Background
၂ဝ၂ဝ ခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိရန် ဗီယက်နမ် မျှော်မှန်း လာမဲ့ ၁ဝ နှစ်အတွင်းမှာ ဗီယက်နမ်ပင်လယ်စာ တင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိဖို့ ရည်မှန်းထားကြောင်း ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development (MARD) မှ ပြောကြားလိုက်ပါတယ်။ပင်လယ်စာ တင်ပို့မှုအတွက် အဓိကရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတွေမှာ ပြုပြင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်း ရရှိရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးနဲ့ ပင်လယ်စာထွက်ကုန်တွေရဲ့ အရည်အသွေးထိန်းချုပ်ရေးတို့ဖြစ်ကြောင်းMARD မှ ဒုတိယ ဝန်ကြီး Vu Van Tam မှပြောကြားလိုက်ပါတယ်။ ၂ဝ၂ဝ ခုနှစ်အတွင်း ဗီယက်နမ်ပင်လယ်စာကဏ္ဍ အတွက် အဆင့်မြင့်နည်းပညာရရှိရေးနဲ့ ပြည်တွင်းနဲ့ အပြည် ပြည်ဆိုင်ရာ ဈေးကွက်မှာ ကုန်အမှတ်တံဆိပ်ကို အသိအမှတ် ပြုရေးတို့ကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အီးယူ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု က ဗီယက်နမ်ရဲ့ အဓိကပို့ကုန်ဈေးကွက် အဖြစ်ဆက်လက်ရပ် တည် နေဦးမှာဖြစ်ပြီး ပို့ကုန်ဝင်ငွေရဲ့ ၆ဝ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းရှိပါတယ်။ အရှေ့ဥရောပနိုင်ငံများ၊ အာဆီယံ၊ တောင်ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကစတဲ့ အဓိက ဈေးကွက်တွေအပြင် ဗီယက်နမ်က တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ တို့ကိုပါ ဈေးကွက် ခဲျ့ထွင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:english.vovnews.vn
ဂျပန်သို့ တူနာငါးတင်ပို့မှုမြင့်တက် ယခုနှစ်မေလအထိ ဗီယက်နမ်မှ ဂျပန်ကို တူနာငါးတင် ပို့မှုက တန်ချိန် ၄၃၄ ကိုရောက်ရှိခဲ့ပြီး ကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ တင်ပို့မှု ပမာဏ ၂၆၄ ဒသမ ၅ ရာခိုင်နှုန်းတက်သွား ခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာထုတ်လုပ်တင်ပို့သူများအသင်း (Vietnam Association of Seafood Exporters and Produces (VASEP) မှပြောကြားလိုက်ပါတယ်။ ပို့ကုန်ဈေးနှုန်းက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ကီလိုဂရမ်ကို ၆ ဒသမ ၉၈ ဒေါ်လာကို ရောက်ရှိခဲ့တယ်။ တူနာငါးတင်ပို့ရာမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းကို ကုန်ကြမ်းအတိုင်းတင်ပို့ပြီး ၁ဝ ဒသမ ၅ ရာခိုင်နှုန်းကို ပြုပြင်ပြီး ထုတ်လုပ်တင်ပို့လျက်ရှိတယ်။ ဂျပန်က ဗီယက်နမ်ရဲ့ တူနာငါးအဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဒုတိယအများဆုံးတင်ပို့လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:english.vovnews.vn
