Main menu

Background

Sunday, 16 Jan 2011

ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကမတ်ပဲ                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁ရက်နေ့မှာ မတ်ပဲတစ်ပိဿာ ၉၇၅ ကျပ်၊ ၈ ရက်နေ့မှာ ၁ဝ၇၅ ကျပ်၊ ၁၁ ရက်နေ့မှာ ၁ဝ၆ဝ ကျပ်သို့ ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသော်လည်း ရန်ကုန် ဝယ်လက် အဆွဲ များလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်ကသိရပါတယ်။ အရာတော်၊ ချောင်းဦး၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့များမှ မုံရွာမြို့သို့ ဝင်ရောက်လာပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေး မြို့သို့ မတ်ပဲ ၇၅ တင်း၊ ရန်ကုန်မြို့သို့ မတ်ပဲတင်း ၆ဝဝ စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၆ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                                    သန်းသန်းတင်

Sunday, 16 Jan 2011

မိုးညိုမတ်ပဲဈေးကွက်စဝင်ပြီး ပြည်မတ်ပဲဈေးကအေးနေဆဲ              ပဲခူးတိုင်းဒေသကြီးအနောက် မိုးညိုမြို့နယ်မှာ ရေလိုက်မတ်ပဲတွေ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ထွက်ရှိပြီး ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ရောင်းချခဲ့ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ပဲတစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။              ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ ဇန်နဝါရီလ ပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၂၁၂ဝဝ ကျပ်ဈေးရှိပြီး ဒုတိယပတ်မှာတော့ ၂၁၅ဝဝ ကျပ်ဈေးနဲ့ ဈေးသိသိသာသာမြင့်တက်လာခြင်းမရှိဘဲ ဈေးအေးနေဆဲဖြစ်ပါတယ်။ မြို့တွင်း ရောင်းဝယ်မှုကတော့ အေးပေမဲ့ ရှိနေသေးတဲ့ ပဲလက်ကျန်ကို ငွေပေါ်လိုသူတွေ ထုတ်ရောင်းကြတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပဲတစ်တင်းခွဲအိတ် ၁၉၅ဝ အိတ်ခန့်တင်ပို့တယ်လို့ သိရပါတယ်။                                                              မိမိအေး

Sunday, 16 Jan 2011

မတ်ပဲတင်ပို့မှု သိသိသာသာမြင့်တက်           ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုက တန်ချိန် ၁၁ဝဝဝ ကျော်ထိအောင် သိသိသာသာတိုးတက် လာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၈ဝဝဝ ဝန်းကျင် တင်ပို့ခဲ့ရာက ယခုတစ်ပတ်မှာ တိုးတက်တင်ပို့ လာနိုင်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်စိပ်လာခဲ့တဲ့အတွက် အရောင်းအဝယ်ဖြစ်မှုများလာသလို တင်ပို့မှု အားကောင်းလာကာ FOB ဈေးလည်းမြင့်တက်လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၃၆ဝဝဝဝ ကျော်ထိ တင်ပို့မှုရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၄၈ဝဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၁၂ဝဝဝဝ ထိ လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာခဲ့တဲ့ ရန်ကုန် ၤFOB ဈေးများ ကို ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                    ဒေါ်လာ/တန်                         မတ်ပဲ(FAQ)       မတ်ပဲ(SQ) ၁၄-၁-၁၁               ၈၅ဝ-၈၆ဝ        ၁ဝ၅ဝ-၁ဝ၆ဝ ၇-၁-၁၁                 ၈၁ဝ-၈၂ဝ       ၁ဝဝဝ-၁ဝ၁ဝ                                                                                                            MIRT(MAPT) 

