Background
ငါးမွေးကန်အချို့တွင် ငါးသေဆုံးမှုများဆက်ရှိနေ ငါးမွေးကန်အချို့တွင် ငါးသေဆုံး မှုများ ဆက်လက်ရှိနေသေးကြောင်း ငါး မွေးလုပ်ငန်းရှင်များထံက သိရသည်။ ''ငါးမွေးကန်အချို့မှာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်နဲ့ မတ်လပထမပတ်လောက်အထိ နေပူပြင်းလာတဲ့အတွက် အချို့ငါးကန်တွေထဲက ငါးတွေသေဆုံးမှုဖြစ်ခဲ့တယ်။ မတ်လ ဒုတိယပတ်လောက်က မိုးရွာမှုနဲ့ အအေးဒဏ်တွေ ကြောင့် ငါးအသေအပျောက် ပါးသွားတယ်။ ဒါပေမဲ့ အသေကတော့ ရှိနေတုန်းပဲ။ ဒီရက်တွေထဲ (မတ်လ နောက်ဆုံးပတ်)မှာ နေပြန်ပူလာတဲ့အတွက် ငါး အသေအပျောက် ထပ်ဖြစ်လာ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တောင်ပိုင်းဒေသတို့မှာ ငါးအသေအပျောက်တွေရှိတယ်'' ဟု ငါးမွေးမြူရေး အသင်းမှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြ သည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးဧက နှစ်သိန်း တစ်သောင်းကျော်ရှိပြီး ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မွေးဧကတစ်သိန်း ကျော်ရှိနေသည်ဟုဆိုသည်။ M.N
စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင်ရှိခဲ့ ၂ဝ၁၁ ခုနှစ် မတ်လစတုတ္ထ ပတ်တွင်စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင် ရှိနေကြောင်း ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီးမှ သိရှိရသည်။ ''မတ်လတတိယပတ်မှာလဲ ရာသီ ဥတုအခြေအနေကြောင့် ငါးဖမ်းစက် လှေတချို့ ပင်လယ်ကိုငါးဖမ်းနားကြတယ်။ အရင်က ရာသီဥတုအခြေအနေ ကိုဂရုမစိုက်ကြပေမဲ့ နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း၊ ဂီရီဝင်ပြီးတဲ့နောက်ပိုင်းမှာ ငါးဖမ်းတဲ့သူတွေ ဟာ အကြောက်တရားနဲ့ရာသီဥတုအခြေအနေကို သေချာနားထောင်တယ်။ မုန်တိုင်းရှိနိုင်တယ်ဆိုရင်ပဲ ငါးဖမ်း မထွက်ကြတော့ဘူး။ အဲဒီလို ရက်မျိုးဆိုရင် စံပြငါးဈေးကိုငါးအဝင်နည်းတယ်။ မတ် ၁၉ ရက်မှာ ငါးပိဿာချိန် ၁၄ဝ၆၂၅ ပိဿာပဲ အဝင်ရှိခဲ့တယ်'' မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြ ငါးဈေးကြီးသို့ ယခင်က မော်တော်ကားနှင့် ရေယာဉ် ၂၅ စီးစာ ရေချိုငါးများ ပုံမှန်အဝင်ရှိ ခဲ့သည်ဟုဆိုသည်။ M.N
၂ဝ၁၁ မှာ ပုစွန်မွေးမြူရေးလုပ်ငန်း ဦးမော့လာ ၂ဝ၁၁ ခုနှစ်အတွင်း ပုစွန်လုပ်ငန်း ဦးမော့လာကြောင်း ပုစွန်မွေးမြူသူများ ထံကသိရသည်။ ''၂ဝဝ၆ ခုနှစ်မတိုင်မီက ပုစွန်တန် ချိန် ၁၇ဝဝ ခန့် တင်ပို့နိုင်ခဲ့ပေမယ့် ယခု ဆယ်ကဏန်းလောက်သာ ရှိနေပါတယ်။ Extensive Plus နဲ့သဘာဝ သားပေါက်မွေးမြူရေးကို မွေးမြူနိုင်ဖို့ လိုပါတယ်။ ဒါမှဈေးကောင်းရမှာဖြစ်ပါတယ်။ ရေချိုပုစွန်နဲ့ ပုစွန်ကျားမပို့နိုင်ပေမယ့် Pink နဲ့ White