Main menu

Background

Sunday, 3 Apr 2011

ပြောင်းတန် ၃ဝဝဝ ကျော်တင်ပို့နိုင်           မတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် (၃၆၄၅) တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉၁၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ဂျပန်ဆူနာမီဂယက်ကြောင့်ပြောင်းတင်ပို့နိုင်ခြင်းမရှိရာကနေ ယခုလို ပြန်လည် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၃၈၄ တန်၊ မလေးရှားကို ၂၃ဝ တန်၊ ဖိလစ်ပိုင်ကို တန် ၁၇ဝဝ ၊ စင်ကာပူကို ၆၁၈ တန်နဲ့ ဗီယက်နမ်ကို ၇၁၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ရန်ကုန်ဈေး တွေကတော့ တစ်တန်ကို ဒေါ်လာ ၂၇ဝ နဲ့ ၂၉ဝကြား ဈေးရနေကြောင်း သတင်း ရရှိပါတယ်။ KZW

Sunday, 3 Apr 2011

ဂွတ်ရီးယားတာယာဈေးတက်မည်              ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက စီးပွားရေးလုပ်ငန်းသုံးထရပ်ကားတာယာတွေကို ၁၅ ရာခိုင်နှုန်းနဲ့အခြား တာယာတွေကို ၇ ရာခိုင်နှုန်း လာမယ့်လကစပြီးဈေးနှုန်းမြှင့်မယ်လို့ သိရပါတယ်။ ဒီလိုဈေး တက်ရတာကတော့ ကုန်ကြမ်း ပစ္စည်းဈေးနှုန်းတွေမြင့်တက်တာကြောင့်ဖြစ်ကြောင်းသိရပါတယ်။ သဘာဝ ရော်ဘာနဲ့ ရော်ဘာတုနှစ်မိုျးစလုံးက တာယာထုတ် လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင်ကာဗွန်၊ ဆာလဖာ နဲ့တခြားဓါတုပစ္စည်းတွေကိုလည်း တာယာလုပ်ရာမှာ အသုံးပြုပါတယ်။ အာရှနိုင်ငံတွေအထူးသဖြင့် အကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်တဲ့တရုတ်ရဲ့ ဝယ်လိုအား တက်တာကြောင့် မကြာ သေးခင်လများက ရော်ဘာဈေးနှုန်းတစ်ရှိန်ထိုးတက်ခဲ့ပါတယ်။ဒါ့အပြင် အဓိကရော်ဘာထုတ်လုပ်တဲ့နိုင်ငံတွေမှာ မိုးကြီးပြီး  ရောင်းလို အားပြတ်လပ်တာကြောင့်ဈေးနှုန်းတက်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ ဂွတ်ရီးယားတာယာထုတ်လုပ်ရေးရဲ့ ၂ဝ၁ဝ အမြတ်ငွေဒေါ်လာ ၂၁ သန်းခန့်ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒီလိုအမြတ်ကျဆင်းရခြင်းက ကုန်ကြမ်းစရိတ် မြင့်တက်ခြင်း၊ အရောင်းတိုးလာခြင်း၊ အုပ်ချုပ်မှုနဲ့ အထွေထွေကုန်ကျစရိတ်များခြင်းနဲ့ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးဆက်တွေပါဝင် ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ရောင်းချရနှုန်းက ၁၇ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံရှိပေမယ့် အထွေထွေ ကုန်ကျစရိတ် ၁၂ ရာခိုင်နှုန်းတက်ပြီး ဒေါ်လာ ၇၁၅ သန်းရှိတယ်လို့ သိရပါတယ်။                              KZW, Source:GT analyst report

