ် ၁၇၅ဝဝဝ (ကန်ဒေါ်လာ ၃၉၄၇) ထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာ ဝင်ရောက်မှုများလာတာကြောင့် ဈေးနှုန်း အဆက်မပြတ် ကျဆင်းလာခဲ့ပါတယ်။ စက်တင်ဘာလတိုင်အောင် ဈေးမြင့်တက်လာမယ့် အလားအလာမမြင်ဘူးလို့ ရှန်ကာမှ ပြောကြားပါတယ်။ အလားတူ နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာလည်း အိန္ဒိယမြောက်ပိုင်းကုန်သည်များက အဝယ်အော်ဒါ အကန့်အသတ်သာ ရှိလို့ ဈေးအကျ နဲ့ ရောင်းချနေတယ် လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းရုံးမှာ နနွင်းဈေး တစ်တန်ကို ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၉ဝ ဒသမ ၂၂) နဲ့ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၅၅) လျော့ကျခဲ့ပြီး နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၅၁ဝ၆ဝ-၇၁၁၅ဝ (ကန်ဒေါ်လာ ၁၁၅၂-၁၆ဝ၅)၊ နနွင်းဥဈေး တစ်တန် ရူပီး ၄၈၁၉ဝ-၆၁၁၉ဝ (ကန်ဒေါ်လာ ၁ဝ၈၇-၁၃၈ဝ) ဈေးနဲ့ ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline

Tuesday, 26 Jul 2011

ရှမ်းနနွင်းဈေး ခပ်အေးအေး              ရှမ်းနနွင်းဈေးကလည်း ဒီတစ်ပတ်ခပ်အေးအေးပါပဲ၊ ပြီးခဲ့တဲ့ အပတ်က တရုတ်ဝယ်လက်တွေ နနွင်းခါးကို ပရဆေးဖော်ဖို့ ဝယ်ယူကြပေမဲ့ ဒီတစ်ပတ်မှာတော့ အနည်းငယ်မျှသာ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်းက ထွက်တဲ့ နနွင်းဖြူတွေကတော့ လက်ကျန်တွေများနေပြီး တောင်သူ၊ လှောင်လက်တွေ ဆီမှာ ပိဿာချိန် သိန်းဂဏန်းခန့် ကျန်နေပါသေးတယ်။ လက်ကျန်များပေမဲ့ စိုက်တာကတော့ အရင်နှစ်တွေလိုပဲ ပြန်စိုက်ကြပါတယ်။ ပြည်တွင်းသုံး အမှုန့်ကြိတ်ဖို့ အတွက် နနွင်းဝါ၊ ပရဆေးဖော်ဖို့ နနွင်းဖြူတွေကိုသာ လက်လီ နည်းနည်းပါးပါးဝယ်ယူနေကြတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်း နနွင်းတွေက လက်ကျန်သိန်းဂဏန်းခန့် ကျန်ပေမဲ့ ဆင်တောင်နနွင်းကတော့ သောင်း ဂဏန်း လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်း ဆိုရင်ဈေးမရှိ သလောက် ဖြစ်နေပြီး အဖြူစဆိုရင် ၃ဝဝ ကျပ်၊ အဝါစဆိုရင် ၈ဝဝ ကျပ်သာရှိပါတယ်။ ဆင်တောင်နနွင်းက တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပြီး ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။         ဧဧခိုင်

Tuesday, 26 Jul 2011

နယ်စပ်မှ နနွင်းတက် တင်ပို့မှု ပုံမှန်                      ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ စစ်တွေနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၃ သန်းတန်ဖိုးရှိ နနွင်းတက် ၁ဝ၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ နနွင်းတက် ၈၁ တန်ကျော်၊ နနွင်းခေါင်း ၂၁ တန်နဲ့ စစ်တွေနယ်စပ်မှ ၁ တန်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။             MIRT (DOBT)

