Main menu

Background

Wednesday, 22 Sep 2010

 ဥကပ်ကဏန်းအမ ၃ဝဝဝဝ ကျော် ပင်လယ်ဝတွင် မျိုးစိုက်ထည့်          သဘာဝသို့ မျိုးစိုက်ထည့်ပေးရေး အစီအစဉ်အရေ ဥကပ်ကဏန်းအမ ကောင်ရေ ၃ဝဝဝဝ ကျော်ကို  ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူဒေသရှိ ပင်လယ်ဝတွင် စက်တင်ဘာလ ၁ဝ ရက်နေ့က လွှတ်ပေးခဲ့ ကြောင်းသိရသည်။                                 '' အခုအစီအစဉ်က မြို့နယ်ကဏန်းလုပ်ငန်းရှင်တွေရယ်၊ ချိန်ကောင်းကုမ္ပဏီရဲ့ အလှူငွေထည့်ဝင်မှုနဲ့ ပြုလုပ်ခဲ့တာပါ။ ရေလုပ်သားတွေအနေနဲ့ သဘာဝက အများအပြားဖမ်းဆီးထုတ်လုပ်ခဲ့ကြတာကြောင့် အခုချိန်မှာ ငါး၊ ပုစွန်၊ကဏန်းတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာတာကို သတိပြုမိကြပုံရပါတယ်။ ဒါ့ကြောင့်လည်း ပင်လယ်ကမ်းဝေးအသင်းကရာသီဥတုတွေ ဖောက်ပြန်လာတဲ့အတွက် ငါးအမိနည်းလာတာတွေ တင်ပြလာပြီး၊ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ပိတ်ပင်ဖို့အထိ တင်ပြတောင်းဆို လာတာတောင်ရှိပါတယ်။ ဒီလို အနေအထားမှာ ကဏန်းလုပ်ငန်းရှင်တွေက ငွေကျပ်၁ဝ သိန်းကျော် ထည့်ဝင်ပြီး ဥကပ်ကဏန်းအမကောင်ရေ ၃ဝဝဝဝ ကျော် ကို သဘာဝရေပြင်ထဲကို မျိုးစိုက်ပေးကြတာပါ။နောက်ထပ်လည်း ဥကပ်ကဏန်းအမတွေ လွှတ်ပေးဖို့ အစီအစဉ်လဲ ရှိပါတယ် '' ဟု ကဏန်းလုပ်ငန်းရှင်များအသင်းမှဦးမြတ်ဦးကပြောကြားသည်။       ကဏန်းများမျိုးသုဉ်းမှုမှ ကာကွယ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ကဏန်းမဖမ်းရဒေသများ သတ်မှတ်ပေးထားသည် ဟုဆိုသည်။                                                                                          ခင်မျိုးသွယ်

Wednesday, 22 Sep 2010

 ငါးရှဉ့်တင်ပို့သူများ လေကြောင်းလိုင်းကို စတင်အသုံးပြုလာ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ ငါးရှဉ့်တင်ပို့သူများအနေဖြင့် လေကြောင်းလိုင်းကို စတင် အသုံးပြု တင်ပို့လာကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C မှသိရသည်။     '' တရုတ်နိုင်ငံကို တင်ပို့တဲ့ ငါးရှဉ့်လုပ်ငန်းရှင်တွေအနေနဲ့ စက်တင်ဘာလဆန်းကစပြီး လေကြောင်းလိုင်း ကို စတင်အသုံးပြုလာတာကိုတွေ့ရပါတယ်။ လေကြောင်းလိုင်းက ငါးရှဉ့်တင်ပို့ခွင့်ကို ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားပေမယ့် မနှစ်ကတစ်နှစ်လုံးတင်ပို့တာမတွေ့ခဲ့ရပါဘူး။ ဒီနှစ်မှာတောင် ဧပြီလကနေ သြဂုတ်လကုန်အထိ တင်ပို့တာ မရှိခဲ့ပါဘူး။ အခုလေကြောင်းလိုင်းကနေ ဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းဖိုး တင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။      ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၁ဝ ဒသမ ၄၆၂ သန်းကိုလည်းကောင်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းကို လည်းကောင်း၊ လေကြောင်းလိုင်းကဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းကို လည်းကောင်း တင်ပို့ခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ၁ဝ ဒသမ ၅၁၁ သန်း ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။                                                                                                                            ခင်မျိုးသွယ်

