Main menu

Background

Wednesday, 6 Oct 2010

ဂဏန်းများ ချင်းရွှေဟော်မှ စတင် တင်ပို့ပြီ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၃ဝရက်နေ့က စတင်၍ မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့်ကဏန်းများကို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပထမဆုံးစွန့်ဦးတီထွင် ဈေးကွက်သစ်ရှာဖွေ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။       '' သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့မူဆယ်အခြေစိုက်ကုမ္ပဏီတစ်ခုကနေ ပထမဆုံးစမ်းသပ်တင်ပို့တာပါ။ လေလံဈေးကကဏန်းအရှင် မက်ထရစ် တန် တစ်တန်ကို ၂၅၅ဝ ဒေါ်လာရှိပါ တယ်။ မန္တလေး-မူဆယ်၊ မန္တလေး- ချင်းရွှေဟော်ဆိုပြီး နှစ်လမ်းရှိရာမှာ ချင်းရွှေဟော် စခန်းကနေ တင်ပို့သူတွေ အနေနဲ့ မန္တလေး ကနေ ရေပူ ချက်ပွိုင့် မှာဝင်ရောက်စစ်ဆေး ခံပြီး ချင်းရွှေ ဟော်ကို ပို့ရာမှာ ညနေပိုင်း က ကားစထွက်ရင် နောက်တစ်နေ့ မနက်ပိုင်းဆို ရောက်ပါတယ်။ လမ်းခရီးမှာအသေအ ပျောက်နည်းတာတွေ့ရပါတယ်။ ပထမ ဆုံးတင်ပို့တာ ၃ ဒသမ ၆ တန်ပါ။ တစ်လကို တန် ၁ဝဝ လောက်တင်ပို့ နိုင်ဖို့ မျှော်မှန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်'' ဟုချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။       ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းက တင်ပို့သူများအနေဖြင့် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၃ ရက်အထိ ကဏန်းများ တင်ပို့ခဲ့သည့် အတွေ့အကြုံများအရမူဆယ် ဈေးကွက်နှင့်မခြား ဈေးကွက် ခိုင်မာမှု ရှိကြောင်း သိရသည်။         ခင်မျိုးသွယ် 

Wednesday, 6 Oct 2010

 ရေချိုငါးတင်ပို့မှုက ၅ဝ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ထားနိုင်ပြီ      မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသော ရေခိုျငါးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ငွေ၏ ၅ဝ ရာခိုင်နှုန်းခန့်ကို အကောင်အထည်ဖော်ထားနိုင်ပြီဖြစ်ကြောင်း ရေခိုျငါးမွေးမြူရေး အသင်းကသိရသည်။     '' ရေချိုငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ ၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီယား၊ ငါးတန်၊ ထိုင်းငါးခုံးမ၊ ငါးမုတ် စတဲ့မွေးမြူရေးငါးတွေကို ပြည်ပနိုင်ငံတွေဆီ တင်ပို့ရောင်းချမှုကနေ ရရှိငွေကို ဒေါ်လာ ၁၂၅ သန်းရရှိရ မယ်လို့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ပါတယ်။ ဘဏ္ဍာနှစ်အတွင်း ဧပြီလကနေ စက်တင် ဘာလ အထိ ၆ လအတွင်း တင်ပို့မှုကနေ ဒေါ်လာ ၆၁ သန်းကျော်ရရှိထားပြီးပါပြီ၊ ရာခိုင်နှုန်းအနေနဲ့ အကောင်အထည် ဖော်နိုင်မှုက ၄၈ ဒသမ ၉၂ ရာခိုင်နှုန်းပါ၊ ရေချိုငါးတွေကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပုံမှန်ကုန်သွယ်ရေးတို့ကနေ တင်ပို့နေတာပါ'' ဟု ရေခိုျငါးမွေးမြူရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။          မြန်မာနိုင်ငံက အဓိကတင်ပို့ရောင်းချလျက်ရှိသော ရေခိုျငါးများအနက် ငါးမြစ်ချင်းငါးများကို ရွှေ့ပြောင်း လုပ်သားများဖြစ်သည့် ဘင်္ဂါလီလူမိုျးများ အများဆုံးစားသုံးသည်ဟုဆိုသည်။                                                                                                                                                         ခင်မျိုးသွယ်  

