Main menu

Background

Monday, 29 Apr 2013

မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်အပြီး မုံရွာကုန်စည်ဒိုင် နှစ်ဆန်းပဲဈေးကွက်မှာ ပဲအများစု ဈေးတက်လာခဲ့ ပါတယ်။ နထစသမအ ဆွဲအားကြောင့်မဟုတ်ဘဲ မနှစ် ကရာသီဥတုအခြေအနေကြောင့် သီးနှံ အများစု အထွက်နှုန်း ထိခိုက်ခဲ့ပြီး၊ အခု လိုပဲလက်ကျန်နည်းချိန်မှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် တက်ဈေးဖြစ်ခဲ့ တာလို့ ကုန်စည်ဒိုင် အသိုင်းအဝန်းဆိုပါ တယ်။

Monday, 29 Apr 2013

နှစ်စဉ်ကုလားပဲတန်ချိန် ခုနှစ်သောင်းကျော် ဝယ်ယူ ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)ကို မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ ချောက်၊ ရေနံချောင်းအစရှိတဲ့ ဒေသများမှ ဝယ်ယူရရှိ ပါတယ်။

Monday, 29 Apr 2013

အဓိကပဲများဖြစ်တဲ့ ကုလားပဲ၊ စား တော်ပဲနဲ့ ပဲနီလေးအပါအဝင် ကမ္ဘာ့ ပဲမျိုးစုံစုစုပေါင်းထုတ်လုပ်မှုက လက်ရှိ ရာသီထက် ၂၀၁၃-၁၄ မှာ အနည်း ငယ် မြင့်တက်နိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ကုန်သည်နဲ့ ပဲလုပ်ငန်း သုတေ သနအဖွဲ့အစည်းနှစ်ပတ်လည် ညီလာခံ ကို တက်ရောက်ခဲ့တဲ့ ကျွမ်းကျင်သူများ က ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့ပဲမျိုး စုံ ရောင်းလိုအားနဲ့ ဝယ်လိုအားကို ဆွေး နွေးကြပြီး ညီလာခံမှာ ၂၀၁၃-၁၄ အတွင်းစားတော်ပဲထုတ်လုပ်တဲ့ အဓိက ဒေသများဖြစ်တဲ့ ကနေဒါ၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံများမှ ပိုမိုထုတ်လုပ်ခြင်းကြောင့် တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိလာနိုင် မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အနည်းငယ် ကျဆင်းပြီး တန်ချိန် ၃ ဒသမ ၆ သန်းသာ ထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကုလားပဲစိုက်ပျိုးမှု များလာ တာကြောင့် ကုလားပဲ ထုတ်လုပ်မှုမှာ ၂၀၁၂-၁၃ ရာသီမှာ တန်ချိန် ၉ ဒသမ ၄ သန်းမှ လာမယ့် နှစ်မှာ တန်ချိန် ၉ ဒသမ ၇ သန်းကို တိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။

Thursday, 11 Apr 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူး သန်းရောင်းဝယ်ရေးဇုန်အနေနဲ့ မတ်လ တွင် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တန်ဖိုးရှိ ငရုတ်သီးခြောက် ၁၅၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၄ တန်ကျော် လျော့ နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိနိုင်ငံမှ ငရုတ်သီးခြောက်များကို မဲဆောက်မှဘန်ကောက်အထိ တင်ပို့ပြီး ဘန်ကောက်တွင် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက်တင်ပို့ကြောင်း သိရှိရပါ တယ်။ ယခုအခါပြည်တွင်းမှာ ငရုတ် ထွက်ရှိမှုလျော့နည်းလာတဲ့အတွက်  ကုန်ပစ္စည်းရရှိမှုခက်ခဲလာသဖြင့် တင်ပို့မှုကျဆင်း လာကြောင်း သိရှိရပါ တယ်။

Thursday, 11 Apr 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်အနေနဲ့ မတ်လတွင်  ကန်ဒေါ်လာ သုည ဒသမ  ၃၉၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၉၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၈ တန် ပိုမိုတင်ပို့နိုင် ခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးကွက်အတွင်းသို့ ထိုး ဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီအလုံး သေးများကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ စားသောက်ဆိုင်များ နဲ့ဟိုတယ်များမှာ အသုံးပြုကြောင်း သိရပါတယ်။

