Main menu

Background

Wednesday, 29 Aug 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့  သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တင်ပို့လျက်ရှိတဲ့ အခြား ပဲမျိုးစုံများကတော့ ပဲလွန်းဖြူ၊ ပဲပုပ်စေ့၊ စွန်တာနီပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြား တို့ဖြစ်ပါတယ်။ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၄ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၄၆ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၉၉ သန်းတန်ဖိုးရှိ စွန်တာနီပြာ ၁၅၂ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၈၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ တန် ၁၄၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပဲနီကြား ၁၃ တန်အသီးသီး ဖြစ် ပါတယ်။ ယခင်အပတ်ကထက် ထောပတ်ပဲနဲ့ ပဲနီကြားသာအပို့လျော့ခဲ့ပြီး ကျန်ပဲ များကတော့ ယခင်အပတ်ကထက် အပို့ပိုမိုခဲ့ပါတယ်။ MIRT(DOBT)

Wednesday, 29 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၅၅ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၈၅၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၇၁ တန်ကျော်ကို   သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က အပို့ မရှိခဲ့တဲ့လုံးခြမ်းများ ယခုအပတ်မှာတင်ပို့မှုရှိခဲ့သော်လည်း လုံးပြည့်တင်ပို့မှုကတော့ ယခင်အပတ်ကထက် ၂၂၉ တန်ခန့် လျော့နည်းခဲ့ ပါတယ်။

Wednesday, 29 Aug 2012

မုံရွာကုန်စည်ဒိုင် သြဂုတ်လဒုတိယပတ်ပဲဈေးကွက်မှာ ကုလားပဲအုပ်စုဝင် V2 ထိုင်ဝမ်နဲ့  929 ပဲအားလုံး ပုံမှန် အရောင်းအဝယ်သာဖြစ်ခဲ့ပါတယ်။ V2 အနေနဲ့ ဒေသတွင်း စက်သမား၊ ကြာဇံသမားတွေ အဝယ်ပုံမှန်ရှိပြီး၊  နယ်အဆွဲမရှိ ပေမဲ့ တစ်နေ့ကို အိတ် ၅၀၀ မှ ၇၀၀ ကြား နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့ကာ ပေါက်ဈေးအားဖြင့် ယခုတစ်ပတ်မှာ တစ် တင်းအနိမ့်ဆုံး ၂၁၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၂၅၀၀ ကျပ်ဖြစ် ပေါ်ခဲ့ပါတယ်။

Monday, 27 Aug 2012

မြန်မာနဲ့ ထိုင်းကြက်သွန်ဖြူထွက်ရှိတဲ့ ရာသီဥတု တူ ညီတာကြောင့် မြန်မာဘက်မှကြက်သွန်ဖြူများအား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ဌာန တာဝန်ရှိသူနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ ဇူလိုင်လ ၂၄ ရက်က တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

Monday, 27 Aug 2012

ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာထပ်ပြီးတက်လာပါတယ်။ ဒါပေမယ့် ပစ္စည်းက အဝင်လည်းမရှိ၊ လာရောင်းမယ့်သူလည်း မရှိဖြစ်နေပါတယ်။ လက်ကျန်တွေရှိနေပေမယ့် ဈေးကွက်မှာ အဝင်မရှိဘူးလို့ သိရပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၈ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်မှ ၂၇၉ တန်ကျော်နဲ့ မြဝတီမှ ၁၇ တန်ခွဲအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၀ တန်နီးပါးကိုလည်း မူဆယ်နယ်စပ်မှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
 

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်နေ့တာကာလအတွင်း နနွင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာတော့ တန် ၃၀ ကျော်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၄၉ ဒသမ ၁ တန်ဖြစ်ခဲ့ပြီး ဇွန်လရဲ့ စုစုပေါင်းတင်ပို့မှုတန်ချိန်က ၇၆ ဒသမ ၄၆ တန်ဖြစ်ခဲ့တာကြောင့် ဇူလိုင်လမှာ အပို့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ နနွင်းတင်ပို့မှုက ၂၀၅ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာ အပို့ နည်းခဲ့ပါတယ်။                  MIRT(DOT)

Monday, 27 Aug 2012

ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ်ပါတယ်။

Monday, 27 Aug 2012

ချင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိဆဲပါပဲ။ သီတင်းကျွတ်လောက်ဆိုရင် တော့ ချင်း(ဥမ)တွေကုန်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ချင်း တက်တွေက ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၂ တန်ကျော် မြဝတီနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှအပို့ရှိခဲ့ပြီး ယခုအပတ်မှာတော့ မြဝတီနယ်စပ်မှသာ အပို့ ရှိခဲ့တာဖြစ်ပါတယ်။                                                             MIRT(DOBT)

Pages