Background
ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole) ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့် အပေါ်တွင် COP တွက်ချက်ထားသည့် ဈေးဖြစ်ပါသည်။စဉ် အမျိုးအမည် အရွယ်အစား WHOLE GUTTED ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ ROHU 1-2 Kg 1191 1145 1391 1345ငါးမြစ်ချင်း 2-3 Kg 1337 1285 1537 1485Labeo rohita 3-5 Kg 1410 1355 1610 1555 5-7 Kg 1482 1425 1682 1625 7-8 Kg 1482 1425 1682 1625 8 Kg Up 1482 1425 1682 1625ဒေါ်လာ/တန်ငါး/ဦးစီး
ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း(Gutted) ဈေးနှုန်းသည် (Whole) ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့် အပေါ်တွင် COP တွက်ချက်ထားသည့် ဈေးဖြစ်ပါသည်။စဉ် အမျိုးအမည် အရွယ်အစား WHOLE GUTTED ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ ROHU 1-2 Kg 1152 1191 1352 1391 ငါးမြစ်ချင်း 2-3 Kg 1293 1337 1493 1537 Labeo rohita 3-5 Kg 1364 1410 1564 1610 5-7 Kg 1434 1482 1634 1682 7-8 Kg 1434 1482 1634 1682 8 Kg Up 1434 1482 1634 1682
သြဂုတ်လဆန်း ပြည်တွင်း ငါးမြစ်ချင်း ဈေးနှုန်းများ ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ သြဂုတ်လ ဒုတိယပတ်က လေလံဈေးများကို အခြေခံပြီး တွက်ချက်ထားတဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်များအရ ငါးမြစ်ချင်း အကောင်လိုက် (Whole) ဈေးနှုန်းနဲ့ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင် ကျန်ရှိသော (Gutted) ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အခြေခံတွက်ချက်ထားတဲ့ ဈေးနှုန်းများကိုဖော်ပြပေးလိုက်ရပါတယ်။ ယခင်အပတ်ကထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပါတယ်။အရွယ်အစား Whole Gutted ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %1-2 kgm ၁၁၁၉ ၁၁၁၃ ၆ ဝ.၅ ၁၃၁၉ ၁၃၁၃ ၆ ဝ.၅2-3 kgm ၁၂၅၅ ၁၂၄၉ ၆ ဝ.၅ ၁၄၅၅ ၁၄၄၉ ၆ ဝ.၅3-5 kgm ၁၃၂၄ ၁၃၁၇ ၇ ဝ.၅ ၁၅၂၄ ၁၅၁၇ ၇ ဝ.၅5-7kgm ၁၃၉၂ ၁၃၈၅ ၇ ဝ.၅ ၁၅၉၂ ၁၅၈၅ ၇ ဝ.၄7-8 kgm ၁၃၉၂ ၁၃၈၅ ၇ ဝ.၅ ၁၅၉၂ ၁၅၈၅ ၇ ဝ.၄8 kgm ၁၃၉၂ ၁၃၈၅ ၇ ဝ.၅ ၁၅၉၂ ၁၅၈၅ ၇ ဝ.၄IRT(DOBT)
