Background
ရေထွက်ကုန်များ တင်ပို့တဲ့ မောင်တော ဇူလိုင်လ ပထမပတ်အတွင်း မောင်တောနယ်စပ်မှ ရေထွက်ကုန်များ တင်ပို့မှုမှာ ကန်ဒေါ်လာ ဝ ဒသမ ၁၂၉ သန်း တန်ဖိုးရှိ ရေငန်ပုစွန် တန် ၂ဝ ကျော်၊ ကန်ဒေါ်လာ ၇၆၈ဝ တန်ဖိုးရှိ ငါးစုံလေးခြောက် ၁ဝ တန်ကျော်၊ ကန် ဒေါ်လာ ၂၃ဝဝ တန်ဖိုးရှိ ငါးနီတူခြောက် ၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လ ၁ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄၂၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် တန် ၇ဝ ကျော်၊ ကန်ဒေါ်လာ ၃၂၃၁၉ တန်ဖိုးရှိ ငါးစုံလေးခြောက် တန် ၅ဝ ကျော်၊ ကန်ဒေါ်လာ ၄၆ဝဝ တန်ဖိုးရှိ ငါးနီတူခြောက် ၂ တန်၊ ကန်ဒေါ်လာ ၃ဝဝဝ တန်ဖိုးရှိ ငါးကုန်းညိုခြောက် ၂ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ မြင့်မြင့်မာ MIRT
မန္တလေးသီရိမာလာဈေးသို့ မွေးမြူရေးငါးတစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ဝန်းကျင် နေ့စဉ်ဝင်ရောက် မန္တလေးမြို့၊ သီရိမာလာဈေး ငါးဒိုင်များသို့ မန္တလေးမြို့ (ကန်တော်ကြီးငါးကန်)နှင့် မတ္တရာငါးကန်များမှ မွေးမြူရေး ငါးပိဿာချိန် ၅ဝဝဝ ဝန်းကျင်နေ့စဉ်ဝင်ရောက်ကြောင်း သိရ ပါတယ်။ မွေးမြူရေးငါးအမျိုးအစားများမှာ ငါးကြင်း၊ ငါးတန်၊ တီလားဗီးယားငါးများအဝင်များပြီး အစာစရိတ်လျော့၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ ဝေယံထွန်းမွေးမြူရေးငါးဒိုင်မှ ' ဒီတစ်ပတ်မှာ ငါးကြင်း အဝင်များနေတယ်။ တစ်နေ့ကို အချိန် ၂ဝဝဝ လောက်ဝင် ရောက်မှုရှိတယ်။ ငါးဈေးကျနေတော့ အရောင်းအဝယ် ကောင်းတယ်။ ဒီတစ်ပတ်အတွင်းမှာ ငါးဈေးနှုန်းက တစ်ပိဿာကို ၄ဝဝ ကျပ်လောက်ကျလာတယ်။ မန္တလေး မွေးငါးထဲမှာ တီလားဗီးယားကို မြို့ပေါ်က အကင်ဆိုင်တွေက အဝယ်များတယ်။ မန္တလေးဈေးကွက်သာမက ရှမ်းပြည် မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ ရှမ်းပြည် နယ်တောင်ပိုင်းတောင်ကြီး၊ ဖယ်ခုံမြို့နယ်တစ်ဝိုက်ကို ငါးကြင်း၊ ငါးတန်ပို့ရတယ်'' လို့ ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့က ငါးကြင်းတစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ငါးတန် တစ်ပိဿာ ၁၈ဝဝ ကျပ်- ၁၉ဝဝ ကျပ်၊ တီလားဗီးယားတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိ၍ ငါးအမိုျးအစားပေါ် မူတည်ပြီး ဈေးကွာခြားကြောင်း သိရပါတယ်။ ဇူးဇူး
