Main menu

Background

Sunday, 13 Mar 2011

တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၆ဝဝဝ တင်ပို့                 ယခင်သီတင်းပတ်တွေက ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှုဟာ တန် ၅ဝဝဝ ဝန်းကျင်သာရှိနေခဲ့ရာက ယခုသီတင်းပတ် (မတ်လ ၃ ရက်မှ ၉ ရက်) အတွင်းမှာတော့ တန် ၆ဝဝဝ ကို တင်ပို့မှု တိုးတက်လာခဲ့ပါတယ်။ ယခုသီတင်းပတ် အတွင်းမှာတော့ ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားနည်းပြီး ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပေမဲ့ ပြည်ပရောင်းဈေး ကတော့ အိန္ဒိယဈေးလျော့လို့ ဒီတစ်ပတ်  FOB ဈေးမှာ တစ်ပတ်လုံးလုံး ငြိမ်နေခဲ့ရာ မတ်လ ၁၃ ရက်နေ့မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ- ၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT 

Sunday, 6 Mar 2011

အရည်အသွေးပေါ်မူတည်ပြီး ဈေးအမိုျးမိုျးနဲ့ ရောင်းဝယ်နေတဲ့ ရှမ်းနနွင်းဈေးကွက်            နနွင်းတက်တွေကတော့ ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ မနှစ်ကလောက် အရောင်းမသွက်ပေမဲ့ ပြည်တွင်းသုံး (ဈေးပတ်သမား) တွေကတော့ ပုံမှန်ဝယ်ယူနေတယ်လို့သိရပါတယ်။ အခုလောလောဆယ် ဈေးကွက် ထဲကို အဝင်များနေတာ ကတော့ ကလောမြို့နယ်၊ တောင်လပို့ရွာက နနွင်းတွေပဲဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ ပင်လောင်းနနွင်းတွေလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အရင်နှစ်တွေ လိုပဲ နနွင်းဈေးကတော့ အရည်အသွေးပေါ် မူတည်ပြီး ဈေးအမျိုးမျိုးသတ်မှတ် အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေကတော့ ပင်လောင်းနနွင်းတစ်ပိဿာ ၁၇ဝဝ ကျပ်၊ တောင်လပို့နနွင်း ၂ဝဝဝ ကျပ်၊ ဆင်တောင်နနွင်း ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်နဲ့ အင်းလေးစကတော့ ၁၈ဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။                  ဧဧခိုင် 

Sunday, 6 Mar 2011

ယခုမူဆယ်မှ နနွင်းတက် တင်ပို့မှုရှိ             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၉ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီတစ်လလုံး နနွင်းတက် ၄၂ တန်ကိုနယ်စပ်စခန်းများ ဖြစ်တဲ့ မူဆယ်နဲ့စစ်တွေတို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း(MIRT) 

Sunday, 6 Mar 2011

နနွင်းဈေးကောင်းရခဲ့                ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နနွင်းတန်ချိန် ၄၇ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန် သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ စင်ကာပူကို ၃၂ တန် တို့ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန် စုစုပေါင်းမှာ ၆၈ တန်ရှိခဲ့ပြီး ယခင်ဇန်နဝါရီလအတွင်း တင်ပို့မှုက ၁ဝ၇ တန်ရှိခဲ့တာကြောင့် ဖေဖော် ဝါရီလမှာ နနွင်းတင်ပို့မှုကလျော့နည်းခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၈၉၂၅ ရရှိခဲ့ပါတယ်။ MIRT (DOT)  

Sunday, 6 Mar 2011

ပြည်မန်ကျည်းသီးဈေးကွက်                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ ပြည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များဟာ မန်ကျည်းသီးအများဆုံးစိုက်ပျိုးထွက်ရှိရာ မြို့နယ်များဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ နှစ်စဉ် မန်ကျည်းသီး ပိဿာချိန် ၂ သိန်းမှ ၂ သိန်းခွဲခန့်ထွက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးများသို့ အဓိကတင်ပို့ ရောင်းချပါတယ်။ မန်ကျည်းသီးဈေးနှုန်းများမှာ ယခင်နှစ်က အစေ့လွတ် တစ်ပိဿာ ၁၆ဝဝ ကျပ်-၁၈ဝဝ ကျပ်ဖြစ်ပြီး ယခုနှစ်တွင် အစေ့လွတ် တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါ တယ်။          စောစောရီ 