ကချင်ပြည်နယ် ဖွံ့ဖြိုးဖို့ မွေးမြူထုတ်လုပ်စို့ ၁။ ကချြင်ပည်နယ်တွင် လူဦးရေ (၁ ဒသမ ၅)သန်း ခန့်ရှိပြီး မြန်မာပြည်သူဦး ရေ၏ (၂ ဒသမ ၈ ရာခိုင်နှုန်း) နေထိုင်လျက် ရှိပါသည်။ ကချင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများ၊ သားငါးဈေးနှုန်းအခြေအနေ များ လေ့လာသောအခါ အောက်ပါ အတိုင်း တွေ့ရှိရပါသည်စဉ် မွေးမြူထားရှိ မွေးမြူသူဦးရေ မွေးမြူထားရှိ နေပြည်တော်၊ ပြည်နယ်၊ တိုင်ဒေသကြီး သား/ငါး အမျိုးအစား ကောင်ရေ (၁၅)ခုတွင် မွေးမြူထားရှိမှုအရ (၁)ပိဿာ အဆင့် သတ်မှတ်ချက် ဈေးနှုန်း၁။ ကွဲျ၊ နွား ၅၉၁၅၇ ၃၄၁၆၄၇ ၁ဝ ၆ဝဝဝိ/-၂။ သိုး၊ ဆိတ် ၁၃ဝ၄ ၂ဝဝ၇၅ ၁၃ ၆ဝဝဝိ/-၃။ ဝက် ၄၇၉၂ ၃၁၅၃၁၆ ၈ ၇ဝဝဝိ/-၄။ ကြက်၊ဘဲ ၁၁၈၁၇၂ ၂၂၄၅ဝ၂၇ ၁၃ ၆ဝဝဝိ/-၅။ ဥစားကြက် ၁၃ဝ ၁၆၅၉၄ဝ ၁ဝ ၁ဝဝိ/-၆။ ရေချိုငါး၊ပုစွန် ၃၂၈ ၁၈၄၁(ဧက) ၆ ၄ဝဝဝိ/-၂။ ကချင်ပြည်နယ်၏ ကွဲျ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငါး၊ ပုစွန် မွေးမြူထားရှိမှုနှင့် တစ်ရက်ထုတ်လုပ်မှု၊ စားသုံးမှု၊ လိုအပ်၍တင်သွင်းမှုတို့အား အောက်ပါအတိုင်း တွေ့ရှိရပါသည်စဉ် မွေးမြူထားရှိ မွေးမြူသူ မွေးမြူထားရှိ သားငါး ကြက်ဥ၊ ဘဲဥ လိုအပ်ချက် အမျိုးအစား ဦးရေ ကောင်ရေ ထုတ်လုပ်မှု စားသုံးမှု ထုတ်လုပ်မှု စားသုံးမှု သား/ငါး ကြက်ဥ/ဘဲဥ (ပိဿာ) (ပိဿာ (လုံး) (လုံး) (ပိဿာ) (ဘဲဥ လုံး)၁။ ကွဲျ၊နွား ၅၉၁၅၇ ၃၄၁၆၄၇ ၂ဝ၅၂ ၃ဝ၇၈ - - ၁ဝ၂၆ -၂။ သိုး၊ဆိတ် ၁၃ဝ၄ ၂ဝဝ၇၅ ၁၂၂ ၁၆၇ - - ၄၅ -၃။ ဝက် ၄၇၉၂ ၃၁၅၃၁၆ ၃၂၂ဝ ၆၂၆၉ - - ၃ဝ၄၉ -၄။ ကြက်၊ဘဲ ၁၁၈၃ဝ၂ ၂၄၁ဝ၉၆၇ ၅၃၄၁ ၆၈၉၆ ၉ဝ၄၁၅ ၂၂၆၃၁၅ ၁၅၅၅ ၁၃၅၉ဝဝ၅။ ရေချိုငါး၊ပုစွန် ၃၂၈ ၁၈၄၁(ဧက) ၁၆၁၄ ၁၄၇၁၄ - - ၁၃၁ဝဝ - စုစုပေါင်း ၁ဝ၇၃၅ ၃၁၁၂၄ ၉ဝ၄၁၅ ၂၂၆၃၁၅ ၁၈၇၇၅ ၁၃၅၉ဝဝ- ကချင်ပြည်နယ်အနေဖြင့် လိုအပ်သော အသား၊ ငါး၊ ကြက်ဉ်ဥ၊ ဘဲဥများကို အခြားပြည်နယ်/တိုင်းဒသကြီးများမှ ဝယ်ယူစားသုံးနေရကြောင်း တွေ့ရှိရသည့်အတွက် ပိုမိုတိုးချဲ့မွေးမြူထုတ်လုပ်ရန်အကြံပြုပါသည်။
ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ တိုးတက်နိုင်သည့် အလားအလာများ ကချင်ပြည်နယ်သည် တရုတ်ပြည်၊ အိန္ဒိယပြည်တို့နှင့် နယ်နိမိတ်ချင်းဆက် စပ်နေပြီး နယ်စပ်ကုန်သွယ်ရေး များ ဆောင်ရွက်လျက်ရှိသော ပြည်နယ် တစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် သဘာဝအရင်းအမြစ်များအနေဖြင့် နွား