ယခုအပတ် ရေထွက်ကုန် တင်ပို့မှုပိုမိုတဲ့ မူဆယ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် ငါးရှဉ့်နဲ့ ကဏန်းကို လေလံစနစ်နဲ့ တင်ပို့တာဖြစ်ပါတယ်။ ကြမ်းခင်းဈေး သတ်မှတ်တာကို ဈေးပြည့်မှီအောင် ပေးပြီး တရုတ် ဝယ်လက်မရှိလျှင် ရေထွက်ကုန် ကုန်စည်ဒိုင်က ကဏန်း၊ ငါးရှဉ့် ကုန်သည်များ မရှုံးရလေအောင် ကြမ်းခင်းဈေးနဲ့ပဲ ဝယ်ယူထားပေးရပါတယ်။ ယခုအပတ်မှာလည်း ရေ ထွက်ကုန် ဝယ်လက်ဆွဲအားမကောင်းတာကြောင့် ကြမ်းခင်း ဈေးကိုပင် မပေးကြတဲ့အတွက် ကုန်စည်ဒိုင်က သိမ်းယူထား လိုက်ရတယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ကဏန်းဈေး ကျပ် ၁၂၇ သန်းမှ ကျပ် ၁ ဒသမ ၁၂၉ သန်းထိ လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၅ဝ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၆၄ ဒသမ ၃၂၆ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ဝ ဒသမ ၉၂၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈၃ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၃၃ သန်းတန်ဖိုးရှိ ကဏန်းအရွယ်စုံ ၁၃၈ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၉၆ တန်နဲ့ ကဏန်း ၃၇ တန် ပိုမိုဝင်ရောက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၄၁၃၁ဝဝ ၂၅၂ဝ၃ဝဝ ၁ဝ၇၂ဝဝ ၄ ၂၉၅ဝ ၃ဝ၄ဝ ၉ဝ ၃ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၁၈၈၁၄ဝဝ ၃ဝဝ၈၁ဝဝ ၁၁၂၆၇ဝဝ ၆ဝ ၂၃၁ဝ ၃၇ဝဝ ၁၃၉ဝ ၆ဝ၂ဝဝ-၂၅ဝ ဂရမ် ၁၇၁၇၈ဝဝ ၂၈၄၅၅ဝဝ ၁၁၂၇၇ဝဝ ၆၆ ၂၁ဝဝ ၃၅ဝဝ ၁၄ဝဝ ၆၇၁၅ဝ-၂ဝဝ ဂရမ် ၁၅၅၄၂ဝဝ ၂၆၈၂၉ဝဝ ၁၁၂၈၇ဝဝ ၇၃ ၁၉ဝဝ ၃၃ဝဝ ၁၄ဝဝ ၇၄၁ဝဝ-၁၅ဝ ဂရမ် ၁၄၃၁၅ဝဝ ၂၅၆ဝ၉၅ဝ ၁၁၂၉၄၅ဝ ၇၉ ၁၇၅ဝ ၃၁၅ဝ ၁၄ဝဝ ၈ဝMIRT (DOBT)
ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်းဈေးနှုန်းများ ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ ဇူလိုင်လ ၆ ရက်နေ့ လေလံဈေးများကို အခြေခံပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost Of Production ) တွက်ချက်ထားသော ငါးမြစ်ချင်းအကောင်လိုက် (Whole) ဈေးနှုန်းနဲ့ ဗိုက်ခွဲကျောခွဲအူထုတ်ပြီး အသားတင်ကျန်ရှိသော (Gutted) ထုတ်လုပ်မှု ကုန်ကျစရိတ်တွက်ချက်ထားသော ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ်။ ငါးမြစ်ချင်း ၁ ကီလိုဂရမ်အောက်နဲ့ ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထိ ဈေးများအား ၅ ဒေါ်လာစီ မြင့်တက်လျက်ရှိပြီး ကျန်အရွယ်အစားများ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ တည်ငြိမ်လျက်ရှိပါတယ်။ ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်းဈေးနှုန်းများအရွယ်အစား Whole Gutted ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %1 Kg down ၁၄၅၅ ၁၄၅ဝ ၅ ဝ .