Tuesday, 14 Sep 2010

 အလှမွေးငါး တင်ပို့မှုမှဒေါ်လာ ဝ ဒသမ ၇၇ သန်းရရှိထားပြီးဖြစ်    မြန်မာနိုင်ငံက ဖမ်းယူရရှိသည့် တိုင်းရင်းအလှမွေးငါးများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ဒေါ်လာ ဝ ဒသမ ၇၇ သန်း ရရှိထားပြီးဖြစ် သည်။    ''တိုင်းရင်းအလှမွေးငါးတွေကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ အင်း တော်ကြီးဒေသ၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ ဖမ်းဆီးရရှိနိုင်ပါတယ်။ ငါးပျောက်၊ သစ်ငုတ်ခို၊ ငါးနီးချောင်း၊ ကျားသစ်၊ ငါးမွေးစု၊ ငါးသစ်တုံးစတဲ့ အလှမွေးငါးမိုျးစိပ်ပေါင်း ၁၅ဝ ကျော်ရှိနေပါတယ်။ မြန်မာ့အလှမွေးငါးတွေကို တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုရှိနေပါတယ်'' ဟု အလှမွေးငါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုအခါ မြန်မာ့အလှမွေးငါးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူ နိုင်ငံမှ အလှမွေးငါးမိုျးစိတ်သစ်များ တင်သွင်းသားဖောက်၍ ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့သားဖောက်ရန် စီစဉ်နေကြောင်းသိရပါသည်။ခင်မျိုးသွယ်

Tuesday, 14 Sep 2010

ကဏန်းပျော့တင်ပို့မှုအတွက် ဈေးကွက်သစ်များထပ်မံရရှိ      ကဏန်းပျော့မွေးမြူသူများ၏ကဏန်းပျော့တင်ပို့ရောင်းချမှုအတွက်ဈေးကွက်သစ်များထပ်မံရရှိခဲ့ကြောင်း ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရ သည်။      ''ကဏန်းပျော့ကို တရုတ်၊စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ဈေးကွက်တွေကို ပုံမှန်ကုန်သွယ် ရေးနဲ့ မြိတ် (FOB)တို့ကနေ တင်ပို့နေ ပါတယ်။       အဲဒီဈေးကွက်တွေထဲက မလေးရှား ဈေးကွက်မှာ အခြားနိုင်ငံက ထုတ်လုပ် သူတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ဖက် မှာလည်း  ဝယ်လက် နိုင်ငံ အသစ်တွေက ဝယ်ယူဖို့ ကမ်းလှမ်းလာ ပါတယ်။ ဒီနိုင်ငံတွေကို ပို့မယ်ဆိုရင် အမြင့်ဈေး ရရှိနိုင် ပါတယ်'' ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။       ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကဏန်းပျော့တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၁ဝ၅ သန်းကိုလည်း ကောင်း၊ ကဏန်း များကို မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် Air Line တို့မှ တင်ပို့ရောင်းချခဲ့ရာ ဒေါ်လာ ၉ ဒဿမ ၉၈၃ သန်းကို လည်းကောင်း၊ စုစုပေါင်း ၁၄ ဒသမ ဝ၈၈ သန်းရရှိ ထားပြီးဖြစ်သည်ဟု ဆိုသည်။ခင်မျိုးသွယ်

Tuesday, 14 Sep 2010

 ရေထွက်ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီ     မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဒေါ်လာ ၂၃၆ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(F.I.Q.C) မှ သိရသည်။    ယင်းရရှိငွေများမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၉ ဒဿမ ၁၂၂သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၇ ဒသမ ၉၅ဝ သန်း၊ စစ်တွေမှ ဒေါ်လာ ၂ ဒသမ ၆၃၁ သန်း၊ မြိတ်မှ ဒေါ်လာ ၄၂ ဒသမ ၄၅၇သန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂ ဒသမ ၅၂၈ သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းက  ဒေါ်လာ ဝ ဒသမ ဝဝ၆ သန်း၊ ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၁၄၇ ဒသမ ၁၈၂ သန်း စုစုပေါင်း ဒေါ်လာ ၂၃၆ ဒသမ ၄၈၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။    ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုမှ ဒေါ်လာသန်း ၇ဝဝ ရရှိရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာ နယ်စပ်စခန်းများအလိုက် လျာထားသတ်မှတ်ချက်ကို ကျော်လွန်စွာ တင်ပို့ နိုင်သည့်စခန်းမှာ မြိတ်(FOB) ဖြစ်သည်ဟု ဆိုသည်။                                                                                                                                                                                      ခင်မျိုးသွယ်

