Main menu

Background

Sunday, 27 Feb 2011

တန်ချိန် ၃ဝဝ နီးပါးပို့             ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မန်ကျည်းသီးတန်ချိန် ၂၉၇ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၉၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုတန်ချိန် ၁၄၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၁ဝ၆၁၈ဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၇၄ တန်သာပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ၄ ဆလောက်ပိုပြီး ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)  

Sunday, 27 Feb 2011

 ဝယ်လိုအားကောင်းနေလို့ အိန္ဒိယနနွင်းဈေး အတက်ဘက်ဆက်လက်ချီတက်ဖွယ်ရှိ            အိန္ဒိယပြည်တွင်းဈေးကွက် နနွင်းဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားတက်နေတာကြောင့် နနွင်းဈေးက အမြင့်ဘက် ဆက်လက်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုန်သည်များက ဈေးနှုန်းသိသိသာသာကျဆင်းအုံးမယ်လို့ မျှော်လင့်ထားပြီး လာမယ့် သီတင်းပတ်မှာ ဝယ်လိုအားတက်ဖို့ မျှော်လင့်ထားကြပါတယ်။              နနွင်းသစ်ဝင်ရောက်မှုကလည်း ဈေးကွက်များအတွင်း ဝယ်လိုအားအသစ်ကို စောင့်ဆိုင်းနေလို့ ထင်သလောက် မဝင်လာသလို လက်ကျန်နည်းတဲ့ အခြေအနေတွေက ဈေးနှုန်းတက်အောင် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ နနွင်းဝင်ရောက်မှု နှောင့်နှေးခြင်းနဲ့ လက်ကျန်နည်းလာခြင်းတို့ကြောင့် ကာလလတ်မှာ ဈေးနှုန်းကို အထောက် အပံ့ဖြစ်နိုင်ဖွယ်ရှိပါတယ်။            လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းရော ပြည်ပမှာ အဝယ်တက်မယ့် အလားအလာရှိပြီး စိုက်ပျိုးထားတဲ့ အပင် တွေလည်း ပျက်စီးတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ နနွင်းစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှာ မိုးကောင်းခြင်းက ယခုနှစ် အထွက်နှုန်းကို ပိုမို ကောင်းစေပြီး ယင်းမျှော်လင့်ချက်ကြောင့်ပင် ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှစ်မှာ ၇ဝ ကီလိုပါအိတ် ၆၅ သိန်းနဲ့ ၇ဝ သိန်းအကြားထွက်ရှိမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း နနွင်းတင်ပို့မှုဟာ တန်ချိန် ၃၅၅ဝဝ ရှိလို့ ၂ဝဝ၉ ခုနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နနွင်းအခက် တစ်တန်ကို ရူပီး ၈၁၉၉ဝ-၁၁၇၆၉ဝ (ကန်ဒေါ်လာ ၁၈၁၂-၂၆ဝ၄) နဲ့ နနွင်းဥ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ၉ဝ-၁၁၂ဝ၆ဝ (ကန်ဒေါ်လာ ၁၇၂၈-၂၄၇၉) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: business standard  

Sunday, 27 Feb 2011

ဆိုဈေးမာနေတဲ့ ဗမာနနွင်းတက်            ကျောက်ဆည်၊ မြစ်သားနယ်မှ ထွက်ရှိသော ဗမာနနွင်းတက်မှာ အသစ်စတင်ထွက်ရှိလာသော်လည်း ယခုရက်ပိုင်း အရောင်းအေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က သီးနံှပေါ်စမှစလို့ ဈေးကောင်းရ အဝယ်လိုက်ခဲ့သော်လည်း ယခုနှစ် ပြည်ပဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ အထွက်ကောင်းတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ နနွင်းတက် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိဈေးကွက် အနေအထားကတော့ အဝယ်မလိုက်သော်လည်း တောင်သူက ဈေးတင်းခံနေတဲ့အတွက် တောင်သူဆိုဈေး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိတယ်လို့ နနွင်းတက် အရောင်း အဝယ်ပြုလုပ်နေသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ် 