၄ ၁၆၅၅ ၁၆၅ဝ ၅ ဝ .၃1-2 Kg ၁၆၉ဝ ၁၆၈၅ ၅ ဝ .၃ ၁၈၉ဝ ၁၈၈၅ ၅ ဝ .၃2-3 Kg ၁၈၃ဝ ၁၈၃ဝ - - ၂ဝ၃ဝ ၂ဝ၃ဝ - -3-5 Kg ၁၉၄ဝ ၁၉၄ဝ - - ၂၁၄ဝ ၂၁၄ဝ - -5-7 Kg ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - -7-8 Kg ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - -8 Kg Up ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - - ဇွန်လစတုတ္တပတ်မှာWhole ရော Gutted များ အရွယ်အစား အားလုံး ၃ ဒေါ်လာမှ ၇ ဒေါ်လာ ရာခိုင်နှုန်းအားဖြင့် ဝ ဒသမ ၂ မှ ဝ ဒသမ ၅ ရာခိုင်နှုန်းထိ လျော့ကျလျက်ရှိပါတယ်။ ဇူလိုင်လ ပထမပတ်မှာတော့ ၁ ကီလိုဂရမ်အောက်နဲ့ ၁-၂ ကီလိုဂရမ်အရွယ်အစားWhole နဲ့ Gutted ဈေးများမှာ ၅ ဒေါ်လာရာခိုင်နှုန်းအားဖြင့် ဝ ဒသမ ၃ ရာခိုင်နှုန်းမှ ဝ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်လျက်ရှိပါတယ်။ MIRT(DOBT)
မောင်တောမှ ရေထွက်ကုန် တင်ပို့မှု တိုးတက် ဇွန်လ၂၂ရက်မှ၂၈ ရက်ထိကာလ အတွင်း မောင်တောနယ်စပ်မှ ကန်ဒေါ် လာ ဝ ဒသမ၂၃၉ သန်း တန်ဖိုးရှိ ငါးနီ တူခြောက် ၂ တန်၊ ငါးစုံလေး ခြောက် ၂၅ တန်ကျော်နဲ့ ရေငန်ပုစွန် ၃၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ရေငန် ပုစွန် ၂၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့် ငါးစုံလေးခြောက် ၃ တန်ခန့်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မြင့်မြင့်မာ၊ MIRT
ရေထွက်ကုန် တင်ပို့မှု ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ ဇွန်လ နောက်ဆုံးပတ် လေလံ ဈေးများအခြေခံပြီး ကုန်ကျစရိတ် တွက်ချက်ထားတဲ့ ငါးမြစ်ချင်း အကောင်လိုက် (Whole) ဈေးနှုန်းနဲ့ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ် (Gutted) ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ငါးမြစ်ချင်း ၁ ကီလိုဂရမ်အောက် အကောင်လိုက် (Whole) နဲ့ ကျောခွဲအူထုတ် (Gutted) ဈေးဟာ ယခုအပတ်မှာ ၃ ဒေါ်လာမှ ၈ ဒေါ်လာထိ ဈေးကျလျက်ရှိပါတယ်ရေ ထွက်ကုန် တင်ပို့မှုအရွယ်အစား Whole Gutted ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %1 Kg down ၁၄၅ဝ ၁၄၅၅ ၅ ဝ .၃ ၁၆၅ဝ ၁၆၅၅ ၅ ဝ .၃1 - 2 Kg ၁၆၈၅ ၁၆၉၃ ၈ ဝ .၅ ၁၈၈၅ ၁၈၉၃ ၈ ဝ .၄1 - 2 Kg ၁၈၃ဝ ၁၈၃၇ ၇ ဝ .၄ ၂ဝ၃၃ ၂ဝ၃ဝ ၃ ဝ .