Main menu

Background

Thursday, 11 Apr 2013

ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း(ဂျွန်) ၅၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခုတစ်ပတ်မှာ (ဂျွန်) ၆၀၀ ကျပ်၊ (ရှယ်) ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိတာကြောင့် တစ်ပိဿာ ၁၀၀ ကျပ်ခန့် မြင့်တက်သွားပါတယ်။ ယခုတစ်ပတ်အတွင်း အောင်ပန်းနယ်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်အဝင်ရှိပြီး၊ သြင်္ကန် အခါနားနီးလာလို့ တစ်နေ့ ပိဿာချိန် ၄၅၀ ခန့်နဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ပြည်ချင်း ဈေးကွက်မှ တစ်ဆင့် ဧရာဝတီ၊ ရခိုင်တို့ကို စားသုံးမှုအဖြစ် ယခုတစ်ပတ်မှာ ပိဿာချိန် ၃၅၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်

Tuesday, 9 Apr 2013

၂၀၁၃ ခုနှစ်၊ ဧပြီလ ပထမပတ်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များနဲ့ လှောင်လက်တွေကြောင့် အရောင်း အဝယ်သွက်လက်ကြောင်း သိရပါတယ်။ ယခုဖြစ်ပေါ်နေ တဲ့  ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှု မျှတလျက်ရှိကြောင်း ပွဲစားကုန်သည်တစ်ဦးမှ ပြောပါတယ်။

Tuesday, 9 Apr 2013

ဧပြီလဆန်း ရှမ်းပြည်နယ်ရဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ စားဖိုချောင်သုံးပစ္စည်းနဲ့ ဆီထွက်သီးနှံများ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့် ပဲပြောင်းသီးနှံများ ဈေးပြန်မာခဲ့သလို နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကြီးကလည်း နီးလာလို့ နေ့စဉ် စည်ကားတိုးတက်အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

ဧပြီလ ပထမပတ်အတွင်း ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး တစ်တင်းကို ၇၅၀၀ ကျပ်ဈေးနဲ့ တစ်ရက်အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲသီးနှံကတော့ ဈေးကွက်အတွင်း အဝင်လှိုင်လာပြီး တစ်ရက်အိတ် ၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၁၆၁၀၀ ကျပ်၊ ယခုအပတ်မှာ ၁၆၈၀၀ ကျပ်ဈေးနဲ့ ရန်ကုန်ဈေးကွက်သို့ တစ်ရက်မတ်ပဲအိတ် ၃၀၀၀၊ ပြောင်းစေ့အိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ အေးအေးခိုင်-ဟင်္သာတ

Tuesday, 9 Apr 2013

ပဲခူးတိုင်းဒေသကြီးပြည်ပဲဈေးကွက်မှာ ဧပြီလဆန်းပိုင်း အတွင်း မတ်ပဲ၊ ပဲကြီး၊ ပဲပုပ်၊ ထောပတ် ပဲဈေးများ ဈေးပြန်မြင့် လာခဲ့ပြီး၊ ပဲစင်းငုံသီးနှံတစ်မျိုးသာ ဈေးငြိမ်အရောင်း အဝယ် ဖြစ်လျက် ရှိနေတာကိုတွေ့ရ ပါတယ်။ မတ်ပဲသီးနှံမှာ ဈေးကွက် သို့ ပန်းတောင်း၊ ပေါင်းတ လည်၊ ပေါက်ခေါင်းမြို့နယ်များ မှ နေ့စဉ် အိတ် ၅၀၀ ကျော်အဝင်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် ကလည်း ဈေးပိုပေးဝယ်ယူလာတဲ့အတွက် တစ်တင်း ၁၆၉၀၀ ကျပ်ထိ ဈေးပြန်မြင့် လာခဲ့ပါတယ်။ မတ်လကုန်မှာ တစ်တင်း ၁၆၁၁၀ ကျပ်သာ ရောင်းဝယ်မှုရှိတဲ့အတွက် ယခုတစ်ပတ်မှ ၁၀၀၀ ကျပ်နီးပါးဈေးပိုလာခဲ့ပါတယ်။

Tuesday, 9 Apr 2013

မုံရွာကုန်စည်ဒိုင် ဧပြီလဆန်းပဲ ဈေးကွက်မှာ ငုံနီဟာ ရန်ကုန်ဝယ်လက် တစ်ခုသာ အားပြုနေရဆဲဖြစ်ပြီး၊ နယ်ပစ္စည်းအဝင်ကျဲသွားလို့ တစ်တင်း ၂၁၀၀၀ ကျပ်ထိ ဈေးအနည်းငယ်မာ လျက်ရှိပါတယ်။ ဈေးအနေအထား အရ လှောင်လက်သမားတွေ မဝယ်ရဲသလို၊ လှောင်ထားတဲ့ပဲတွေကိုလည်း မထုတ်ရဲ လို့ ခုလိုဈေးမာနေတာဖြစ်ပြီး၊ ရန်ကုန် လက်အတွက် တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင် ပုံမှန် အရောင်းအဝယ်ဖြစ် တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

