Main menu

Background

Tuesday, 15 Nov 2011

                             ပြီးခဲ့တဲ့အောက်တိုဘာ မုန်တိုင်းမိုးကြောင့် မုံရွာမြို့နယ်မှာရှိတဲ့အင်းမြေတွေ မှာ ချောင်းရေအဝင်များခဲ့လို့ ဆောင်းသီးနှံစိုက်ဖို့အချိန် နောက်ကျနိုင်တယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။ မုံရွာမြို့နယ်က ရေဝင် အင်းတွေအနက် စိုက်ပျိုးရန်မြေဧရိယာအကျယ်ဆုံးဖြစ်တဲ့ အိုဘိုတောင်အင်းခေါ် အလုံအင်းဟာ စိုက်ပျိုးမြေ ဧရိယာဧက ၃၀၀၀ ခန့်ရှိပြီး၊ အိုဘိုတောင်၊ ကျွဲရဲ၊ ကော်လပြ၊ စစ်ပင်နဲ့ အလုံအုပ်စုက တောင်သူတွေရဲ့ အဓိက သီးနှံထုတ်လုပ်ရာ ယာမြေဖြစ်ပါတယ်။ အဆိုပါ အင်းမြေပေါ်မှာ မိုးစပါး၊ နွေ စပါးဧက ၄၀၀ ခန့်၊မြေပဲဧက ၅၀၀ ခန့်၊ နေကြာ၊ ခရမ်းဧက ၅၀ ခန့် ဂျုံကုလားပဲ ဧက ၈၀၀ ခန့်နဲ့ ဆောင်းကြက်သွန်နီ ဧက ၁၂၀၀ ခန့် နှစ်စဉ် စိုက်ပျိုးခဲ့ကြ တယ်လို့ ကျွဲရဲကျေးရွာမှ တောင်သူတစ် ဦးက ပြောပါတယ်။ ဒီနှစ် မိုးစပါးအနေ နဲ့ ရိတ်သိမ်းရန်ရက်ပိုင်းအလိုမှာ ချောင်း ရေအဝင်ကြမ်းလို့ မိုးစပါးစိုက်ခင်း အား လုံးနီးပါး ရေလွှမ်းမှု ခံရတဲ့အတွက်ဒေသခံ စပါးစိုက် တောင်သူတွေထိခိုက် နစ်နာမှုရှိကြောင်း၊ ကျွဲရဲကျေးရွာမှ တောင်သူ ဦးလှဘူးကပြောပြပါတယ်။ အိုဘိုတောင် အင်းအနေနဲ့ လာမယ့် ဆောင်းသီးနှံအချိန်မီ စိုက်နိုင်ဖို့ဆိုရင် နိုဝင်ဘာလပတ်မတိုင်မီ အင်းရေကို လွှတ်ပေးဖို့လိုတယ်လို့ တောင်သူများက ဆိုပါတယ်။ အင်းရေကို အချိန်မီလွှတ် ပေးမှသာ ဒီအင်းမြေကို မှီခိုအားပြုနေရ တဲ့ ကျေးရွာအုပ်စု ၅အုပ်စုက တောင်သူ တွေအနေနဲ့ နွေစပါးနဲ့ ဈေးကွက်ဝင် သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။                               ယခုအချိန်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ ချရေးအတွက် သက်ဆိုင်ရာ ဒေသ အစိုးရအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေချိန်ဖြစ်လို့ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်ရဲ့ အဓိကကုန်ထုတ် စပါးနဲ့ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်နိုင်ဖို့ ဒေသရဲ့ လို အပ်ချက်နဲ့ အခက်အခဲကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းညှိနှိုင်းကူညီဆောင်ရွက်ပေးနိုင်ရန် ဒေသခံ တောင် သူများက မျှော်လင့်နေလျက်ရှိပါ ကြောင်း ........။ ထွန်းလှိုင်

Tuesday, 16 Nov 2010

ငွေကြေးထိန်းချုပ်ဖို့ ဂျီ-၂ဝ အဖွဲ့ဝင်တို့သဘောတူ     တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ မှာနှစ်ရက်ကြာခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် ငွေကြေးများကို''အပြိုင်အဆိုင် တန်ဖိုးချ''တာကို ရှောင်ကြဉ်ကြဖို့ ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက သဘောတူညီ ခဲ့ကြပါတယ်။ကမ္ဘာ့ဖွံ့ဖြိုး မှုကိုထိခိုက်စေတဲ့ ကုန်သွယ်ရေးမညီမျှ မှုတွေကို ဖြေရှင်းဖို့အတွက် ''လမ်းညွှန်မှုတွေ'' ရေးဆွဲကြဖို့ ခေါင်းဆောင်တွေကသဘောတူခဲ့ကြပါတယ်။                                                                    Source.bbc.co.uk

Thursday, 23 Sep 2010

စီးပွားဖြစ်မထုတ်မီ ဟွန်ဒိုင်းက လျှပ်စစ်ဘတ်(စ်)ကားကို လမ်းပေါ်မှာ စမ်းသပ်မည်    စီးပွားဖြစ်မထုတ်မီ ဟွန်ဒိုင်းက လျှပ်စစ်ဘတ်(စ်)ကားကိုလမ်းပေါ်မှာ စမ်းသပ်မည်ဟွန်ဒိုင်းမော်တာ ကုမ္ပဏီက လာမဲ့လမှာ လျှပ်စစ် ဘတ်(စ်)ကား အမျိုးအစားသစ်ဖြစ်တဲ့ Elec-City ကို စမ်းသပ်မောင်းနှင်မယ်လို့ ကုမ္ပဏီက စက်တင်ဘာ ၁၅ ရက်က ပြောပါတယ်။ လာမဲ့နှစ်မှာ ကားကိုစီးပွား ဖြစ်ထုတ်ဖို့ သင့်မသင့်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံ ဆူဝန်မှာရှိတဲ့လမ်းမှာ လျှပ်စစ်ဘတ်(စ်)ကားကို စမ်းသပ်မောင်းနှင်ဖို့အတွက် Gyeonggi  ဒေသဆိုင်ရာ အစိုးရနဲ့မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီတို့က သဘောတူစာချုပ်ချုပ်ပြီးပြီလို့ဟွန်ဒိုင်းမော်တာကားက ပြောပါတယ်။Source:yonhap.com

Pages