Main menu

Background

Sunday, 6 Feb 2011

မြေထောက်ပဲတန် ၂ဝဝ ကျော် တင်ပို့မှုရှိ                 ယခင်သီတင်းပတ်က မြေထောက်ပဲတန် ၂၆ဝ ခန့်အထိ တင်ပို့်မှုရှိခဲ့ပြီး ယခုသီတင်းပတ်မှာ တန်ချိန် ၂၂ဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ မန္တလေးနဲ့ မုံရွာ ဈေးကွက်ကို မြေထောက်ပဲအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး အရောင်းအဝယ် လည်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှာ မြေထောက်ပဲတန် ၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ တန်ချိန် ၂၃ဝ ကျော်သာ တင်ပို့နိုင် ခဲ့ပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာလည်း တန်ချိန် ၁ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့ပါ တယ်။                ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြေထောက်ပဲ (polished) တစ်တန်ကို ကန်ဒေါ်လာ ၈၁၄၊ (unpolished)တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၃ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 6 Feb 2011

အီသီယိုးပီးယားက ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ဖို့ အိန္ဒိယတောင်သူများကို ဖိတ်ခေါ်                အာဂျင်တီးနားနဲ့ ဥရုဂွေးလို လက်တင်အမေရိကန်နိုင်ငံများပြီးရင် အီသီယိုးပီးယားနိုင်ငံကလည်း အာဖရိကနိုင်ငံအတွင်း ပဲမျိုးစုံစီးပွားဖြစ်ထုတ်လုပ်မှု မြှင့်တင်နိုင်ဖို့ အိန္ဒိယတောင်သူတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ အာဖရိကနိုင်ငံမှာ စီးပွားဖြစ် စိုက်ပျိုးဖို့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ အိန္ဒိယကို ပြန်လည်တင်ပို့နိုင်ဖို့ လယ်ယာမြေများ အိန္ဒိယတောင်သူများကို အသုံးချခွင့် ပေးသွားမှာဖြစ်ကြောင်း အီသီယိုးပီးယား စိုက်ပျိုးရေးဝန်ကြီးTafera Derbew  မှ လေ့လာရေးလာရောက်စဉ် အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနဲ့ အများပြည်သူဖြန့်ဝေရေး ဝန်ကြီး ကေဗွီသော မတ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။                    ယခုလိုဆောင်ရွက်မယ်ဆိုရင် စားဆီ ၅ဝ ရာခိုင်နှုန်းနဲ့ ပဲစားသုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းတင်သွင်းနေရခြင်းအပေါ် အထောက်အပံ့ဖြစ်စေမယ်လို့ သောမတ်စ်က ဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ နည်းပညာအထောက်အပံ့ များပေးသွားမှာဖြစ်ပြီး အိန္ဒိယစံနှုန်းနဲ့ စိုက်ပျိုးရေး သုတေသနဗျူရိုကလည်း အီသီယိုပီးယားမှ ကျွမ်းကျင်သူများဖြစ်စေဖို့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ အီသီယိုးပီးယားမှာ ပြည်ပရင်းနှီးမြှုပ်နံှမှု အများ ဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နံှထားတဲ့အနက် ၄ဝ ရာခိုင်နှုန်းက စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများမှာ မြူပ်နံှထားတယ်လို့ သိရပါ တယ်။ ယမင်းခင်၊Source: Financial Express

Sunday, 6 Feb 2011

ရောင်းလိုအားများလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                    ယခင်သီတင်းပတ်က ကုလားပဲဈေးမြင့်တက်ခဲ့ရာမှ ပဲဝင်ရောက်မှု တိုးတက်မယ့် မျှော်လင့်ချက်တွေကြောင့် ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ ယခင်နှစ်က ရာသီမဟုတ်တဲ့ မိုးရွာသွန်းမှု တွေကြောင့် ထုတ်လုပ်မှုကျဆင်းမယ့် သတင်းများအရ ပဲဝင်ရောက်မှု နှောင့်နှေးမယ့် သီတင်းလည်း ထွက်လာပါတယ်။                    ယခုကုလားပဲအထွက်မြင့်တက်မယ့် အလားအလာရှိပေမဲ့ သြစတြေးလျ မှာ ရေလွှမ်းမှုကြောင့် သီးနံှတွေထိခိုက်ခဲ့ရခြင်းက အိန္ဒိယက တင်သွင်းမှု လျော့ကျဖို့ ဖြစ်လာစေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ကုလားပဲနေ့စဉ်ဝင်ရောက်မှုဟာ ကားအစီးရေ ၅ဝ-၅၅ စီးဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်မှာ ကုလားပဲ တစ်တန်ကို ၅၁ ဒသမ ၅ ရူပီးလျော့ကျပြီး ရူပီး ၂၆၃၇ဝ (ကန်ဒေါ်လာ ၅၈ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline

