Main menu

Background

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ မတ်ပဲ ၁၀ တန်ကျော်ကို ကန် ဒေါ်လာ သုည ဒသမ ၀၀၇ သန်းဖိုး၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းဖိုးရှိတဲ့ မတ်ပဲ ၁၁ တန်ခွဲကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်က တမူး စခန်းတစ်ခုတည်းမှသာ မတ်ပဲ ၅ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ် မတ်ပဲ တင်ပို့မှုအားကောင်းနေတာေ တွ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို ယှဉ် ကြည့်တဲ့အခါ မိမိဘက်ဈေးမြင့်လာတာ တွေ့ရပါတယ်-

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၀၈၂ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးပြည့် ၉၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၈၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း တန် ၈၀ ကျော်ကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ပဲတီစိမ်းတင်ပို့မှု လုံးပြည့်ရောလုံးခြမ်းပါ ၇၃ တန်ကျော်သာ ရှိခဲ့တဲ့ အတွက် ယခုအပတ်မှာ ၂ ဆကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်ဈေးမှာ ယခင်အပတ်ကထက် အနည်းငယ် ဈေးမြင့်နေတာ တွေ့ရပါတယ်-

Wednesday, 12 Dec 2012

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပခုက္ကူကနေ ရန်ကုန် ကို နှမ်း ၂၀၆၀ အိတ်၊ ပဲတီစိမ်း ၂၂၇၉ အိတ် စွန်တာပြာ ၃၃၈ အိတ်၊ ကုလားပဲဖြူလုံးကြီး ၅၃၉ အိတ် ကုလားပဲဝါ ၃၀၀ အိတ်၊ ပဲယင်း ၂၀၀ အိတ်၊ စားတော်ပဲ ၇၀ အိတ်၊ မန္တလေးကိုနှမ်း ၁၃၃ အိတ်၊ ထောပတ်ပဲ ၆၄ အိတ်၊ ပြောင်း ဖူးစေ့ ၁၃၁ အိတ်၊ စွန်တာပြာ ၇၀ အိတ်အထွက်ရှိတာ တွေ့ ရပါတယ်။ သယ်ယူခနှုန်းထားတွေအနေနဲ့ ရန်ကုန်ကို တစ် ပိဿာ ၃၄ ကျပ်မှ ၄၅ ကျပ်ထိ အမျိုးမျိုးရှိပါတယ်။ မန္တလေး ကို သယ်ယူခတစ်ပိဿာ ၁၄ ကျပ်ပါ။ ဘာကြောင့်ဒီလို ဖြစ် ရလဲဆိုတော့ ကားဂိတ်တွေ အပြောအရ ပခုက္ကူမြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပစ္စည်းလာပို့ရင် ပြန်ကြမဲ့ကားတွေဟာ အခွံပဲ  ပြန်ရမယ့်အတူတူ ရမယ့်ပစ္စည်းကို ဖြစ်ပေါ်နေတဲ့ ကုန်သယ်ခထက်လျော့ပြီး၊ လမ်းသင့်သလို တင်သွားကြတဲ့ အတွက် ဖြစ်ရတာပါလို့ သိရပါတယ်။ ကုန်ပစ္စည်းသယ်ယူမှု လျင်မြန်သွက်လက်လာတာကို မုဒိတာပွားစရာဖြစ်ပေမယ့် အခြေချလိုင်းဝင် ထားတဲ့ ကားပိုင်ရှင်တွေအဖို့ မတည်ငြိမ်တဲ့ သယ်ယူခနှုန်းထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရ တယ်လို့ဆိုတာ လည်းကြားသိရပါတယ်။ပခုက္ကူကနေ ရန်ကုန်၊ မန္တလေးကို ကုန်စည်စီးဆင်းမှု ထိုက်သင့်လျှောက်ပတ် စွာရှိ နေပေမယ့် ဒိုင်မှာတော့ အရောင်းအဝယ်ပါးတာကိုလည်း တွေ့ရှိရပါတယ်။

Wednesday, 12 Dec 2012

ဒီဇင်ဘာလဆန်း မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ ပဲတီစိမ်း အသေးအကြီး ၂ မျိုးလုံး အဝင်လှိုင်ခဲ့ပြီး၊ အဝယ်အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဈေးကွက်က တော့ ဒေသတွင်းလုပ်ငန်းသုံး ဝယ်လက်သာရှိလို့ အရောင်း အဝယ်နှေး ဈေးအေးခဲ့တာတွေ့ရပါတယ်။ လုပ်ငန်းသမား၊ အများသုံးတဲ့ V 2ကုလားပဲဈေးဟာယခုတစ်ပတ်မှာ တစ်တင်း ၁၅၈၀၀ကျပ်မှ ၁၆၂၀၀ ကျပ်အတွင်းဈေးငြိမ်နေပြီး အရောင်း အဝယ်အားဖြင့် တစ်ရက်မှာ အိတ် ၅၀၀ ဝန်းကျင်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ 929 နဲ့ ထိုင်ဝမ်ကုလားပဲတွေလည်း နယ်အဆွဲ မရှိဘဲ ဒေသ စက်သမားအဝယ်သာရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ယခုပတ်ပေါက်ဈေးအနေနဲ့ 929 တစ်တင်း ၁၇၃၀၀ ကျပ်မှာတန့်နေကာ ထိုင်ဝမ်တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်အတွင်း ဈေးငြိမ်နေတယ်လို့သိရပါတယ်။