ယခုတစ်ပတ် ကုလားပဲဈေးကွက် မှာလည်း Export အတွက် ဝယ်လက် မရှိခဲ့ဘဲ ဒေသတွင်းပဲကြော်ဖို၊ ခွဲစက်၊ ကြာဇံလိုင်းသမားအဆွဲနဲ့ နယ်ဒိုင် ကုန်သည် လှောင်လက်အဝယ်ပုံမှန်ရှိလို့ ဈေးငြိမ်လျက်ရှိပါတယ်။ ကုလားပဲ ဈေးကွက်မှာ V2 တစ်တင်း ၁၇၆၀၀ ကျပ်မှ ၁၇၉၀၀ ကျပ်အတွင်းပေါက် ဈေးဖြစ်ပေါ်ခဲ့ပြီး၊ လုပ်ငန်းသုံး သမားနဲ့ လှောင်လက်အဝယ်ကြောင့် တစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ခန့် အရောင်းအ ဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲ ရိုးရိုး တစ်တင်း ၁၇၅၀၀ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၁၇၄၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၇၈၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပြီး ဒေသသုံးနဲ့ လှောင်လက်အဝယ်ကြောင့် တစ်ရက်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နယ်စုံက ပဲအဝင်ပုံမှန် ဝင်နေ တယ်လို့ သိရပါတယ်။Export  နဲ့ ရန်ကုန် အသုံးရှိတဲ့ ပုဂံပဲဟာ ဝယ်လို အားရှိပေမဲ့ ပစ္စည်းအဝင်နည်းလို့ ယခု တစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ် ဈေးပေါက်နေပြီး၊ တစ်ရက်ကို အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ယခုတစ်ပတ်မှာ နယ်ပစ္စည်း အဝင်မရှိလို့ မတ်ပဲဈေး နေ့စဉ်မထွက် နိုင်ဘဲ  ပစ္စည်းဝင်တဲ့နေ့မှာတော့ တစ် တင်း ၁၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကပြောပါ တယ်။ ပဲကြီးဈေးကွက်မှာ အညာလိုင်း ဖြစ်တဲ့ ချင်းတွင်းအထက်ပိုင်း ဒေသ များမှ နေ့စဉ်ပဲပုံမှန်ဝင်လျက်ရှိပြီး လုပ် ငန်းသုံးသမား လှောင်လက်နဲ့ ရန်ကုန် ဝယ်လက်ရှိလို့ တစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ယခုတစ်ပတ်အ တွင်း ပဲကြီးတစ်တင်းအကြီး ၂၄၅၀၀ ကျပ်နဲ့ အသေး ၂၂၅၀၀ ကျပ် ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် မြေထောက်ပဲ ဈေး ကွက်မှာလည်း ဟုမ္မလင်း၊ ဖောင်းပြင်စ တဲ့ ချင်းတွင်းအထက်ပိုင်းက ပုံမှန်ဝင် လျက်ရှိပြီး၊ ရန်ကုန်လက်ကဝင်သမျှ သိမ်းနေလို့ တစ်တင်း ၂၉၀၀၀ ကျပ် အမြင့်ဈေးဖြစ်ခဲ့သလို တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုနှစ် ပဲသစ်ရာသီအစထဲကExport ဝယ်လိုအားဟာ ရွေးကောက်ပဲဈေး ကွက်ဖြစ်နေကာ ဒေသထွက်ငုံနီ၊ ကုလားပဲတို့ဈေးငုတ်နေပြီး အထက် လိုင်းကလာတဲ့ မြေတောက်ပဲနဲ့ ပဲကြီး ကြောင့် Export ဝယ်လက်နဲ့ ဈေး ကွက်ရှင်သန်လျက်ရှိနေရတာ ဖြစ်တယ် လို့ ကုန်သည်နဲ့ပွဲစားများရဲ့ သုံးသပ်ချက် အရ သိရပါတယ်။ထွန်းလှိုင်-မုံရွာ
 

