Main menu

Background

Tuesday, 5 Jul 2011

ရော်ဘာဈေးတက်၍ တာယာဈေးတက်              ရော်ဘာဈေးနှုန်းတွေ တက်တာကြောင့် တာယာရဲ့ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်း ကားတာယာရောင်း ဝယ်သူများက ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သည်တစ်ယောက်ကတော့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေ နှစ်လအတွင်းမှာ ပင် ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တာယာစက်ရုံတွေက ၎င်းတို့ရဲ့ထုတ်ကုန်ဈေးနှုန်းကို မတ်လမှာ ၁ဝ ရာခိုင်နှုန်း ဈေးမြင့်ပြီး ဇွန်လမှာလည်း အလားတူ တိုးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။               ဒီလိုဖြစ်ရတာက ဖေဖော်ဝါရီမှာ ရော်ဘာဈေးနှုန်းတွေ အမြင့်ဆုံးကိုရောက်ခဲ့ရာကစကြောင်း သိရပါတယ်။ တာယာထုတ် လုပ်ရာမှာ ရော်ဘာ ၈ဝရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့အတွက် တာယာဈေးက ရော်ဘာဈေးနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တာယာဈေးတွေ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်။ ရော်ဘာဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၁၆ဝဝမှ ဒေါ်လာ ၃၂ဝဝထိတက်သွားတဲ့အတွက် တာယာဈေးနှုန်းတွေလည်း လိုက်တက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးမီက ရော်ဘာဈေးနှုန်းတက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအား ကျတာကြောင့်ဖြစ်ကြောင်း သတင်းရရှိပါတယ်။Source: okaz/ saudi Gazette,KZW 

Tuesday, 5 Jul 2011

ရော်ဘာအလားအလာ ကောင်းလာနိုင်               တိုကျိူနဲ့ ရှန်ဟိုင်းရဲ့ ရော်ဘာအလားအလာက ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားနည်းရာကနေ ရောင်းအား တိုးလာခြင်းနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ နိုဝင်ဘာလရဲ့ တိုကျိူ ကုန်စည်ဒိုင်ရော်ဘာ စာချုပ် ဈေးနှုန်း ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇင်ဘာလဈေးနှုန်းလည်း အလားအလာကောင်းကြောင်းသိရပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလစာချုပ်ဈေးနှုန်းက ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၃၂၁၅ဝ ယွမ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးရော်ဘာ ထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဧပြီလကုန်ကစပြီး ပြန်လည် အားကောင်းလာကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲ့ မော်တော်ကားကဏ္ဍကလည်း ယခုနှစ်အစောပိုင်းမှာ အားနည်းနေရာကနေ အခြေအနေ တဖြည်းဖြည်းကောင်းလာပြီဖြစ်ကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်မှု၊ စွမ်းအင် ပြတ်လတ်မှုနဲ့ ဖောက်သည် ပျက်ခြင်းတွေကြောင့် ဂျပန်နိုင်ငံကားထုတ်လုပ်မှုပိုမိုထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရ ရှိပါတယ်။Source: business option ,KZW 

Tuesday, 5 Jul 2011

၂ဝ၁၁ တွင် ရော်ဘာတန်ချိန် ၉ ဒသမ ၉၆၃ သန်းထွက်ရှိနိုင်ဟု အတည်ပြု               ၂ဝ၁၁ မှာ သဘာဝရော်ဘာရောင်းလိုအား စုစုပေါင်း တန်ချိန် ၉ ဒသမ ၉၆၃ သန်းရှိနိုင်မယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  ကအတည်ပြုပြောကြားခဲ့ပြီး ၂ဝ၁ဝ ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း သိရပါတယ်။ ပထမခန့်မှန်းချက်ဖြစ်တဲ့ တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့အထွက်နှုန်း လျော့တာ ကြောင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း (ANRPC) က ပြောကြား ခဲ့ပါတယ်။ (ANRPC) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူးဂီနိ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ဗီယက်နမ်တို့ကနေ ကမ္ဘာ့အထွက်နှုန်းရဲ့ ၉၂ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရပါတယ်။ (ANRPC)  အဖွဲ့က ကမ္ဘာ့ပို့ကုန်တင်ပို့မှုရဲ့ ၉၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့သုံးစွဲမှု ၄၈ ရာခိုင်နှုန်း ကို သုံးစွဲကြောင်းသိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ လက်ရှိဈေးနှုန်းကတော့ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့အမြင့်ဆုံး ဈေးနှုန်းအောက် ၂ဝ ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။  Source: commodity online,KZW 