စားကျက်တည်ထောင်ရန် မြေအနေ အထား လုံလောက်စွာရှိခြင်း ပြည်ပသို့ တင်ပို့ရောင်းချရန် တရုတ်ပြည်တွင် အမဲသားဈေးကွက်ရှိခြင်း တို့ကြောင့် နွားစားကျက်များ ဖော်ထုတ်၍ အသား စားနွားမွေးမြူရေးကို ဆောင်ရွက်ပြီး ဝင်ငွေရှာရန် အခြေအနေကောင်းများ ရှိနေပါသည်။ အသားစားနွားမွေးမြူရေး လုပ်ငန်းသည် ကချင်ပြည်နယ် စီးပွား ရေးကို တစ်ဟုန်ထိုးတိုးတက်စေနိုင်ပြီး အခြေအနေကောင်းများ ရှိနေခြင်း ကြောင့် ကချင်ပြည်နယ်အတွက် အကောင်းဆုံးအထိရောက်ဆုံးနှင့် ဝင်ငွေ အများဆုံးရရှိနိုင်သော စီးပွားရေးလုပ်ငန်းမှာအသားစားနွားမွေးမြူရးလုပ်ငန်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အသားစားနွားမွေးမြူရေးကို ဆောင်ရွက်ခြင်း ဖြင့် ကချင်ပြည်နယ်သည် မိမိပြည်နယ် အတွင်း အမဲသားစားသုံးမှု ဖူလုံရေး သာမကဘဲ ပြည်ပအတွက် အဓိက အသားတင်ပို့နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ကြက်သား၊ ဘဲသားထုတ်လုပ်မှုနှင့် စားသုံးမှု အခြေအနေတွင် လုံလောက်မှုမရှိ ခြင်းကြောင့် အခြားဒေသများမှ ဝယ်ယူ စားသုံးနေရသည်ကို တွေ့ရှိရပါသည်။ မိမိပြည်နယ်အတွင်း စားသုံးမှု ဖူလုံပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သော မြန်မာတိုင်းရင်းကြက်များကို မွေးမြူနိုင်သည့် အခြေအနေကောင်း များရှိနေပါသောကြောင့် လယ်ကွင်းထဲ မှ ကြက်သားထုတ်လုပ်ခြင်း လုပ်ငန်း ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ကို ဒေသခံတောင်သူများ၊ တစ်ပိုင်တစ်နိုင် စီပွားဖြစ်ဆောင်ရွက် ကြမည်ဆိုလျင် ကျေးလက်ဒေသ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ပြီး ကချင်ပြည်နယ် ၏ စားသုံးမှုဖူလုံ၍ ပိုလံျှသော ကြက်သားများကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်ပြည်ပသို့ တင်ပို့ရောင်းချခြင်း ဖြင့် ပြည်ပဝင်ငွေပါရှာဖွေပေးနိုင်သော အခြေအနေကောင်းများ လက်ဝယ်တွင်ရှိနေပါသည်။ လက်ရှိကောက်ယူ ရရှိသော စာရင်းများအရ ရေချိုငါး၊ ပုစွန်စားသုံးမှုမှာ လိုအပ်လျက်ရှိပြီး လုံလောက်စွာ ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိကြောင်း တွေ့ရှိရပါသည်။ သဘာဝအရင်းအမြစ်များအရ ကချင်ပြည်နယ်သည် ရေချိုငါး၊ ပုစွန် မွေးမြူရေးကို ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်သော