Main menu

Background

Monday, 27 Dec 2010

 တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၃ဝဝဝ တင်ပို့            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၂၆ဝဝ ကျော်ရှိခဲ့ရာက ယခု ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၃ဝဝဝ နီးပါးကို တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေကို ပဲအသစ်တွေ ဝင် ရောက်လာလို့ မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေထွက် နေပေမဲ့ အဝယ်အနည်းငယ်စီ ရှိနေတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အချို့ ကိုလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်စပြုပြီဖြစ်လို့ ဈေးကွက်တွေထဲမှာ အရောင်း အဝယ်အချို့ရှိနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင် အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                               ဒေါ်လာ/တန်                    ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊         အဖြူ၂၄-၁၂-၁ဝ           ၅၄ဝ-၅၅ဝ                ၅ဝဝ-၅၁ဝ၁၇-၁၂-၁ဝ           ၅၇ဝ-၅၈ဝ               ၅၂ဝ-၅၃ဝMIRT(MAPT)

Monday, 27 Dec 2010

ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ          မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲကို ဆောင်းသီးနံှအဖြစ် ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ဧက ၆ သောင်းနီးပါး လျာထားခဲ့ပြီး ဧက ၅ သောင်းခွဲခန့် ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းအစိုက်များဆုံးမြို့နယ်က နေပြည်တော် လယ်ဝေးမြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၄၅ ရာခိုင်နှုန်း စိုက်ပိုျးပါတယ်။ တိုင်းတွင်း စိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီနောက်ဆုံးပတ်လောက်မှ ထွက်ပေါ် မှာဖြစ်ပြီး လတ်တလော ဈေးကွက်ကို ရွှေဘို၊ မုံရွာဒေသများမှာ ရေသွင်း မတ်ပဲ သစ်များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဝင်ရောက် လာတဲ့ မတ်ပဲသစ်များဟာ SQ, FAQ အဆင့်မမီဘဲ အိတ်စပို့ဈေးကွက်တန်း မဝင်လို့ ခွဲစက်သမားများသာ အဝယ်ရှိနေပါတယ်။ ဈေးနှုန်းကလည်း ယခင် တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁ဝဝဝ ကျပ်-၁၁၁၇ ကျပ်ပေါက်ဈေးရှိရာမှ ယခု တစ်ပတ်မှာ ၉၈၃ ကျပ်မှ အမြင့်ဆုံး ၁ဝဝဝ ကျပ်ဈေးနှုန်းထိ နိမ့်ကျလာခဲ့ကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။                                                         သက်သက်နိုင်

Monday, 27 Dec 2010

ဈေးအေးနေဆဲ ဟင်္သာတမတ်ပဲ            ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှမတ်ပဲကို မြို့နယ် ၆ မြို့နယ်လုံးမှာ စိုက်ပျိုးဧက ၃ ဒသမ ၉၇ သိန်း လျာထားခဲ့ရာ ဒီဇင်ဘာလ တတိယပတ်အထိ ဧက ၃ ဒသမ ၆၂ သိန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲဈေးက တဖြည်း ဖြည်းအေးလာပြီး ယခင်တစ်ပတ်က ပဲတစ်တင်း ၂၂၃ဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂ဝ၅ဝဝ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ ဈေးအေးပေမဲ့ ပုံမှန်ဝယ်လက် ရှိနေတာကြောင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့် တင်ပို့နိုင်ကြောင်း သိပါတယ်။                                                                                                အေးအေးခိုင်

Monday, 27 Dec 2010

ဒီဇင်ဘာ ဒုတိယပတ် မတ်ပဲ တန် ၁ဝဝဝဝ အထိ တင်ပို့          ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေက တန်ချိန် ၄ဝဝဝ ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယ အဝယ် အချို့ ရှိနေတာကြောင့် တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လှောင် လက်တချို့ ထုတ်ရောင်းမှုရှိပြီး ဝယ်လက်များ ဈေးလျော့အဝယ် ရှိတာကြောင့် ယခင်တစ်ပတ်ထက်ဈေး သိသိသာသာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                        ဒေါ်လာ/တန်                  မတ်ပဲ(FAQ)                          မတ်ပဲ(SQ) ၂၄-၁၂-၁ဝ     ၇၇ဝ-၇၈ဝ                             ၉၆ဝ-၉၇ဝ ၁၇-၁၂-၁ဝ    ၈၂ဝ-၈၃ဝ                         ၁ဝ၂ဝ-၁၁၂ဝ MIRT(MAPT)