Tuesday, 14 Sep 2010

 ပင်လယ်ငါးဖမ်းအသင်းမှ မြစ်ချောင်းများအတွင်း ငါးမိုျးများစိုက်ထည့်နေ        ငါးလုပ်ငန်းဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ကကတစ်ငါးမိုျးများကို မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဝယ်ယူစိုက်ထည့်ပေးလျက်ရှိသည်။      ''သဘာဝရေပြင်တွေမှာ ငါးဖမ်းဆီးရရှိမှုတွေရှားပါးလာတဲ့အတွက် ငါးမိုျးတွေစိုက်ထည့်ဖို့စီစဉ်ရာက ပင်လယ်ငါးဖမ်း လုပ်ငန်းရှင် များအသင်းက  ကကတစ်သားပေါက်တွေဝယ်ယူပြီး မြစ်ချောင်းတွေထဲ လွှတ်ပေးနေပါတယ်။ သြဂုတ်လ ၂၈ ရက်က ချောင်းသာ-ဥတိုကျေးရွာမှ ကကတစ်ငါးသားပေါက် ငါးသန်အရွယ် ကောင်ရေ  ၂ သန်းခန့် လွှတ်ပေး ခဲ့ပါတယ်။ ငပလီလင်းသာ ကျေးရွာမှာ ကကတစ်ငါးသားပေါက် တစ်သန်းခွဲကို သြဂုတ်လ ၂ဝ ရက်ကလည်း လွှတ်ပေးခဲ့ပါ သေးတယ်။ အခြားငါးတွေထက်က ကတစ်သားပေါက်ကို ရွေးပြီးလွှတ်ပေးရတာဟာ တစ်ချိန်မှာ သဘာဝက ပြန်လည် ဖမ်းဆီးရမိတဲ့အခါ ဈေးကောင်းရနိုင်တဲ့ငါးမိုျးကို လွှတ်ပေးခြင်းဖြင့်  ရေလုပ်သားတွေရဲ့ဝင်ငွေကို တိုးပွားဖို့ ရည်ရွယ်တာ ကြောင့်ပါ '' ဟု ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       အဆိုပါအသင်းအနေဖြင့် ကကတစ်သားပေါက်ကောင်ရေ ၁ဝ သန်းကျော်ကို သဘာဝရေပြင်များထဲသို့ ဝယ်ယူ လွှတ်ပေးရန် စီစဉ်နေကြောင်းသိရသည်။                                                            ခင်မိုျးသွယ်

Thursday, 9 Sep 2010

သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်းရနေ        သြဂုတ်လအတွင်းရေထွက်ကုန်ပစ္စည်းတင်ပို့မှုက တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။    '' သြဂုတ်လ ၁ ရက်ကနေ ၆ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၆ ဒဿမ ၃၁ဝ သန်း ၊ သြဂုတ်လ ၇ ရက်ကနေ ၈ ရက် အထိ ဒေါ်လာ ၃ ဒဿ ၉ဝ၈သန်း၊  သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ဒေါ်လာ ၁၁ ဒဿ ၈၁၆ သန်း၊ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ ဒေါ်လာ ၁၁ ဒဿမ ဝ၇ဝ သန်း စုစုပေါင်း ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၃ ဒဿမ ၁ဝ၄ သန်း ရရှိထားပြီး ဖြစ်တဲ့အတွက် ၁ ရက်ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေပါတယ်။ မနှစ်က သြဂုတ်လတစ်လလုံးတင်ပို့မှုက ဒေါ်လာ ၃၈ ဒဿမ ၅၉၆ သန်း ရရှိခဲ့တာပါ။ဒါကြောင့် မနှစ်ကနဲ့ ဒီနှစ် သြဂုတ်လရဲ့ရေထွက်ကုန် တင်ပို့မှုကိုနှိုင်းယှဉ်ရင် မနှစ်ကအနေအထား ကို ကျော်လွန်ဖို့ရှိပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြသည်။     ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား လုပ်ကိုင်လျက်ရှိရာ  သြဂုတ်လ ၂၂ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၁၃ ဒဿမ ၂၈၉ သန်းရရှိထား ပြီးဖြစ်သည် ဟုဆိုသည်။                                                                                                                        ခင်မိုျးသွယ်