Sunday, 3 Apr 2011

မွန်ပြည်နယ် ရော်ဘာဈေး ပြန်လည်ဦးမော့                  ယခုမတ်လဆန်းတွင် RSS -3 တစ်ပေါင် ၁၇ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၆ဝဝ ကျပ်ရှိနေခဲ့သော မွန်ပြည်နယ်ရှိ ရော်ဘာ ဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ဂယက်ကြောင့် ပြည်ပဝယ်လို အား ကျဆင်းသွားခဲ့လို့ RSS -3 တစ်ပေါင် ၁၁ဝဝ ကျပ်နဲ့ RSS -5  တစ်ပေါင် ၁ဝဝဝ ကျပ်သို့ကျဆင်းသွားခဲ့ပါတယ်။ မတ်လ တတိယပတ်အရာက်မှာ ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာသလို ဝယ်လိုအားပြန်ကောင်းလာတာကြောင့် မတ်လ စတုတ္ထပတ်မှာRSS -5 တစ်ပေါင် ၁၆၄ဝ ကျပ်နဲ့ RSS -5  တစ်ပေါင် ၁၅ဝဝ ကျပ်ကို ပြန်လည်ဦးမော့လာပါတယ်။ မွန်ပြည်နယ်မှ ရော်ဘာများအား ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့မှုမှာ ယခုလအတွင်း ၂၆ ရက်နေ့ထိ တန် ၆ဝဝဝ ခန့် တင်ပို့ခဲ့ရာ ယခင်လနဲ့ နှိုင်းယှဉ်သော် တန် ၁၈ဝဝ ခန့်လျော့နည်းသွားပါတယ်။ ပြည်ပဝယ်လိုအား ကျဆင်းရခြင်း ကြောင့်လို့ ရော်ဘာလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။ အောင်လွင်

Sunday, 3 Apr 2011

ယခုအပတ်နယ်စပ်မှရော်ဘာ တင်ပို့မှုကျ                 မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၃၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများမှာ မူဆယ်နယ်စပ်မှ RSS-3 ၁၃၁ တန်၊RSS-5  ၃၉ တန်၊MSR-20 ၃၅ တန်နဲ့ ချင်းရွှေဟော်မှRSS-3 ၂၃ တန်ခွဲ၊ MSR-50  ၂၆ တန်ခွဲတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ယခုအပတ်မှာ ၂၈၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တရုတ်ဘက်မှ ဝယ်လိုအားရှိ သော်လည်း မိမိဘက်မှ ဈေးကွက်အခြေအနေကိုစောင့်ကြည့်တင်ပို့နေခြင်းကြောင့် ရော်ဘာတင်ပို့မှုမှာ လျော့ကျနေတယ် လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှ ရော်ဘာအဆင့်စုံတင်ပို့နိုင်မှုမှာ တန် ၄ဝ၆၅ဝ ကျော်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှစ်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-                                         မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု               ယခင်        ပြောင်းလဲမှု     %       ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3     ၃၉၁၂၉၁ဝ       ၃၈၉၄၉၁ဝ      ၁၈ဝဝဝ      ဝ .၅     ၄၅၇၂     ၄၄၁၆      ၁၅၆          ၃RSS - 5     ၃၇၈၂၉ဝဝ       ၃၆၇ဝ၉၁ဝ      ၁၁၁၉ဝဝ       ၃      ၄၄၁၉     ၄၁၁၂       ၃၁၇          ၇MIRT (DOBT)

Sunday, 3 Apr 2011

ပင်လယ်ရေကြောင်းက ပုံမှန်တင်ပို့နေ                 မတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၂ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု အနည်းငယ် ပိုမိုခဲ့တယ်လို့ဆိုရပါတယ်။တင်ပို့တာကတော့ မလေးရှား တစ်နိုင်ငံထဲကိုRSS-3 တန် ၂၂ဝ နဲ့ RSS-5  တန် ၂ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့ MSR-20  တစ်တန်ကို ၅၁ဝဝ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။                        KZW