Monday, 10 Dec 2012

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ ပြည်တွင်းပဲဈေးကွက် အနည်းငယ် လှုပ်ရှားခဲ့ပြီး ဝယ်လက်ပြန်အေးသွားလို့ ယခုတစ်ပတ် မှာတော့ ပဲဈေးများဆက်ပြီး လျော့လာတာ တွေ့ရပါတယ်။ မတ်ပဲ ဈေးအနေနဲ့ ရန်ကုန် FOB ဈေးကပြီးခဲ့တဲ့ တစ်ပတ်မှာဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ ၅၃၀-၅၅၀ နဲ့ ငြိမ်နေပေမဲ့ ပြည်တွင်းအရောင်း အဝယ်ဖြစ်တဲ့ ဈေးကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ကျပ်တစ် သောင်း ကျော်ခန့် လျော့ကျခဲ့ပြီး ပဲတီစိမ်းကတော့ ရန်ကုန်  FOB ဈေးဒေါ်လာ ၃၀ ခန့် ကျဆင်းပေမဲ့ ဒိုင်ပေါက်ဈေးကတော့ ကျပ် ၆၉၀၀၀၀ ကျော်မှာ တစ်ပတ်လုံးငြိမ်နေပါတယ်။ အဝယ်မရှိ သလောက်ဖြစ်နေတဲ့ ပဲစင်းငုံကတော့ FOB  ဈေး တစ်တန် ကန် ဒေါ်လာ ၁၀ ခန့်လျော့ကျသလို ပြည်တွင်းဈေးကလည်း ကျပ် တစ်သောင်းကျော် လျော့ကျတာ တွေ့ရပါတယ်။

Wednesday, 5 Dec 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၃၀-၁၁-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု
23/11
30/11
ပြောင်းလဲမှု

1
မတ်ပဲ
735
727

600
583

660
625

725
-

2
ပဲစင်းငုံ

857

833

808
775

810
775

810

815

3
ပဲတီစိမ်း
1165
1130

747
800

1053
1000

1026
1015

4
ကုလားပဲရိုးရိုး
1240
1240

960
960

895
832

958
963

5
ပဲလွန်းဖြူ
950
950

950
967

-
1053

763
-

6
ထောပတ်ပဲ
865
865

978
978

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Wednesday, 5 Dec 2012

နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၆၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS -3 တန်ချိန် ၆၀ ကိုသာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ရော်ဘာအဆင့်စုံ တန် ၁၀၆၈ တန်ကျော်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ထက် ၂ ဆနီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်စခန်းမှ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ရော်ဘာ ၃၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၃ သန်းတန်ဖိုးရှိ RSS -3 ၂၉၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုးရှိ MSR-20 ၂၀၃  တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ မြေပြင် ပေါက်ဈေးများ မှာ ပြောင်းလဲမှုမရှိတာကို တွေ့ရှိရပါတယ် - မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု           ယခင်       ပြောင်းလဲမှု    %      ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၂၈၀၀    ၂၅၇၂၈၀၀            -          -      ၃၀၈၁     ၃၀၈၁            -           -RSS - 5    ၂၅၀၅၈၀၀    ၂၅၀၅၈၀၀            -          -      ၃၀၀၁     ၃၀၀၁            -           -MIRT (DOBT)

Wednesday, 5 Dec 2012

နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ယခုအပတ်သကြားတင်ပို့မှုဟာ ယခင် အပတ် တင်ပို့မှုထက် ၅၁၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၆၅၈ သန်းတန်ဖိုးရှိ သကြားညို ၅၆၁ တန်ကျော်နဲ့ သကြားဖြူ ၅၅၄ တန် တင်ပို့နိုင်ခဲ့ တာဖြစ်ပြီးယခုအပတ်မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။ MIRT(DOBT)

Monday, 3 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမူဆယ်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်း တစ်ဖက် နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၄၃၀၅ တန်ကို ကန်ဒေါ်လာ ၄ ဒသမ ၈၁၈ သန်းဖိုးနဲ့ လွယ်ဂျယ်မှ  ၄၁၉ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၀ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်ပြောင်းကားစီးေ ရပျမ်းမျှ ၁၀၅ စီး ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ နိုဝင်ဘာလတစ်လလုံးတင်ပို့ခဲ့တဲ့ပြောင်း တန်ချိန်ကတော့ ၆၆၄၁၁ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂၂ ဒသမ ၁၁၂ သန်း ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု        ယခင်      ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၂၆၂၆၃၇    ၂၇၅၆၇၀       ၁၃၀၃၃       ၅     ၃၂၁     ၃၃၇            ၁၆        ၅MIRT (DOBT)

Monday, 3 Dec 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ နိုဝင် ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မန်ကျည်းစေ့ဟာ ပင်လယ်ဆား ငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေ နဲ့ရောပြီး ဆောက် လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ  MIRT(DOBT)

Pages