Wednesday, 6 Oct 2010

 ဧရာဝတီတိုင်းဒေသကြီးမှ ငါးခြောက်များရန်ကုန်သို့ လှိုင်လှိုင်ဝင်စပြု        ဧရာဝတီတိုင်းဒေသကြီး၏ ဒေသများဖြစ်သော ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ပုသိမ်၊ မော်ကျွန်း စသည့်ဒေသများ ၏ အဓိကထွက်ကုန် တစ်မျိုးဖြစ်သော ငါးခြောက်များမှာ စက်တင်ဘာလဆန်းမှစ၍ ရန်ကုန် သို့ လှိုင်လှိုင်ဝင်စ ပြုပြီဖြစ် ကြောင်း ဘုရင့်နောင်ဈေးရှိ ငါးခြောက်လက်ကားဒိုင်များမှ သိရသည်။      '' စက်တင်ဘာလ စတုတ္ထပတ်ထဲမှာ ငါးခြောက်ပိဿာ ချိန် ၂ဝဝဝဝ နီးပါး ရှိပါတယ်။ အလားတူ စက်တင်ဘာ လ တတိယပတ်မှာ ငါးခြောက်ပိသာချိန် ၉၃ဝဝ၊ စက်တင်ဘာလ ဒုတိယပတ်မှာ ငါးခြောက်ပိသာချိန် ၁၁ဝဝဝ ကျော်နဲ့ပထမ ပတ်မှာ ငါးခြောက်ပိသာ၁ဝဝဝဝ ခန့် စုစုပေါင်း ငါးခြောက်ပိသာချိန် ၅ဝဝဝဝ နီးပါးကို ရေကြောင်းကနေ တင်ပို့ ပေးခဲ့ရပါတယ် '' ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ (၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။         ဧရာဝတီတိုင်းမှ ဝင်ရောက်လာသည့် ငါးခြောက်များအနက် အာဗြဲခြောက်၊ ငါးပုတ်သင်ခြောက်နှင့်ငါး မြီးတန် သွယ်ခြောက်တို့ အများဆုံးပါဝင်ခဲ့သည်ဟု ဆိုသည်။                                                                                                                                         ခင်မျိုးသွယ်

