Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၁၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို ၁၈ တန်၊ အိန္ဒိယနိုင်ငံကို ၃၆ တန်နဲ့ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် မှာ နနွင်းတင်ပို့မှုရပ်နားခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ငါးသောင်းနှစ်ထောင်ကျော် ရရှိခဲ့ တယ်လို့ သိရပါတယ်။MIRT(DOT)
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာအရောင်းအဝယ်ဖြစ်မှု အရှိ ဆုံးနဲ့ ဈေးအတည်ငြိမ်ဆုံးပဲမှာ ပဲတီစိမ်း ဖြစ်ကြောင်းသိရပါတယ်။ ပြည်ပ အဆွဲ (တရုတ်)ပုံမှန်ရှိသလို ဒေသတွင်း ပဲစက် များမှလည်း ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရပါ တယ်။
မန္တလေးတိုင်းဒေသကြီးမှာ နှစ်စဉ် ကြက်သွန်နီ ဧက ၅၀၀၀၀ -၆၀၀၀၀ ကျော်စိုက်ပျိုးလေ့ရှိ ပါတယ်။ ကြက်သွန်နီ ထွက်ရှိချိန်က အထွက်ကောင်းခဲ့တာကြောင့် ယခုနှစ်မှာ ဈေး ကောင်းရနိုင်ဖွယ်ရှိရာ မရှိဟု ယူဆပြီး၊ လှောင်သူနည်းပါးခဲ့ တယ်လို့ မြင်းခြံကုန်သည်တစ်ဦးက ဆိုပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပုံမှန်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပဲများက တော့ ကုလားပဲရိုးရိုး၊ ထိုင်ဝမ်ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီးတို့ဖြစ်ပါတယ်။ မုံရွာ မြို့တစ်ဝိုက်ဈေးကွက်များမှာယခုဝါတွင်း ကာလဖြစ်လို့ ခွဲခြမ်းဈေးကောင်းတဲ့ အတွက် ကုလားပဲအလုံးလိုက် ရောင်း ခြင်းထက် ခွဲခြမ်းလုပ်ပြီး၊ ရောင်းခြင်းက ပိုပြီး အရောင်းအဝယ်သွက်နေပါတယ်။
မူဆယ်ဈေးကွက်မှာ တစ်ပတ်ကို ပဲတီစိမ်း တန် ၂၀၀၀ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဈေးနှုန်းက တစ်တန် ယွမ် ၅၈၀၀ မှ - ၆၅၀၀ ယွမ်အတွင်း ပစ္စည်းကောင်းရင် ကောင်းသလို ဈေး ပေးဝယ်လျက်ရှိပါတယ်။ ငွေလဲနှုန်းက လည်း တစ်ယွမ်ကို ၁၅၉ ကျပ်နဲ့ ယွမ် ဈေးမာနေတယ်လို့ ဆိုပါတယ်။ ပဲ ကုန်သည်တို့ကလည်း မိမိတို့ ပဲကို မူဆယ် တိုက်ရိုက် ၁၂ ဘီးကားနဲ့ ပိ့ုနေ ကြပါပြီ။
နှစ်စဉ်နှစ်တိုင်း မန္တလေးကုန်စည် ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)ကို လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာစတဲ့ ဒေသများနဲ့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ မတ်ပဲပျမ်းမျှတန်ချိန် ၇၀၀၀ ကျော် အရောင်းအဝယ်ပြု လုပ် နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ရာသီဥတု ဖောက် ပြန်မှုကြောင့်မတ်ပဲအထွက်လျော့နည်း တဲ့အတွက်အရောင်းအဝယ်လည်း တစ် နှစ်လုံး အတိုင်းအတာအနေနဲ့ လျော့ နည်းကြောင်း သိရပါတယ်။
စက်တင်ဘာလလယ် ပြည်ပဲဈေး ကွက်မှာ ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ဒေသတွင်းသာအရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ မတ်ပဲသီးနှံမှာလည်း ရန်ကုန် ဝယ်လက်နေ့စဉ် အဝယ်ရှိသော်လည်း ပဲ ထုတ်ရောင်းချသူ နည်းခဲ့သလို ပဲ ဝင်ရောက်မှုမှာလည်းပါးလာတာကြောင့် အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၆၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့်၊ လက်ကျန်ပဲများရှိခဲ့ သော်လည်း ရောင်းချမှု နည်းနေခဲ့ပါ တယ်။
မုံရွာမြို့ပေါ်ရှိခရမ်းချဉ် ဈေးကွက် ဟာ ဒေသတွင်းစိုက်ပျိုးထွက်ရှိချိန်မှာ အရောင်းအဝယ်အားကောင်းသလိုဒေသ ထွက်ပစ္စည်းပြတ်ချိန်မှာ အင်းသီး (အင်းလေး)တွေဝင်လာလို့၊ လက်ကား ဒိုင်တွေ အရောင်းအဝယ်မပြတ် ဈေး ကွက်ခိုင်မာလျက်ရှိပါတယ်။
တရုတ်နိုင်ငံဟာ ဗီယက်နမ်ကော်ဖီတင်ပို့သူများရဲ့ပစ်မှတ်ထားရာ ဈေးကွက် ဖြစ်လာနေပြီး ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်မျိုးဆက်သစ်လူငယ်များဟာ လက်ဖက်ရည်အစား ကော်ဖီသောက်တဲ့ အကျင့်အသစ်ကို ကျင့်နေကြတဲ့အတွက် လို့ သိရပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ ဈေးကွက်ကို ထိုး ဖောက်ရန် နန်နင်း မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ အာဆီယံတရုတ်ကုန်စည်ပြပွဲ (2013 ASEAN China Expo-CAEXPO 2013) မှာ ဗီယက်နမ် ကော်ဖီ ထုတ်လုပ်သူ အစုအဖွဲ့ဟာ အများ ဆုံးသွားရောက်ပြီး ၎င်းတို့ရဲ့ထုတ်ကုန်များကို ကြော်ငြာခဲ့ပါ တယ်။
ဈေးကွက်အသီးသီးမှာ သြဂုတ်လလယ်မှစပြီး၊ တစ်ရိပ်ရိပ် မြင့်တက်လာတဲ့ကြက်သွန်နီဈေးမှာယခုစက်တင်ဘာ လဆန်း ပိုင်းမှာတော့အနည်းငယ်ပြန်အေးလာပါတယ်။ မန္တလေး ဈေး ကွက်မှ မူဆယ်ကို တင်ပို့မှုမှာ ပြီးခဲ့တဲ့ ဇူလိုင်လက တန်ချိန် ၄၀၀ ကျော်နဲ့ အနည်းဆုံးတင်ပို့ခဲ့ပြီး သြဂုတ်လမှာတော့ အဝယ်ပြန်လိုက်လာတဲ့ အတွက် တန်ချိန် ၁၅၀၀ ကျော်တင်ပို့ ခဲ့ကြောင်း၊ ဂိတ်ဖြတ်စာရင်းများအရ သိရပါတယ်။