အခြေအနေများ လက်ဝယ် တွင်ရှိပါသည်။ ဥပမာ- ရွှေကူမှ ထွက်သော ရေချိုပုစွန်ထုပ်ကြီးသည် အရည်အသွေး အလွန်ကောင်းမွန်ပြီး ဈေးကွက် ဝင်သော ရေထွက်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ရေချိုပုစွန်မွေးမြူရေးနှင့် ရေချို ငါးလုပ်ငန်းကို တိုးခဲျ့မွေးမြူနိုင်သော အခြေအနေကောင်းများလည်း ရှိနေပါသည်။ လက်ဝယ်တွင်ရှိသော အခြေ အနေကောင်းများ ဖန်တီးနိုင်မှုများကို ပိုင်နိုင်စွာ အသုံးချနိုင်ပါလျင် ရေချိုငါး၊ ပုစွန် မွေးမြူူရေးလုပ်ငန်းသည် ကချင်ပြည်နယ်၏ အရေးပါသော စီးပွားရေး လုပ်ငန်းကြီး တစ်ခုအဖြစ်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဝက်သားထုတ်လုပ်မှုနှင့် စားသုံးမှုအ ပိုင်းတွင်လည်း အခြားပြည်နယ်တိုင်းဒေ သကြီးများမှ တင်သွင်းနေရသော ကချင်ပြည်နယ်တွင် ဝက်စာကုန်ကြမ်း ဖြစ်သည့် စိုက်ပျိုးရးလုပ်ငန်းများ (ဥပမာ-ပီလောပီနံ) တွင်ကျယ်စွာ ဆောင်ရွက်နိုင်သော သဘာဝအရင်း အမြစ်ရှိနေသောကြောင့် ပြည်နယ်အတွင်း စားသုံးမှုဖူလုံရေးသာမက ပြည်ပ သို့ ပို့ကုန်တစ်ခုအနေဖြင့် တင်ပို့နိုင်သော ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခြေအနေ ကောင်းများလည်း ရှိနေပါသည်။ လက်ရှိအခြေအနေတွင် သားငါးများကို ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝယ်ယူ စားသုံးနေရသော ကချင်ပြည် နယ်သည်လက်ဝယ်တွင်ရှိသောသဘာဝ အရင်းအမြစ်အခြေအနေကောင်းများကို ပိုင်နိုင်စွာအသုံးချနိုင် ပါလျင် ဝယ်ယူစား သုံးနေရသောအဆင့်မှ လွတ်မြောက်ရုံ မျှမကဘဲ ပြည်တွင်း၊ ပြည်ပသို့ သားငါး ထုတ်လုပ်တင်ပို့နိုင်သည့် စီးပွားရေးလုပ် ငန်းကြီးတစ်ခုဖြစ်ပါကြောင်း အသိပေး နှိုးဆော် တင်ပြလိုက်ရပါသည်။
တောင်ပေါ်မြေပြန့်စားသုံးသည့် မြန်မာ့ရေခိုျငါး 'ငါးမြစ်ချင်း' မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးတွင် ငါးမြစ်ချင်းငါးသည် အရေးပါလှသကဲ့ သို့ အဆိုပါငါးသည် မြန်မာ့ကျေးလက် နေပြည်သူများ (အထူးသဖြင့် တောင်ပေါ်ဒေသနေ ပြည်သူများအတွက်) ဈေးနှုန်းသက်သာ၍ ငါးစားသုံးမှုကို များစွာအထောက်အကူပြုလျက်ရှိပါ သည်။ နိုင်ငံတော်တွင် ရေသယံဇာတပေါြွကယ်ဝသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငါး အများဆုံးမွေးမြူသည့် ဒေသကြီးများ ဖြစ်ပါသည်။ ငါးမြစ်ချင်းငါးသည် ပြည်တွင်းစားသုံးမှု ဖူလုံပိုလံျှ၍ ပြည်ပ တင်ပို့သည့် နေရာတွင် (၂ဝ၁ဝ-၂ဝ၁၁) ဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားသို့ ငါးမြစ် ချင်း ငါးတင်ပို့ရောင်းချမှုမှာ ၈၄၉၉၇ မက်ထရစ်တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၉ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်းနှင့် ရေ ထွက်ပစ္စည်း အမယ်အလိုက် တင်ပို့မှုတွင် နံပါတ် (၁) အဆင့်ရှိပြီး နိုင်ငံခြား ဝင်ငွေ အများဆုံး ရရှိလျက်ရှိပါသည်။ ၎င်းငါးမြစ်ချင်းကို ရန်ကုန်မြို့ စံပြငါးဈေးကြီးမှတစ်ဆင့် တိုင်းဒေသကြီးအသီး သီး၊ ပြည်နယ် အသီးသီးသို့ သယ်ယူရာတွင် ရေခဲရိုက် ခြင်း(Chilled Type)စနစ်ဖြင့် သယ်ယူဖြန့်ဖြူး ရောင်းချလျက် ရှိရာ မြန်မာ့ကျေးလက်နေ ပြည်သူများ အတွက် ငါးအာဟာရ ဖြည့်တင်းပေးလျက်ရှိသော မြန်မာ့ရေချိုမွေးမြူရေးငါး အမယ်တစ်ခု ဖြစ်ပါသည်။ ငါးမြစ်ချင်းငါး၏ ဒေသ အလိုက် ဈေးနှုန်းများကို အသုံးပြုသည့် ရေခဲပမာဏ၊ သယ်ယူသည့် ခရီးအကွာ အဝေးအလိုက် ကွာခြားမှုများရှိသော် လည်း မြန်မာနိုင်ငံ ကျေးလက်ဒေသ ပြည်သူများအတွက် ငါးအာဟာရ ဖြည့် တင်းပေးနေသည့် အဓိကအရေးပါ သော ငါးအမယ် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ တောင်ပေါ်မြေပြန့် လူမျိုးမရွေး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးလျက်ရှိသော ငါးလည်း ဖြစ်ပါသည်။ ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် ငါးအာဟာရ မှ ရရှိသည့် အိုမီဂါ-၃ အဆီဓာတ်ကြောင့် လူတို့၏ ကျန်းမာရေးကိုများစွာအထောက် အကူ ပြုကြောင်း သုတေသီတို့မှ လေ့လာ တွေ့ရှိခဲ့ကြပါသည်။ မြန်မာ့ကျေးလက် နေပြည်သူများ ဈေး နှုန်းသက်သာစွာ ဖြင့် စားသုံးလျက်ရှိသော မြန်မာရေချို ငါးတစ်မျိုးဖြစ်သော ငါးမြစ်ချင်း ငါး (အပြည်ပြည်ဆိုင်ရာငါးအခေါ်Rohu၊ သိပ္ပံအမည် Labeo rohita) ၏ ၂၂.၇.၂ဝ၁၁ ရက်နေ့ တိုင်းဒေသကြီး များနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက် တွင် ရောင်းချလျက်ရှိသော ၃၅ ကျပ် သားမှ ၄ဝ ကျပ်သား အရွယ်အစား ရှိ ငါးတစ်ပိဿာဈေးနှုန်းများကို ဇယားဖြင့် ဖော်ပြထားပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ငါးမြစ်ချင်းငါး၊ ဈေးအသက် သာဆုံး ဝယ်ယူစားသုံးနေသော တိုင်း မှာ ဧရာဝတီတိုင်း ဒေသကြီးဖြစ်ပြီး