Tuesday, 5 Jul 2011

ဇွန်လနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက ရော်ဘာအပို့မရှိ             ဇွန်လ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြောင်းကတင်ပို့မှုမရှိပေမယ့် နယ်စပ်ကတော့ တန် ၉ဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့RSS-3  တစ်တန်ကို ၄၃၅ဝ ဒေါ်လာ၊ ှRSS-5 တစ်တန်ကို ၄၂၅ဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၃၅ဝ ဒေါ်လာ အသီးသီးဈေးပေါက်ကြောင်း သိရပါတယ်။ KZW 

Sunday, 3 Jul 2011

ဝါဆိုတော့မှာမို့ V2 ဈေးမာ               မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲမျိုးစုံအများစုဟာ ဈေးအေးဈေးနိမ့် ဘက်ကို ရောက်နေတယ်လို့ဆိုပေမဲ့ V2 တစ်မျိုးကတော့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါဟာလည်း V2 ဟာ ပြည်ပဈေးကွက်အပြင် ပြည်တွင်း ဈေးကွက် မှာလည်းဝယ်လိုအားရှိတာကတစ်ကြောင်း လတ်တလော အခြေအနေမှာ ပြည်တွင်းမှာ ဝါဆိုတော့မှာရယ်၊ အိန္ဒိယ ဝါဝင်ချိန်ကာလလည်းနီးကပ်လာတာကတစ်ကြောင်း မို့လို့ ဆိုပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ V2 တစ်ပိဿာ ဈေးနှုန်းများကို ကြည့်ရင် မေလ လကုန်ပိုင်းတုန်းက တစ်ပိဿာ ၉၂၅ ကျပ်-၉၄၅ ကျပ် ပေါက်ဈေး ရှိခဲ့ပြီး ဇွန် ဒုတိယပတ်အတွင်းမှာ ၉၁ဝ ကျပ်-၉၁၅ ကျပ်ဝန်းကျင်အထိ ဈေးအေးလာခဲ့တာကို တွေ့ရပါတယ်။ အခုဇွန်နောက်ဆုံး ပတ်မှာတော့ ၉၂၆ ကျပ်-၉၃၅ ကျပ်ထိ ဈေးပြန် မာလာခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲရဲ့ အနေအထားကလည်း မေ၊ ဇွန် နှစ်လလုံးမှာ တစ်ပိဿာ ၈ဝဝ ကျပ်ဝန်းကျင်မှာ ဈေးမာနေ ခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ရင် အခြားပဲများကိုလည်း ဈေးကွက်တစ်ခုတည်း မဟုတ်ဘဲ ပြည်ပ ဈေးကွက်အပြင် ပြည်တွင်း ဈေးကွက်ရရှိရေး တန်ဖိုးမြင့်ထုတ်ကုန်ဈေးကွက် ပေါ်ပေါက်လာရေးများကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေပြီဆိုတာကို တွေ့ရပါတယ်။   သက်သက်နိုင်