Wednesday, 6 Oct 2010

 ငါးရှဉ့်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ထားနိုင်ပြီ        မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိရာ ၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း လျာထားသတ်မှတ်ငွေ၏ ၅ဝ ရာခိုင်နှုန်းနီးပါး အကောင်အထည်ဖော်ထားနိုင်ပြီ ဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။      '' ငါးရှဉ့်တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့ရောင်းချခဲ့ပါတယ်။ ဧပြီလကနေသြဂုတ်လအထိ မူဆယ်ကုန်သွယ်ရေးစခန်း နဲ့ မြဝတီကုန်သွယ်ရေး စခန်းတို့ကနေတင်ပို့နေပြီး စက်တင်ဘာလဆန်းကစပြီး လေကြောင်းလိုင်းက ပါ တင်ပို့လာတာတွေ့ ရပါတယ်။ ငါးရှဉ့်အားလုံးတင်ပို့ရောင်းချမှုကနေ ဒေါ်လာ ၂၅ သန်း ရရှိရမယ်လို့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာမှာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ရရှိထားငွေက ဒေါ်လာ ၁၁ ဒသမ ၈၂၇ သန်းပါ၊ ရာခိုင်နှုန်းအားဖြင့် အကောင်အထည်ဖော်နှိုင်မှု မှာ ၄၇ ဒသမ ၃၁၂ ရာခိုင်နှုန်းဖြစ်တယ် '' ဟု ငါးရှဉ့်လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။       အလားတူ အထက်မြန်မာပြည်ကချင်ပြည်နယ်၊ကာမိုင်းဒေသနှင့် အင်းတော် ကြီးဒေသတို့မှ ထွက်ရှိသည့် ငါးရှဉ့်များကို ကန်ပိုက်တီး စခန်းမှာ တင်ပို့ရောင်းချခဲ့ရာ ဧပြီလတွင် ၆ ဒသမ ၆တန်၊ မေလတွင် ၈ဒသမ ၁၆၉တန်၊ဇူလိုင်လတွင် ၃ ဒသမ ၈၆ တန်၊သြဂုတ်လတွင် ၁၆ ဒသမ၃၂၇တန်၊ စုစုပေါင်း ၃၄ တန်ကျော်ကို တင်ပို့ ရောင်းချခဲ့ကြောင်း ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးထံက သိရသည်။                                                                                                                            ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 ငါးစာအတွက် ရေပေါ်စာကို ပိုမိုအသုံးပြုလာ      အောက်မြန်မာပြည်ရှိ ငါးမွေးမြူသူများအနေဖြင့် လွန်ခဲ့သည့် ၂ လခန့်က ထုတ်လုပ်ခဲ့သည့် ငါးစာအတွက် ရေပေါ်စာကို စမ်းသပ် ကျွေးမွေးခဲ့ရာအကျိုးဖြစ်ထွန်းမှုများရှိသဖြင့် ရေပေါ်စာများကို ဝယ်ယူ အသုံးပြုမှု အားကောင်းလာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ်မှ သိရသည်။      '' ရေပေါ်စာကို စမ်းသပ်ကျွေးမွေးရာက အစာက အသားပြောင်းလဲနှုန်းကောင်းတဲ့အတွက် တစ်လကို ငါးအသား ၂၇ ကျပ်သားကနေ ၃ဝ ကျပ်သား လောက်အထိ တိုးလာတာတွေ့ရတယ်။ အစာလည်းလေလွင့်မှု အနည်းဆုံး ဖြစ်တာကြောင့် ငါးစာတွေရေထဲပျော်ဝင်ပြီး ရေထုညစ်ညမ်းမှုဖြစ်နိုင်ချေမရှိသလောက် တွေ့ခဲ့ရတဲ့အတွက် ရေပေါ်စာကို ဝယ်ယူကျွေးမွေး သူများလာတာတွေ့ရတယ်။ ဒါကြောင့် လက်ရှိထုတ်လုပ်နေသူက နောက်ထပ်စက်သစ်တစ်လုံး တိုးခဲျ့တပ်ဆင် ထုတ်လုပ်ဖို့ ပြည်ပမှာသွားရောက် ဝယ်ယူနေပါပြီ။ ဒါ့အပြင်အခြားအစာတောင့် ထုတ်လုပ်တဲ့ စက်ရုံသမားတွေ ကပါ ထုတ်လုပ်ဖို့ စီစဉ် နေပြီလို့သိပါတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးဟန်ထွန်းက ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ် တရားဝင် ထုတ်ပြန် ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ငါးမွေးကန်ဧက ၂၁ဝဝဝဝ ကျော်ရှိပြီး အဆိုပါ ရေပေါ်စာများမှာ ငါးများသာမက ပုစွန်များကိုပါ ကျွေးမွေးနိုင်သည်ဟု ဆိုသည်။                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 အောက်မြန်မာပြည်မှ ငါးသားပေါက် သိန်းပေါင်း ၃ သောင်းခန့် ထုတ်လုပ်နေ        အောက်မြန်မာပြည်ရှိ ပုဂ္ဂလိက ငါးသားဖောက်စခန်းများမှာ တစ်နှစ်လျှင် ပျမ်းမျှငါးကောင်ရေ သိန်းသုံးသောင်း ခန့် ထုတ်လုပ် ်လျက်ရှိသည်။        '' အောက်မြန်မာပြည် ပုဂ္ဂလိက ငါးသားဖောက်စခန်းတွေအနေနဲ့ ခရမ်းမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၅ခု၊ အလတ်စား ငါးသားဖောက်စခန်း ၂ဝ ခုနဲ့ ပေါင်းလိုက်ရင် ငါးသားဖောက်စခန်း ၂၅ ခု၊ တွံတေးမြို့နယ်မှာ ငါးသားဖောက်စခန်းကြီး ၂ ခုနဲ့ အလတ်စား ၁ဝ ခု၊ ပဲခူးမြို့မှာ ၁ ခု၊ စုစုပေါင်းသားဖောက်စခန်း ၄ဝ ခန့်က နေ တစ်နှစ်ကို ပျမ်းမျှငါးကောင်ရေ သိန်းပေါင်း သုံးသောင်းခန့် ထုတ်လုပ်နေရပါတယ်။ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ်မည်း၊ တီးလားဗီးယား၊ ငါးတန် စသည့် ငါးမျိုးတွေကို သားဖောက်တာပါ။ အဲဒီငါးတွေအနက် ငါးမြစ်ချင်းကို ၈ဝ ရာခိုင်နှုန်းခန့် သားဖောက်ကြပါတယ်''ဟု ပုဂ္ဂလိကငါးသားဖောက် ပညာရှင် တစ်ဦးကပြောကြားသည်။          အောက်မြန်မာပြည် ငါးသားဖောက်စခန်းများအနက် ပုဂ္ဂလိကငါးသားဖောက်ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းခန့်ကိုခရမ်းမြို့နယ်မှ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။                                                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 ရေချိုပုစွန်သားပေါက်နှင့် အသားတိုးထုတ်လုပ်မှုအတွက် အလုပ်ရုံဆွေးနွေးပွဲလုပ်ရန်လို       ရေချိုပုစွန်သားပေါက်နှင့် အသားတိုးထုတ်လုပ်ရန် မွေးမြူမှုအတွက် Training Work Shop လုပ်ရန်လိုအပ်ကြောင်း ပုစွန်လုပ်ငန်း ရှင်များအသင်းမှ အတွင်းရေးမှူး ဦးမြင့်စိုးကပြောကြားသည်      '' ရေချိုပုစွန်သားပေါက်ထုတ်လုပ်တာရော အသားတိုးမွေးမြူတာရော နည်းပညာလိုအပ်နေလို့ပါ။ လက်ရှိအသုံးပြုနေတဲ့ နည်းတွေကရေချိုပုစွန်မွေးမြူရေးအတွက် အောင်မြင်အောင် နည်းပညာ ခိုင်ခိုင်မာမာ မရှိသေးတာပါဘဲ။ အရင်က မွေးမြူခဲ့တဲ့ ရေချိုပုစွန်တွေမှာလည်း တိကျတဲ့နည်းပညာမရှိခဲ့ဘူး။ နည်းပညာအားနည်းမှုက တစ်ပိုင်တစ်နိုင်အနည်း အကျဉ်းမွေးမြူတာမျိုးမှာ မသိသာဘူး။ စီးပွားဖြစ်မွေးတာမျိုးဆိုရင် သိသာတယ်။ အချို့ကန်သမားတွေက မွေးတာ  နှစ်၂ဝ-၃ဝ  ရှိပြီဆိုတာမျိုးကိုပဲ အတွေ့အကြုံလို့ပြောကြတာ။ အတွေ့ အကြုံဆိုတာယူတတ်မှရတာပါ။ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြည်ပပညာရှင်မှ မဟုတ်ပါဘူး။ ပြည်တွင်း ပုဂ္ဂလိကပိုင်းက ပညာရှင်တွေနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်နိုင်ပါတယ်။ ဒါမှ သုံးနှစ်လောက် ကျဆင်းလာခဲ့တဲ့ ရေချိုပုစွန် မွေးမြူရေးက နာလန်ပြန်ထူလာနိုင်မှာပါ '' ဟု အဆိုပါ ပုဂ္ဂိုလ်ကထပ်လောင်းပြောကြားသည်။                                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