Sunday, 3 Apr 2011

အတာသြင်္ကန်ရေ ပက်ဖျန်းလိုက်လို့ ပဲမျိုးစုံဈေးအေး                  ပဲမျိုးစုံအရောင်းအဝယ်ထဲမှာ အခြားဆောင်းပဲတွေ မပေါ်ခင် ဒီဇင်ဘာလဆန်း လလယ်မှာ ပဲစင်းငုံတစ်မျိုးပဲ ဈေးကွက်ဦးဆောင်ပဲအဖြစ် ပေါ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ အခြားပဲသစ်တွေလည်း စိုက်ပျိုးဆဲဖြစ်သလို ပဲဟောင်းလည်း မကျန်တတ်တဲ့အချိန်ပါ ဒီလိုရာသီဥတုမှာ ကုန်သည်အများစုက နောက်ပဲရာသီအတွက် အားမွေးရင်း ငွေစုတတ်တဲ့ အချိန်ပါဘဲ။                  အဲဒီလို ကာလမှာ ပဲစင်းငုံအသစ်တွေ ဒီဇင်ဘာလလယ်ကစပြီး ထွက်ပေါ်လာခဲ့ပါတယ်။ မနှစ်က ဈေးတွေ ထိုးကျလို့ ရင်ခုန်သံနည်းနည်းမြန်ခဲ့တဲ့ ပဲဟောင်းတွေကို ရင်မှာပိုက်ပြီး ပဲသစ်ပဲဝယ်ရနိုးနိုး၊ ပဲဟောင်းပဲထုတ်ရောင်းရနိုးနိုးနဲ့ အိန္ဒိယမှာ အအေးလှိုင်းကြောင့် ပဲအထွက်လျော့နိုင်တယ်ဆိုတဲ့ အသံနဲ့ ပဲစင်းငုံဈေးမာခဲ့ပါတယ်။ ဒီကြားထဲ ဇန်နဝါရီ တတိယပတ်မှာ ဝိသမကုန်သည်အချို့ရဲ့ လေပတ်ကားရိုက် အရောင်းအဝယ်ကြောင့် ဆပ်ပြာဘူဖောင်းဈေးနှုန်းတွေ၊ တစ်နပ်ခံ ဈေးနှုန်းတွေဖြစ်ခဲ့ကြပြီး အထိနာသူနာခဲ့ကြတယ်။                  အခုတော့ ပဲစင်းငုံဟာ မတ်လလယ်မှာ ၂၁၈ဝဝ ကျပ်ရောက်ခဲ့ပြီး တစ်နေ့တစ်ဈေးပြန်ဆင်းလာလိုက်တာ မတ်လကုန်မှာ ၁၈၆ဝဝ ကျပ်ဈေးပဲရှိပါတော့တယ်။ အခြားပဲများလည်းအလားတူပါပဲ၊ အာလုံးအကျဘက်မှာ ရှိပါတယ်။ ကုလားပဲဖြူလုံးကြီးဆိုရင် ၁၇၆ဝဝ ကျပ်၊ ကုလားပဲဝါကြီး ၁၆၄ဝဝ ကျပ်၊ ပဲယင်း ၁၄၅ဝဝ ကျပ်နဲ့ ထောပတ်ပဲ ၁၇၅ဝဝ ကျပ်ပဲရှိပါတယ်။ လာမဲ့ ဧပြီလအတွင်း မြန်မာနှစ်သစ်ကူးသြင်္ကန်ပိတ်ရက်၊ ဘဏ်ပိတ်ရက် ရုံးပိတ်ရက်များကြောင့် အဝယ်အဆွဲနည်းသွားကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံဈေးရဲ့ အလားအလာကို သြင်္ကန်ရုံးပိတ်ရက်ကျော်မှဘဲ ပြန်လည်သက်ဝင်လှုပ်ရှားမှု ရှိလာမယ်လို့ မျှော်လင့်မိကြောင်းပါ။                           မောင်မောင်အေး 