မူဆယ်နယ်စပ်မှ တင်ပို့သည့် ရေထွက်ကုန် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း အများဆုံးတင်ပို့တဲ့ ပို့ကုန်အမိုျး ၂ဝ စာရင်းအရ ကန်ဒေါ်လာ ဝ ဒသမ ၅၉၇ သန်းတန်ဖိုးရှိ ငါးရှဉ့်တန် ၁၇ဝ ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၂၆၁ သန်း တန်ဖိုးရှိ ကဏန်း ၉၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၁၃ သန်းတန်ဖိုးရှိ ရေငန်ငါးမိုျးစုံ ၂၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က အများဆုံးပို့ကုန် ၂ဝ စာရင်းမှာ ငါးရှဉ့်နဲ့ ကဏန်းများသာ ပါဝင်ခဲ့ပြီး ယခု အပတ်မှာ ငါးရှဉ့် ၈ တန်နဲ့ ကဏန်း ၂၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းမိမိဘက်နဲ့ တစ်ဘက် နိုင်ငံဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၃၁၂၆၄ဝ ၂၉ဝ၃၉ဝဝ ၅၉၁၂၆ဝ ၂၅ ၂၈၈ဝ ၃၅၅ဝ ၆၇ဝ ၂၃ကဏန်း၂၅ဝဝဂရမ်အထက် ၂၁၉၂၁၉ဝ ၃ဝ၆၇၅ဝဝ ၈၇၅၃၁ဝ ၄ဝ ၂၇၃ဝ ၃၇၅ဝ ၁ဝ၂ဝ ၃၇၂ဝဝ-၂၅ဝ ဂရမ် ၂ဝ၃၁၅၉ဝ ၂၉ဝ၃၉ဝဝ ၈၇၂၃၁ဝ ၄၃ ၂၅၃ဝ ၃၅၅ဝ ၁ဝ၂ဝ ၄ဝ၁၅ဝ-၂ဝဝ ဂရမ် ၁၈၇ဝ၉၉ဝ ၂၇၄ဝ၃ဝဝ ၈၆၉၃၁ဝ ၄၆ ၂၃၃ဝ ၃၃၅ဝ ၁ဝ၂ဝ ၄၄၁ဝဝ-၁၅ဝ ဂရမ် ၁၇၅ဝ၅၄ဝ ၂၆၁၇၆ဝဝ ၈၆၇ဝ၆ဝ ၅ဝ ၂၁၈ဝ ၃၂ဝဝ ၁ဝ၂ဝ ၄၇MIRT (DOBT)
ပုစွန်ကျားပြုပြင်ထုတ်လုပ်သူများ ကုန်ကြမ်းပြတ်လပ် ဗီယက်နမ်ပုစွန်ကျား (Tiger prawn) ကုန်ချောထုတ်လုပ်တင်ပို့သူတွေက ကုန်ကြမ်းပြတ်လပ်မှုနဲ့ ဈေးနှုန်း မြင့်မားမှုတို့ကြောင့် လုပ်နိုင်စွမ်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ တောင်ပိုင်းပြည်နယ်တွေမှာ ပုစွန်ကျားက ရောဂါပိုးကျရောက်လို့ သေဆုံးကုန်ရာ ကုန်ချောထုတ်လုပ်မှု အခက်ကြုံနေကြောင်း Ut Xi Seafood Processing Joint Stock Company မှ ညွှန်ကြားရေးမှူး Nguyen Tuan Anh မှပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ဒီလိုဆိုးဆိုးရွားရွား ပုစွန်ကုန်ကြမ်းပြတ်လပ်မှုမျိုးကို တစ်ခါမှ မကြုံဖူးသေးကြောင်း တောင်ပိုင်း ံHau Giang ပြည်နယ် Cafatex Corporation မှ အထွေထွေညွှန်ကြားရေးမှူး Nguyen Van Kich မှပြောကြားလိုက်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပုစွန်အပေါ်မှာ ရောဂါကျရောက်မှုကြောင့် သေဆုံးကုန်ကြရာ ဗီယက်နမ် အနေနဲ့ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ပို့ကုန်စာချုပ်တွေ ချုပ်ဆိုရာမှာ အခက်အခဲရှိခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး Truong Dinh Hoe မှပြောကြားလိုက်ပါတယ်။ ပုစွန်ကုန်ကြမ်းဆိုးဆိုးရွားရွား ပြတ်လပ်မှုက သြဂုတ်လအထိ ကြုံတွေ့နိုင်ကြောင်း ံHoe အရ သိရှိရပါ တယ်။ ယခုအခါ ပုစွန်မွေးမြူသူတွေက ကြီးမားတဲ့ ပုစွန်ကျားအစား ခြေထောက်အဖြူရောင်ရှိတဲ့ ပုစွန်ကိုအစားထိုးမွေးမြူလျက်ရှိကြောင်း Soc Trang Seafood Joint