၂3 - 5 Kg ၁၉၄ဝ ၁၉၄ဝ - - ၁၉၄ဝ ၁၉၄ဝ - -5 - 7 Kg ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - -7 - 8 Kg ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - -8 Kg Up ၂ဝ၄ဝ ၂ဝ၄ဝ - - ၂၂၄ဝ ၂၂၄ဝ - - MIRT (DOBT) ဇွန်လ တတိယပတ်မှာ Rohu ငါးမြစ်ချင်းWhole နဲ့ Gutted ၁ ကီလိုဂရမ်အောက် အရွယ် ဈေးများဟာ ၅ ဒေါ်လာ ရာခိုင်နှုန်းအားဖြင့် ဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ပြီး 1-2 Kg မှ 8 kg upဈေးများကတော့ ၂၇ မှ ၃ဝ ဒေါ်လာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၆ ရာခိုင်နှုန်းထိ ဒုတိယပတ်ထက် လျော့ကျမှုရှိခဲ့ပါတယ်။ ဇွန်လ စတုတ္တပတ်မှာတော့Whole ရော Gutted များပါ အရွယ်အစားအားလုံး ၃ ဒေါ်လာမှ ၇ ဒေါ်လာရာခိုင်နှုန်း အားဖြင့် ဝ ဒသမ ၂ ရာခိုင်နှုန်းမှ ဝ ဒသမ ၅ ရာခိုင်နှုန်းထိ လျော့ကျလျက်ရှိတာတွေ့ရပါတယ်။ DOBT (MIRT)
မြိတ်နယ်စပ်မှ ယခုအပတ် ရေထွက်ကုန်တင်ပို့မှုကန်ဒေါ်လာ ၁ သန်းကျော်ရရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန် ၁၆၆ဝ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့နိုင်ခဲ့တဲ့ရေထွက်ကုန်တွေကတော့ ငါးမျိုးစုံ ၁၂၃၈ တန်ကျော်၊ ရေငန်ပုစွန်တန် ၁ဝ တန်ကျော်၊ ငါးခြောက် ၁၄ တန်ကျော်၊ အေးခဲကဏန်းပျော့ ၇ တန်ကျော်၊ အေးခဲကင်းမွန် ၂ တန်ခန့်၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးမုန့် ၃၂၁ တန်ခန့်၊ ကဏန်းသေး (အသေ) ၁ တန်ကျော်၊ အေးခဲငါး ၉ တန်ခန့်၊ အေးခဲပုစွန် ၄၄ တန်ကျော်နဲ့ ကင်းမွန်ပြုတ်ခြောက် ၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မြေပြင်ပေါက်ဈေးများကို ယခင်အပတ်မြေပြင်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ငါးခွေးလျှာနဲ့ ကုလားကုတ် ဈေးပြောင်းလဲမှုမရှိပေမဲ့ ငါးမုတ်မဲဈေး တစ်ကီလိုကို ကျပ် တစ်ရာပိုမိုခဲ့ပြီး ငါးမုတ်ဖြူဈေးကတော့ ကျပ်၅ဝဝ လျော့နည်းခဲ့တာ တွေ့ရပါတယ် -စဉ် ပစ္စည်းအမည် ရေတွက်ပုံ ယခုအပတ်ဈေး(ကျပ်) ယခင်အပတ်ဈေး(ကျပ်) ပြောင်းလဲမှု(ကျပ်)၁ ငါးမုတ်ဖြူ ၁ ကီလို ၄ဝဝဝ ၄၅ဝဝ ၅ဝဝ၂ ငါးမုတ်မဲ ၁ ကီလို ၂၃ဝ ၂၂ဝဝ ၁ဝဝ၃ ငါးခွေးလျှာ ၁ ကီလို ၉၅ဝ ၉၅ဝ -၄ ကုလားအုပ် ၁ ကီလို ၁၇၅ဝ ၁၇၅ဝ - ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်မှာ ရေထွက်ကုန်တင်ပို့မှု မရှိသော်လည်း မြေပြင်ပေါက်ဈေးများ ဖော်ပြပေးလိုက်ရပါတယ်။ ဈေးများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ် -စဉ် ပစ္စည်းအမည် ရေတွက်ပုံ ယခုအပတ်ဈေး ယခင်အပတ်ဈေး (ကျပ်) (ကျပ်)၁ ပလာတန်း ၁ ကီလို ၁၂ဝဝ ၁၂ဝဝ၂ ငါးမဲလုံး ၁ ကီလို ၁၃ဝဝ ၁၃ဝဝ၃ ပလာတူး ၁ ကီလို ၉ဝဝ ၉ဝဝ၄ ငါးကုန်းညို ၁ ကီလို ၈ဝဝ ၈ဝဝစဉ် ပစ္စည်းအမည် ရေတွက်ပုံ ယခုအပတ်ဈေး ယခင်အပတ်ဈေး (ကျပ်) (ကျပ်)၅ ကင်းမွန် ၁ ကီလို ၁၂ဝဝ ၁၂ဝဝ၆ ကဏန်း ၁ ကီလို ၂၃ဝဝ ၂၃ဝဝ၇ ငါးဆားနယ် ၁ ကီလို ၁ဝဝဝ ၁ဝဝဝခင်မြနွယ်(MIRT)
မန္တလေးမြို့တော်သို့ ငါးဝင်ရောက်မှုများပြားပြီး စားသုံးမှု ပိုမိုများလာ ရန်ကုန်မှ ငါးများ ပြည်တွင်းဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ရောင်းချလျက်ရှိပြီးမန္တလေးမြို့တော်ဟာ အထက်မြန်မာ ပြည်ဈေးကွက်ဖြန့်တဲ့ ဗဟိုအချက်အချာ နေရာဖြစ်ပြီး မန်းမှ တစ်ဆင့် ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ မြစ်ကြီးနားလိုင်းများ သို့ ထပ်ဆင့်တင်ပို့လျက်ရှိပါတယ်။ ရန်ကုန် ငါးများကို ကားလမ်းမှ ကုန်ပိဿာချိန် ၂ဝဝဝဝ ကျော်ခန့်နဲ့ ရထားလမ်းမှ ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ ခန့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ငါးအမျိုးအစားများအနေဖြင့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါး အုံတုံ၊ ငါးမုတ်နဲ့ ပုစွန်များ ဝင်ရောက်ကြောင်း သိရပါတယ်။ ရထားဖြင့်လာတဲ့ ငါးများကို မန်းမြို့ပေါ်မှ ကိုယ်စားလှယ်က နယ်များသို့ ရထားဖြင့် ဆက်လက်ဖြန့်ပြီး ကားနဲ့လာတဲ့ငါး တွေကို မန်းမြို့တွင်း ညနေ ၃ နာရီမှ စဖြန့်ပြီး ည ၉ နာရီမှာ အဝေးတင်ဖြန့်ကြောင်းသိရပါတယ်။ မန်းမြို့ငါးမွေးမြူရေးကန်များနဲ့ အမရပူရ တောင်သမန်အင်း၊ မတ္တရာမြို့နယ်တို့က လာတဲ့ ငါးများဖြစ်တဲ့ ရွှေဝါငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်၊ ငါးမြစ် ချင်း၊ တီလားဗီယားငါးများလည်း ပိဿာချိန် ၆ဝဝဝ- ၇ဝဝဝခန့်ဝင်ရောက်ကြောင်း သိရပါတယ်။ မန်းမြို့ပေါ်ရှိဈေး ၄ဝ ဖြန့်ဝေမှုအရ မြို့နေလူထု စားသုံးမှု ပိဿာ ၈ဝဝဝ- ၁ဝဝဝဝ ခန့်ရှိပြီး အခုလတ်တလောဈေးကွက်တွင် ကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာ သတင်းများကြောင့် ငါးဝင်ရောက် မှု များပြားသည့်အတွက် စားသုံးမှု ပိုမိုများလာတဲ့အပြင် လက်လီပြန်ရောင်းတဲ့ ငါးသည်များမှ ငါးအတုံးလေးများ ခုတ်ပြီး ၁ဝ ကျပ်သား အထုတ်သေးများ တစ်ပိုင်တစ်နိုင် ရောင်းချပေးတဲ့အတွက် ဝယ်ယူမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။ ရောင်းချနေတဲ့ ဈေးနှုန်းတွေကတော့ ရန်ကုန် ငါးကြင်းဖြူ တစ်ပိဿာ ၃၅ဝဝ ကျပ်-၄ဝဝဝ ကျပ်၊ ငါးအုံတုံ၊ ငါး မြစ်ချင်း၊ ငါးမုတ်တွေကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်-၂၁ဝဝ ကျပ်ရှိကြောင်း သိရပြီး မန်းမြို့ငါးများ ကတော့ လတ်ဆတ်မှုပေါ်မူတည်ပြီး ဈေးရကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