Sunday, 3 Apr 2011

ပဲယင်း             မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ကန်ဒေါ်လာ ဝ ဒသမ ၄၃ သန်းတန်ဖိုးရှိ ပဲယင်း တန် ၆ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၇၅ တန်ကျော်တင်ပို့ မှု ပိုမိုခဲ့ပါတယ်။ မတ်လအတွင်း ပဲယင်းတန် ၁၂ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှပဲလွန်းဖြူ တင်ပို့နိုင်မှုမှာ တန် ၃၆၅ဝ ဝန်းကျင်ရှိပါတယ်။ မိမိဘက်မှာ ဈေးကျနေပြီး တစ်ဘက်နိုင်ငံဈေးသိသိသာသာ ပြောင်းလဲမှုမရှိ ဘဲ ငွေဈေးအတက်အကျကြောင့် အနည်းငယ် ပြောင်းလဲတာ တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု                  ယခင်       ပြောင်းလဲမှု   %             ယခု        ယခင်    ပြောင်းလဲမှု        %ပဲယင်း         ၅၃၅ဝ၂၈          ၅၅၅၅၉၅     ၂ဝ၅၆၇         ၄            ၆၈၅         ၆၇၄        ၁၁            ၁ .၆MIRT (DOBT)

Sunday, 3 Apr 2011

ယခင်နှစ်ဈေးကို မမီသေးတဲ့ပြည်ပဲကြီး                  ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေး အနည်းငယ် ကျသွားခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါ တယ်။ ယခင်နှစ်က မတ်လအတွင်း တစ်တင်း ၃၆ဝဝဝ ကျပ်ထိဈေးကောင်းခဲ့ပြီး၊ ယခုနှစ်မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ကျပ် ၁ဝဝဝဝ ကျော်ခန့် ဈေးလျော့နည်းခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးအဝင် အနေဖြင့် အိတ် ၇ဝဝ-၈ဝဝ အထိ အဝင်ရှိခဲ့ပြီး၊ ပဲလှော်ဖိုသမားများ အဝယ်ရှိတာ ကြောင့် တစ်ရက် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သြင်္ကန်မတိုင်မီ လှောင်လက်သမားများ အဝယ်ရှိလာနိုင် တယ်လို့သိရပါတယ်။                        ခင်ဆွေဝင်း

Sunday, 3 Apr 2011

ပြည်ထောပတ်ပဲ အဝင်များလာပြီး ဈေးကျ               ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ အဝင်များလာခဲ့ပြီး၊ တစ်ရက်လျှင် အိတ် ၂ဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ယခုမတ်လ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ဈေးကျသွားခဲ့ပါတယ်။ ပဲအသစ် များ အဝင်များလာတာကြောင့် ဈေးကျသွားခဲ့ခြင်းဖြစ်ပြီး၊ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် လက်လီသမားများနှင့် နယ်လှောင်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၅ဝ-၆ဝ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                    ခင်ဆွေဝင်း

Sunday, 3 Apr 2011

ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ               ယခင်သီတင်းပတ်က မြေထောက်ပဲနဲ့ ထောပတ်ပဲ ၂ မျိုးလုံးပြည်ပ တင်ပို့မှု လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာ တော့ မြေထောက်ပဲ တန် ၂ဝဝ ကျော်နဲ့ ထောပတ်ပဲ တန် ၄၇ဝ ခန့်ထိ တိုးတက် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်နိုင်ငံကို တင်ပို့မှုနည်းခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ထောပတ်ပဲရော၊ မြေထောက်ပဲပါ ဂျပန်နိုင်ငံကို ပမာဏ များများသွားတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလှိုင်လှိုင် ဝင်နေသလို ပြည်ပအဝယ်လည်း ရှိနေတာကြောင့် ယခုတစ်ပတ်တင်ပို့မှု တက်လာ တာဖြစ်ပါတယ်။                  ရန်ကုန် FOB  ဈေးအနေနဲ့ ဧပြီလ ၁ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ဈေးငြိမ်နေပြီး ထောပတ်ပဲဈေးမှာ မတ်လ ၂၅ ရက်က FAQ  တစ်တန်ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ဈေးရှိရာမှ ဧပြီလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT

Pages