Sunday, 9 Jan 2011

 ပြည်တွင်းစားမကုန်နိုင်တဲ့ ကြက်သွန်နီကို စားသုံးသူတွေ ဈေးအမြင့်နဲ့ ဝယ်စားနေရ                            မြန်မာနိုင်ငံရဲ့ ကြက်သွန်နီ စိုက်ပျိုး မှုသဘာဝအရ မိုးမှာလည်း စိုက်ပျိုး သလို ဆောင်းမှာလည်း ချောင်းဘေး သဲသောင်တွေမှာ စိုက်ပျိုးကြပါတယ်။ ဆောင်းစိုက်ကြက်သွန်ကို စနစ်တကျ သိုလှောင်ထားနိုင်ရင် တစ်နှစ်လုံးစားသုံး လို့ရပေမယ့်မိုးစိုက်ကတော့ ရာသီဥတု အပေါ် တည်မီစိုက်ရတာဖြစ်ပြီး၊ နှစ်လ၊ သုံးလပဲ ထားပါတယ်။ နှစ်စဉ် ဒီဇင်ဘာလမှာ မိုးကြက်သွန်တွေဖြိုင်ဖြိုင်ပေါ်လေ့ရှိပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာမုန်တိုင်းနဲ့ရွာခဲ့တဲ့မိုးကြောင့် မိုးကြက်သွန်စိုက်ချိန်နောက်ကျခဲ့ပါတယ်။                         ဒါကြောင့် ဒီအချိန်က အဟောင်းလည်း ကုန် အသစ်လည်းပေါ်စ စပ်ကူးမတ် ကူးကာလဖြစ်နေပါတယ်။ ကြက်သွန်နီ အဓိကစိုက်တဲ့ ပခုက္ကူ၊ ရေနံချောင်းနဲ့ မြင်းခြံနယ်တွေမှာ ကြက်သွန်နီပေါ်ဖို့ လိုသေးပေမယ့် မြစ်သားနယ်ဘက်မှာ တော့ အပင်လေးစိုက်ကြက်သွန်တွေ ထွက်ပေါ်နေပါပြီ။ ဒီလိုထွက်လာတဲ့ မိုးကြက်သွန်နီတွေ ပြည်တွင်းစားသုံးလို့ ရနိုင်တဲ့ အခြေအနေရှိနေတာကို ကိုယ့်တိုင်းပြည်က စားသုံးသူတွေက အမြင့်ဈေးနဲ့ဝယ်စားစေပြီး၊ တစ်ဖက် နိုင်ငံ စားသုံးသူတွေ စားဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ပို့နေတာ သိရပါတယ်။ ဒါကြောင့်မြဝတီဘက်ကို ဦးတည်နေတဲ့ ကြက်သွန်နီကားတွေကို တာဝန်ရှိသူတွေက ပြန်လှည့်မောင်းခိုင်း နေရပါတယ်။ တကယ်တမ်းကျတော့ ကိုယ့်ပြည်တွင်းက ထွက်တာကို ဖူဖူလုံလုံ စားနိုင်ပေမယ့် ပြည်ပကို တရားမဝင်ထွက်နေတာတွေကြောင့် ဈေးနှုန်းအတက်အကျတွေ ဖြစ်နေရ တာပါ။ မနှစ်က ကြက်သွန်နီအထွက် က ဖူလုံမှုရှိရုံတင်မကဘဲ ပိုလံျှမှုရှိနေ တာကို မှောင်ခိုတွေထွက်ခဲ့ကြပါတယ်။                          ကြက်သွန်ကုန်သည်များထဲက ဝိသမ လောဘသားအချို့က ကြက်သွန်နီကို ဈေးတက်အောင် ဈေးကျလာအောင် မီဒီယာတွေကို အသုံးချပြီး နည်းအမျိုးမျိုးနဲ့ ဈေးကစား နေကြတာလည်း မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် မီဒီယာကို အသုံးချပြီး၊ ဈေးကစား နေ ကြသူတွေ၊ တရားမဝင် တင်ပို့နေသူ တွေကို ထိထိရောက် ရောက် ထိန်းသိမ်း အရေးယူသွားဖို့ လိုအပ်နေပြီဖြစ် ကြောင်း ပြောပြချင်ပါတယ်။                                                        မောင်သစ္စာ

Sunday, 9 Jan 2011

ရှမ်းနနွင်းလည်း ဈေးကွက်စဝင်                 ရှမ်းပြည်နယ် တောင်ပိုင်း နနွင်းဈေးကွက်ကတော့ ဟိုပုံး၊ ရွာငံ၊ ပင်လောင်းဘက်က နနွင်းများအနည်းငယ် စဝင်နေပြီ ဖြစ်ပါတယ်။ တစ်ပိဿာ ကျပ်၃၅ဝ ရှိပြီး၊ ဟိုပုံးမြို့နယ်တစ်ဝိုက် နနွင်းတွေကတော့ နနွင်းခြောက် ပြုလုပ်ရန် အတွက် အဓိကထား ဝယ်ယူကြတယ်လို့သိရပါတယ်။ နနွင်းခြောက်အသစ် တစ် ပိဿာကို ကျပ် ၂၅ဝဝ မှ ၃ဝဝဝ ဈေးရှိပါတယ်။             နမ့်ဆန် ဘက်မှာတော့ နနွင်း အစိုများ စပေါ်ပြီး ဈေးကွက်အတွင်းသို့ ကွန်ဟိန်း၊ ခိုလန်၊ ကာလိ၊ မိုင်းဆီ၊ နောင် မော် စတဲ့ ရွာများဘက်က ထွက်တဲ့ နနွင်းများစဝင်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ကျပ် ၂ဝဝ မှ ၃ဝဝ ဝန်းကျင်ရှိပါတယ်။ မနှစ်က နနွင်းခြောက် ဈေးကောင်းရလို့ ဒီနှစ်မှာလည်း ဈေးပိုကောင်းနိုင်မယ်လို့ မျှော်လင့်နေကြပြီး၊ နနွင်းခြောက်ပြုလုပ် ရန်အတွက် ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံများက သိရပါတယ်။                                                                     စောယုထွေး 

