Main menu

Background

Tuesday, 12 Jul 2011

ရှမ်းနနွင်းဈေးကွက် ပစ္စည်းကောင်းအဝယ်လိုက်              ဒီတစ်ပတ် ရှမ်းနနွင်းက ဈေးငြိမ်နေပါတယ်။ ဟိုပုံးနနွင်းတွေကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေကြပေမဲ့ ကြိုက်ရောင်း၊ ကြိုက်ဝယ်သာ ဝယ်ယူနေကြတာကြောင့် လက်ကျန်ကလည်း အတော်များများ ကျန်နေပါ သေးတယ်။ လှောင်လက်တွေကတော့ ဈေးအမြင့်နဲ့ ဝယ်ရတာကြောင့် ဝယ်ရင်းဈေးလောက် ရရင်လည်း ထုတ်ရောင်းကြမှာ ဖြစ်ပါတယ်။ ဝယ်လက်တွေကတော့ အကောင်းစတွေကိုသာရွေးပြီး ဝယ်ယူနေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကို အဆင့်ခွဲခြားပြီး ဝယ်ယူနေတာကြောင့် အညံ့စတွေက တစ်ပိဿာ ၉ဝဝ ကျပ်သာရှိပြီး၊ လတ်စကတော့ တစ်ပိဿာ ၁ဝဝဝ ကျပ်၊ အဲဒီထက်ပိုကောင်းရင် ၁၅ဝဝ ကျပ်ဈေးရှိပြီး၊ ထိပ်စတွေကတော့ ၁၈၅ဝ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။                     ဧဧခိုင် 

Tuesday, 12 Jul 2011

ရှမ်းနနွင်းတက် တင်ပို့မှု တန် ၇ဝ ကျော်ရှိ               မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ယခုအပတ်အတွင်း ကန်ဒေါ်လာ ၁၄၄ဝဝဝ တန်ဖိုးရှိ နနွင်းတက် ရှမ်းစ ၇၁ တန် တင်ပို့မှု ရှိခဲ့ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၁၃၅ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။  MIRT(DOBT) 

Tuesday, 12 Jul 2011

နနွင်း ပြန်လည်တင်ပို့                ဇွန်လနောက်ဆုံးပတ်မှာတော့ နနွင်း ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို၂၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၆တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ရှစ်သောင်းနှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။ ဇွန်လတစ်လရဲ့ နနွင်း တင်ပို့မှုမှာ ၁၃၅ ဒသမ ၆ တန်ရှိခဲ့ပြီး မေလတင်ပို့မှု မှာ ၁၆၆ တန်ရှိခဲ့တာကြောင့် ဇွန်လမှ နနွင်းတင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။  MIRT (DOT) 

Tuesday, 12 Jul 2011

မန်ကျည်းအပို့လျော့                   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စင်ကာပူနိုင်ငံကို ဇွန်လနောက်ဆုံးပတ်မှာ မန်ကျည်း ၈၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ် ၁၂၈ တန်တင်ပို့ နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ခုနှစ်ရာခြောက်ဆယ် ဝန်းကျင်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာခြောက်သောင်းငါးထောင်ကျော်ရရှိခဲ့ပါတယ်။ ဇွန်လတစ်လရဲ့ မန်ကျည်းတင်ပို့မှုမှာ တန်ချိန်လေးရာ့ နှစ်ဆယ်ကျော်ရှိခဲ့ပြီး မေလရဲ့ တင်ပို့မှုမှာ ရှစ်ရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ အပို့လျော့ခဲ့ပါတယ်၊MIRT (DOT)

Tuesday, 12 Jul 2011

ဈေးငြိမ်နေတဲ့ ပြည်ချင်းဈေးကွက်                အောင်ပန်းနှင့်တောင်ကြီးဈေးကွက်မှ ချင်းနှင့် ချင်း(ဥမ)များ ယခုတစ်ပတ်ပြည် ဈေးကွက်သို့ ပိဿာ ၃ဝ ဝင် အိတ် ၆၅ဝ ခန့်နဲ့ ယခင်အပတ်အတိုင်း အဝင်ရှိပြီး အခြားတိုင်းဖြစ်သော ဧရာဝတီနှင့်ရခိုင်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကိုဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများ၌တစ်ရက်ကိုပိဿာချိန် ၈ဝဝ ခန့်နှင့်ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ဈေးနှုန်းမှာ တစ်ပိဿာကိုချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း(ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် အသီး သီးရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။                      ဝင်းလဲ့ဝါ 

