Background
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင် ရာသီအလိုက် သစ်သီး မျိုးစုံ ရောင်းချသည့် ဆိုင်ပေါင်း ၂၅ ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီပတ်လုံး ဥပုသ်နေ့နှင့် နေ့ထူးနေ့မြတ် များမှလွဲ၍ ကျန်သောရက်များတွင် ဈေးကြီး အတွင်း ရောင်းချပါက နေ့စဉ် နံနက် ၆ နာရီခွဲမှ စတင်၍ ညနေ ၄ နာရီခွဲအထိ ရောင်းချနိုင်ပြီး ဈေး ကြီး အပြင်ဘက်တွင် ရောင်းချသည့်ဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ တင်၍မှ ညနေ ၅ နာရီခွဲအထိ ရောင်းချကြကြောင်း သိရှိရသည်။
၂၀၂၂ခုနှစ် နိုဝင်ဘာ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀ဝ ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ(ကြီး)တစ်ပိဿာ ၃၆၀ဝကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀ဝ ကျပ်၊(သေး)တစ်ပိဿာ ၂၈၀ဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀ဝ ကျပ်မှ ၅၂၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၀ဝ ကျပ်မှ ၄၂၀ဝ ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀ဝ ကျပ်မှ ၁၆၅၀ဝ ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀ဝကျပ်မှ ၂၀ဝ၀ဝ ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀ဝ က
ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်မြို့တွင် အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သော ဝါးဥများရောင်းချလျက်ရှိသည်။ ပြည်မြို့ မြို့မစည်ပင်သာယာ ဈေးကြီး တွင် ရှမ်းပြည်နယ်ဘက်မှ လာသောဝါးဥနှင့် ရွှေတောင်မြို့နယ်ဘက်မှလာသောဝါးဥတို့ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောဝါးဥမှာတစ်ပိဿာ လျှင်ကျပ်၁၇၀ဝ နှင့် ရွှေတောင်မြို့နယ်ဘက်မှ ဝင် ရောက်လာသော ဝါးဥတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရသလို စားသုံးမှုများသဖြင့် အရောင်းအဝယ် လည်းဖြစ်ကြောင်း သိရသည်။ပြည်မြို့ရှိ လိမ္မော်သီးဈေး ကွက်မှာ ဈေးနှု
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက် ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ၂၅၃၉ ဧက စိုက်ပျိုး ထားရှိပြီး ယခုလက်ရှိအချိန်ထိ ငှက် ပျော စိုက်ဧက ၄၉၄ ဧကခန့် ရိတ်သိမ်း ပြီးစီးပြီ ဖြစ်ရာ အထွက်နှုန်း စုစုပေါင်း ၃၈၆၂၆၈ ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျော တစ်ဧကကုန်ကျစရိတ်မှာကျပ်ကိုးသိန်း ဝန်းကျင်ကုန်ကျပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငှက်ပျော တစ် ဧက ကုန်ကျစရိတ် မှာ ကျပ် ၁၅ သိန်း ဝန်းကျင်ကုန်ကျကြောင်း သိရသည်။ယခင်နှစ် ငှက်ပျောဈေးနှုန်းများ အနေဖြင့် အခိုင်၄၀ပါလှည်းတစ်စီးလျှင် ကျပ် ၁၄၀ဝ၀ဝ ဈေးရရှိပြီး ယခုနှစ် အနေဖြင့် အခိုင် ၄၀ ပါ လှည
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းကိုလည်း စိုက်ပျိုး ကြသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၅၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၂၉၆ ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခင်နှစ်ထက်လျော့နည်းစိုက်ပျိုးခြင်းမှာ မိုးစပါး များ ပိုမိုစိုက်ပျိုးသောကြောင့် လျော့နည်းရခြင်းဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရ သိရသည်။