ကိုပိုပြီး တင်ပို့နိုင်ပါတယ်။ ပုစွန်မွေးမြူရေးကို ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့မှာ အခက်အခဲကြားကနေ တိုးတက်အောင်ထိန်းသိမ်းမွေးမြူနိုင်ခဲ့တာတွေ့ ရပါတယ်။ မြန်မာ-ပုစွန်မွေးသမားတွေအနေနဲ့ အဲဒါကိုနမူနာယူပြီး နည်း လမ်း ရှာဖို့လိုပါတယ်'' ဟု ပုစွန်မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး က ပြောကြားသည်။် မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူရေး လုပ်ငန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများတွင်ပါ အောင်မြင်စွာလုပ်ကိုင်နေ ပြီ ဖြစ်သည်။M.N
ယခုကာလ အင်းအိုင်ချောင်းငါးများ အဝင်နည်းသော်လည်း မွေးမြူရေးငါးနဲ့ မြစ်ငါးများ မန္တလေးဈေးကွက်သို့ ပုံမှန်ဝင် မန္တလေးမြို့၊ သီရိမာလာဈေးရှိ ငါးဒိုင်များသို့ လတ်တလောတွင် အင်းအိုင်ချောင်းငါးများအဝင်နည်းစ ပြုသော်လည်း မွေးမြူရေးငါးနဲ့ မြစ်ငါးများ ပုံမှန်ဝင်လျက်ရှိ၍ ဈေးကွက်အတွင်းလုံလောက်မှုရှိကြောင်း သိရပါတယ်။ ကမ္ဘာကျော်ငါးဒိုင်မှ ဦးကျော်က '' မန္တလေးဈေးကွက်ကို ရန်ကုန်က မြစ်ငါးပိဿာချိန် ၁၅ဝဝဝ နဲ့ ၂ဝဝဝဝ ကြားနေ့စဉ်ဝင်နေတယ်။ ငါးဈေးက သယ်ယူစရိတ်မြင့်တဲ့အတွက် တစ်ပိဿာ ၁ဝဝ ကျပ်၊ ၂ဝဝ ကျပ် လောက်မြင့်လာတယ်။ ဒီရက်ပိုင်းပုစွန်အဝင်နည်းတယ်။ မန္တလေးမွေးမြူရေးကန်တွေက ငါးခူ၊ ငါးကြင်း၊ ငါးတန်၊ ငါးခုံးမ၊ ငါးမုတ်ဝင်တယ်။ အင်းအိုင်ချောင်းငါးအတွက် မွေးမြူရေးငါးနေရာယူလာတာ'' ဟုပြောပါတယ်။ သီရိမာလာဈေးငါးဒိုင်များသို့ ဝင်ရောက်သည့်ငါးများကို မန္တလေးမြို့တွင်းနဲ့ အထက်မြန်မာဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပါတယ်။ ယခုတစ်ပတ် ငါးဈေးနှုန်းမှာ ရန်ကုန်ငါး (ငါးမြစ်ချင်း)အကြီး တစ်ပိဿာ ၂၄ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂၁ဝဝ ကျပ်၊ (ငါးတန်)အကြီး ၂၇ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂ဝဝဝ ကျပ်၊ (ငါးအုံတုံ) အကြီး ၂၇ဝဝ ကျပ်၊ အလတ် ၂၃ဝဝ ကျပ်၊ အသေး ၂၁ဝဝ ကျပ်၊ (ငါးရံ့) အကြီး ၄၅ဝဝ ကျပ်၊ အလတ် ၃၅ဝဝ ကျပ်ဈေးရှိ၍ မန္တလေးငါးဈေးနှုန်းမှာ ငါးခူ ၂၄ဝဝ ကျပ်၊ ငါးကြင်း ၂၃ဝဝ ကျပ်၊ ငါးတန် ၂၃ဝဝ ကျပ်၊ ငါးခုံးမ ၁၇ဝဝ ကျပ်၊ ဆလားဗီးယား ၂၂ဝဝ ကျပ်၊ ငါးမုတ် ၁၈ဝဝ ကျပ်နဲ့ ရန်ကုန် ကန်ပုစွန် (ဆပ်ထုပ်ကြီး) ၁၃၅ဝဝ ကျပ်၊ အလတ် ၁၂ဝဝဝကျပ်၊ အသေး ၁၁ဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ကန်ပုစွန်ဈေးမှာ ယခုတစ်ပတ်အဝင်နည်း၍ တစ်ပိဿာကို ၅ဝဝ ကျပ်နဲ့ ၁ဝဝဝ ကျပ်ကြား ဈေးမြင့်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဇူးဇူး
ကချင်ပြည်နယ်ငါးလိုဒေသသို့ အအေးခန်းတွဲပါရထားဖြင့် တင်ပို့ရန်စီစဉ် ကချင်ပြည်နယ်ဒေသခံများမှာ ငါးစားသုံးမှု ကျယ်ပြန့် လာသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ကချင် ပြည်နယ် ငါးလို အပ်သည့် ဒေသသို့ အအေးခန်းတွဲပါရထားဖြင့် တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်းဦးစီး ဌာနက သိရသည်။ ''ကချင်ပြည်နယ်မှာ ငါးစားသုံးမှုကျယ်ကျယ်ပြန့်ပြန့် ရှိလာတဲ့အတွက် ရန်ကုန်ကနေ ရထားနဲ့ ပို့ဆောင်ရာမှာ ရထားတွဲ မရတဲ့အတွက် လိုအပ်တဲ့သေတ္တာ ၃ဝ လောက်မပို့ နိုင်ခဲ့ပါဘူး။ဒါကြောင့် ကုမ္ပဏီတစ်ခု ကနေ အအေးခန်းတွဲနဲ့ ပါ တင်ပို့နိုင်ဖို့ စီစဉ်နေပါတယ်''ဟု ကချင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ခုျပ်က ဦးမြင့်အေးက ပြောပြသည်။ ယခုအပတ်အတွင်း စံပြငါးဈေးတွင် ဖြစ်ပေါ်ခဲ့သော ငါးဈေးများမှာ ငါးမြစ်ချင်း ၁ ပိဿာလျှင် ၁၂၅ဝ-၂ဝဝဝ ကျပ် ငါးတန် ၁ ပိဿာလျှင် ၂၂ဝဝ-၂၃ဝဝ ကျပ်နှင့် ငါးမုတ် ၁ ပိဿာလျှင် ၁၇ဝဝ-၁၉ဝဝ ကျပ်တို့ ရှိနေသည်ဟု ဆို သည်။ MN
ငါးမြစ်ချင်းများပြည်ပမှ ဝယ်လိုအားကောင်းလာ ငါးမြစ်ချင်းများ ဈေးနှုန်းအရမြင့်ပေးမှုမရှိသေးသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအား ကောင်းလာကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။ အိတ်စပို့တာများက အအေးခန်းတွေမှာရှိနေတဲ့ငါးတွေ ကို ဆက်လက်ပို့နေတာဖြစ်ပြီး ပြည်တွင်းစားသုံး မှုမှာတိုးမြင့် လာပါတယ်။ငါးမြစ်ချင်း ၂ ကစ အရွယ်ကို ၁ ပိဿာ ၁၈ဝဝ ကျပ်ဖြစ်ပြီး ၂ ကစ အထက်ကို ၁ဝဝ ကျပ်စီတိုးပြီးရှိနေသလို ၂ ကစ အောက်ကို ၁ဝဝ ကျပ်စီလျော့ပြီး ရှိနေပါတယ်။လော လောဆယ် တရုတ်ပြည်ကနေ ငါးမြစ်ချင်းကို စိတ်ဝင်စားလာ တာတွေ့ရတယ်။ ကွင်းဆင်းလေ့လာတဲ့အထိရှိနေတယ်။ တရုတ်ပြည် ကုန်းတွင်းပိုင်းပြည်နယ်တွေက ငါးကိုဆားရေစိမ်ပြီး ငါးဆားနယ်သဘောမိုျး စားသုံးလိုတာတွေ့ရတယ်။ ငါးမြစ်ချင်းအကောင်ကြီး ကို ဗိုက်သားလှီးထုတ်ပြီး နှစ်ခြမ်းခွဲ ဆားရေစိမ်ထားတဲ့ ငါးဆားနယ်ကို ဆန်ပြုတ်နဲ့ စားသုံးကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။သူတို့ဝယ်လိုချင်တဲ့အတိုင်း ပြုပြင် ပေးနိုင်ရင် ဝယ်လိုအားရနိုင်ပါတယ်''ဟု ငါးမွေးမြူရေး အသင်း မှ တာဝန်ရှိသူဦးဝင်းကြိုင်က ပြောကြားသည်။ ၂ဝ၁ဝ-၂ဝ၁၁ မတ်လ ၁၃ ရက် အထိ ရေခိုျငါး တင်ပို့မှုက ဒေါ်လာ ၁ဝ၂ ဒသမ ၆၂ သန်းရရှိထားပြီး ဖြစ် သည်ဟု ဆိုသည်။ MN
