Background
Sunday, 28 Jun 2009
ပဲတီစိမ်းက တော်တော် များများ ထွက်လာဖို့ တာစူနေပါပြီ။ ဆောင်းသီးနံှတွေ ပေါ်ချိန်ကုန်ရင် ကြားမှာ စောင့်စရာ ပဲတီစိမ်းပ ဲရှိတာပါ။ ပဲတီစိမ်းကို ဒီနှစ်မှာ စောစော မြင်ရပါတယ်။ ဇူလိုင်လဆိုရင် လှိုင်လှိုင်ပေါ်မယ် ထင်ပါတယ်။ ပဲတီစိမ်း ပေါ်ချိန်မှာ အရေးအကြီးဆုံးက မိုးမဖောက်ဖို့ပါ။ မိုးမိ ပဲတီစိမ်းက ရောင်းပန်း မလှလို့ မိုးအခြေအနေကိုကြည့်ပြီး ဈေးဖွင့်လိမ့်မယ်လို့ ကုန်သည် သတင်းများက ဆိုနေပါတယ်။
Sunday, 28 Jun 2009
မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမင်း သမီးဖြစ်တဲ့ ပဲစင်းငုံနီဟာ ဝယ်လိုအား ကောင်းမွန်ခဲ့ပေမယ့် လက်ကျန် သုည ပြနေတဲ့အတွက် မရှိသလောက် ဖြစ်နေ တဲ့အတွက် ရောင်းသူဈေးကွက်ဖြစ်ခဲ့တာတွေ့ရပါတယ်။