ပြည်ဈေးကွက်သို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်း မြို့တို့မှ နနွင်းများ နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဝယ်လို အားကောင်းလာသဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရသည်။အောက်တိုဘာလဆန်းပိုင်းတွင် နနွင်းဈေး မှာ အတက်ကြီး တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ အတက် အသေး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ဖြင့် ယခင် စက်တင်ဘာလ တတိယပတ်ထက်စာလျှင်တစ်ပိဿာ ကျပ် ၅၀ဝ ခန့် ဈေး မြင့်လာသည်။ ဈေးအနည်းငယ် မြင့်တက် လာရခြင်း မှာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်နနွင်းတက်များ အဝယ်လိုက်လာခြင်းဖြစ်ကြောင်းသိရသည်။ပြည်ဈေးကွက်တွင် သြဇာသီးများ အောက်တိုဘာလ ဆန်းတွင် ရောင်းအားသွက်လျက်ရှိသည်။ တော်သလင်းလဆန်း ပိုင်း တွင် သြဇာသီးများ စတင်ထွက်ပေါ်လ
ကယားပြည်နယ်တွင် အုန်းသီး ကို လွိုင်ကော်မြို့၊ မှုံပြာကျေးရွာ၊ ဘော် လခဲခရိုင် ရွာသစ်မြို့တို့တွင် မိသားစု အပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြပြီး ဒေသအတွင်း ထွက်ရှိသောအုန်းသီးကို မြန်မာ့ရိုးရာ မုန့်များပြုလုပ်ရာတွင် အသုံးပြုရန် အတွက်လည်းကောင်း၊ အုန်းသီးကို အုန်းဆီအဖြစ် ထုတ်လုပ်၍ ရောင်းချ ကြသည်။ ယခုနှစ် စက်တင်ဘာလ အတွင်း ဖြစ်ပေါ်နေသော အုန်းသီးဈေး နှုန်းမှာ အုန်းသီးအလုံးသေးတစ်လုံး လျှင် ၈၀ဝကျပ်၊ အုန်းသီးအလုံးကြီးတစ် လုံးလျှင် ၁၀ဝ၀ ကျပ်အထိရှိပြီး ယခင် နှစ် စက်တင်ဘာလအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံး သေးတစ်လုံးလျှင် ၅၀ဝ ကျပ်၊ အုန်းသီးအလုံ
ရှမ်းပြည်နယ်တွင် ထောပတ်သီးကို တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး၊ ပင်းတယ၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ လွိုင်လင်၊ ဆီဆိုင်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ယခင်က ထောပတ်ကို အိမ်ခြံဝင်းများ အတွင်း တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးခဲ့ကြပြီး ဒေသတွင်းစားသုံးမှုမှသည် ရှမ်းပြည် နယ်(တောင်ပိုင်း) ထောပတ် အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းပြီးခဲ့သည့် ၂၀၁၈ခုနှစ်မှစ၍ ထောပတ်စိုက်ပျိုးမှု နည်းပညာပေးသင်တန်း၊ ကိုင်းကူး ကိုင်းဆက်မှုနည်းပညာပေးသင်တန်း၊ ထောပတ်သီးစားဖွယ်ရာများ ပြင်ဆင် ချက်ပြုတ်မှုနည်းပညာပေးသင်တန်း၊ ထောပတ်သီး Value Add ပြုလုပ်မှုသင်တန်း၊ ထောပတ် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကော လင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်များ မှာ နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ ဆေး ဖက်ဝင် အပင်အမျိုးမျိုးပေါက်ရောက် လျက်ရှိပါတယ်။ သဘာဝဆေးဖက်ဝင် အပင်များထဲမှ ယခုနှစ်အတွင်း တရုတ် နိုင်ငံကို တင်ပို့နေတဲ့ အမယ်သစ်ပို့ကုန် ဆေးဖက်ဝင်တောထန်းဥဟာတောတောင် သစ်တောများအတွင်းသဘာဝအလျှောက် အရိပ်ကောင်းတဲ့နေရာများမှာ ပေါက် လေ့ရှိပြီး၊ အမြင့်မှာ ၂ ပေမှ ၃ ပေခန့် သာမြင့်ပါတယ်။တောထန်းပင်ရဲ့ အမြစ် ရင်းကို တူးဖော်ပြီး တောထန်းဥကို ဖော် ထုတ်ယူရပါတယ်။
သြစတြီးယားနိုင်ငံရှိ စူပါမားကတ် များတွင် အော်ဂဲနစ်အသီးအနှံများကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိရာ အော်ဂဲနစ်ပန်းသီးသည် နံပါတ်တစ် ဝယ်လိုအားအများဆုံးဖြစ်ကြောင်း သိရှိ ရပါသည်။