Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူး သန်းရောင်းဝယ်ရေးဇုန်အနေနဲ့ မတ်လ တွင် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တန်ဖိုးရှိ ငရုတ်သီးခြောက် ၁၅၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၄ တန်ကျော် လျော့ နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိနိုင်ငံမှ ငရုတ်သီးခြောက်များကို မဲဆောက်မှဘန်ကောက်အထိ တင်ပို့ပြီး ဘန်ကောက်တွင် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက်တင်ပို့ကြောင်း သိရှိရပါ တယ်။ ယခုအခါပြည်တွင်းမှာ ငရုတ် ထွက်ရှိမှုလျော့နည်းလာတဲ့အတွက် ကုန်ပစ္စည်းရရှိမှုခက်ခဲလာသဖြင့် တင်ပို့မှုကျဆင်း လာကြောင်း သိရှိရပါ တယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်အနေနဲ့ မတ်လတွင် ကန်ဒေါ်လာ သုည ဒသမ ၃၉၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၉၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၈ တန် ပိုမိုတင်ပို့နိုင် ခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးကွက်အတွင်းသို့ ထိုး ဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီအလုံး သေးများကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ စားသောက်ဆိုင်များ နဲ့ဟိုတယ်များမှာ အသုံးပြုကြောင်း သိရပါတယ်။
ဟိုပုံးနနွင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိနေ ပါတယ်။ နနွင်းသစ်တွေက ပေါ်ကာစမှာ(အစို)ဈေးက အတော်နိမ့်တာကြောင့် အစိုအတိုင်း အရောင်းအဝယ်သိပ် မဖြစ်လို့ ပြုတ်ခြောက်တွေပြုလုပ်ကြတာကြောင့် အခု ဈေးကွက်မှာ နနွင်းခြောက်တွေ လှိုင်လှိုင်ဝင်နေပါတယ်။ မတ်လကုန်လောက်က မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ အဝယ်နည်းသွားပါတယ်။ အရင်နှစ်ပတ် လောက်တော့ မူဆယ် ဝယ်လက်တွေက ပိဿာချိန် ၅ သောင်းခန့် ဝယ်ယူသွားတယ်လို့လည်း ဟိုပုံးနနွင်းပွဲရုံတွေက ဆိုပါတယ်။ ဒီနှစ်ကတော့ နနွင်းကို လှောင်လက်တွေက လည်း အများကြီးဝယ်ပြီး လှောင်ထားတာမျိုး မလုပ်တော့ဘဲ နနွင်းပွဲရုံတွေကသာ ကိုယ့်ပွဲရုံအတွက် ဝယ်ယူပြီး ကြိုက်ဈေး ရရင် ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးနနွင်းကတစ်ပိဿာ ၇၀၀ ကျပ် - ၇၂၀ ကျပ်ဈေးရှိပြီး၊ အရောင်းအဝယ်ဖြစ်ပေမယ့် အင်းလေးစကတော့ တစ်ပိဿာ ၆၀၀ ကျပ်ဈေးသာရှိပြီး၊ အရောင်းအဝယ်ကတော့ ပါးနေပါတယ်။
ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၇၂ ဒသမ ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက မလေးရှားနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အများဆုံးတင်ပို့နိုင်ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ သာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ သုံးရာ့ရှစ်ဆယ်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ မန်ကျည်း ၁၀၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာစင်ကာပူနိုင်ငံကို ၃၁၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၇၅၁ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့မှုမှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မန်ကျည်း တင်ပို့မှုက တန်ချိန် တစ်ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့ခုနှစ် ဆယ်ကျော် အပို့လျော့ခဲ့ပါတယ်။
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်းနေပါတယ်။ ချင်းပြန်စိုက်တဲ့အချိန် ရောက်လာ တာကြောင့် တောင်သူတွေကလည်း ချင်းပြန် စိုက်နေလို့ အဝင်ကလည်း ခပ်ပါးပါးသာရှိနေတယ်လို့ ဆိုပါတယ်။ ပင်လောင်း၊ တီကျစ်ကတော့ အဝင်မရှိသလောက်နည်းနေပြီး အောင်ပန်းအနီး တစ်ဝိုက် ကျေးရွာတွေကသာ အဝင်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေနဲ့ ဈေးပတ်သမား တွေသာ ဝယ်ယူမှုရှိနေတာကြောင့် ပြီးခဲ့တဲ့အပတ် ကတော့ ပိဿာချိန် ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လက်ကျန်လည်းအတော်နည်း သွားပြီဖြစ်ပါ တယ်။ အောင်ပန်းမှာ ချင်းဈေးက ရိုးရိုးချင်းက ၂၅၀ ကျပ်နဲ့ အခက်ကြီး အခက်လှ ချင်း တွေကတော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၄ ရက် နေ့ထိ ချင်းစို ပိဿာချိန် ၁၃၀၀၀၀ နဲ့ ချင်းခြောက်ပိဿာချိန် ၉၄၀၀ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။
ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှမတ်လ ၂၄ ရက်မှ ၃၀ရက်အတွင်း ချင်း တင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လပထမပတ်အတွင်းမှာသာ တင်ပို့မှုရှိခဲ့ပြီး သုံး ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း(ဂျွန်) ၅၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခုတစ်ပတ်မှာ (ဂျွန်) ၆၀၀ ကျပ်၊ (ရှယ်) ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိတာကြောင့် တစ်ပိဿာ ၁၀၀ ကျပ်ခန့် မြင့်တက်သွားပါတယ်။ ယခုတစ်ပတ်အတွင်း အောင်ပန်းနယ်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်အဝင်ရှိပြီး၊ သြင်္ကန် အခါနားနီးလာလို့ တစ်နေ့ ပိဿာချိန် ၄၅၀ ခန့်နဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ပြည်ချင်း ဈေးကွက်မှ တစ်ဆင့် ဧရာဝတီ၊ ရခိုင်တို့ကို စားသုံးမှုအဖြစ် ယခုတစ်ပတ်မှာ ပိဿာချိန် ၃၅၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
၂၀၁၃ ခုနှစ်၊ ဧပြီလ ပထမပတ်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များနဲ့ လှောင်လက်တွေကြောင့် အရောင်း အဝယ်သွက်လက်ကြောင်း သိရပါတယ်။ ယခုဖြစ်ပေါ်နေ တဲ့ ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှု မျှတလျက်ရှိကြောင်း ပွဲစားကုန်သည်တစ်ဦးမှ ပြောပါတယ်။
ဧပြီလဆန်း ရှမ်းပြည်နယ်ရဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ စားဖိုချောင်သုံးပစ္စည်းနဲ့ ဆီထွက်သီးနှံများ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့် ပဲပြောင်းသီးနှံများ ဈေးပြန်မာခဲ့သလို နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကြီးကလည်း နီးလာလို့ နေ့စဉ် စည်ကားတိုးတက်အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။