အဆိုပါ ငါးမြစ်ချင်း၊ ဈေးအကြီးဆုံး ဝယ်ယူစားသုံးနေရသော ပြည်နယ်မှာ ကချင်ပြည်နယ် ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ငါးမြစ်ချင်းငါးများတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရောင်းချသည့် ဈေးနှုန်းများနှင့် ဝင်ရောက်မှုအခြေအနေ(တစ်ပိဿာဈေးနှုန်း-ကျပ်)စဉ် တိုင်းဒေသကြီး/ပြည်နယ် ရောင်းချသည့်တစ်ပိဿာဈေးနှုန်း နေ့စဉ်ဝင်ရောက်မှုပိဿာချိန်၁ နေပြည်တော်ခရိုင် ၂၃ဝဝ ၂၉၄၈၂ စစ်ကိုင်းတိုင်းဒေသကြီး ၁၆ဝဝ ၃၃ဝဝ၃ တနင်္သာရီတိုင်းဒေသကြီး - -၄ ပဲခူးတိုင်းဒေသကြီး ၁၅ဝဝ ၅၇၁ဝဝ၅ မကွေးတိုင်းဒေသကြီး ၂၈ဝဝ ၂၃ဝဝဝ၆ မန္တလေးတိုင်းဒေသကြီး ၂၂ဝဝ ၇ဝဝဝ၇ ရန်ကုန်တိုင်းဒေသကြီး ၁၄ဝဝ ၆၂၅၇ဝ၈ ဧရာဝတီတိုင်းဒေသကြီး ၁၂ဝဝ ၂ဝဝဝဝ၉ ကချင်ပြည်နယ် ၄ဝဝဝ ၁၃၁ဝဝ၁ဝ ကရင်ပြည်နယ် ၁၅ဝဝ ၅ဝဝဝ၁၁ ကယားပြည်နယ် ၃ဝဝဝ ၅ဝ၁၂ ချင်းပြည်နယ် ၁၆ဝဝ ၃ဝ၁၃ မွန်ပြည်နယ် ၁၇ဝဝ ၄ဝဝ၁၄ ရခိုင်ပြည်နယ် ၁၅ဝဝ ၁၇၃၇ဝ၁၅ ရှမ်းပြည်နယ် ၃ဝဝဝ ၁၂၉၂၆
ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်းဈေးနှုန်းများ ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ လေလံဈေးများကို အခြေခံပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost of Production ) တွက်ချက်ထားသော ငါးမြစ်ချင်းအကောင်လိုက်(Whole) ဈေးနှုန်းနဲ့ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသော(Gutted) ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ထားသော ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ် - US$ / TNE အရွယ်အစား Whole Gutted ယခုအပတ် ယခင်အပတ် ပြောင်းလဲမှု % ယခုအပတ် ယခင်အပတ် ပြောင်းလဲမှု %1 Kg down ၁၁၆၅ ၁၄၅၅ ၂၉ဝ ၁၉ .၉၃ ၁၃၆၅ ၁၆၅၅ ၂၉ဝ ၁၇ .၅၂1-2 Kg ၁၃၆၄ ၁၆၉ဝ ၃၂၆ ၁၉ .၂၈ ၁၅၆၄ ၁၈၉ဝ ၃၂၆ ၁၇ .၂၅2-3 Kg ၁၅၂၅ ၁၈၃ဝ ၃ဝ၅ ၁၆ .၆၇ ၁၇၂၅ ၂ဝ၃ဝ ၃ဝ၅ ၁၅ .ဝ၂3-5 Kg ၁၆၄၃ ၁၉၄ဝ ၂၉၇ ၁၅ .၃၁ ၁၈၄၃ ၂၁၄ဝ ၂၉၇ ၁၃ .၈၈5-7 Kg ၁၇၂၃ ၂ဝ၄ဝ ၃၁၇ ၁၅ .၅၄ ၁၉၂၃ ၂၂၄ဝ ၃၁၇ ၁၄ .၁၅7-8 Kg ၁၇၂၃ ၂ဝ၄ဝ ၃၁၇ ၁၅ .၅၄ ၁၉၂၃ ၂၂၄ဝ ၃၁၇ ၁၄ .၁၅8 Kg Up ၁၇၂၃ ၂ဝ၄ဝ ၃၁၇ ၁၅ .၅၄ ၁၉၂၃ ၂၂၄ဝ ၃၁၇ ၁၄ .၁၅ Gutted ဈေးနှုန်းသည် Whole ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့် အပေါ် တွက်ချက်ထားသည့် ဈေးနှုန်းဖြစ်သည်။MIRT(DOBT)
