Background
အဝင်အေးပြီးဈေးငြိမ်နေတဲ့ ပြည်ချင်း ပြည်ဈေးကွက်အတွင်းသို့ အောင်ပန်းချင်းများ ယခုတစ်ပတ်အတွင်း အဝင် အေးနေသကဲ့သို့ အရောင်းအဝယ်များလည်း ခပ်ပါးပါးသာအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝခန့်သာ ဝင်ရောက်မှုရှိပြီး ချင်း (ရှယ်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့နဲ့ ယခင်တစ်ပတ်က ဈေးအတိုင်း ပုံမှန်ရောင်းဝယ်လျက် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၁ဝဝဝ ကျော်ခန့်သာ ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ရာသီဥတုအခြေအနေကြောင့် ပြောင်းဈေးတက် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုက ယခုနှစ်မှာ ယခင်နှစ်ကထက် တန်ချိန် ၅ဝ သန်း ပိုမိုကာ တန်ချိန် ၈၆၈ သန်းကိုစံချိန်တင်ထွက်ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပိုျးရေးဌာန (USDA) အရခန့်မှန်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းထွက်နှုန်းကလည်း စံချိန်တင်မယ်လို့ ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ ယခုအခါ အမေရိကန်ပြည်ထောင်စုမှာ အစိုဓာတ်များတဲ့ရာသီဥတု ကြောင့် ပြောင်းစိုက်ပျိုးမှုမပြနိုင်သေးတာကြောင့် ပြောင်းဈေးတက်သွားကြောင်း သတင်း ရရှိပါတယ်။ မေလ ၂၃ ရက်နေ့ထုတ် USDA ရဲ့အစီ ရင်ခံစာအရ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက ၇၉ ရာခိုင်နှုန်းသာ ပြီးစီး သေးကြောင်းနဲ့ ယခင် ၅ နှစ်ပျမ်းမျှ ၈၇ ရာခိုင်နှုန်းထက်လျော့နည်းသွားကြောင်း သိရှိရပါတယ်။ အမေရိကန်တောင်ပိုင်းပြည်နယ် ပြောင်းစိုက်ခင်းတွေမှာ ရေလွှမ်းမိုးမှုနဲ့ အချို့ ပြည်နယ်တွေမှာ အစိုဓာတ်များကြောင့် ပြောင်းစိုက်ပျိုးမှုနှောင့်နှေးရာ အမေရိကန် ပြည်ထောင်စုရဲ့ ပြောင်းထွက်ရှိမှုအပေါ်မှာ စိုးရိမ်ရမယ့်အခြေအနေတွေ ဖြစ်ပေါ် နေ ပါတယ်။ မေလ ၃၁ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ ဇူလိုင်လသင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၂၉၄ ဒသမ ဝ၉ နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြောင်းဈေးနှုန်းတွေက ပြောင်းစိုက်ပျိုးမှုလျော့သွားကြောင်းနဲ့ ကုန်သိုလှောင်ထားမှု ခန့်မှန်းထားတာထက် လျော့နည်းသွားကြောင်း USDA အရသိရှိရပြီး ၂ဝ၁ဝ ဇွန် ၃ဝ ရက်နောက်ပိုင်းမှာ ဈေးမြင့်တက်ခဲ့တယ်။ ဝယ်လိုအားနှစ်ဆမြင့်တက်မှုနဲ့ ကုန်ထုတ်လုပ်မှုက မျှော်မှန်းထားတာထက် လျော့ကျသွားမှုက ၂ဝ၁ဝ မှာပြောင်း ဈေးနှုန်းကို အားကောင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ်မှာ တရုတ်၊ ဥရောပ၊ မက္ကဆီကိုနဲ့ ယူကရိန်းတို့မှာ ပြောင်းထုတ်လုပ်မှုကောင်းမွန်တာကြောင့် ပြောင်းတင်သွင်းမှုလျော့ကျစေနိုင်ရာ ပြောင်းဈေးနှုန်းမြင့်တက်နေမှုမှ သက်သာပြေလျော့သွားစေမယ်လို့ ခန့်မှန်းထား ပါတယ်။ အေးမွန်လှိုင်၊Source:farmandranchguide.com
ဒီတစ်ပတ်ပင်လယ်ရေကြောင်းအတင်မရှိ မေလ ၂၇ ရက်မှ ဇွန် ၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု မရှိကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့တစ်ပတ်ကို တန်တစ်သောင်းကျော် မှန်မှန်လေး တင်ပို့နေတာတွေ့ရပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေတဲ့အတွက် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်း သိရပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရလျက်ရှိပါတယ်။ KZW
သကြားဖြူဝယ်လိုအားတက်ခြင်းက သကြားကြမ်းဈေးကို မြှင့်တင် အစ္စလာမ်နိုင်ငံများမှာ သကြားဖြူ (သန့်စင်ပြီးသကြား)ကို ဝယ်လိုအား မြင့်တက်ခြင်းကြောင့် သကြားသန့်စင် သူများမှ သကြားကြမ်းကို အဝယ်ပိုမိုစေ ပြီး သကြားကြမ်းဈေးကို မြှင့်တင်ရာ ရောက်တယ်လို့ Castlestone Management ကုမ္ပဏီမှ ပြောကြားပါတယ်။ အစ္စလာမ်နိုင်ငံများဟာ သြဂုတ် လဝန်းကျင်မှာ စတင်တဲ့ မူဆလင် ဥပုသ်လနီးကပ်ပြီဆိုရင် ပုံမှန်အားဖြင့် သကြားဝယ်ယူစုဆောင်းမှုမြင့်တက် လာပါတယ်။ ဘရာဇီးနိုင်ငံက ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း အစ္စလာမ် နိုင်ငံတွေကို သကြားကြမ်းတန်ချိန် ၇၃၅၅၇ဝ ထိ တင်ပို့ဖို့စီစဉ်ထားကြောင်း ပြည်ပတင်ပို့တဲ့ အေဂျင်စီ Willian Servicos Maritimos Ltda ရဲ့စာရင်း များအရ သိရပါ တယ်။ သကြားဖြူပိုမို ဝယ်လိုအားကောင်းလာခြင်းနဲ့အတူ သကြားကြမ်းများကိုလည်း ပိုမိုဖြည့် ဆည်းရဖွယ်ရှိတယ်လို့ Castlestone Management မှ လေ့လာဆန်းစစ်သူ Connor Noonan က ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးသကြားသန့်စင်စက် ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ရှိတယ်လို့ ဆိုပါတယ်။ နယူးယောက်မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၃ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၃ ဒသမ ၃၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၁၅) ရှိတယ်လို့ သိရပါတယ်။ လန်ဒန်မှာ သြဂုတ်လပို့ရ မယ့် သကြားဖြူ ဈေးများဟာ ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၈၇ ဒသမ ၁ဝ ဈေး ရှိတယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ အီရန်ကို သကြားကြမ်းတန်ချိန် ၂၃၉၈၃ဝ တန် ခန့်၊ အယ်ဂျီးရီးယားနိုင်ငံကို တန်ချိန် ၁၃၇၂၅ဝ တင်ပို့ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ အီဂျစ်၊ ဆီးရီးယား၊ မော်ရိုကို၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ယူအေအီးနိုင်ငံများက လည်း ဘရာဇီးနိုင်ငံက သကြားကြမ်း ဝယ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ယမင်းခင် ၊Source: bloomberg.net
ရော်ဘာရောင်းလိုအား ပြတ်လပ်သော်လည်း ဈေးမတက်နိုင် အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာ စိုက်ပျိုးတဲ့ဒေသများမှာ မမျှော်လင့်တဲ့ မိုးရွာသွန်းမှုကြောင့် ရော်ဘာ ဈေးကွက်တွေ ပြန်လည်ခိုင်မာနိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။ မလေးရှား ဈေးကွက်မှာလည်း ရောင်းလိုအား ပြတ်လပ်ဖွယ် ရှိကြောင်း ခန့်မှန်းရပါတယ်။ ဈေးနှုန်းတွေတက်ပေမယ့် တရုတ်ရဲ့ ဝယ်လိုအားကတော့ မြင့်တက်ဖွယ်မရှိကြောင်း သိရပါတယ်။ ရောင်းလိုအား ပြတ်လပ်ပေမယ့် ဝယ်လိုအားလည်း ကျဆင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားပါတယ်။ တာယာ ထုတ်လုပ်ရေး တွေကဲ့သို့ သုံးစွဲသူတွေကတော့ ရေရှည်မှာ ပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ထိပ်တန်းတာယာထုတ်လုပ် ရေးဖြစ်တဲ့ အပိုလိုတာယာကတော့ ရော်ဘာဈေးနှုန်းကို ရင်ဆိုင်ရန် ရော်ဘာစိုက်ခင်းတွေ ဝယ်ယူဖို့ အကြံထုတ်နေတယ်လို့ သတင်းရရှိပါတယ်။ Source: commodity online KZW
တွက်ခြေကိုက်မှုနည်း၍ ရော်ဘာတင်ပို့မှုနည်း တစ်ဘက်နိုင်ငံ ယွမ်ဈေးအတက်အကျ ပေါ်မူတည်တွက်ခြေကိုက်မှုနည်း၍ ယခုအပတ်တရုတ်နယ်စပ်မှ ရော်ဘာ အပို့ လျော့ကျလျက်ရှိပါတယ်။ မူဆယ်နယ်စပ်မှ မှ ယခင်အပတ်ကထက် ရော်ဘာတင်ပို့မှု ၁၇၁ တန် ကျော် အပို့လျော့ခဲ့ပြီး ချင်းရွှေဟော် နယ်စပ်မှ တန် ၇ဝ ကျော် အပို့လျော့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS-3 ၄၁၃ တန်၊RSS-5 ၃၇ တန်ကျော်၊ MSR-20 တန် ၂၁ဝ နဲ့ ချင်းရွှေဟော်နယ်စပ်မှRSS-3 ၅၈ တန်ကျော် အသီးသီးတင်ပို့ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ် နယ်စပ်မှ ရော်ဘာဆင့်စုံ ၇၁၈ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၄၁ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ RSS-3 တစ်တန်ကို ယွမ် ၂၈ဝဝဝ၊ RSS-5 တစ်တန် ကို ယွမ် ၂၇၅ဝဝ ရှိနေရာမှ ယခုအပတ် မှာRSS-3 တစ်တန်ယွမ် ၂၉ဝဝဝ၊RSS-5 တစ်တန် ယွမ် ၂၈၅ဝဝ ထိ ဈေးမြင့်တက်ပြီး တရုတ်ဘက် အဝယ်ရှိနေပေမဲ့ ယွမ်ဈေးအတက်အကျကြောင့် တင်ပို့မှု လျော့ခဲ့ရတယ်လို့ သိရပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၁၉၉ဝဝဝ ၃ဝ၇၄ဝဝဝ ၁၂၅ဝဝဝ ၄ ၄၄၇၄ ၄၄၆၆ ၈ ဝ .