Background
ယခင်သီတင်းပတ်ထက် ကုလားပဲဖြူလုံး တင်ပို့မှု အနည်းငယ်လျော့ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု တဖန်ပြန်တက်လာတဲ့ ကုလားပဲဖြူလုံးကြီးကို ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၃၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၄ဝဝဝ အထက် တင်ပို့မှု ရှိခဲ့လို့ ယခုတစ်ပတ် အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခုတလော ကုလားပဲဖြူ လုံးကြီး တင်ပို့မှုအားကောင်းနေတဲ့ နိုင်ငံကတော့ ပါကစ္စတန် ကရာချိ ဖြစ်တယ်လို့ ပြည်ပတင်ပို့သူ တစ်ဦးက ဆိုပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်ခုလုံးမှာ ကုလားပဲဖြူလုံးကြီး တန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ သိသိသာသာ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။MIRT- MAPT
ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေ ထောက်ပဲတန် ၂ဝဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်မှုအနေနဲ့ ယခု တစ်ပတ် (မေလ ၁၃-၂ဝ)အတွင်းမှာ ထောပတ်ပဲ တန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၅ဝဝ ခန့်ရှိပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိ ထောပတ်ပဲတန် ၂၆ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းဈေး ပြောင်းလဲမှုနည်းပြီး မေလ ၂ဝ ရက် ရန်ကုန် FOB ဈေးမှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံး ၁၉၆၆ တန်ခန့်ရှိ ကန်ဒေါ်လာ ၁၉၇ဝဝဝ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်း ၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လုံးခြမ်းကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေး အနည်းငယ်မြင့်သော်လည်း မိမိဘက်ဈေးမှာ ကျပ် ၅ဝဝဝဝ ကျော် ကျဆင်း လျက်ရှိပါတယ်။ ပဲမျိုးစုံ ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း တင်ပို့မှုဟာ သိသိသာသာ တိုးမြှင့်မှုမရှိဘဲ အနည်းငယ်သာ ပိုပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈ဝ၄၁၁ဝ ၈၅၆၉၇၅ ၅၂၈၆၅ ၆ ၁၁၁၂ ၁ဝ၅၉ ၅၃ ၅MIRT (DOBT)
ရန်ကုန် FOB မှာ ပဲတီစိမ်းတန် ၄ဝဝဝ အရောင်းအဝယ်ဖြစ် ရန်ကုန် FOB ဈေးကွက်မှာယခုတစ်ပတ်(မေလ ၁၃ ရက်မှ ၂ဝ ရက်)အတွင်း ပဲတီစိမ်း FAQ နဲ့ အညာရွှေဝါ တန်ချိန် ၄ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက်အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခင်နှစ်မေလ တစ်လလုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့တန် ၆ဝဝဝခန့်ထက် ၂ ဆပိုမို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တရုတ်ဘက်က အဆွဲအေးခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တရုတ်ဝယ်လက် ပြန်လည် ဝယ်ယူလာတဲ့အပြင် အိန္ဒိယဝယ်လက်လည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- တန်/ ဒေါ်လာ ပဲတီစိမ်းအညာ၊ ပခုက္ကူ ရွှေဝါအသေး ရွှေဝါအကြီး၂ဝ-၅-၁၁ ၁ဝ၅ဝ - ၁ဝ၇ဝ ၁၁၇ဝ - ၁၁၉ဝ ၁၂၇ဝ - ၁၂၉ဝ၁၃-၅-၁၁ ၁ဝ၅ဝ - ၁ဝ၇ဝ ၁၁၃ဝ - ၁၁၅ဝ ၁၂ဝဝ - ၁၂၂ဝMIRT(MAPT)
ယခုတစ်ပတ် ပဲတီစိမ်း တင်ပို့မှု ယခင်ပတ်ထက်အနည်းငယ်လျော့ ယခင်သီတင်းပတ်ကပဲတီစိမ်းသင်္ဘောတင်တန်ချိန် ၅ဝဝဝ ရှိခဲ့ပေမဲ့ယခုသီတင်းပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန် ၄၃ဝဝ ခန့်ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ ယူအေအီး၊ UK နဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဗီယက်နမ်ကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၃၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၃၈ဝဝဝ ခန့်ရှိလို့ ယခုဘဏ္ဍာနှစ် ကာလတူမှာ အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ လာမယ့်သီ တင်းပတ် များမှာတော့ အနည်းငယ်ပိုတင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ရန်ကုန် FOB မှာ ပဲလွန်းဖြူကို ပြည်ပအဝယ်အနည်းငယ်တက် ရန်ကုန် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်ကတန်၅ဝဝသာ အရောင်း အဝယ်ဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (မေလ ၁၃-၂ဝ)အတွင်းမှာတော့ တန် ၁ဝဝဝ ကျော်အရောင်းအဝယ် စာချုပ်ခုျပ်နိုင်ခဲ့ပါတယ်။ မေလ ၁ ရက်မှ ၂ဝ ရက် အတွင်းမှာ တန် ၁၅ဝဝ ကျော်ရောင်း ဝယ်ခဲ့တာတွေ့ရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပြီး ရန်ကုန် FOB ဈေးမှာ လည်း ယခင်သီတင်းပတ် လိုပဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ် လို့ သိရပါတယ်။ MIRT- MAPT
ပဲလွန်းဖြူ၊ နီ တန်ချိန် ၁ဝဝဝ အထက် တင်ပို့မှု ရှိနေ ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှု ကတော့ အပတ်စဉ် တန် ၁ဝဝဝ အထက်မှာ ရှိနေသလို ယခုသီတင်း ပတ်(မေလ ၁၁ရက်မှ ၁၇ ရက်)အတွင်း မှာလည်း တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံ တွေကတော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက် နေ့ထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာ မှာ တန်ချိန် ၆ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အဝယ်ပုံမှန်ရှိနေတဲ့ ပဲဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT- MAPT
ယခုတစ်ပတ် ပြည်ပအဝယ် ပဲစင်းငုံ တန် ၄ဝဝဝ ကျော်ရှိ ယခုတစ်ပတ် မေလ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံတန်ချိန် ၄ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက် အတွင်းမှာတော့ တန်ချိန် ၁၈ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတလော အိန္ဒိယဝယ်လက်တချို့ ပဲစင်းငုံ အဝယ်ရှိလာတယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ လှောင်လက်တွေ ရောင်းလိုတဲ့ဈေးမပေးနိုင်လို့ ဈေးနိမ့်တဲ့ လင်းခေး ပဲစင်းငုံကို အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်မှု များတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ယခင်တစ်ပတ်ထက် အနည်းငယ်တက်လာခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြ(FAQ)၂ဝ-၅-၁၁ ၆၉ဝ-၇၁ဝ ၅၉ဝ-၆၁ဝ၁၃-၅-၁၁ ၆၇ဝ-၆၉ဝ ၅၃ဝ-၅၅ဝ MIRT(MAPT)
ယခုတစ်ပတ်လည်း ပဲစင်းငုံတန် ၃ဝဝဝ အောက်သာအတင်ရှိ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ အပတ်စဉ် တန် ၃ဝဝဝ အောက်သာရှိသလို ယခုတစ်ပတ် (မေ ၁၁ ရက်မှ ၁၇ )အတွင်းမှာလည်း တန် ၃ဝဝဝ အောက်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အိန္ဒိယနဲ့ စင်ကာပူကို သာတင်ပို့တယ်လို့ သိရပါတယ်။ လက်ရှိ ၂ဝ၁၁ -၁၂ ဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ ပဲစင်းငုံ သင်္ဘောတင်ပို့မှုဟာ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၆ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ လာမယ့် အပတ်တွေမှာတော့ အနည်းငယ်တိုးတက်တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
ယခုအပတ်မူဆယ်မှ မတ်ပဲအနည်းငယ်တင်ပို့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂၆၅ဝဝ တန်ဖိုးရှိ မတ်ပဲ ၂၉ တန်တင်ပို့မှုရှိတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အစ ဧပြီလမှ မေလ ၁၇ ရက်ထိ မူဆယ်နယ်စပ်မှ မတ်ပဲတင်ပို့မှုကတော့ ၄၅ တန်ရှိပြီလို့ သိရပါတယ်။ မူဆယ်က တင်ပို့တဲ့ မတ်ပဲတွေဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးတွေက ထွက်ရှိတဲ့ ပဲတွေဖြစ်ပြီး မတ်ပဲ မြေပြင်ပေါက်ဈေးဟာလည်း သိသိသာသာ ကျနေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၆၁၄၁၂ ၇၃၉၅ဝဝ ၁၇၈ဝ၈၈ ၃၂ ၉၉၁ ၁ဝဝ၁ ၁ဝ ၁MIRT (DOBT)