Stock Company မှ အထွေထွေညွှန်ကြားရေးမှူး Tran Van Pham မှ သိရပါတယ်။ ဒါပေမဲ့ယာယီသာဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်ပုစွန်ကျားက အိန္ဒိယပုစွန်ကြားနဲ့သာ ယှဉ်ပြိုင်ရပြီး ခြေထောက် အဖြူရောင်ရှိတဲ့ ပုစွန်မှာ နိုင်ငံများစွာမှာ ထုတ်လုပ်လျက်ရှိရာ ပြိုင်ဆိုင်မှုပိုများကြောင်း Pham မှဖြည့်စွက် ပြောကြား လိုက်ပါတယ်။ ယခုနှစ်မှာ ပုဇွန်တင်ပို့မှုပမာဏလျော့ကျသွားသော်လည်း ပုဇွန်ဈေးနှုန်းမြင့်မားမှုကြောင့် ပုဇွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:vietnamnet.vnagency.com
ငါးရှဉ့်ပြည်ပတင်ပို့မှု ယခင်ကာလတူထက်ပို ရေထွက်ကုန်ပစ္စည်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ငါးရှဉ့်ဟာ မေလအတွင်း ယခင်လထက် တင်ပို့မှု ပိုမိုလာတာ တွေ့ရပါတယ်။ ဧပြီလ သြင်္ကန်ကာလအတွင်း မူဆယ်သို့ ငါးရှဉ့်အဝင်နည်းခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရွှေဘို၊ တောင်ငူ၊ မန္တလေးနှင့် ရန်ကုန်ဘက်တို့မှ အဝင်များပြီး ၈ တန်/၁ဝ တန် ဝင်ကား များဖြင့် နေ့စဉ် ၆၂ ပိဿာဝင် သေတ္တာ ၂ဝဝ ကျော်တင်ပို့လျက်ရှိပါတယ်။ နေ့စဉ်ငါးရှဉ့် ဈေးနှုန်းများ အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လေလံအောင် သတ်မှတ်ဈေးနှုန်းများအရ တင်ပို့ရောင်းချလျက်ရှိပြီး မေလမှာ ငါးရှဉ့် တစ်တန်လျှင် ၃၂ဝဝ ဒေါ်လာမှ ဒေါ်လာ ၅ဝဝဝ ကျော်အထိ ဈေးရရှိပြီး မေလ ၂၄ ရက်နေ့ ငါးရှဉ့် တစ်တန် လေလံအောင်ဈေးမှာ ၃၉၆ဝ ဒေါ်လာထိ ဈေးရရှိ ခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ငါးရှဉ့်တင်ပို့မှု တန်ချိန် ၃၅ဝ ဒသမ ၅၂ တန်၊ တန်ဖိုးငွေ ၁၃၇ဝ၃၈၄ ဒသမ ၁၉ ဒေါ်လာရရှိခဲ့ပြီး ဧပြီလကာလတူနဲ့ နှိုင်းယှဉ်လျှင် တန်ချိန်အားဖြင့် ၁၄၆ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၅၃၅ သန်းဖိုး တင်ပို့မှု ပိုမိုခဲ့ပါတယ်။ လှလှအောင်
ပုစွန်မွေးမြူရေးအားကောင်းလာ ယခုနှစ်အတွင်း ပုစွန်မွေးမြူရေးသမားများအနေဖြင့် ပုစွန်ဖြူများမွေးမြူမှု ပိုမိုအားကောင်းလာကြောင်း ငါး-ပုစွန် မွေးမြူသူများထံက သိရသည်။ ဒီနှစ်ထဲမှာBlack Tiger သားဖောက်လုပ်ငန်းလျော့ကျ ပြီး၊ ပုစွန်မွေးမြူရေးက အားရဖို့ရှိနေပါတယ်။ သားဖောက် ထုတ်နိုင်ဖို့အတွက် ဝယ်အားကောင်ရေ ၇ သန်း ရှိပါမှ တွက် ခြေကိုက်မယ့် အနေအထားရှိပါတယ်''ဟု ပုစွန် လုပ်ငန်းရှင် များအသင်းမှ ဦးသန်းဝင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူမှုကို ၁၉၉ဝ ခုနှစ်များကျော် က စတင်နိုင်ခဲ့ပြီး၊ မွေးမြူရေးသမားများ တိုးခဲျ့မွေးမြူလာ သည့် ပုစွန်ဖြူမှာ ထိုင်းနိုင်ငံကတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခု နှစ်အတွင်း ပုစွန်ဖြူများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ဒေသတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ဒေသတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တန်းဇုန်တွင်လည်းကောင်း တိုးခဲျ့စမ်းသပ်မွေးမြူလာကြောင်း သိရသည်။ K.M.T