Sunday, 6 Mar 2011

မန်ကျည်းတန်ချိန် ၄ဝဝ ကျော်တင်ပို့နိုင်ခဲ့                 ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံတွေက အင်ဒိုနီးရှားကို တန် ၅ဝ၊ မလေးရှားနိုင်ငံကို ၂၉၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၁ တန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မန်ကျည်းတန် ချိန် ၂၉၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း မန်ကျည်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့တန်ချိန်က ၈ဝ၄ တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၁၄၇၈၅၅ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Sunday, 6 Mar 2011

ချင်းစို ဝင်ရောက်မှုနည်းလာတဲ့ ရှမ်းချင်းဈေးကွက်              ဒီတစ်ပတ် အောင်ပန်းဈေးကွက်၊ ဟိုပုံးဈေးကွက်တွေမှာ ချင်း (စို) ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲကိုလည်း ချင်းစို ဝင်ရာက်မှု နည်းသွားပါပြီ။ တောင်သူတွေကလည်း ကြိုက်ဈေးရ၊ ဒီထက်ဈေးပိုတက်လာမှသာဖော်ပြီး ရောင်း ကြတော့မယ်လို့သိရပါတယ်။ ဒီနောက်ပိုင်း အစိုတွေအဝင်နည်းပြီး အခြောက် တွေသာ ပိုဝင်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။                 နမ့်ဆန်ဈေးကွက်မှာလည်း ချင်း (စို) အဝင်နည်း သွားပြီလို့ သိရပါတယ်။ ပေါ်ကာစမှာ အစိုတွေအတိုင်းရောင်းခဲ့ကြပြီး အခြောက်အဖြစ်သိပ်မလုပ်ခဲ့ ကြဘူးလို့ သိရပါတယ်။ ဟိုပုံးနယ်ဖက်ကထွက်တဲ့ ချင်းတွေသာ အရည်အသွေး ညံ့လို့ အစိုတိုင်းရောင်းတာနည်းပြီး အခြောက်လုပ်တာ များပါတယ်။ နမ့်စန်မှာ ချင်း (စို) တစ်ပိဿာပေါက်ဈေးက ၃ဝဝ ကျပ်သာ ရှိပါတယ်။ အခြောက်တွေက တော့ ဈေးကွက်ကို သိပ်မဝင်လာသေးပေမဲ့ ဈေးကတော့ ၂ဝဝဝ ကျပ်အောက်မှာ သာ ဖွင့်နိုင်တယ်လို့သိရပါတယ်။                  ဟိုပုံးဈေးကွက်မှာတော့ အစိုဈေးက ၃ဝဝ ကျပ်၊ ၄ဝဝ ကျပ်ရှိပြီး ချင်းခြောက်ဈေးက ၁၇ဝဝ ကျပ်၊ ၁၈ဝဝ ကျပ်ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ တော့ ချင်းခြောက်တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည် ဒိုင်က သိရှိရပါတယ်။                                  ဧဧခိုင် 

Sunday, 6 Mar 2011

ပြည်ချင်းဈေးကွက် ပုံမှန်ရောင်းဝယ်ဖြစ်               ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင်လည်း ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာလည်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့ရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့လည်း သိရပါတယ်။                                                        ဝင်းလဲ့ဝါ 

Sunday, 6 Mar 2011

ဖေဖော်ဝါရီလအတွင်း ချင်း ၆ဝ တန်သာတင်ပို့နိုင်                ဒီတစ်ပတ်မှာတော့ ချင်းတင်ပို့နိုင်ခြင်းမရှိပါ။ ဖေဖော်ဝါရီလ ချင်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့ တန်ချိန်က ၆ဝ ဒသမ ၄ တန်ပဲဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လ ချင်းတင်ပို့နိုင်မှုက တန်ချိန် ၁ဝ၈ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ချင်း တင်ပို့မှုက တန်ချိန် ၅ဝ လောက်လျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Pages