Tuesday, 21 Dec 2010

 တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား             စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                                                                                                         ဧဧခိုင်

Tuesday, 21 Dec 2010

လက်ကျန်နည်းပြီး နောက်သီး အထွက်နည်းနိုင်လို့ ကျောက်ပန်းတောင်းမန်ကျည်းဈေးမာ                        ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းလက်ကျန် နည်းခြင်း၊ နောက်အသီးတင်မှု နည်းပြီး အထွက်နည်းနိုင်လို့ ကုန်သည်များက ဈေးကွက်အတွင်း ထိန်းပြီးရောင်းဝယ် နေမှုများကြောင့် မန်ကျည်းဈေး အနည်းငယ်တက်လာကာ ယခုရက်ပိုင်း အတွင်း ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းအသား အစေ့မပါ ထိပ်စတစ်ပိဿာ ၁၉ဝဝ ကျပ်၊ အလတ်စ ၁၈ဝဝ ကျပ်၊ အောက်စ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်၊ နှစ်ချို့မန်ကျည်း တစ်ပိဿာ ၁၁ဝဝ ကျပ်-၁၂ဝဝ ကျပ်ဖြစ်ပြီး ရန်ကုန် ဘုရင့်နောင်သို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၁ဝဝဝဝ -၂ဝဝဝဝ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။                       ကျောက်ပန်းတောင်းမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် ပိဿာ နှစ်သိန်းခွဲခန့်ရှိနေပြီး ယခုလာမဲ့ ဇန်နဝါရီလလယ်မှာ မန်ကျည်း အသစ် ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် မန်ကျည်းအသား အစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။                              မင်းးလွင်

Tuesday, 21 Dec 2010

 မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း                  မန်ကျည်းသီးမှည့်နယ်စပ်အပို့နည်း စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ  ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။                    တင်တင်ထွန်း(MIRT)

Tuesday, 21 Dec 2010

 မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း                  စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ  ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။                    တင်တင်ထွန်း(MIRT)

Tuesday, 21 Dec 2010

 ဟိုပုံးနနွင်း ဈေးကွက်ဝင်ပြီ           ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နာမည်ကြီးဟိုပုံးနနွင်းက ဈေးကွက်ကို အနည်းငယ် ဝင်ရောက်လာပါပြီ။ ဟိုပုံးမြို့နယ် နမ့်ခုတ်မြို့နယ်တွေကစပြီး ဝင်လာတာ လို့လည်းသိရပါတယ်။ နနွင်းဈေးက ဈေးကွက်ထဲကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်လာနေ ပါတယ်။ ယခုလတ်တလောဝင်နေတဲ့ နနွင်းတက်ကလည်း နနွင်းအစိုတွေသာ ဖြစ်ပါတယ်။ နနွင်းအစိုဈေးကလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၂ဝ ကျပ်၊ ၃၅ဝ ကျပ်ရှိတယ်လို့သိရပါတယ်။ နနွင်းအစိုကို နေလှမ်းအခြောက်ခံပြန်ပြုတ်ပြီးမှသာ နနွင်းတက်ခြောက်ရတာကြောင့် ၂ လပိုင်း၊ ၃ လပိုင်းခန့်လောက်မှသာ နနွင်းတက်ကို ဈေးကွက်မှာတွေ့ရပါတယ်။ နနွင်းတက်က အရောင်းအဝယ် အေးနေပေမဲ့ ဈေးကတော့ကောင်းနေပါတယ်။ အောင်ပန်းဈေး ကွက်မှ နနွင်းသန့်က တစ်ပိဿာ ၃၄ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်းခါးက ၁၅ဝဝ ကျပ်၊ နနွင်းခေါင်းက ၂ဝဝဝ ကျပ်ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းသန့်တစ်ပိဿာ ၃၅ဝဝ ကျပ်ရှိပါတယ်။ ဧဧခိုင်

Tuesday, 21 Dec 2010

နနွင်းတက်           မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း နနွင်းတက် ၈ ဒသမ ၄၇ တန်၊ ကန်ဒေါ်လာ ၁၅၇ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးက ကျပ် ၁ ဒသမ ၇၄ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးက ၁၉၅၅ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။                                                MIRT(DOBT)  

Pages