Tuesday, 26 Jul 2011

ကြူကုတ် ကြက်သွန်ဖြူဈေးချိုလို့ အရောင်းသွက်                 ဒီတစ်ပတ် ပြည်ကြက်သွန်ဖြူဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာကို ယခင် ၁၄ဝဝ ကျပ်- ၁၆ဝဝ ကျပ်မှ ယခု ၁၂၅ဝ ကျပ်- ၁၃ဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပါတယ်။ (ရှမ်းမွှာ) မြန်မာကြက်သွန်ဖြူမှာတော့ ယခင်အပတ် အတိုင်း တစ်ပိဿာကို ၁၆ဝဝ ကျပ်- ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပြီး အရောင်း မသွက်ဘဲဈေးခိုျတဲ့ ကြူကုတ် ကြက်သွန်ဖြူ အရောင်းအဝယ်သွက် ကြောင်းလည်း သိရပါတယ်။ စီးဆင်းမှုအနေနဲ့ ကြူကုတ်ကြက်သွန်ဖြူ ယခုတစ်ပတ် ၁၆ ပိဿာဝင်အိတ် ၇ဝဝ ခန့် အဝင်ရှိပြီး လက်ကျန်မရှိ အရောင်းအဝယ်ဖြစ်နေပါတယ်။ (ရှမ်းမွှာ) ကြက်သွန်ဖြူမှာတော့ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး အိတ် ၁၈ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။             ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ကျောက်ပန်းတောင်းမန်ကျည်း ဈေးငြိမ်                  ဇူလိုင် ဒုတိယပတ်အတွင်း မန်ကျည်းအသားဈေးနှုန်း တည်ငြိမ်နေတာတွေ့ရ ပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းများ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ပတ် အတွင်း ကုန်ချိန် ပိဿာ ၃ဝဝဝဝ ဝန်းကျင်ခန့်တင်ပို့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန်ကျည်းအလုံးတစ်ပိဿာ ၁၄ဝဝ ကျပ်၊ မန်ကျည်း အသားတစ်ပိဿာ ၂၇ဝဝ ကျပ်နှုန်းဖြင့် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးတည် ငြိမ်နေတာတွေ့ရပါတယ်။ မန်ကျည်းဒါးစဉ်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဖြစ်၍ ယခင် တစ်ပတ်ထက် ၁ဝဝ ကျပ်ဈေးမြင့်လာကြောင်း တွေ့ရပြီး မန်ကျည်းအစေ့ တစ်တင်း ယခုတစ်ပတ် ဈေး ၂၅ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅ဝ ရာခိုင်နှုန်းလျော့ နည်းပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်း သိရပါတယ်။           ခင်မြင့်မြင့်သန်း

Tuesday, 26 Jul 2011

ဝယ်လက်ရှိလို့ အောင်ပန်းချင်းဈေးကွက်သွက်                     ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ရှမ်းချင်း (စို) ဈေးတွေအနည်းငယ်တက် လာပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ပြီးခဲ့တဲ့ အပတ်ကထက် တစ်ပိဿာကို ၅ဝ ကျပ်-၆ဝ ကျပ်ခန့်ဈေးတက်နေတယ်လို့ သိရပါတယ်။ ကလော မြို့နယ်နဲ့ နန်းတိုင်းနယ်တွေက ပုံမှန်အဝင်ရှိနေပြီး ပင်လောင်းဖက်ကတော့ အဝင် နည်းသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး တန်ပိုနှုန်းတွေ သတ်မှတ် တာကြောင့် တင်ခတွေလည်း ဈေးပြန်တက် လာပြီး ချင်းတစ်ပိဿာ တင်ခ ၂ဝ ကျပ်ခန့် တက်လာတယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ် အေးနေပြီး လက်ကျန်တွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။ ချင်း (ဥမ) တွေကတော့ ဒီထက်ဈေး ထပ်မတက်လာရင် နောက်တစ်ရာသီအထိ လက်ကျန် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။                  ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၃၃ဝ ကျပ်-၃၅ဝ ကျပ် ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၁၇ဝဝ - ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။                     ဧဧခိုင်

Tuesday, 26 Jul 2011

ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက်                    ပြည်မြို့ ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်) နဲ့ ချင်း (ဥမ) များ ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တွင် အောင်ပန်း၊တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃ဝဝင်အိတ်၃ဝဝ ခန့်အဝင် ရှိ ၍ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များအနေနဲ့ လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး ချင်း (ဥမ) များကို အဝယ်များနေ တယ်လို့လည်း ချင်းပွဲရုံတွေက တစ်ဆင့် သိရပါတယ်။ ဈေးကွက်အတွင်း ယခု တစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်)၁၁ဝဝ ကျပ်၊ (ရှယ်)၁၂ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 26 Jul 2011

ပြည်ဘိုကိတ်ပဲ အရောင်းအဝယ်အေးနေ                   ဇူလိုင် တတိယပတ်တွင် ဘိုကိတ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၁ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ပတ်များက တိုင်းဒေသကြီး အတွင်းရှိ လက်လီသမားများ အဝယ် ပါးနေတဲ့အတွက် အရောင်းအဝယ် မဖြစ်သလောက်ရှိတယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိသလို တိုင်းဒေသကြီးအတွင်း မြို့နယ်များမှလည်း အခြားတိုင်းဒေသ ကြီးသို့ တင်ပို့မှုမရှိဘဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Pages