ပြည်ပသို့တင်ပို့သည့် ငါးအမယ်ပေါင်း ၁၄၄ ဖျိုးရှိနေ လတ်တလောအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရောင်းချရာတွင် ငါးအမယ်ပေါင်း ၁၄၄ မျိုးရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ရေလုပ်ငန်းက ပြည်ပကိုတင်ပို့ရာတွင် သယံဇာတမျိုးစုံပါဝင်ပြီး ငါးဦးစီးက စိစစ်တင်ပို့ရာမှာ လတ်တလောအနေနဲ့ အမယ်ပေါင်း ၁၄၄ မျိုးရှိနေပါတယ်။ ဒီအထဲမှာ ရေငန်ငါး ၅၆ မျိုး၊ ရေချိုငါး ၂၈ မျိုး၊ ရေငန်ပုစွန် ၁၁ မျိုး၊ ရေချိုပုစွန် ၂ မျိုးနဲ့အခြား ၄၇ မျိုးတို့ပါဝင်ပါတယ်။ ငါးဦးစီးအနေနဲ့ ပြည်ပပို့ကုန်တွေကို စစ်ဆေးတဲ့အခါ ှSpecies ၊အရေအတွက်၊ အမျိုး အစား၊ အရွယ်တွေမှန်ကန်ဖို့လိုအပ်မှာဖြစ်သလို ဝန်ထမ်းများ အနေဖြင့် ငါးတင်၊ ငါးချဆိပ်ကမ်းများသာမက ငါးကုန် တက်များတွင် ငါးအမျိုးအစားများ မှန်ကန်စွာစစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ယင်းဌာနက ညွှန်ကြားရေးမှူးချုပ်က ပြော ကြားသည်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွင်း ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည့် ကုမ္ပဏီ ပေါင်း ၄၂၃ ခု ရှိနေခဲ့သည်ဟု ဆိုသည်။MN
ရေထွက်ကုန်တင်ပို့မှုက တစ်ရက်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ရရှိနေ ၂ဝ၁၁ ခုနှစ် မတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက်ပျမ်းမျှဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရရှိနေကြောင်း ရေထွက်ကုန်ပစ္စည်းတင်ပို့သူများထံက သိရ သည်။ ''မတ်လ ၁ ရက်နေ့က ၆ ရက်နေ့အထိ ရေထွက်ကုန် တင်ပို့မှုက ဒေါ်လာ ၆ ဒသမ ၃၇ သန်းကျော်၊ မတ်လ ၇ ရက်က ၁၃ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၁ဝ ဒသမ ၇၇ သန်းကျော် စုစုပေါင်း ၈ ဒသမ ၁၄၇ သန်းဆို တော့ တစ်ရက်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁ ဒသမ ၃ သန်း ကျော်ရှိနေပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ် တဲ့ မူဆယ်၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောတို့ကနေ နယ်စပ်ကုန်သွယ်မှုရော၊ ရေကြောင်းကုန်သွယ်မှုနဲ့ပါ ရေ ထွက်ကုန်တွေကို ပြည်ပတင်ပို့နေပါတယ်'' ဟု ရေထွက်ကုန် ပစ္စည်းများနှင့် ထုတ်လုပ်တင်ပို့သူများအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ် မတ်လအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှုက ဒေါ်လာ ၅ဝ ဒသမ ဝဝ၈ သန်း ရရှိထား ခဲ့သည်ဟု ဆိုသည်။ MN
ရေငန်ပုစွန် စံနမူနာပြ မွေးရန် စစ်တွေ-မင်းချောင်းမှာ စီစဉ်နေ ရန်ကုန်ဘက်မှ ရေချိုငါး၊ ငါးမြစ်ခြင်း၊ ငါးခေါင်းပွတို့ကို စစ်တွေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေပြီး စစ်တွေဒေသမှ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိပါတယ်။ ယခုအခါ ရေငန်ပုစွန်ကျား ပိုမိုတင်ပို့နိုင် လျက်ရှိပြီး ရေငန်ပုစွန်ထုတ်လုပ်သူများနဲ့ သက်ဆိုင်ရာဌာနများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီဒေသမှာ ရောဂါကျတဲ့အတွက် ငါးများသေဆုံးခြင်း၊ ငါးစာဈေးကြီးတဲ့အတွက် ငါးမြစ်ချင်း တင်ပို့မှုလျော့ကျခဲ့ ရကြောင်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။ ကျောက်တော်မှာ ရေချိုငါးမြစ်ချင်း သားဖောက်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ သဘာဝ ရေငန်ပုစွန်များကို မွေးမြူရာမှာ ရေသွင်းရေထုတ်ကိုသာ ဆောင် ရွက်ပြီး သားဖောက်လည်း ထပ်မထည့် နိုင်ခြင်း၊ အစာလည်း မကျွေးနိုင်ခြင်း၊ ကန်အရည်အသွေးလည်း မကောင်းခြင်းတို့ ကြောင့် မင်းချောင်းမှာ ဧက ၃ဝ ခန့် စံနမူနာပြမွေးပြသွားရန် စီစဉ်နေပြီး ဒေသခံများကုန်ကျမှုမများအောင်လည်း ဆောင်ရွက် ထားတယ်လို့ ရခိုင်ပြည်နယ်ငါးဦးစီးဌာနက သတင်းရရှိပါတယ်။ စစ်တွေမှ ရေထွက်ကုန်တင်ပို့မှုများမှာ ရေချိုငါး၊ ငါးစုံ လေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက် တို့ဖြစ်ပါတယ်။ငါးခြောက်တင်ပို့မှုဟာ ဈေးကွက်ဝင်ရာသီဖြစ်လို့ ယခင်လ ကထက် ပိုမိုတင်နိုင်ချေရှိတယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ စစ်တွေရေထွက် စစ်ဆေးရေးစခန်းမှ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၅ သန်းလျာထားပြီး ယခုအချိန်ထိ ကန်ဒေါ်လာ ၈ သန်းခန့်သာ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။ ှSource:နသက (စစ်တွေ) MIRT(DOBT)
ငါးရှဉ့်ကို နေ့စဉ်ကား ၄ စီးခန့် ပုံမှန်တင်ပို့မှု ရှိနေ မြန်မာနိုင်ငံက ဖမ်းဆီးတင်ပို့လျက်ရှိသည့် ငါးရှဉ့်ကို ပြည်ပ နိုင်ငံများသို့ နေ့စဉ်ကား ၄ စီးခန့်ပုံမှန်တင်ပို့ လျက် ရှိနေကြောင်း ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းက သိရသည်။ ''၂ဝ၁၁ ခုနှစ်မတ်လထဲမှာ တစ်နေ့ကို ၈၅ တာ ပါ ကား ၄ စီးခန့် ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ရရှိတဲ့ ဈေးနှုန်းက ၁ တန်ကို အနိမ့်ဆုံးရရှိတဲ့ဈေးက ဒေါ်လာ ၃၅ဝဝ ရှိနေပြီး အမြင့်ဆုံးရနေတဲ့ဈေးက ၁ တန် ကို ဒေါ်လာ ၄၂၉ဝ ပါ။အခုဆိုရင်တန်ပိုတွေ ပြန်ခွင့်ပြုပြီ ကြားတဲ့အတွက် အရင်လိုကား ၁ စီးကိုတာ ၁၅ဝ ပြန်ပို့လို့ရတော့မှာ ဖြစ်ပါ တယ်။ ဒီအတွက် အကျိုးသက်ရောက်မှုက ငါးရှဉ့် အဝယ် သမားတွေက ဖမ်းဆီးသူတွေကို ဈေးပိုပေးလာနိုင်တော့မှာ ဖြစ်ပါတယ်'' ဟု ယင်းအသင်းက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ငါးရှဉ့်များကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂၁ ဒသမ ၄၄၉ သန်းဖိုးကိုလည်းကောင်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်း ဖိုးကို လည်းကောင်း၊ လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးကိုလည်းကောင်း စုစုပေါင်း ဒေါ်လာ ၂၁ ဒသမ ၅၅၂ သန်းရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN
