Main menu

Background

Sunday, 24 Apr 2011

ပင်လယ်ရေကြောင်းက တန် ၅ဝဝဝ ကျော် တင်ပို့နိုင်                 ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၅၇၈၉ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာ တန်ချိန် ၃၆၄၅ သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁ဝဝဝ ကျော်ပိုမိုမြင့်တက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကို ၁၅၁၅ တန်၊ အင်ဒိုနီးရှားကို ၁၉၁၉ တန်၊ ဖိလစ်ပိုင်ကိုတန် ၃၆ဝ၊ စင်္ကာပူကို ၁၂၄၂ တန်နဲ့ ဗီယက်နမ်ကို ၇၅၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ၤFOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ၂၇ဝ နဲ့ ၂၉ဝ ကြား ဈေးရနေ ကြောင်း သတင်းရရှိပါတယ်။                                                  KZW

Sunday, 24 Apr 2011

မူဆယ်နဲ့ ချင်းရွှေဟော်က ပုံမှန်ပို့              မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ အဆင့်စုံ ၈၄၁ ဒဿမ ၂၇၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒဿမ ၉၆၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်နေ့အထိမှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၇ ဒဿမ ၂၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၇၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-1 ၂၅ တန်၊ RSS-3 ၅၂၅ တန်၊ RSS-5  တန် ၆ဝ၊ MSR (20) ၁၅၉ တန်နဲ့ MSR (50) ၁၆၈ တန် အသီးသီးဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၂၉ဝ နဲ့RSS-5  တန် ၅ဝ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                    မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်       ပြောင်းလဲမှု    %        ယခု      ယခင်  ပြောင်းလဲမှု      %RSS - 3     ၄၁ဝ၂၆၈ဝ     ၄ဝ၉၄၆၂၅     ၈ဝ၅၅        ဝ .၁     ၄၅၉၃    ၄၅၇၅     ၁၉             ဝ .၄RSS - 5     ၃၉၆၄၈၅ဝ     ၃၉၅၈၅၈၅      ၆၂၆၅       ဝ .၁     ၄၄၄ဝ    ၄၄၂၃      ၁၇            ဝ .၃MIRT (DOBT)

Sunday, 24 Apr 2011

ပင်လယ်ရေကြောင်း မှန်မှန်တင်ပို့နေ                ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၁၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာလည်း တန်ချိန် ၄၂ဝ တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကိုRSS -3  ၇၅ တန်၊RSS -5 တန် ၁၄ဝ နဲ့ စင်္ကာပူကို MSR -20  ၂ဝ၁ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့ RSS -3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS -5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့MSR -20  တစ်တန်ကို ၅၁ဝဝ ဒေါ်လာအသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။                                                       KZW

Sunday, 24 Apr 2011

ပဲမျိုးစုံနှင့် စားသုံးဆီအပေါ် အထောက်အပံ့ပေးမှု အစီအစဉ်ကို တစ်နှစ်ထပ်မံ၍ တိုးမြှင့်                အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ ပေးမှု အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ် ထပ်မံပြီး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ လက်ရှိမှာ ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ပေးမှုက ဧပြီလ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံး မှာဖြစ်ကြောင်း၊ အစီအစဉ်အရ ပဲမျိုးစုံနဲ့ ဆီအား ဘယ်လောက်သိုလှောင်ထားရမှာကိုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာဝန်ကြီး ဌာနက ပြည်သူတွေကို စားနပ်ရိက္ခာဖြန့်ဝေမှု အစီအစဉ် (PDS) အရ ပဲမျိုးစုံနဲ့ စားသုံးဆီဖြန့်ဝေမှုအတွက် ပဲတစ်ကီလိုဂရမ်ကို ရူပီး ၁ဝ ကိုလည်းကောင်း၊ ဆီတစ်လီတာ အတွက် ၁၅ ရူပီးကိုလည်းကောင်း အသီးသီးအထောက်အပံ့ ပေးထားပါတယ်။ ဈေးကွက်ပေါက်ဈေး နှုန်းနဲ့ အစားအစာ ဖြန့်ဝေမှုအစီအစဉ် (PDS) ရဲ့ ဈေးနှုန်းအကြား ခြားနားမှုကို ဗဟိုအစိုးရက ပြည်နယ်တွေကို ပြန်လည်ပေးမယ်လို့ သိရပါတယ်။               ပဲမျိုးစုံနဲ့ စားသုံးဆီမှာ အိန္ဒိယနိုင်ငံရဲ့ အဓိကစားသောက် ကုန်ပစ္စည်းတွေဖြစ်ပြီး ၎င်းကုန်ပစ္စည်းတွေကို ပြည်ပမှလည်း အများအပြားတင်သွင်းနေရကြောင်း၊ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်အက်ဥပဒေအရ ဗဟို အစိုးရက ပြည်နယ် တွေမှာ ၎င်းပစ္စည်းတွေကို သိုလှောင်ထားမှု ပမာဏကို သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါ တယ်။ ပဲမျိုးစုံထုတ်လုပ်မှုကောင်းမွန်မယ်လို့ ခန့်မှန်းထားသော်လည်း မလိုလားအပ်တဲ့ ဈေးနှုန်းမြင့်မားမှုကို ကာကွယ် ဖို့ PDS အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက PDS စနစ်ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မှာ စတင်ခဲ့ပြီး ပဲမျိုးစုံနဲ့ စားသုံးဆီအတွက် အထောက်အပံ့ ပေးခဲ့ပါတယ်။ ပြည်တွင်းပဲမျိုးစုံလုံလောက် မှုရှိစေဖို့နဲ့ ဈေးနှုန်း မြင့်မားမှုဒဏ်မှ ကာကွယ်ဖို့ နိုင်ငံခြား ကုန်သွယ်ရေးဌာနက ပဲမျိုးစုံတင်ပို့ မှုကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်ထပ်မံပြီး တားမြစ်ထားပါ တယ်။ စန္ဒာထွန်း Source:business-standard.com

Sunday, 24 Apr 2011

ပြည်တွင်းကြာဆံလုပ်ငန်းကပဲ အဝယ်ရှိတဲ့ မြစ်ခြေ ပဲယင်း               ယောနယ်ဘက်က ပဲယင်းတွေ အရောင်းအဝယ်ကုန်လုနီးပါးဖြစ်ချိန်မှာ ပခုက္ကူနယ်၊ မြစ်ခြေဘက်က ပဲယင်းတွေ ဈေးကွက်မှာ ပေါ်ထွက်နေပါတယ်။ ဈေးကတော့ တစ်တင်းကို ၁၃၆ဝဝ ကျပ်၊ ၁၃၇ဝဝ ကျပ်ဆိုတော့ တောင်သူတွေ အနေနဲ့ ဈေးကွက်ကိုတင်ပို့ရောင်းချဘို့ စိတ်ဝင်စားမှုနည်းနေပါတယ်။ ပြည်တွင်း ကြာဆံစက်လုပ်ငန်းရှင်တွေကပဲ ကုန်ကြမ်းအဖြစ် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ မောင်မောင်အေး

Sunday, 24 Apr 2011

ပဲယင်း ဆက်လက် တင်ပို့နေဆဲ                မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်း ၄ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၉ သန်းဖိုးကို မူဆယ် (၁ဝ၅) မိုင်မှ တင်ပို့ခဲ့ပါတယ်။ နှစ်သစ် ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာလည်း ၅၂၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၈ သန်းဖိုး မူဆယ်စခန်းမှ ပဲမပြတ် တင်ပို့နေခဲ့ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေး ၅၁၇၈၂၁ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၆၇၇ မှ ၆၇၈ ဒေါ်လာကြား ဈေးရလျက်ရှိတယ်လို့သိရပါတယ်။                   MIRT(DOBT)

Sunday, 24 Apr 2011

ဈေးကျပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီး                 ပြည်ဈေးကွက်တွင် ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ထပ်မံကျဆင်းသွားတယ်လို့သိရပါတယ်။ ပဲကြီး (ရွှေကျွန်း)မှာ ၂ဝ၅ဝဝ ကျပ်နဲ့ ပဲကြီး (ကမ်းနား)မှာ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် ယခုရက်ပိုင်းတွင် ပဲကြီး အဝင်နည်း နေပြီး အရောင်းအဝယ်နေ့တိုင်း ဖြစ်ကြောင်းသိရပါတယ်။ အရောင်းအဝယ်ပါးတဲ့ ရက်များမှာ အိတ် ၁၅ဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် များတဲ့ရက်များမှာ အိတ် ၆ဝဝ ခန့်ထိ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။                                ခင်ဆွေဝင်း

Sunday, 24 Apr 2011

ပဲကြီးမပြတ်တင်ပို့                 မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲကြီး ၂၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၃၂၅ သန်း ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ နှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိ ကာလ အတွင်းမှာလည်း ၃၉၈ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၄၆၇ သန်းဖိုး ဆက်လက်တင်ပို့နေခဲ့ကြောင်း သိရပါတယ်။ မတ်လကုန် ကာလတွေမှာ ပဲကြီး တင်ပို့မှုမရှိပဲ ဧပြီလဆန်း ကာလမှစလို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။     MIRT (DOBT)

Sunday, 24 Apr 2011

ပြည်ထောပတ်ပဲ ဆက်လက်ဈေးကျနေ           ပြည်ထောပတ်ပဲမှာ ဧပြီလအစက ပဲသစ်များအဝင်များလာတာကြောင့် တစ်တင်းကို ၂ဝဝဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ သိသိသာသာ ဈေးလျော့နည်းခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်ရက်များက သြင်္ကန်ရက်များ ဖြစ်နေတဲ့အတွက် အရောင်းအဝယ်အေးနေခြင်း၊ ပဲသစ်များ အဝင်ရှိနေခြင်းများကြောင့် ထောပတ်ပဲဈေးမှာ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဈေးသာရှိတော့ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် လက်လီသမားများမှ အနည်းငယ်သာအဝယ် ရှိကြောင်း သိရပါတယ်။                                                                          ခင်ဆွေဝင်း

Sunday, 24 Apr 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အားကောင်းလာ                      သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုက အရှိန်အားကောင်းလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ တန် ၂ဝဝ နဲ့ ထောပတ်ပဲတန် ၅ဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ရာမှယခု သီတင်းပတ်မှာ မြေထောက်ပဲတန် ၅ဝဝ ကျော်နဲ့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်ထိ ၁ ဆကျော်ပိုတင်လာနိုင်ခဲ့ပါတယ်။                   မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ မြေထောက်ပဲတန် ၈၅ဝ ကျော်၊ ထောပတ်ပဲ တန် ၈ဝဝ ခန့်ရှိပြီး ဖေဖော်ဝါရီလမှာ မြေထောက်ပဲ တန် ၇၆ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၅ဝဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လ အတွင်းမှာ မြေထောက်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၁၆၅ဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ထက်ဝက်ခန့်လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ယင်းပဲများ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။              MIRT - MAPT

Pages