Background
ပင်လယ်ရေကြောင်းအပို့ မဆိုသလောက်သာရှိ မေလ ၁၃ ရက်နေ့မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၄၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂ဝ သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မဆိုသလောက် ဘဲ ရှိတာတွေ့ရပါတယ်။ မြန်မာ့ကုန်သည်တွေ လက်ထဲမှာ ပစ္စည်းတွေရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ စီးပွားရေး အပြောင်းအလဲများကြောင့် အဓိကရော်ဘာ သုံးစွဲတဲ့နိုင်ငံများရဲ့ ဝယ်လိုအား ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာလဲ တင်ပို့မှု နည်းနေတာဖြစ်ကြောင်း သိရပါတယ်။ တရုတ်တစ်နိုင်ငံတည်းကိုသာ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၅ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရပါတယ်။ KZW
မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ် ဒီနှစ်ရှမ်းနနွင်းကအထွက်နှုန်းနည်းပေမဲ့ ဝယ်လိုအားသိပ်မကောင်းတာကြောင့် လက်ကျန်တွေများနေ သေးတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အကောင်းဆုံးဆင်တောင်နနွင်းကိုတော့ မူဆယ်ဝယ်လက် တွေက ဝယ်ယူနေကြပေမဲ့ ကျန်နနွင်းကတော့ ဝယ်လက်ပျောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် အနည်းအကျဉ်းလောက်သာ ဝယ်နေ ကြတာကြောင့် နနွင်းဈေးကွက်က မနှစ်ကလောက် အရောင်းမသွက်ဘူးလို့ သိရပါတယ်။ နနွင်းနဲ့ ချင်းက စိုက်ပိုျးချိန်တူပေမဲ့ နနွင်းသစ်ကတော့ သုံးလပိုင်းလောက်မှသာ ဈေးကွက်ကို ပြန်ဝင်မှာဖြစ်ပါတယ်။ ၁၁ လပိုင်းမှာ အစိုသာဈေးကွက်ထဲဝင်မှာဖြစ်ပြီး၊ အခြောက်တွေကတော့ ၃ လပိုင်းမှသာ ဝင်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးနှုန်းကတော့ အောင်ပန်းဈေးကွက်မှာ နနွင်း (ဆင်တောင်) က တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ကျန်နနွင်းက ၂၂ဝဝ ကျပ်နဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၁၂ဝဝ ကျပ်-၁၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
နနွင်းတက် အနည်းငယ် မူဆယ်နယ်စပ်မှ ပို့ မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၆ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၇ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မေလအတွင်းမှ မူဆယ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုမှာ ၁ဝ၂ တန်ရှိပြီး ဧပြီလမှ မေလ ၁၇ ရက်ထိ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝဝဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ MIRT (DOBT)
ကမ္ဘာ့ကော်ဖီဖြစ်သည့် ှStarbucks ကော်ဖီဈေးနှုန်းကျဆင်းလာနိုင်ဖွယ်ရှိ Starbucks ကော်ဖီဈေးနှုန်းက လွန်ခဲ့တဲ့ ၃၄ နှစ်တာကာလအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ရာမှ ယခုအခါ ဈေးနှုန်းတွေ ကျဆင်းလာနိုင်ကြောင်း နိုင်ငံတကာ ှStarbucks ကော်ဖီရဲ့ ဥက္ကဌဖြစ်သူ Starbucks မှပြောကြားသွားကြောင်း John Culver သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။ Ice July Arabica ကော်ဖီက ၂ဝ၁၁ ခုနှစ် မေလ ၃ ရက်နေ့မှာ တစ်ပေါင်ကို ဒေါ်လာ ၃ ဒသမ ဝ၈၉ဝ အထိ မြင့်တက်ခဲ့ခြင်းက ၃၄ နှစ်တာကာလအတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေ့နောက်ပိုင်းမှာ ရုတ်တရက် ဈေးနှုန်းကျ ဆင်းခဲ့ပါတယ်။ ယခုနှစ်ရာသီမှာ Starbucks ကကော်ဖီအတွက် ကုန်ကျစရိတ်တွေမြှုပ်နံှထားရပြီး၎င်းကုမ္ပဏီက ဈေးကွက် ကို စောင့်ကြည့်လျက်ရှိနေပါတယ်။ ဘရာဇီးလ်မှ ကော်ဖီထုတ်လုပ်မှုက နောက်လာမဲ့ရာသီ မှာမြင့်တက်လာနိုင်ကြောင်းနဲ့ ကော်ဖီဈေးနှုန်းကလည်း ယခင်နှစ်ဈေးနှုန်းထက် နှစ်ဆပိုလာနိုင်ကြောင်း ကော်ဖီ စိုက်ပျိုးသူလယ်သမားတွေမှ ပြောကြား သွားပါတယ်။ ကော်ဖီဝယ်လိုအားက ပုံမှန်အတိုင်းဆက်လက်ဖြစ်ပေါ်နေမှာဖြစ်သော်လည်း ဝယ်သူတွေရဲ့စိတ်ဝင်စားမှု ကလျော့နည်းလာနိုင်ဖွယ်ရှိပါတယ်။ နိုင်ငံတကာကော်ဖီအဖွဲ့အစည်းမှ ယခုနှစ်ရာသီမှာ ကော်ဖီထုတ်လုပ်မှုက အိတ်ပေါင်း ၄၈ သန်းကို တိုးတက်ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အမေရိကန်လယ်ယာစိုက်ပျိုးရေး ဌာနမှ ဘရာဇီးလ်နိုင်ငံရဲ့ ကော်ဖီ ထုတ်လုပ်မှုက ယခင်နှစ်ကအိတ်ပေါင်း ၅၄ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်အတွက် ဇူလိုင်လ ၁ ရက်နေ့မှစပြီး အိတ်ပေါင်း ၄၉ ဒသမ ၂ သန်းခန့်သာ ထွက်ရှိလိမ့်မယ်လို့ မျှော်မှန်းထားကြောင်းနဲ့ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက လျော့နည်းလာလိမ့်မှာ ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ နိုင်ငံတကာကော်ဖီဈေးတွေ ကျဆင်းနေတာကြောင့် အိန္ဒိယနိုင်ငံမှ ကော်ဖီတင်ပို့သူတွေမှာ ကုန်လက်ကျန် တွေသိုလှောင်လျက်ရှိကြကြောင်း လတ်တလောအစီရင်ခံစာတွေအရ သိရှိရပါတယ်။ ဒီလို ကော်ဖီဈေးတွေကျဆင်းလာရခြင်းမှာ ကုန်စည်ဈေးကွက်တွေကြောင့် အမေရိကန်ပင်စင်ရန်ပုံငွေတွေ ထွက်ပေါ်လာမှုနဲ့ ဘရာဇီးမှ အရောင်း မြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ အိန္ဒိယကော်ဖီတင်ပို့မှုက လွန်ခဲ့တဲ့ ဇန်နဝါရီလ နဲ့ ဧပြီလ အတွင်းမှာ တန်ချိန်ပေါင်း ၁၄၂၅ဝ၉ အထိရှိခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ ၄၆ ဒသမ ၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။Arabica လည်း ၂ဝ၁၁ ခုနှစ် ပထမလေးလအတွင်း တန်ချိန် ၃ဝ၇၄၅ အထိရှိခဲ့ပြီး Robusta ကော်ဖီတင်ပို့မှုက တန်ချိန်ပေါင်း ၇၇ ဒသမ ၉၇၈ အထိရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၈ ဒသမ ၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။ ကြည်မာလာ၊Source:commodityonline.com
အောင်ပန်းဈေးကွက်သို့ ပုံမှန်အဝင်ရှိတဲ့ ရှမ်းချင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ် ချင်း အိတ်စပို့မရှိပေမဲ့ ပြည်တွင်းသုံးအဖြစ် အဝယ်များတာကြောင့် ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ ချင်းခြောက်အဖြစ် ပြုလုပ်ခြင်းကလည်း နည်းပြီး ချင်း(စို) အတိုင်းသာ အရောင်းအဝယ်ဖြစ် တယ် လို့လည်း သိရပါတယ်။ သြင်္ကန်ပြီးကတည်းက မိုးရွာနေတာကြောင့် ချင်းခြောက်တွေ လည်း ဈေးကွက်ကိုသိပ်မဝင်လာပါဘူး။ ချင်းစိုတွေကတော့ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေဆဲလို့ သိရပါတယ်။ နန်းတိုင်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ နယ်တွေရဲ့ လှောင်လက်တွေနဲ့ တောင်သူတွေထံက ဝင်နေသေးကြောင်းသိရပါတယ်။ ၅ ရက် တစ်ဈေးကို ချင်းပိဿာချိန် ငါးထောင်မှ တစ်သောင်းခန့် ဝင်နေဆဲဖြစ်ပါတယ်။ ၆ လပိုင်းမှာ ချင်း ဥမတွေကို စဖော်ကြမှာဖြစ်တဲ့အတွက် ချင်းကတော့ နောက်တစ်ရာသီပေါ်တဲ့အချိန်ထိ ဈေးကွက်မှာရှိနေနိုင်တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အညံ့တစ်ပိဿာ ၆ဝဝ ကျပ်ရှိပြီး ပုံမှန်စတွေက ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်၊ ထိပ်စက ၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၂ သိန်းစီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