Thursday, 9 Sep 2010

ငါးရှဉ့်တင်ပို့မှုက လျာထားသတ်မှတ်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်တင်ပို့ပြီးဖြစ်           မြန်မာနိုင်ငံက ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ဝင်ငွေ ၏ ၃၆ ရာခိုင်နှုန်းခန့် တင်ပို့ပြီး ဖြစ်သည်။    '' ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်တင်ပို့မှုကနေ ဝင်ငွေရရှိ အောင်ဆောင်ရွက်ရာမှာ ဒေါ်လာ ၂၅ သန်းပါ၊ ငါးရှဉ့်ကို မူဆယ် ကနေ အဓိက တင်ပို့နေပြီး မြဝတီကလည်းတင်ပို့နေပါတယ်၊ ဒါ့အပြင် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ စမ်းသပ် တင်ပို့ မှုတွေ ရှိပါတယ်၊ လောလောဆယ် သြဂုတ်လ ၂၂ ရက်အထိ မူဆယ်စခန်းတင်ပို့မှုက ဒေါ်လာ ၈ ဒဿမ ၉၄၉သန်း၊ မြဝတီနယ်စပ် စခန်းတင်ပို့မှုကနေ ဒေါ်လာ ဝ ဒဿမ ဝ၃၇ သန်း စုစုပေါင်း ဒေါ်လာ ၈ ဒဿမ ၉၈၆ သန်းရရှိထားပြီးပါပြီ၊ ဒါ့ကြောင့် ငါးရှဉ့်တင်ပို့မှု အတွက် လျာထား သတ်မှတ် ဝင်ငွေရဲ့ ၃၅ ဒဿမ ၉၄ ရာခိုင်နှုန်းတင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။      ငါးရှဉ့်များကို သယ်ဆောင်ရာတွင် ကား၊ လေယာဉ်ဖြင့်သာမက ရထားဖြင့်ပါ သယ်ဆောင်ခွင့် မျှောစာများကို သက်ဆိုင်ရာက ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။                                                                                                                                                                      ခင်မိုျးသွယ်    

Thursday, 9 Sep 2010

ရေလုပ်ငန်းအအေးခန်းစက်ရုံတစ်ရုံ အောက်တိုဘာလ လယ်တွင်ဖွင့်လှစ်မည်          လှိုင်ထိပ်ခေါင် အအေးခန်းကုမ္ပဏီမှ ရေထွက်ပစ္စည်းများအေးခဲသည့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အအေးခန်းစက်ရုံကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ကမ်းနားလမ်းတွင် အောက်တိုဘာလလယ်တွင် ဖွင့်လှစ် မည်ဖြစ်သည်။       '' စက်ရုံအနေနဲ့ ရေခိုျငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးကြင်းခေါင်းပွ၊ တီးလားဗီးယား၊ ငါးတန်စတဲ့ ငါး တွေကို အဆင့်မြင့် နည်းပညာနဲ့ အေးခဲထုတ်လုပ်ပြီး ကွန်တိန်နာနဲ့ ပြည်ပကိုတင်ပို့ဖို့ပါ။ စက်ရုံအနေနဲ့ စက်ပစ္စည်း တွေလဲရောက်ပါပြီ ၊ လျှပ်စစ်မီးလဲရပါပြီ။ ဒါကြောင့်အောက်တိုဘာလလယ်လောက်မှာ ဖွင့်ဖြစ်မှာပါ။ လောလောဆယ် ကျပ်သိန်း ၁၅ဝဝဝ နဲ့ စတင်ရင်းနှီးမြှုပ်နံှလုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ရရှိမှု အပေါ်မူတည်ပြီး လုပ်ငန်းတိုးခဲျ့သွားမှာပါ။ စက်ရုံကထုတ်လုပ်မဲ့ ရေခိုျငါးတွေအတွက် လိုအပ်တဲ့ နည်းပညာကို စင်္ကာပူနဲ့ထိုင်ဝမ်ကို သွားရောက်လေ့လာပြီးပါပြီ'' ဟု ယင်းစက်ရုံမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေး ပြောကြားသည်။       အဆိုပါ လှိုင်ထိပ်ခေါင်ကုမ္ပဏီမှ လုပ်ငန်းရှင်မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ အနီးတွင် ရေခိုျငါးမွေးဧက ၃ဝဝ ခန့် လုပ်ကိုင်လျက်ရှိပြီး ယခုအခါစက်ရုံလုပ်ငန်းဘက်သို့ ရင်းနှီးမြှုပ်နံှ လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။                                                                                                           ခင်မိုျးသွယ်