ရေထွက်ကုန် တင်ပို့မှု ဇွန်လ ၈ရက်မှ ၁၄ ရက်ထိကာလအတွင်းမူဆယ်(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်စည်ဒိုင်မှ ရေထွက်ကုန် တင်ပို့မှုတွေကတော့ ငါးရှဉ့် ၂၅၈ တန်ကျော်၊ ကဏန်း ၁၁၃ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၅၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၈၈ တန်၊ ကဏန်း ၁၉ တန်နဲ့ ရေငန်ငါးမျိုးစုံ၂၈ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ရှိ ရေထွက်ကုန်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါ တယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၁၆၉၂၈၆ဝ ၂၁ဝ၁၂၄ဝ ၄ဝ၈၃၈ဝ ၂၄ ၂၂ဝဝ ၂၆၂ဝ ၄၂ဝ ၁၉ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၇၂၆၉၆ဝ ၂၄၇ဝ၁၆ဝ ၂၅၆၈ဝဝဝ ၉ ၃၅၆ဝ ၃ဝ၈ဝ ၄၈ဝ ၁၄၂ဝဝ-၂၅ဝ ဂရမ် ၂၅၇၃၇၆ဝ ၂၃ဝ၉၇၆ဝ ၂၆၄ဝဝဝ ၁ဝ ၃၃၆ဝ ၂၈၈ဝ ၄၈ဝ ၁၄၁၅ဝ-၂ဝဝ ဂရမ် ၂၄၂၁၅၆ဝ ၂၁၄၉၃၆ဝ ၂၇၂၂ဝဝ ၁၁ ၃၁၆ဝ ၂၆၈ဝ ၄၈ဝ ၁၅၁ဝဝ-၁၅ဝ ဂရမ် ၂၃ဝ၅၆၆ဝ ၂၁၂၉ဝ၆ဝ ၁၇၆၆ဝဝ ၁၂ ၃ဝ၁ဝ ၂၅၃ဝ ၄၈ဝ ၁၆ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ၂၅၁ သန်းတန်ဖိုးရှိ ရေခိုျငါး ၂၄၁ တန်၊ ရေငန်ပုစွန် ၇ ဒသမ ၉၆ တန်၊ ငါးသလောက် ၁တန်၊ ငါးနီတူခြောက် ၁ တန်နဲ့ ငါးစုံလေးခြောက် ၂၅၄ တန်အသီးသီးတင်ပို့ခဲ့ပြီး မောင်တောနယ်စပ်မှ ရေငန်ပုစွန် ၃ တန်ကျော်တန်ဖိုးအားဖြင့် ၁၉၉၆ဝ ဒေါ်လာဖိုး တင်ပို့မှုရှိခဲ့ပါတယ်။MIRT(DOBT)
ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ လေလံဈေးများကို အခြေခံပြီး ကုန်ကျစရိတ် ( Cost of Production) တွက်ချက်ထားတဲ့ ငါးမြစ်ချင်းRohu ငါးကောင်လုံး (Whole) ဈေးနဲ့ ငါးဗိုက်ခွဲ၊ ကျောခွဲ ၊ အူထုတ်ပြီး (Gutted ) တို့ရဲ့ ပြည်တွင်းဈေးကွက်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် အရွယ်အစား Whole Gutted ယခု ယခင် ယခု ယခင်1 Kg down ၁၄၅ဝ ၁၄၅ဝ ၁၆၅ဝ ၁၆၅ဝ1-2 Kg ၁၇၂ဝ ၁၇၄ဝ ၁၉၂ဝ ၁၉၄ဝ2-3 Kg ၁၈၆ဝ ၁၉၁ဝ ၂ဝ၆ဝ ၂၁၁ဝ3-5 Kg ၁၉၇ဝ ၂ဝ၁ဝ ၂၁၇ဝ ၂၂၂ဝအရွယ်အစား Whole Gutted ယခု ယခင် ယခု ယခင်5-7 Kg ၂ဝ၇ဝ ၂ဝ၈ဝ ၂၂၇ဝ ၂၂၈ဝ7-8 Kg ၂ဝ၇ဝ ၂ဝ၈ဝ ၂၂၇ဝ ၂၂၈ဝ8 Kg Up ၂ဝ၇ဝ ၂ဝ၈ဝ ၂၂၇ဝ ၂၂၈ဝSource: ငါးလုပ်ငန်းဦးစီးဌာန