Tuesday, 9 Apr 2013

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး အတွင်းမှာ ပဲစိုက်ပျိုးတဲ့ စိုက်ဧရိယာဧကများသလို  ပဲအထွက် များတဲ့အတွက် ပဲပိုလျှံဒေသဖြစ်ပါတယ်။ ပဲပိုလျှံတဲ့ ဒေ သဖြစ် တဲ့အတွက် ပိုလျှံတဲ့ပဲတွေကို ပဲလိုတဲ့အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များသာမက အိမ်နီးချင်းပြည်ပနိုင်ငံများ ကို တင်ပို့ ရောင်းချပါတယ်။ ပဲစိုက်ပျိုး ထွက်ရှိတဲ့ဒေသနဲ့ နီးစပ်တဲ့ မန္တလေးမြို့ပေါ်မှာ ပဲသန့်စင်စက်၊ ပဲခွဲစက်၊ အမှုန့်ကြိတ်စက် အမြောက်အမြား တည်ဆောက်ကြိတ်ခွဲလျက်ရှိပါတယ်။

ယခုနှစ်မှာ အဓိကအရောင်းအဝယ်ပြုလုပ်တဲ့ ပဲဈေး မြင့်တာကြောင့် အရင်းအနှီးတတ်နိုင်တဲ့ ပဲခွဲစက် ပိုင်ရှင် များသာ ပဲများကိုလှောင်ပြီး ကြိတ်ခွဲနိုင်ကြောင်း၊ ပဲခွဲစက်ငယ် ကလေးများမှာ ကုန်သည်ကြီးတွေဆီက ကုန်ကြမ်းယူ ကုန် ချောပေးလက်ခစားအဖြစ်နဲ့သာ ရပ်တည်နေတာမို့ ပဲခွဲစက် ငယ်ပိုင်ရှင်တစ်ဦးကို မေးမြန်းရာမှာ ကျွန်တော်ရဲ့ ပဲခွဲစက်ဟာ တစ်ရက်ကို ၃ တင်းဝင်အိတ် ၆၀ ကျော် (ကုလားပဲ) ကြိတ်ခွဲ နိုင်တဲ့အတွက် ပိဿာ ၃၅၀၀ နီးပါးရှိပါတယ်။ ကုလားပဲ ထိုင်ဝမ် တစ်ပိဿာ ၉၂၄ ကျပ်ဈေးရှိ လို့ တစ်ရက်ကုန်ကြမ်း ပဲအရင်းအနှီးငွေ ကျပ် ၃၂ သိန်းကျော်ရှိပြီး၊ မီတာခ၊ စက် ပစ္စည်းခ၊ သယ်ယူစရိတ်၊ လုပ်သားခပေါင်းလိုက်ရင် ၃၃ သိန်း ကျော်ရှိသွားပါတယ်။ အရင်းအနှီးများပေမယ့် အကျိုးအမြတ် အနည်းငယ်သာ ရတဲ့အတွက် ကျိန်းသေပေါက်ဝင်ငွေရနိုင်တဲ့ နဝလီကြိတ်ခွဲခြင်းနဲ့သာ ရပ်တည်ပါတယ်။ လုပ်သားအလုပ် အကိုင်ရရှိရေးအတွက် စက်လည်ပတ်ကြောင်း၊ ပဲဈေးအ တက်အကျ ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းရခက်ခဲတာကြောင့် တစ်ကြောင်း၊ အရင်းအနှီး မလုံလောက်တာလည်း တစ် ကြောင်း၊ ပဲဈေးမြင့်တာကို မကြောက်ကြောင်း ဈေးတည် ငြိမ်မှုရှိပါက ကုန်ကြမ်းဈေးကို အခြေခံပြီး၊ ကုန်ချောဈေးကို တွက်ချက်နိုင်သဖြင့် အမြတ်နည်းသော်လည်း အရှုံးမပေါ်နိုင် ကြောင်း ပြောကြားပါတယ်။ သြင်္ကန်ရက်တွင်းနဲ့ သြင်္ကန်ရက်ကျော်လွန်ပါက ပဲ ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်အများစုခန့်မှန်းထား တဲ့ အတွက် ယခုရက်ပိုင်းမှာ ပဲဈေးအမြင့်နဲ့ အရောင်းအဝယ်ပြု လုပ်ကြောင်း သိရပါတယ်။ အဲဒီလို ပဲဈေးမြင့်လေလေ ပဲခွဲ စက်ငယ်ကလေးများက (နဝလီ) ကုန်သည်ကြီးများဆီက ပဲကုန်ကြမ်းအပ်ထည် မျှော်ရလေလေဖြစ်နေဦး မှာ ဖြစ် ကြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။ စိုးအောင် - မန္တလေး
 