Tuesday, 12 Jul 2011

ဝါဆိုမိုးဦးအလှူအတွက် ချင်းဥမများ ဈေးကွက်အဝင်လှိုင်                 အောင်ပန်းဈေးကွက်ကို ရှမ်းချင်း (ဥမ) တွေ အဝင်များနေပါတယ်။ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့ မြို့နယ်တွေက ထွက်တဲ့ချင်းတွေက အောင်ပန်းဈေး ကွက်ကို လှိုင်လှိုင်ဝင်လာတာဖြစ်ပြီး တစ်ရက်ကို ပိဿာချိန် သောင်းဂဏန်းရှိနေတယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ မကွေး၊ နေပြည်တော်စတဲ့ မြို့တွေက ပြည်တွင်းသုံးဈေးပတ်သမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ တောင်သူ တွေကလည်း အာလူးဆေးစရိတ်၊ မြေသြဇာဖိုး၊ ခြံစရိတ်၊ အသုံးစရိတ်တွေနဲ့ ဝါဆိုဦးအလှူ လှူဖို့အတွက် ထုတ်ရောင်းနေတာကြောင့် အဝင်များနေတာဖြစ်ပါ တယ်။ အောင်ပန်းဈေးကွက်မှ ချင်း (ဥမ) ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၄ဝဝ  ကျပ်ဈေးရှိပါတယ်။                    ဟိုပုံးဈေးကွက်မှာလည်း အနီးပတ်ဝန်းကျင်ဖြစ်တဲ့ နမ့်ခုတ်က ချင်း (ဥမ)တွေ ဈေးကွက်ကိုဝင်နေတယ်လို့ သိရပါတယ်။ ဈေးကတော့ အရွယ်အစားအလိုက် ဈေးဖြတ်ကြပြီး ချင်းသေး၊ ချင်းနုတွေက တစ်ပိဿာ ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပြီး၊ အခက်ကြီးတဲ့ ချင်းကတော့ တစ်ပိဿာ ၃ဝဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Tuesday, 12 Jul 2011

လေးပတ်ဆက်တိုက် ချင်းအပို့မရှိ                   ပင်လယ်ရေကြောင်းတင်ပို့မှုလမ်းကနေ ဇွန်နောက်ဆုံးပတ်မှာ ချင်းအပို့မရှိပါဘူး။ ဒီသီတင်းပတ်နဲ့ဆိုရင် ချင်းက လေးပတ်ဆက်တိုက် အပို့မရှိတာပါ။ မေလမှာ ချင်းတင်ပို့မှုက တန်ချိန် ၁၂ဝ ရှိခဲ့ပြီး ဇွန်လရဲ့ ချင်းတင်ပို့မှုမှာ ၁၂ ဒသမ ၅ တန်သာရှိခဲ့တာကြောင့် ဇွန်လမှာ ချင်းတင်ပို့မှုတော်တော်လေး လျော့နည်း ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Tuesday, 12 Jul 2011

ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းကုလားပဲဖြူလုံးကြီး V2                   ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မှ ကုလားပဲဖြူလုံးကြီး V2  များ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်သလို Export ဝယ်လက်သမားများရန်ကုန်မှအဆွဲရှိလို့ အခုချိန်မှာ အရောင်း အဝယ်အကောင်းဆုံးသီးနံှမှာ ကုလားပဲဖြူ လုံးကြီး V2 ဖြစ် ကြောင်းသိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇွန်လအတွင်း ကုလားပဲဖြူလုံးကြီးတစ်ပိဿာ အနိမ့်အမြင့် ဈေးမှာ ၈၃၂ ကျပ်၊ ၉၄၇ ကျပ်၊ ဇူလိုင်လပထမပတ်အတွင်း ၉၄၇ ကျပ်၊ ၉၈၄ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုအပတ်အတွင်း တစ်ရက်ကိုပျမ်းမျှတင်း ၁၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရ ပါတယ်။ ယခု တစ်ပတ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ကုလားပဲဖြူလုံးကြီး V2 ရန်ကုန်သို့ တင်း ၆ဝဝ၊ မန္တလေးသို့ တင်း ၇ဝဝ ကျော်စီးထွက် ခဲ့ကြောင်းသိရှိရပါတယ်။ သန်းးသန်းးတင်

Tuesday, 12 Jul 2011

ပြည်ပဲကြီးဈေးငြိမ် အရောင်းအဝယ်ဖြစ်                ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲကြီးဝင်ရောက်မှုအနေနဲ့ ဒေသတွင်းမှဝင်ရောက်မှုမရှိခဲ့ပေမယ့် မကွေးတိုင်း ဒေသကြီး ဖက်မှ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ဇွန်လအတွင်း ပဲကြီးဝင်ရောက်မှုအနေနဲ့ အိတ် ၂ဝဝဝ ကျော် အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီး (ကမ်းနား) တစ်တင်း ၁၅၅ဝဝ ကျပ်၊ ပဲ (ရွှေကျွန်း) မှာ ၁၆၅ဝဝ ကျပ်ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများအဝယ်ရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိတဲ့အတွက် အိတ် ၃ဝဝ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 12 Jul 2011

ဈေးတက်ရိပ်ပြတဲ့ စစ်ကိုင်းပဲစင်းငုံနီ                  မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီပိဿာဈေး ယခုလဇူလိုင် ၁ ရက်နေ့မှာ ၆၅ဝ ကျပ်မှ ဇူလိုင် ၄ ရက်နေ့မှာ ၆၈၅ ကျပ်သို့ ဈေးလှုပ်ခဲ့ကြောင်းသိရှိရပါတယ်။ ဈေးတက်ရိပ်ရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ လှောင်လက်သမားများ ဝယ်ယူမှုရှိသလို ရန်ကုန် ဝယ်လက်ကလည်း အဆွဲရှိကြောင်း သတင်းရရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ် အတွင်း ပဲစင်းငုံနီ တစ်ရက်ကိုပျမ်းမျှ တင်း ၈ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးသို့ ဇူလိုင်လ ၄ ရက်အတွင်း ပဲစင်းငုံနီ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်းသိရှိရပါတယ်။                သန်းးသန်းးတင်

Pages