အောက်မြန်မာပြည်မှ ငါးသားပေါက် သိန်းပေါင်း ၃ သောင်းခန့် ထုတ်လုပ်နေ       အောက်မြန်မာပြည်ရှိ ပုဂ္ဂလိက ငါးသားဖောက်စခန်းများမှာ တစ်နှစ်လျှင် ပျမ်းမျှငါးကောင်ရေ သိန်းသုံးသောင်းခန့် ထုတ်လုပ် လျက်ရှိသည်။        '' အောက်မြန်မာပြည် ပုဂ္ဂလိက ငါးသားဖောက်စခန်းတွေအနေနဲ့ ခရမ်းမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၅ခု၊ အလတ်စား ငါးသားဖောက်စခန်း ၂ဝ ခုနဲ့ ပေါင်းလိုက်ရင် ငါးသားဖောက်စခန်း ၂၅ ခု၊ တွံတေးမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၂ ခုနဲ့ အလတ်စား ၁ဝ ခု၊ ပဲခူးမြို့မှာ ၁ ခု၊ စုစုပေါင်းသားဖောက်စခန်း ၄ဝ ခန့်က နေ တစ်နှစ်ကို ပျမ်းမျှငါးကောင်ရေ သိန်းပေါင်း သုံးသောင်းခန့် ထုတ်လုပ်နေရပါတယ်။ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ်မည်း၊ တီးလားဗီးယား၊ငါးတန် စသည့် ငါးမျိုး တွေကို သားဖောက်တာပါ။ အဲဒီငါးတွေအနက် ငါးမြစ်ချင်းကို ၈ဝ ရာခိုင်နှုန်းခန့် သားဖောက်ကြပါတယ်''ဟု ပုဂ္ဂလိက ငါးသား ဖောက် ပညာရှင် တစ်ဦးကပြောကြားသည်။        အောက်မြန်မာပြည် ငါးသားဖောက်စခန်းများအနက် ပုဂ္ဂလိကငါးသားဖောက်ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းခန့်ကိုခရမ်းမြို့နယ်မှ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။                                                                                        ခင်မျိုးသွယ်