Tuesday, 9 Apr 2013

ဒေသတွင်း မုန့်လုပ်ငန်း၊ နို့ဆီချက် လုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ အရက် ချက်လုပ်ငန်းများက သကြား ပုံမှန် ဝယ် ယူမှုရှိပြီး၊ သကြားဈေးငြိမ်နေကြောင်း သိရပါတယ်။ သကြားဈေးငြိမ်နေပေ မယ့် သကာပွက်ရည်ဈေး ဒီအပတ် အတွင်းမှာ ရုတ်တရက် ထိုးတက် ကြောင်း အံ့သြဖွယ်တွေ့ရပါတယ်။ ယခင်အပတ်၊ ယခင်လများမှာ သကာ ပွတ်ရည် တစ်ပိဿာ ၁၀ ကျပ် ဈေးမြင့် သွားတိုင်း သကြားဈေးလည်း တစ် ပိဿာ ၁၀ ကျပ် - ၁၁ ကျပ် မြင့်တက် သွားတတ်ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်၊ မတ်လနောက်ဆုံးအပတ်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ သကြားနဲ့ သကာပွက်ရည်ဈေးနှုန်းမှာ သကြား A (၈၅၀ ကျပ်)၊ B (၈၄၀ ကျပ်)၊ C (၈၃၀ ကျပ်)ဖြစ်ပြီး၊ သကာပွက်ရည် ဈေးနှုန်း မှာ သကာပွက်ရည် တစ်ပိဿာ ၆၂၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ နေ့စဉ်သကြား ၃၀ ပိဿာ အိတ်နဲ့ ၃၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအ၀ ယ်အေးကြောင်း သိရပါ တယ်။

Tuesday, 9 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လ ၂၀ ရက်မှ ၂၆ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၉၀၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၆၇၀၀ ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအ လိုက်ပြောင်း တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၆၅၆ တန်၊ ချင်းရွှေဟော်မှ ၈၄၂၂ တန်ကျော်နဲ့ ကန်ပိုက်တီး စခန်းမှ ၆၂၅ တန်တို့ဖြစ်ပါတယ်။ ယခင်အပတ်က စခန်း (၃) ခုပေါင်း တန်ချိန် ၆၉၅၁ တန်ခန့်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာပြောင်းဖူးစေ့တင်ပို့မှု တန်ချိန် ၉၇၅၀ ကျော် ပိုမိုခဲ့တာတွေ့ရပါတယ်။ မတ်လ ၁ ရက်မှ ၂၆ ရက်ထိ တရုတ်နယ်စပ်စခန်းများမှ ပြောင်း ၄၃၀၀၀ တန်ကျော်တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံ မှာ ပြောင်းဖူးစေ့ကို စားသောက်ကုန်အပြင် တိရစ္ဆာန်အစာမှာ အသုံးပြုနေကြတဲ့အတွက် ဝယ်လိုအားများ လာတာနဲ့အ မျှ အစေ့ထုတ်ပြောင်း ဈေး ကောင်းရလျက်ရှိနေပါတယ်။ နှစ်ဖက်နိုင်ငံပြောင်းဈေးများကို ယခင်အပတ်နဲ့ နှိုင်း ယှဉ်ဖော်ပြပေးလိုက်ပါတယ် -

Tuesday, 9 Apr 2013

မနှစ်က ဆောင်းကြက်သွန်နီ တူးဖော်ချိန်မှာ တစ်ပိဿာ ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ထိ ဈေးကောင်းရ တွက်ခြေကိုက်ခဲ့လို့ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ မုံရွာတစ်နယ်လုံးက ကြက်သွန် တောင်သူတွေ ဈေးကွက်မျှော်လင့်ချက် နဲ့ အားတတ်သရော၊ ဧကတိုးချဲ့စိုက်ခဲ့ကြပါတယ်။ ရာသီဥတုကလည်း မိုးလေကင်း လို့ ယခုနှစ် အထွက်နှုန်းက တစ်ဧက ၄၅၀၀ ပိဿာခန့်ကနေ ၈၀၀၀ ထိ ထွက်တယ်လို့ မြေနဲကျေးရွာက ကြက်သွန်တောင် သူ ဦးစိုးညွန့်က ပြော ပါတယ်။ ကြက်သွန်နီရဲ့ ထွက်နှုန်းဟာ မျိုး၊ မြေ၊ ရေနဲ့ ပံ့ပိုးပစ္စည်းအသုံးပေါ်မူတည်ပြီး၊ တစ်နယ်နဲ့ တစ်နယ်  တစ်ဦးနဲ့ တစ်ဦး ပမာဏမတူညီနိုင်သလို ကျွဲရဲ ကျေးရွာဘက်က အင်းမြေကွင်းလို သဘာဝမြေဆီမြေနှစ် ကောင်းတဲ့ ယာမှာ တစ်ဧက ပိဿာ ၈၀၀၀ ထိ ထွက်ခဲ့တယ် လို့ ဆိုပါတယ်။

Pages