Sunday, 6 Feb 2011

မုံရွာကုလားပဲဈေးကွက် ဗွီတူးအသစ်အဝယ်သွက်                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဇန်နဝါရီလကုန်ပတ်က ပဲဟောင်းအားလုံးနီးပါး လက်ကျန်ပြတ်ခဲ့လို့ အရောင်းအဝယ်အေးနေရာက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဗွီတူးအသစ်တွေ မုံရွာဝန်းကျင်ကနေ ဈေးကွက်ထဲ စတင် ဝင်လာခဲ့ပြီး တစ်တင်း ကျပ် ၂၃၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက် က ကြားသိရပါတယ်။ မုံရွာ၊ ယင်းမာပင်၊ ပုလဲစတဲ့ နယ်တွေက မုန်တိုင်း မိုးကြောင့် ထိခိုက်မှုနည်းခဲ့ပြီး မြေပြင်ချိန်စောတော့ တောင်သူတွေရဲ့ ဗွီတူးတွေ အခုလို ဈေးကွက်ထဲစောစောဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်း မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ပေါက်ဈေးတွေကတော့ ထိုင်ဝမ်အဟောင်း တစ်တင်း ၂၄၅ဝဝ ကျပ်၊ ဗွီတူးအသစ်တစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ၉၂၉ အဟောင်း တစ်တင်း ၂၅ဝဝဝ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ လောလော ဆယ်မှာ ဗွီတူး အသစ်တစ်ရက်ကို တင်း ၃ဝဝခန့် ဝင်ရောက်လျက်ရှိပြီး၊ ဇန်နဝါရီလ အတွင်း ကုလားပဲ တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၃၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။         ထွန်းလှိုင်

Sunday, 6 Feb 2011

ပြည်ပဲတီစိမ်း အဝင်ပါးပြီးဈေးငြိမ်                ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှများ ၂ဝ၁ဝ နှစ်ကုန်အထိ အဝင်များခဲ့ပြီး အရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလတွင် ပဲတီစိမ်းအဝင်နည်းလာခဲ့သလို ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၂၅ဝဝဝ မှ ၂၈ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းမှာ လက်ကျန်သမားများသာ လာရောက်ရောင်းချကြတဲ့အတွက် အဝင်ပါးလာခဲ့ပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၂၈၅ဝဝ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာ တစ်ရက်လျှင် အိတ် ၁၅ဝ-၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ်လို့သိရ ပါတယ်။ ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုမှာ အိတ် ၇၂ဝဝ ခန့်ရှိခဲ့ပြီး၊ ရန်ကုန်သို့ ၆၄ဝဝ အိတ်၊ မန္တလေးသို့ အိတ် ၅ဝဝ နဲ့ မကွေးသို့ အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။                                                                                  ခင်ဆွေဝင်း 

Sunday, 6 Feb 2011

မုံရွာ ဈေးကွက်မှာ စိမ်းသေးအဝယ်သွက်                 မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးထက်စိမ်းသေးက ပစ္စည်းအဝင်ပိုသလို အရောင်း အဝယ်လည်း ပိုသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ ရန်ကုန်က ပုံမှန်ထက် အဝယ်ပိုသွက်ခဲ့ရာ ဈေးလည်းအနည်းငယ်မြောက်လာခဲ့ပါတယ်။ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်း ၃ဝဝဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပြီး၊ စိမ်းသေးကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ဈေးမာနေပါတယ်။ မုံရွာကုန်စည်ဒိုင် ယခုအပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီး တစ်ရက် တင်း ၄ဝဝ ခန့်နဲ့ စိမ်းသေး တစ်ရက်တင်း ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ပဲတီစိမ်းတင်ပို့စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၁၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်ရှိကြောင်း ဈေးကွက်ကဆိုပါတယ်။                                                        ထွန်းလှိုင် 

Sunday, 6 Feb 2011

ဈေးမာနေတဲ့ မန်းပဲတီစိမ်း              မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင် များမှ ဝယ်လိုအား ရှိနေတဲ့အတွက် ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းများ ဝင်ရောက်မှု နည်းလာပြီး ရွှေဘိုမြို့နယ်များမှ ပဲတီစိမ်းများသာ အနည်းငယ်ဝင်ရောက်နေတာကိုတွေ့ရပါတယ်။             ယခုတစ်ပတ် ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ၁၆၅၃ ကျပ်၊ တစ်တန် ကျပ် ၁ဝ၁၂၂ဝဝ၊ လတ်စ ၁၃၃၃ ကျပ်၊ တစ်တန် ကျပ် ၈၁၆၃ဝဝ၊ အောက်စ ၁၁၅၆၊ တစ်တန် ၇ဝ၇၉ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ တန် ၇၆ဝ၊ ရန်ကုန်သို့ ၂၇ဝ တန် တင်ပို့မှုရှိခဲ့ကြောင်းသိရပါတယ်။ တရုတ်နှစ်သစ်ကူး ကာလ ဖြစ်ပေမဲ့လည်း ပစ္စည်းအဝင် နည်းသွားတာရယ်၊ ဈေးကွက်အတွင်း ရောင်းဝယ်အားကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းပြောဆိုနေကြပါတယ်။                                                             ကျော်ကျော်မိုး 