Sunday, 9 Jan 2011

 နနွင်းတက်                      ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ တစ်လလုံးမူဆယ်နဲ့ စစ်တွေနယ်စပ် များမှ နနွင်းတက် ၁၄ တန်ခွဲ၊ ဧပြီလမှ ဒီဇင်ဘာလထိ တန်ချိန် ၁ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး ကျပ် ၁၅၂၆၉၄ဝ ရှိပြီး တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ရှိပါတယ်။ တင်တင်ထွန်း(MIRT)

Sunday, 9 Jan 2011

စင်ကာပူကို ၉ တန် တင်ပို့                 ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာနောက်ဆုံးပတ်မှာ နနွင်းတန်ချိန် ၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံဖြစ် ပြီး ပို့ကုန်ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၆၄၇ဝ ကျော်ရရှိခဲ့ပါတယ်။ တစ်တန်ကို    FOB ကန်ဒေါ်လာ ၁၇ဝဝ ကျော်နဲ့ တင်ပို့ခဲ့တာဖြစ်ပြီး ဒီဇင်ဘာတစ်လလုံး နနွင်း တန်ချိန် ၇၇ တန်ကျော်တင်ပို့နိုင်ခဲ့ကာ ယခင်က နိုဝင်ဘာလမှာ နနွင်းတန်ချိန် ၁၂ဝ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုလမှာ တန်ချိန် ငါးဆယ်ကျော်လျော့နည်း ပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                       MIRT (DOT) 

Sunday, 9 Jan 2011

အဝင်နည်းပေမယ့် ဈေးပုံမှန်ရှိနေတဲ့ ပြည်ချင်းဈေးကွက်                 ပြည်ချင်းဈေးကွက်တွင် အောင်ပန်းချင်းများ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်သာဝင်ရောက်၍ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်း ပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး တစ်နေ့ကိုပိဿာချိန် ၅၆ဝ ခန့်ရှိနေ တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာလျှင် ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။                                                                                    ဝင်းလဲ့ဝါ 

Sunday, 9 Jan 2011

ရှမ်းချင်းသစ် ဈေးကွက်စဝင်ပြီ                ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်ထဲသို့ ချင်းသစ်များ ပုံမှန်စဝင်နေပါပြီ။ ဟိုပုံးမြို့နယ်တစ်ဝိုက်က ချင်းတွေကတော့ ရာသီဥတုကြောင့် အထွက်အနည်းငယ် လျော့ခဲ့ပြီး၊ အတက်လည်း အနည်းငယ် ညံ့ခဲ့တယ်လို့ သိရပါတယ်။ ဈေးက တစ်ပိဿာကို ကျပ် ၄ဝဝ ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အောင်ပန်း၊ ဟဲဟိုးတစ်ဝိုက်က ချင်းများ ပုံမှန်အဝင်ရှိပြီး ဈေးကတော့တစ်ပိဿာ ကျပ် ၄၅ဝ မှ ၇ဝဝ ထိ ဈေးရှိကာ တစ်ပတ်အတွင်း ပြည်တွင်းသုံးရန်အတွက် ပိဿာချိန် ၂ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မနှစ်ကထွက်တဲ့ ချင်း ခြောက်က တစ်ပိဿာ ကျပ် ၂၅ဝဝ၊ ၂၆ဝဝ ရှိတယ်လို့သိရပါတယ်။ နမ့်ဆန် ဈေးကွက်မှာတော့ ချင်းအဓိက စိုက်တဲ့ လွိုက်ကြံ၊ နမ့်ဆွယ်၊ အမှတ်ကိုး၊ လွိုက်ဖွေး စတဲ့ရွာများမှ ချင်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာ ပါတယ်။ အခုမှ စဝင်တာဖြစ်လို့ ဈေးကတော့ တစ်ပိဿာကို ကျပ် ၃၅ဝ၊ ၄ဝဝ နဲ့ ဈေးစဖွင့်ပြီး လက်လီ အရောင်းသာ ရှိသေးတယ်လို့ ဈေးကွက်က သိရပါတယ်။                                                                                                                      စောယုထွေး 

Sunday, 9 Jan 2011

နှစ်ကုန်ပိုင်းမှာ ချင်းခြောက် အပို့မရှိ                 ဒီဇင်ဘာလတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ချင်းခြောက်အပို့လျော့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တန်ချိန် ၂ဝ၄ တန်ကျော်ကို တင်ပို့နိုင်ခဲ့သော်လည်း ယခု လမှာ အရည်အသွေးကောင်းချင်းကို စုဆောင်းခြင်း၊ ရှမ်းချင်းစို ချင်းခြောက်တွေ ဒေသတွင်းသုံးအတွက် အဝယ်ပိုသွက်ခြင်းများသာရှိပြီး ပြည်ပအပို့ မရှိပါဘူး။                                   MIRT (DOT) 

Pages