Main menu

Background

Thursday, 26 Sep 2013

မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်းက ၂၀၁၃ ခုနှစ်သြဂုတ်လတွင်ကန်ဒေါ်လာ သုည ဒသမ ၆၂၀ သန်းတန်ဖိုးရှိ ကဏန်း ၆၈ တန်နီးပါးကဏန်းပျော့ ၃၈ တန်ကျော်၊ ကဏန်းသေး(အသေ) ၃၆ တန်ကျော်၊ သဲကဏန်း ၁၁ တန်နီးပါး၊ ရွှံ့ကဏန်း ၄ တန်ကျော်၊ ကဏန်းနီ ၁ တန် ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၅၉၂၉ တန်ကျော်၊ ရေငန်ပုဇွန် ၂၂၆ တန်ကျော်၊ ငါးမှုန့် ၉၅၂ တန်ကျော်၊ ကင်းမွန် ၅၁ တန်ကျော်၊ ငါးကြိတ်သား ၂၅ တန်ကျော်နဲ့ ပင်လယ်စာများရော အနည်းငယ် တင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 22 Aug 2013

မြန်မာနိုင်ငံက ရှည်လျားတဲ့ ကမ်း ရိုးတန်းကြီးရှိနေတဲ့အတွက် ရေဧရိယာ အလွန်ကျယ်ဝန်းပါတယ်။ အဲဒီ ကျယ် ပြန့်တဲ့ရေပြင်အောက်က မုတ်ကောင် လေးတွေ၏ မျက်ရည်ကိုပုလဲအဖြစ်ရ ယူရုံသာမက မုတ်ခွံတွေကိုပါတန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ် ရရှိနိုင်ပါတယ်။

Wednesday, 24 Jul 2013

ယခုအပတ် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်ထိတာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ  ကန်ဒေါ်လာ ၂ ဒသမ ၃၀၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၄၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 25 Feb 2013

ကမ္ဘာ့စီးပွားရေးအခြေအနေတည် ငြိမ်မှုမရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂၀၁၃ခုနှစ်အတွင်း ရေထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ဘီလျံအထိ ရောက်ရှိမည်ဟု အင်ဒိုနီး ရှားရေလုပ်ငန်းဝန်ကြီးမှ ခန့်မှန်းထား ကြောင်း သိရသည်။

Sunday, 24 Jun 2012

       ပဲလောက၏ တတိယမျိုးဆက်သို့ တည်ဆောက်ပေးအပ်ခဲ့ရမယ့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မှ ရေထွက်ကုန်ပစ္စည်း တင်ပို့ နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇ သန်း ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ သဖြင့် ကာလတူထက်တန်ဖိုး ၁၄၆ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့ခဲ့သည် ကို တွေ့ရှိရပါသည်။

Sunday, 24 Jun 2012

     ပြည်တွင်းအသားစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ဖို့ရည်ရွယ်ပြီး၊ အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကျေးရွာရှိ သာလွန်နွားမွေးမြူရေးခြံမှာ စတင်အကောင်အထည်ဖော်လျက်ရှိရာ တိရစ္ဆာန်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး၊ မန္တလေးတိုင်းဦးစီးမှူး ဒေါက်တာသောင်းထိုက်၊ ပုသိမ်ကြီးမြို့နယ်မှ ဒေါက်တာစိုးလွင်နဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

Sunday, 25 Mar 2012

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ  ၀၈၈ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၇၉ တန်ခန့် တမူးမှ ၃၂ တန်နဲ့ ရိဒ်မှ ၄၇ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၁၃ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရာသီဥတုနဲ့ တစ်ဖက်နိုင်ငံလမ်းဖွင့်သည့်အခြေအနေပေါ်မူတည်ပြီး တင်ပို့နေတာဖြစ်ပါတယ်။                                                                MIRT (DOBT)

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၇၆ သန်းတန်ဖိုးရှိ အေးခဲအမဲသားများ ကို မူဆယ်မှ ၃၂၅ တန်ကျော်နဲ့ ချင်း ရွှေဟော်မှ ၁၅၆ တန်ကျော် မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိတဲ့ နွားဘေး ထွက်၊ နွားကြောနဲ့ ဝမ်းတွင်းသားများ ၁၂၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းဖိုး ကိုလည်း တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် အေး ခဲ အမဲသား ၉၄ တန်ခန့်နဲ့ နွားဘေး ထွက်ပစ္စည်း ၅၆ တန်ကျော် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီး မန္တလေးနဲ့ မိတ္ထီလာအရပ် ဒေသများမှ ပစ္စည်းများကို တင်ပို့တာ သိရပါတယ်။MIRT(DOBT)

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၆၆ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က အပို့ မရှိခဲ့တဲ့ချင်းခြောက်၊ တောင်လုံးကျော်နဲ့ တောဂျူးမြစ်အပို့ရှိခဲ့ပြီး ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစား ဂမုန်း၊ ကြောင်လျှာစေ့များ အပု့ိပိုခဲ့ပါတယ်။ ဒါပေမယ့် မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၀၃ တန် အပို့လျော့ခဲ့ပြီး တမူးနယ်စပ်မှာတော့ ယခင်အပတ်က အသွင်း မရှိခဲ့ပေမယ့်  ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်းနဲ့ ဖာလာတို့လည်း အသွင်းရှိနေပါတယ်။MIRT(DOBT)

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ် များမှ ဖရဲသီး၊ သခွားမွှေးနဲ့ တစ်ရှူးငှက်ပျောများ ကို တင်ပို့ လျက်ရှိပြီး ရိဒ်နယ်စပ်မှ ထောပတ်သီးများ တင်ပို့လျက်ရှိပါ တယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်မှာ မူဆယ်နယ်စပ်မှ သခွား မွှေးတန် ၂၁၀၀ ကျော်ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ သခွားမွှေးဈေးတွေကတော့ ရွှေသခွားမွှေး ၁ ကီလိုက ၅ ယွမ်ထိဈေးရပြီး ပိုက်ကွက်သခွားမွှေးက ၃ ယွမ်အထက်နဲ့ ရိုးရိုးသခွားမွှေးက ၁ ကီလို ၁ ယွမ်မှ ၁ ယွမ်ခွဲ ဈေးရနေ တယ်လို့ သိရပါတယ်။

Pages