Sunday, 3 Jul 2011

ဝါဝင်ကာလအတွက်ပဲကြီးအရောင်းအဝယ်သွက်လာ               မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်ဟာ ဇွန်လအတွင်း ဈေးအတက်အဆင်းများ စွာဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ်ပဲကြီး ဈေးကွက်ကို လေ့လာတဲ့အခါ ပဲဟောင်းလက်ကျန်နည်းတဲ့ ဒီဇင်ဘာ၊ နိုဝင်ဘာ လတွေမှာတစ်တင်း ၃ဝဝဝဝ ကျပ် နဲ့ဈေးကောင်း ရခဲ့ပြီး၊ ပဲသစ်ပေါ်စ ဇန်နဝါရီလ ကုန်ပတ်ကစပြီး တဖြည်းဖြည်းဈေးအေးလာခဲ့ကာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ ကျဆင်းသွားခဲ့ပါတယ်။ မေလဒုတိယပတ်ကစကာတစ်တင်း ၁၄ဝဝဝ ကျပ် ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေခဲ့ရာ ယခုဇွန်လအထိ ဈေးငြိမ်ခဲ့ပါတယ်။ ဇွန်လ အတွင်းမှာတော့ အနိမ့်ဆုံးတစ်တင်း ၁၁၅ဝဝ ကျပ် ပေါက်ခဲ့ပြီး၊ ဇွန်လကုန်ပတ်မှာ ၁၄ဝဝဝ ထိ ဈေးပြန်မာလာပါတယ်။ ဈေးကွက်ဝယ်လိုအားအနေနဲ့ တရုတ် ပြည်တင်ဖို့မန္တလေးအဝယ်အေးခဲ့ပြီး ယခုလထဲမှာဝါဝင်ကာလ ပဲကြော်လုပ်ငန်း သမားတွေ အဝယ်လိုက်လာလို့ယခုလို ဈေး ပြန်မာလာခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝန်းက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာယခုတစ်ပတ်အတွင်း တစ်နေ့ ပဲကြီးတင်း ၅ဝဝ ဝန်းကျင်နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                      ထွန်းလှိုင်

Sunday, 3 Jul 2011

ပြည်ထောပတ်ပဲ လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်                  ဇွန်လဆန်းမှစ၍ ပြည်ဈေးကွက်သို့ ဆောင်းသီးနံှ ပဲမိုျးစုံဝင်ရောက်မှုနည်း လာခဲ့ပြီး ထောပတ်ပဲ သီးနံှလည်း ဇွန်လနောက်ဆုံးပတ်မှာ အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်းအဝယ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ လက်လီ သမားရော၊ လက်ကားသမားများပါ အဝယ်ရှိပြီး လက်လီဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် နေ့စဉ် ၁၄ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် သမားများမှ လက်ကားဝယ်ယူမှုရှိပြီး တစ်တင်း ၁၆ဝဝဝ ကျပ် ဈေးပေးဝယ်ယူတဲ့ အတွက် အိတ် ၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                 ခင်ဆွေဝင်း

Sunday, 3 Jul 2011

ပဲယင်း ပဲကြီးတင်ပို့မှု                ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပဲယင်း ၂၄၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုးနဲ့ ပဲကြီး ၁၂၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်းမှာတော့ ပဲယင်း ၅၈၈ တန်နဲ့ ပဲကြီး ၂၇၂ တန် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ပဲယင်းရဲ့ မိမိဘက်ပေါက်ဈေးက တစ်တန် ၃၃၇၉ဝ၈ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၆ဝ၃ ဒေါ်လာရှိတယ်လို့ သိရပါတယ်။   MIRT(DOBT)

Sunday, 3 Jul 2011

ပြည်ပအရောင်းစာချုပ် အနည်းငယ်လျော့               ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ ထောပတ်ပဲ တန် ၇၅ဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၇ဝဝ ခန့် ပြည်ပအရောင်း စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၅၄ဝ ခန့်နဲ့ မြေထောက်ပဲ တန်ချိန် ၄ဝဝ ခန့်သာ ရှိလို့ ယခုတစ်ပတ်စာချုပ်အရောင်း အနည်းငယ်လျော့ခဲ့ပါတယ်။ ဇွန်လ တစ်လလုံး ပြည်ပရောင်းချမှုမှာ ထောပတ်ပဲ တန်ချိန် ၂၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၃ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ယခင်သီတင်းပတ်ဈေးများအတိုင်း ဇူလိုင် ၁ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ နဲ့ မြေထောက်ပဲ FAQ ကတော့ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 3 Jul 2011

ထောပတ်နဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေ                အခြားပဲများအုပ်စုအနေနဲ့ ပြည်ပသင်္ဘောတင်ပို့မှုရှိတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အားကောင်းနေတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲတန် ၆ဝဝ၊ မြေထောက်ပဲ တန် ၃၇ဝ ကျော် တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၁ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၅ဝဝ ကျော်ထိ တိုးတက်ခဲ့တာ တွေ့ရပါတယ်။                    လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၄ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၇ဝဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ နီးပါးရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။          MIRT - MAPT

Pages