Thursday, 9 Sep 2010

စူလ်တန်ငါးမှာ အမြင့်ဈေးရသဖြင့် ငါးဦးစီးမှ မွေးမြူထုတ်လုပ်မည်            စူလ်တန်ငါးမှာ အမြင့်ဈေး ရသ ဖြင့် ငါးလုပ်ငန်းဦးစီးဌာနက မွေးမြူ ထုတ်လုပ်ရန် စီစဉ်နေပြီ ဖြစ်သည်။      ''ငါးဦးစီးအနေနဲ့ ပို့ကုန်အမယ် သစ် တိုးခဲျ့ထုတ်လုပ်ပြီး ပြည်ပတင်ပို့ နိုင်အောင် ဈေးနှုန်းပိုမိုရရှိအောင် ကြိုးပမ်းနေတာကြောင့် စူလ်တန်ငါးကို Export Size ဝင်အောင် မွေးမြူထုတ် လုပ်မှာဖြစ်ပါတယ်။ ပြည်တွင်းမှာ လည်း သားပေါက်တွေ ဖြန့်ဖြူးရောင်း ချပေးမှာပါ။ ပုဂ္ဂလိကပိုင်းက၂ဝဝ၈ ခုနှစ်မှာပထမဆုံး တင်သွင်းခဲ့ပြီး ယခု စင်္ကာပူကို တင်ပို့ဖို့လုပ်နေပါပြီ။ ဌာန အနေနဲ့ စူလ်တန်ငါးကို ငါးမြစ်ချင်းရဲ့ ဈေးနှုန်းအတိုင်း သတ်မှတ် တင်ပို့ခွင့်ပြု မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်းကပဲ ၂ဝ၁ဝခုနှစ်သြဂုတ်လ၂၇ ရက်က(၂-၃) စင်တီမီတာအရွယ် စူလ်တန်ငါးကောင် ရေ တစ်သိန်းတင်သွင်းခဲ့ပြီး ငါးဦးစီးကို လည်း ကောင်ရေ ၁ဝဝဝ ကျော်မေတ္တာ လက်ဆောင် ပေးပါတယ်။ စူလ်တန်ငါး ဟာ ၁ တန်ကို အနိမ့်ဆုံး ၇၄ဝ ဒေါ်လာ ရှိပြီး ကျောခွဲ၊ အူထုတ် ပြီးရင် ၁ တန်ကို ၁၁၄ဝ ဒေါ်လာအထိ ရနိုင်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။      ''စူလ်တန်ငါးကို မလေးရှားနိုင်ငံ မြောက်ပိုင်း၊ မြစ်တွေ-စမ်းချောင်းတွေရဲ့ ရေခိုျနေရာတွေ၊ မလေးရှားနဲ့ အင်ဒိုနီး ရှားအစပ်ရှိ ဘော်နီရိုကျွန်းနဲ့ ထိုင်းနိုင်ငံ တို့မှာ တွေ့ရပါတယ်။ စူလ်တန်ငါးဟာ အစုံစားသတ္တဝါအမိုျးအစားဖြစ်ပြီး  ရေလယ်နဲ့ ရေအောက် မှာနေပါတယ်။ အရွယ်အစားအားဖြင့် ၂၄လက်မအထိ ကြီးထွားနိုင်ပါတယ်။ သူ့ရဲ့ဈေးကွက်ဝင် အရွယ်ကTable Size ဖြစ်ပြီး ၃ဝ သား အရွယ်ကို ဈေးကွက်တင်ပို့နိုင်တာ ကြောင့်မွေးမြူချိန်တိုပါတယ်''ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ခုျပ်မှ ဒုဥက္ကဌ ဦးဟန်ထွန်း ကပြောကြားသည်။      အဆိုပါငါးကို အရှေ့တောင် အာရှ နိုင်ငံများ၊ တရုတ်၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှ ဝယ်ယူမှုရှိနေကြောင်းသိရသည်။                                                                                                                                                ခင်မိုျးသွယ်     

Pages