Sunday, 6 Feb 2011

နှစ်သစ်ကူးကာလနီး၍ ပဲတီစိမ်းတင်ပို့မှုလျော့             ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ ဝ ဒသမ ၈၆ဝ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးများက ထွက်ရှိတဲ့ ပဲတီစိမ်း ၉၃၂ တန်ကျော်နဲ့ ပဲတီစိမ်း လုံးခြမ်း ၁၄၉ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၈၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် က ပဲတီစိမ်းခြမ်း တင်ပို့ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ လုံးပြည့်မှာမူ ယခင်အပတ်ကထက် ၅၉၃ တန် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ နှစ်သစ်ကူးကာလနီးပြီဖြစ်လို့ ပို့ကုန်လုပ်ငန်းရှင်များက လက်ဝယ်ရှိ ပို့ကုန်ပစ္စည်းများသာ တင်ပို့ခြင်း၊ ကုန်တင်ယာဉ်တင်ဆောင်ခွင့်ပြုသည့် တန်ချိန်ကို ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး ထပ်မံလျှော့ချလိုက်တဲ့အတွက် ယာဉ်တင်ခနှုန်းထားမှာ ၁ ပိဿာ ၁၄ဝ ကျပ်မှ ကျပ် ၁၇ဝ မြင့်တက်လာ ခြင်းတို့ကြောင့် ကုန်တင်ပို့မှုများလျော့ကျလျက်ရှိပါတယ်။                  ပဲတီစိမ်းဈေးကွက်အနေနဲ့ တရုတ်မှ နှစ်ကူးကာလနီးတဲ့အတွက် အဝယ်လျော့နည်းခဲ့ကြောင်း၊ ပြည်တွင်း ပဲတီစိမ်းဈေးမှာ တစ်တန်ကျပ် ၈၇ဝဝဝဝ မှ ကျပ် ၁ဝ သိန်းကျော်ထိ မြင့်တက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တရုတ် ဝယ်လိုအားအရ ၅၆ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင် ကျပ် ၃ဝဝဝ ထိ အတက်အကျဖြစ်ပေါ်လျက်ရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးတစ်တန် ၈၅ဝဝ ယွမ်မှ ၁ဝ၅ဝဝ ယွမ်ထိရှိနေတယ်လို့ သိရပါတယ်။          MIRT (DOBT) 

Sunday, 6 Feb 2011

ပဲတီစိမ်း ပုံမှန်သာတင်ပို့နေ           ပင်လယ်ရေကြောင်းက ပဲတီစိမ်းကတော့ တန်ချိန် ၃၄ဝဝ ကျော်နဲ့ ပုံမှန်သာတင်ပို့နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာလည်း ပြည်ပဝယ်လက်က ပုံမှန်လိုပဲ ခပ်ပါးပါးသာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲတီရွှေဝါတွေ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာ အရောင်းအဝယ်သွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ဒီဇင်ဘာလမှာ တန်ချိန် ၁၁ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာ တန်ချိန် ၁၃ဝဝဝ ကျော်တင်ပို့မှုရှိလို့ ကာလတူတင်ပို့မှုမှာ ပမာဏကွာခြားမှု အနည်းငယ်သာရှိတာတွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                      ပဲတီစိမ်း(အညာ)               ပဲတီစိမ်း (ပခုက္ကူ)                      ပဲတီရွှေဝါအသေး၄-၂-၁၁             ၉၅ဝ-၉၇ဝ                        ၉၄ဝ-၉၆ဝ                            ၁၃၃ဝ-၁၃၄ဝ၂၇-၁-၁၁           ၉ဝဝ-၉၂ဝ                            ၁၂၂ဝ                                 ၁၂၄ဝ                                                                                                                                    MIRT (MAPT)

Sunday, 6 Feb 2011

ဈေးကောင်းရလာတဲ့ ပြည်ပဲလွန်းဖြူ                     ပဲလွန်းဖြူဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ တော့ ပထမအသီးမှာ အဝင်အနည်းငယ် ရှိကာ ပဲတစ်တင်းကို ၂၆၅ဝဝ ကျပ်ဈေးအထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ နတ်တလင်း တာပွန် ဘက်မှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပဲလွန်းဖြူကို ရန်ကုန်ဝယ်လက် လည်း အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၁ဝဝ-၁၅ဝ ခန့် အဝယ်ရှိတယ်လို့သိရပါ တယ်။                                                        မိမိအေး

Pages