ပြည်ပပို့ကုန်ငါးများ ရေခဲတင်မှုကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန်လို ပြည်ပနိုင်ငံများသို့ တင်ပို့ သည့်ငါးများ ရေခဲတင်သည့်ကိစ္စ ကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ''ရေခဲတင်တာကောင်းရဲ့လား၊ မကောင်းဘူးလား၊ ဒီလိုရေ ခဲတင်ခြင်းအားဖြင့် ရရှိမယ့်ဈေးနှုန်းကို ဘယ်လိုသက်ရောက်မှုရှိမလဲ။ တင်ပို့သူဘက်က ဘယ်လိုနစ်နာမှုတွေ ရှိလာနိုင်သလဲ။ ဈေးကွက်မှာ လိုအပ်ချက်ကဘာလဲ။ ဈေးကွက်မှာ ကိုယ့်လူတွေ ဘယ်လိုပြိုင်နေသလဲ။ အချင်းချင်း ပြန်တိုက်ခိုက်နေရတာနဲ့ ဘယ်လိုဈေးကွက်ပျက်သလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဖို့လိုပါ လိမ့်မယ်။ ဒီဆွေးနွေးပွဲကရရှိတဲ့ အခြေအနေအတိုင်း ဆက်ပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်အင်္ဂါနေ့တိုင်းပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲ၌တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်ပနိုင်ငံများသို့ ငါးများ တင်ပို့ရောင်းချရာတွင် ကြာရှည် ခံနိုင်ရန်အတွက် ရေခဲသားတင် ခြင်းကို ၂ဝဝ၈ ခုနှစ်တွင် ငါး အလေးချိန်၏ ၁၂ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်မှ လက်ရှိအခြေအနေအထိ ငါးအလေးချိန်၏ ၂ဝ ရာခိုင်နှုန်းကို လည်းကောင်း ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ရေချိုငါး ကုန်တက်ကောင်းသော်လည်း ဈေးအေး ကြည့်မြင်တိုင် စံပြငါးဈေးကြီးသို့ ရေချိုငါးကုန်တက်အား ကောင်းနေသော်လည်း ဈေးအေးနေသေးကြောင်း ရေချိုငါးလုပ်ငန်းရှင်များထံက သိရသည်။ ''အခုချိန်က ရေချိုငါးထုတ်ရောင်းတဲ့ကာလဖြစ်တာ ကြောင့် တစ်နေ့ပိဿာချိန် ၂၅ဝဝဝဝ ဝန်းကျင် အဝင်ရှိ နေပါတယ်။ မေလ အတွင်းမှ ရေချိုငါးတွေထဲမှာ အဓိက မွေးမြူတဲ့ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ်က အဝယ်ရှိနေ ပါတယ်။ မေလ ၈ ရက်လောက်အထိ ရေချိုငါးတန် ၃ဝဝ ကျော်၊ မေလ ၉ ရက်ကနေ ၁၅ ရက်အထိကို ရေချို ငါးတန် ၃ဝဝ ကျော်၊ မေလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ရေချို ငါး ၁ဝ တန်ကျော်တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေချိုငါးက ကုန်တက်လည်းကောင်း၊ ဝယ်လက်လည်းရှိနေပေမယ့် ဈေးနှုန်းရရှိမှုက နည်းနေပါသေးတယ်။ ဈေးကွက်ကျွမ်းကျင်သူ အချို့က ငါးဈေးကျနိုင်သေးတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါကြောင့် ငါးမွေးမြူသူအများစုက အရှုံးနှင့် ရင်ဆိုင် နေကြရပါဦးမယ်''ဟု ရေချိုငါးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကြည့်မြင်တိုင်စံပြငါးဈေးကြီးတွင် ၂ကစ အရွယ် ငါးမြစ် ချင်းတစ်ပိဿာလျှင်(၁၈ဝ-၁၉ဝ) ကျပ်ရှိနေသည်ဟုဆိုသည်။ KMT
ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာသန်း ၆ဝ ကျော်ရရှိ ၂ဝ၁၁-၁၂ ခုနှစ် ဘဏ္ဍာနှစ် အတွင်း ရေထွက်ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၆ဝ ကျော်ရရှိထားပြီဖြစ်ကြောင်း၊ မေ ၂၄ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ ''ဧပြီ ၁ ရက်ကနေ မေ ၂၁ ရက်အထိကို ပုံမှန်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃၅ သန်းကျော်၊ မူဆယ်နယ်စပ်ကုန် သွယ်ရေးကနေ ဒေါ်လာ ၆ သန်းကျော်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃ သန်းကျော်၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ ၂ သန်းခန့်၊ မြိတ်နယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ ၃ သန်းကျော်၊ မောင်တောစခန်းကနေ ဒေါ်လာ ဝ.၃၁ သန်းစသည်ဖြင့် စုစုပေါင်းဒေါ်လာ ၆ဝ.ဝ၇၉ သန်း ရရှိထားပြီးဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ရေထွက်ကုန်တွေအနေနဲ့ ပါကူးငါး၊ တီလားပီးယား၊ ငါးမြစ်ချင်းတွေကို အကောင်လိုက် မဟုတ်ဘဲ တင်ပို့မှုတွေ ပိုလုပ်နိုင်ခဲ့ပါ တယ်''ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပြသည်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၁ ရက်အထိ တင်ပို့မှုက ဒေါ်လာ ၄.၄၄ သန်းရရှိခဲ့ပြီးဖြစ်သည်။ K.M.T
ကျေးလက်ဒေသသား၊ ငါးထုတ်လုပ်သည့် အစုအဖွဲ့ ဖွဲ့စည်းမည် ကျေးလက်ဒေသ သား၊ ငါးထုတ်လုပ်သည့် အစုအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။ ''အခုလောလောဆယ် ရွှေဘိုခရိုင်ကျေးရွာ(၆)ရွာမှာ လုပ်သား ၅ဝဝ ကို ငါးရှဉ့်ဖမ်းဆီးထုတ်လုပ်တဲ့ လုပ်သား တွေရဲ့ အစုအဖွဲ့လုပ်ဖို့ ရှိနေပါတယ်။ အဲဒီအဖွဲ့တွေက စုပေါင်းပြီး ဖမ်းဆီးတာ၊ စုပေါင်းသယ်ယူပို့ဆောင်တာ၊ ဈေးကွက် ရှာတာ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ ကျေးလက်ငါးကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်လာမှာ ပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ငါးဆားနယ်-ငါးကျပ်တင်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဘီလားငါး၊ တနင်္သာရီ တိုင်းဒေသကြီးမှာ ငံပြာရည်လုပ်ငန်း စုပေါင်းလုပ်ငန်းတွေကို One Region One Product လုပ်ဖို့ စီစဉ်နေပါပြီ''ဟု ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ ရေမှော် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကကတစ်မွေးမြူရေးလုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမြစ်ချင်းမွေးမြူရေးနှင့် ကဏန်းပျော့မွေးမြူရေးများမှာ ထင်ရှားသည့်လုပ်ငန်းများဖြစ်ခဲ့သည်။ MN