Sunday, 27 Feb 2011

အင်းစနနွင်း ဈေးကွက်စဝင်                  ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကို အင်းလေးဒေသရဲ့ အရှေ့ဖက်တစ်ကြောမှာလည်း အတော်များများ စိုက် ပျိုးကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းပြီးရင် အင်းလေးနနွင်းကလည်း ဈေးကွက်ဝင်ပါတယ်။ ပင်လောင်းနနွင်းကတော့ အဖြူများတာကြောင့် လူကြိုက်နည်းပြီး ရောင်းပန်းသိပ်မလှပါဘူး။ ယခုလောလောဆယ် ဈေးကွက် မှာတော့ အင်းစလို့ခေါ်တဲ့ နနွင်းတွေက ဈေးကွက်ကို ဝင်လာနေပါပြီ။ အင်းလေးအရှေ့ဖက်ခြမ်းမှာစိုက်တဲ့ နနွင်းက တစ်ရာသီကို ပိဿာချိန် ၈ သိန်း၊ ၉ သိန်းခန့်ထွက်ပါတယ်။ အင်းစနနွင်းက တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ရွာငံနယ်က ဝင်တဲ့ ပြိုင်စနဲ့ အောင်ပန်းနယ်တစ်ဝိုက်က ဝင်နေတဲ့ ရိုးရိုးစတွေကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ နနွင်းကလည်း ချင်းလိုပါပဲ။ မတ်လကုန် ဧပြီလမှသာ အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်း သုံးအတွက် မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာဖက်က ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ နနွင်း တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 27 Feb 2011

ယခုအပတ်မူဆယ်မှ နနွင်းတက်ဆက်လက်တင်ပို့               ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ ၂၃ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၃ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၈ တန်ခန့်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နနွင်းတက် ၁၂ တန် နီးပါးနဲ့ စစ်တွေမှာ ပုံမှန်အတိုင်း ၁ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT) 

Sunday, 27 Feb 2011

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက်                ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်း နေပါသေးတယ်။ အောင်ပန်းနဲ့ ကလောနယ်တစ်ဝိုက်ကသာ အနည်းငယ်ဝင်နေသေးတယ်လို့ သိရပါတယ်။ အချို့တောင်သူတွေက ပစ္စည်းတွေက မဖော်သေးဘဲ အဲဒီအတိုင်းထားပြီး ဈေးကောင်းရမှသာ ဖော်မယ်ဆိုပြီး ထားကြတာကြောင့် အဝင်နည်းလာတာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကို အနည်းငယ်သာ ဝင်နေပါသေးတယ်။ မတ်၊ ဧပြီလဆိုရင် ချင်းစိုတွေ အဝင်ပိုနည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်လှိုင် လာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက တစ်ပိဿာကို ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။              ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဒီနှစ် ဟိုပုံးမြို့နယ်မှာ ချင်းစိုအထွက်လျော့ပြီး ထွက်တဲ့ချင်း တွေကလည်း ယခင်နှစ်တွေကလို အခက်လှ၊ အခက်ကြီးတွေ သိပ်မများဘဲ ချင်းညံ့ လို့ခေါ်တဲ့ အသေးတွေသာ အထွက်များပါတယ်။ အညံ့စ ချင်းတွေကို ချင်းခြောက် အဖြစ် ပြန်လည် ပြုလုပ်တာကြောင့် ချင်းစိုနည်းပြီး ချင်းခြောက်ကတော့ ဈေးကွက် မှာ များများစားစားဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၃ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် 