ပြည်ချင်းဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်မှုဖြစ် ယခုတစ်ပတ်တွင် အောင်ပန်းချင်းဈေးများ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့်ရှိပြီး ယခင်တစ်ပတ်ကထက် အိတ် ၁ဝဝ ခန့် ပိုမိုဝင်ရောက်လာပါတယ်။ အဝင်များပေမဲ့ ဈေးနှုန်းမှာ ယခင်ပတ် ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၄ဝဝ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဧရာဝတီနှင့် ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်တွင် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှု ရှိကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ
ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်သွက် ယခုနှစ် ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ပဲတစ်မျိုး ကတော့ ကုလားပဲဖြူလုံးကြီး ဖြစ်ပါတယ်။ ယခုတစ်ပတ် (မေလ ၁၃ ရက်မှ ၂ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိမှာတော့ တန်ချိန် ၇၅ဝဝ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ပအဝယ်ရှိနေတာကြောင့် ပြည်တွင်းဈေးကွက်မှာလည်း အရောင်း အဝယ်သွက်နေသလို ပြည်ပဝယ်လက်များကလည်း ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ကုလားပဲကို အိန္ဒိယအပြင် ပါကစ္စတန် ဝယ်လက်ကလည်း အဝယ်ရှိနေပြီး ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ယခင်သီတင်းပတ်ထက် ကုလားပဲဖြူလုံး တင်ပို့မှု အနည်းငယ်လျော့ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု တဖန်ပြန်တက်လာတဲ့ ကုလားပဲဖြူလုံးကြီးကို ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၃၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၄ဝဝဝ အထက် တင်ပို့မှု ရှိခဲ့လို့ ယခုတစ်ပတ် အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခုတလော ကုလားပဲဖြူ လုံးကြီး တင်ပို့မှုအားကောင်းနေတဲ့ နိုင်ငံကတော့ ပါကစ္စတန် ကရာချိ ဖြစ်တယ်လို့ ပြည်ပတင်ပို့သူ တစ်ဦးက ဆိုပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်ခုလုံးမှာ ကုလားပဲဖြူလုံးကြီး တန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ သိသိသာသာ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။MIRT- MAPT
ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေ ထောက်ပဲတန် ၂ဝဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်မှုအနေနဲ့ ယခု တစ်ပတ် (မေလ ၁၃-၂ဝ)အတွင်းမှာ ထောပတ်ပဲ တန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၅ဝဝ ခန့်ရှိပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိ ထောပတ်ပဲတန် ၂၆ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းဈေး ပြောင်းလဲမှုနည်းပြီး မေလ ၂ဝ ရက် ရန်ကုန် FOB ဈေးမှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံး ၁၉၆၆ တန်ခန့်ရှိ ကန်ဒေါ်လာ ၁၉၇ဝဝဝ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်း ၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လုံးခြမ်းကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေး အနည်းငယ်မြင့်သော်လည်း မိမိဘက်ဈေးမှာ ကျပ် ၅ဝဝဝဝ ကျော် ကျဆင်း လျက်ရှိပါတယ်။ ပဲမျိုးစုံ ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း တင်ပို့မှုဟာ သိသိသာသာ တိုးမြှင့်မှုမရှိဘဲ အနည်းငယ်သာ ပိုပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈ဝ၄၁၁ဝ ၈၅၆၉၇၅ ၅၂၈၆၅ ၆ ၁၁၁၂ ၁ဝ၅၉ ၅၃ ၅MIRT (DOBT)
