Background
လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီ လမှ အောက်တိုဘာလကုန်အထိ ခုနစ်လတာ အတွင်း မြန်မာ့မွေးမြူရေးပုလဲ ၆၇ ရာခိုင်နှုန်း ဝန်းကျင်အထိ ထုတ်လုပ်ထားနိုင်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။
ယခု ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ပုလဲ အလေးချိန် ၆၉၉၅၀ဝ မိုမီ ထုတ်လုပ်ရန် လျာထားပြီး ခုနစ်လတာကာလအတွင်း စုစုပေါင်း ပုလဲ ၇၉၂၂၉၈ လုံး၊ အလေးချိန်အားဖြင့် ၄၆၈၀၁၉ ဒသမ ၈၈ မိုမီ ထုတ်လုပ်နိုင်ခဲ့ခြင်း ကြောင့် လျာထားချက်၏ ၆၇ ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကကတစ်ငါး(ကပေါင်း)ကို မြိတ်မြို့၌ ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း၊ ရေချိုရေငန်အစပ်တွင်လည်းကောင်း စီးပွား ဖြစ် မွေးမြူကြပြီး မြေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်ပြင်တွင် လှောင်အိမ်ဖောင်များဖြင့် မွေးမြူလျက်ရှိသည်။ ကကတစ်ငါး (ကပေါင်း)ကို ငါးသားပေါက် ၁၀ဝ၀ဝ ခန့် မွေးမြူလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၂၉၄၀ဝ၀ဝ၀ ကုန်ကျမည်ဖြစ်ပြီး ငါးဖော်ချိန်၌ ကကတစ်ငါး (ကပေါင်း) အရှင် ၈၀ ရာခိုင်နှုန်း အောင်မြင်ပါက ရရှိနိုင်မည့် အကျိုးအမြတ်မှာ ကျပ် ၅၆၀ဝ၀ဝ၀ဝ ခန့်ရရှိ၍ အသားတင် အမြတ်အစွန်းမှာ ကျပ် ၂၃၈၀ဝ၀ဝ၀ ခန့် ရရှိနိုင်မည်ဖြစ်သည်။ ငါးစတင်မွေးမြူချိန်မှ ငါးဖော်ချိန်အထိ အချိန်ခြေ
ယနေ့နံနက်တွင် ''တောင်ဘက်ဖျားအစွန်က သဘာဝအလှ ရေသယံဇာတနှင့် လူမှုစီးပွားဘဝ"ဆောင်းပါးပို့စ်တင်ပြီးမှ ကြေးမုံ သတင်းစာ ဖတ်ရှုရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို မိသားစု စီးပွား ရေးလုပ်ငန်းတစ်ခုအသွင် လုပ်ကိုင်လျက်ရှိသည်။
အတွဲ(၁၅)အမှတ်(၇)
ဖျာပုံခရိုင်၊ ဒေးဒလူကျေးရွာအုပ်စု၊ ရွှေလှေကျင်းကျေးရွာ၊ အမာမြို့ နယ်ခွဲကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနဲ့ (TPIS) ဝန်ထမ်း များဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က " အဏ္ဏဝါဇော် " အမည်နဲ့ အသင့်စား ငါးနှပ်ခြောက်ကင်လုပ်ငန်းကို တွင် ကျယ်စွာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
"အဏ္ဏဝါဇော်" အမည်ဖြင့် ထုတ် လုပ်နေသူတစ်ဦးအနေနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့မှာ ယခုလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အလုပ်ရုံဆွေး နွေးပွဲနဲ့ ကုန်စည်ပြပွဲကို တက်ရောက် နိုင်ဖို့နဲ့ ထုတ်ကုန်ပစ္စည်းများ ပြသ နိုင်ရေးတို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၇၈ သန်းတန်ဖိုးရှိ ရေချို ငါး တန် ၄၄၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါးများကတော့ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတို့ဖြစ်ပြီး ငါးလေးခြောက်၊ ငါးနီတူခြောက် ၁၆ တန်နဲ့ ငါးသေတ္တာ ခြောက် ၁၁ တန်ကိုလည်း တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်ဒီဇင်ဘာလကထက် တန် ၃၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယဉ်ယဉ်အေး MIRT ( DCCA )
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ၂၅ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၉၁ သန်းဖိုးရှိ ရေထွက်ကုန်တန် ၁၀၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၅၅ တန်ခန့့် လျော့နည်းခဲ့ပါတယ်။
မန္တလေးမြို့မှာ ကြက်မျိုးခြံနဲ့ ကြက် သတ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ Mandalay Livestock Development Co.,Ltd မှ ကိုနေသူရိန်က '' ကြက်မျိုးခြံ လုပ် ချင်ပေမဲ့ အစိုးရအကူအညီ မပါရင် မလွယ်ပါဘူး။ ကျွန်တော်တို့မှာ ငွေရှိပေ မယ့် လုပ်ခွင့်ရှိပေမယ့် လုပ်လို့မရပါဘူး။ အဓိကက မြေနေရာပါပဲ။ မြေနေရာ ရှိရင် လုပ်လို့ရပါတယ်။ အခုဆို ကြက် ပေါက်တွေ မလုံလောက်လို့ လစဉ် သွင်းနေရပါတယ်။ မွေးမြူရေးအစာ အဆင့်မြင့်ဆောင်ရွက်ဖို့ ဆောင်ရွက် နေပါတယ်။
ယခင်က တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့ခဲ့သော ငါးရှဉ့်ကို ယခုအခါ ဂျပန်နဲ့ ကိုရီးယားနိုင်ငံများ ကပါ ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း သတင်းကို စက်တင်ဘာလ ၁၇ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖတ်ရှုလိုက်ရတဲ့အတွက်ရေလုပ်ငန်းရှင် များ ကိုယ်စား ဝမ်းသာမိပါတယ်။