Sunday, 27 Feb 2011

စိုက်ပျိုးမှု ပိုမိုလို့ အိန္ဒိယသကြားအထွက်မြင့်တက်မယ်လို့ သကြားစက် လုပ်ငန်းရှင်များက ဆို               ကမ္ဘာမှာ ဒုတိယအများဆုံးသကြားထုတ်လုပ်တဲ့ အိန္ဒိယမှာ ဈေးအမြင့်ရရှိနေ တဲ့အတွက် တောင်သူတွေ စိုက်ဧရိယာတိုးခဲျ့လာတာကြောင့် လာမယ့်နှစ်မှာ သကြားထွက်ရှိမှု မြင့်တက်မယ်လို့ သကြားစက်လုပ်ငန်းရှင် အုပ်စုက ဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်တဲ့ သကြားရာသီအတွင်း ထုတ်လုပ်မှုက ယခု နှစ် ခန့်မှန်းတန်ချိန် ၂၅ သန်းကနေ အနည်းဆုံး ၅ ရာခိုင်နှုန်းမြင့်တက်လိမ့်မယ်လို့ နိုင်ငံတော် သကြားစက်သမအသင်း အုပ်ချုပ်မှုဒါရိုက်တာ Vinay Kumar  က ပြောကြားပါတယ်။                 အာရှနိုင်ငံမှာ အထွက်မြင့်တက်နိုင်ခြင်းက ယခုလအတွင်း နယူးယောက်မှာ နှစ် ၃ဝ အတွင်း သကြားကြမ်းဈေး အမြင့်ကို ရောက်ရှိအောင်တွန်းပို့တဲ့ ကမ္ဘာ့ သကြား မလုံလောက်မှုကို အထောက်အပံ့ဖြစ်စေ နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရ ဟာ ၃ နှစ်အတွင်း ပထမအကြိမ်အနေနဲ့ သကြားပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုဖို့ ယခုတစ်ပတ်မှာ စီစဉ်ခဲ့တယ်လို့ အိန္ဒိယသကြားထုတ်လုပ်မှုများ အစုအဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျင်းပတဲ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ လာမယ့်သီးနံှထွက်ရှိမှုအလားအလာကောင်းတာကြောင့် တင်ပို့မှု ခွင့်ပြုချက်ကို နှောင့်နှေးမထားသင့်ဘူးလို့လည်း Kumar  က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံအနေနဲ့ ပထမအကြိမ်ကို တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုသင့်ပြီး နောက် တစ်ကြိမ်တန်ချိန် ၁ သန်းခွင့်ပြုဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က နယူးယောက်မှာ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၇၉၅) ဖြစ်ခဲ့လို့ ၁၉၈ဝ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဓိက ကတော့ သြစတြေးလျနဲ့ ရုရှားမှာ ရာသီဥတုဆိုးဝါးလို့ သီးနံှပျက်စီးမှုတွေ ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မေလပို့ရမယ့် သကြားကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၈ ဒသမ ၄၂ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၆၂၆) ဖြစ်ခဲ့လို့ မေလကုန် ကနေ ၂ ဆ မြင့်တက်နေဆဲဖြစ်ပါတယ်။ ယခုရာသီမှာ အိန္ဒိယက လိုအပ်ချက်တန်ချိန် ၂၃ သန်းထက် ပိုပြီး တန်ချိန် ၂၄ ဒသမ ၅ သန်း ထွက်ရှိနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ အိန္ဒိယ သကြားစက်အသင်းကတော့ တန်ချိန် ၂၅ သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီသစ်မှာ လက်ကျန်တန်ချိန် ၅ သန်းခန့် ကျန်ရှိနိုင်လို့ စက်တင်ဘာလ ကုန်မှာ ပိုလံျှသကြားတန်ချိန် ၆ ဒသမ ၇ သန်းရှိမယ်လို့ အသင်း ညွှန်ကြားရေးမှူးချုပ် Abinash Verma  က ပြောကြားပါတယ်။ ဒါကြောင့် ပြည်ပရောင်းချဖို့ တန်ချိန် ၁ ဒသမ ၇ သန်းကျန်ရှိနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ ယမင်းခင်၊ှSource: bloomberg.net

Sunday, 27 Feb 2011

ပြောင်းတင်ပို့မှု ပုံမှန်                     ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၃၆၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၄ဝ သန်း ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က ၃၂ဝ၅ တင်ပို့ခဲ့ တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားကို တန် ၁၂ဝ၊ ဖိလစ်ပိုင်ကို ၁၃၁ဝ တန်နဲ့ စင်္ကာပူကို တန်ချိန် ၁၉၃၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။  FOB  ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြားဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။                     KZW