Thursday, 11 Apr 2013

ဟိုပုံးနနွင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိနေ ပါတယ်။ နနွင်းသစ်တွေက ပေါ်ကာစမှာ(အစို)ဈေးက အတော်နိမ့်တာကြောင့် အစိုအတိုင်း အရောင်းအဝယ်သိပ် မဖြစ်လို့ ပြုတ်ခြောက်တွေပြုလုပ်ကြတာကြောင့် အခု ဈေးကွက်မှာ နနွင်းခြောက်တွေ လှိုင်လှိုင်ဝင်နေပါတယ်။ မတ်လကုန်လောက်က မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ အဝယ်နည်းသွားပါတယ်။ အရင်နှစ်ပတ် လောက်တော့ မူဆယ် ဝယ်လက်တွေက ပိဿာချိန် ၅ သောင်းခန့် ဝယ်ယူသွားတယ်လို့လည်း ဟိုပုံးနနွင်းပွဲရုံတွေက ဆိုပါတယ်။ ဒီနှစ်ကတော့ နနွင်းကို လှောင်လက်တွေက လည်း အများကြီးဝယ်ပြီး လှောင်ထားတာမျိုး မလုပ်တော့ဘဲ နနွင်းပွဲရုံတွေကသာ ကိုယ့်ပွဲရုံအတွက် ဝယ်ယူပြီး ကြိုက်ဈေး ရရင် ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးနနွင်းကတစ်ပိဿာ ၇၀၀ ကျပ် - ၇၂၀ ကျပ်ဈေးရှိပြီး၊ အရောင်းအဝယ်ဖြစ်ပေမယ့် အင်းလေးစကတော့ တစ်ပိဿာ ၆၀၀ ကျပ်ဈေးသာရှိပြီး၊ အရောင်းအဝယ်ကတော့ ပါးနေပါတယ်။

Thursday, 11 Apr 2013

ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၇၂ ဒသမ ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက မလေးရှားနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အများဆုံးတင်ပို့နိုင်ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ သာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ သုံးရာ့ရှစ်ဆယ်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

Thursday, 11 Apr 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ မန်ကျည်း ၁၀၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာစင်ကာပူနိုင်ငံကို ၃၁၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၇၅၁ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့မှုမှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မန်ကျည်း တင်ပို့မှုက တန်ချိန် တစ်ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့ခုနှစ် ဆယ်ကျော် အပို့လျော့ခဲ့ပါတယ်။

Thursday, 11 Apr 2013

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်းနေပါတယ်။ ချင်းပြန်စိုက်တဲ့အချိန် ရောက်လာ တာကြောင့် တောင်သူတွေကလည်း ချင်းပြန် စိုက်နေလို့ အဝင်ကလည်း ခပ်ပါးပါးသာရှိနေတယ်လို့ ဆိုပါတယ်။ ပင်လောင်း၊ တီကျစ်ကတော့ အဝင်မရှိသလောက်နည်းနေပြီး အောင်ပန်းအနီး တစ်ဝိုက် ကျေးရွာတွေကသာ အဝင်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေနဲ့ ဈေးပတ်သမား တွေသာ ဝယ်ယူမှုရှိနေတာကြောင့် ပြီးခဲ့တဲ့အပတ် ကတော့ ပိဿာချိန် ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လက်ကျန်လည်းအတော်နည်း သွားပြီဖြစ်ပါ တယ်။ အောင်ပန်းမှာ ချင်းဈေးက ရိုးရိုးချင်းက ၂၅၀ ကျပ်နဲ့ အခက်ကြီး အခက်လှ ချင်း တွေကတော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၄ ရက် နေ့ထိ ချင်းစို ပိဿာချိန် ၁၃၀၀၀၀ နဲ့ ချင်းခြောက်ပိဿာချိန် ၉၄၀၀ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။

Thursday, 11 Apr 2013

ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှမတ်လ ၂၄ ရက်မှ ၃၀ရက်အတွင်း ချင်း တင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လပထမပတ်အတွင်းမှာသာ တင်ပို့မှုရှိခဲ့ပြီး သုံး ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တယ်လို့ သိရပါတယ်။

Pages