Thursday, 23 Sep 2010

 ရန်ကုန်ဘက်မှ ငါးအဝင်နည်းလို့ မန္တလေးငါးဈေးနှုန်း ပြောင်းလဲ    မန္တလေးမြို့ သီရိမာလာဈေးသို့ ရန်ကုန်ငါး၊ ပုစွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာမှယခုတစ်ပတ်တွင် ငါးအဝင်နည်း လာခြင်းကြောင့် ဈေးနှုန်းပြောင်းလဲလာကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ငါးတင်ဆောင်သယ်ယူသည့် ကုန်တင်တန်ချိန် ပြောင်းလဲလိုက်ခြင်းကြောင့် ကားများအထွက်နည်း၍ ငါးအဝင်နည်းလာကြောင်း၊ ကားများကို နဂိုမူလပုံစံအတိုင်းသာ တင်ဆောင်ရန် ပြန်လည်ပြုပြင်လျက်ရှိကြောင်းသိရပါတယ်။ ''အရင်က ငါးတင်ယာဉ် ၃ တန်ကားကို တန်ပိုတင်လို့ရအောင် ပြန်ပြုပြင်ထားကြတာ။ အခု နိုဝင်ဘာလကစပြီး နဂိုတန်ချိန်အတိုင်း တင်ဆောင်ရမှာဖြစ်တဲ့အတွက် ကားတွေ ပြန်ပြုပြင်နေတာ။ အခါတိုင်း နေ့စဉ် ကား ၁ စီး၊ ၂ စီးကြား မန္တလေးကိုအဝင်ရှိခဲ့တယ်။ အခုလက်ရှိထွက်နေတာ ၂ရက်၊ ၃ရက်နေ့မှ ကား ၁ စီးလောက်ထွက်ပြီး တန်ချိန်လည်းလျော့တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ငါးအဝင်နည်းပြီး ဈေးနှုန်းတက်လာခဲ့တယ်'' လို့ ကမ္ဘာကျော် ငါးရောင်းဝယ်ရေးမှဦးကျော်က ပြောပါတယ်။မန္တလေးမြို့ရှိ ငါးဒိုင်များသို့ ရန်ကုန်ဘက်မှ ငါးကြင်း၊ ငါးအုံတုံ၊ ငါးတန်၊ ပုစွန်နဲ့ ငါးသလောက်များ ဝင်ရောက်မှုရှိပြီး မန္တလေးမြို့ရှိ ငါးကုန်များနဲ့ ဧရာဝတီမှ ငါးကြင်း၊ တီလားဗီးယား၊ ငါးတန်၊ ငါးခူများ ဝင်ရောက်မှုရှိပါတယ်။ငါးဈေးနှုန်းမှာ ရေခဲဈေးနဲ့ သက်ဆောင်ခစရိတ်ကြောင့် ၁ဝရာခိုင်နှုန်းနီးပါး ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူ

Wednesday, 22 Sep 2010

 မူဆယ်ကဏန်း ကုန်သည်များ ချင်းရွှေဟော်ဘက်မှ ပို့ရန်စီစဉ်        မူဆယ်အခြေစိုက် ကဏန်းကုန်သည်များအနေဖြင့်စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဘက်မှတရုတ်နိုင်ငံယူနန်ပြည်နယ်ဘက်သို့တင်ပို့ရန်စီစဉ်နေပြီဖြစ်သည်။                                                                                                                                               '' မူဆယ်ကဏန်းကုန်သည်များအနေနှင့် ချင်းရွှေဟော်က ပို့တဲ့အခါ မူဆယ်လေလံပေါက်ဈေးကိုယူပြီး ပို့ရတာပါ။ မေလလောက်က ကား ၃ စီးပို့ခဲ့ပါတယ်။ ဈေးကွက်လဲ ခိုင်မာမှုရှိပါတယ်။ အဲဒီအချိန်မှာ တရုတ်ဘက်က သတ်မှတ်တဲ့ အခွန်ဈေးနှုန်းက နည်းနည်းမြင့်နေတဲ့အတွက် ညှိနှိုင်းဖို့ခဏရပ်ခဲ့ရပါတယ်။ မူဆယ်စခန်း ကပို့မယ်ဆိုရင် မြန်မာဘက်ကို ၃ ရာခိုင်နှုန်း၊ တရုတ်ဘက်ကို ၄ ရာခိုင်နှုန်း အခွန်ဆောင်ပြီးမှပို့ရတာပါ။ အဲဒီစနစ်ကိုပြီးခဲ့တဲ့ ၆ လလောက်ကပယ်ဖျက်ခဲ့ပါတယ်။အခု သြဂုတ်လ ၁ ရက်ကစပြီး ဟိုဘက်ဒီဘက် အခွန် ၃ ရာခိုင်နှုန်းစီ ၆ ရာခိုင်နှုန်းကို ဆောင်ပြီးမှပို့ရပါတယ်။ ချင်းရွှေဟော်ဘက်ကပို့ရင် အဲဒီလိုအခွန် စနစ်လဲမရှိတဲ့အတွက် မူဆယ်အခြေစိုက် ကဏန်းလုပ်ငန်းရှင် ၂ဝရာခိုင်နှုန်း လောက်ကစုပြီး တင်ပို့ဖို့စီစဉ်ကြတာပါ'' ဟုကဏန်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။       လက်ရှိအခြေအနေတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက လစဉ်ကဏန်းတန် ၅ဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။ ခင်မျိုးသွယ်

Pages