Sunday, 27 Feb 2011

တိုယိုတာယာမှ ဈေးနှုန်းတိုးမည်                အမေရိကန်က တိုယိုတာယာအုပ်စုက ခရီးသည်တင်ကား အပေါ့စားထရပ်ကားနဲ့ စီးပွားရေး လုပ်ငန်းသုံး ကားတာယာများရဲ့ ဈေးကို ၂ဝ၁၁ ခုနှစ် မတ်လ ၁ ရက်နေ့ကစပြီးပျမ်းမျှခြင်း ၈ ရာခိုင်နှုန်း ဈေးနှုန်းတိုးမယ်လို့ ကြေညာ  ခဲ့ပါတယ်။ ဒီလိုဈေးနှုန်းတက်ရခြင်းက ကုန်ကြမ်းစရိတ်တွေဆက်တိုက်တက်နေတာ ကြောင့် ဖြစ်ကြောင်း တိုယိုတာယာရဲ့ အရောင်းဌာနညွှန်မှူးက ပြောကြားခဲ့ပါတယ်။တိုယိုတာယာအနေနဲ့ အမြတ်အစွန်းနည်းပေမဲ့လည်း အာမခံနိုင်တဲ့ ထုတ်ကုန်များ ကို ထုတ်လုပ်နေဆဲဖြစ်ကြောင်းနဲ့ ဖောက်သည်တွေနဲ့ သုံးစွဲသူတွေအပေါ် ပံ့ပိုးပေးနိုင်ဖို့ဆက်လက်ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ တိုယိုတာယာက ယခုနှစ်အတွင်း ဈေးနှုန်းတိုးဖို့ ကြေညာခဲ့တဲ့ နောက်ဆုံးတာယာ ထုတ်လုပ် ရေး ဖြစ်ပါတယ်။                             Source: MTD,KZW 

Sunday, 27 Feb 2011

ရော်ဘာရွက် မှိုကျရောဂါ ထိန်းချုပ်နိုင်ပြီ                   ကာရာလာဒေသအနီးဝန်းကျင်မှာရှိတဲ့ ရော်ဘာအပင်တွေမှာ အရွက်မှိုကျတဲ့ ရောဂါတစ်မိုျး ဖြစ်ပွား လျက်ရှိရာ ယခုအခါမှာတော့ မှိုသတ်ဆေးများဖျန်းတဲ့ နည်းလမ်းနဲ့ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာ အသင်းက ပြောကြားခဲ့ပါ တယ်။တောင်သူတွေအနေနဲ့ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းလည်း ရော်ဘာ အသင်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး အပင်ကာကွယ်ရေးဌာနကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြောင်း လည်း သိရပါတယ်။ အိန္ဒိယရော်ဘာသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးကတော့ သုတေသနပညာရှင်တွေက မကြာခဏ ရော်ဘာစိုက်ခင်းတွေကို လာရောက်ပြီး တောင်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ယခုအရွက် ရောဂါကလည်း ပျိုးခင်းထဲက အပင်ငယ်များကိုသာ ထိခိုက်စေခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ကာရာလာနဲ့ ကာနာတာက နယ်စပ်တွေမှာ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ဒီလိုရောဂါက ကာရာလာမှာ မကြာခဏ ဆိုသလိုဖြစ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ၎င်းရောဂါက ရွက်သစ်ထွက်တဲ့ကာလ ဖြစ်တဲ့ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလထိ ကာလမှာ ပြင်းထန်ကြောင်း သိရပါတယ်။ နယ်စပ်ကရော်ဘာစိုက်ခင်းတွေမှာ နေရောင် ခြည်ပိုရတဲ့ အပင်များကပိုပြီး ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရကြောင်း သတင်းရရှိပါတယ်။            Source: Commodity Online,KZW  

Pages