၂RSS-5 ၃ဝ၈၇ဝဝဝ ၂၉၆၂ဝဝဝ ၁၂၅ဝဝဝ ၄ ၄၃၉၆ ၄၃၈၉ ၇ ဝ .၂MIRT (DOBT)
ပင်လယ်ရေကြောင်း အပို့ကျ မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်နေ့အထိကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂၆ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၂၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ တရုတ်ကို တန် ၂ဝဝ နဲ့ စင်ကာပူကို တန် ၆ဝ RSS-3 တစ်မျိုးတည်းသာ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့မှု ကျဆင်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေတော့ တန် ၇ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ သုံးစွဲမှု အများဆုံးတရုတ်ရဲ့ ဝယ်လိုအားရှိနေပေမယ့်လည်း ယွမ်ဈေးမငြိမ်မှုကြောင့် တင်ပို့မှုကျဆင်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ၊RSS-5 တစ်တန်ကို ဒေါ်လာ ၄၅ဝဝ နဲ့ MSR-20 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။KZW
ဒီတစ်ပတ် ပဲယင်းကို မူဆယ်က တင်ပို့ ကန်ဒေါ်လာ ၃ဝ၅ဝဝဝ ကျော် တန်ဖိုးရှိ ပဲယင်း ၄၄၇ တန်ကို မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ်နဲ့ တမူးနယ်စပ်တို့မှ ၃၆၃ တန် တင်ပို့ခဲ့ပြီး မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းက ယခုအပတ်မှာ တင်ပို့ခဲ့ပေမဲ့ ယခင်အပတ်ကထက် ၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် နယ်စပ်က တင်ပို့တဲ့ပဲယင်း(ချင်းပဲ)တွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီး ထွက်ကုန်များ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး လေးသောင်းကျော် လျော့ နည်းလျက် ရှိပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၇၅၇၂ဝ ၄၂၃၆၈၈ ၄၇၉၆၈ ၁၃ ၅၂၉ ၅၂၈ ၁ ဝ .၂MIRT (DOBT)
ပြည်ပဲနီပြား လက်လီသမားများအဝယ်လိုက်နေ ယခုတစ်ပတ်ပြည် ဈေးကွက်သို့ ပဲနီပြားသီးနံှဝင်ရောက်မှု အနေဖြင့် အဝင်ပါးလာပြီလို့ သိရပါတယ်။ ရွှေ တောင်၊ ကျီးသဲဖက်မှ အနည်းငယ်ခန့် သာ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်မှု နည်းလာခဲ့လို့ ပဲဈေးမှာလည်း ယခင် အပတ်ထက် အနည်းငယ်ကျဆင်း သွား ခဲ့ပါတယ်။ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှ လက်လီပြန်လည်ရောင်းချရန် လာရောက်ဝယ်ယူမှုများရှိတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိတဲ့ ပဲကြီး ပြည်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၆ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်က အတိုင်းဈေးငြိမ် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး ဝင်ရောက်မှုအနေဖြင့် မေလအတွင်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၄၅ဝ ခန့်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းမြို့နယ် များမှ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ ပဲခူး တိုင်း ဒေသကြီး ပြည်ဈေးကွက်မှ ရန်ကုန်သို့ အိတ် ၃ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်အဝယ်ရှိတဲ့အတွက် အိတ် ၁ဝဝ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
