Main menu

Background

Sunday, 24 Jun 2012

အမ်စတာဒမ်    အိမ်ဈေးနှုန်းများ ကျဆင်းတာ နဲ့ ဥရောပကြွေးမြီ  အကျပ်အတည်း ကြောင့် စီးပွားရေး  လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲကြုံ တွေ့နေရတဲ့အတွက် ING  နဲ့ ABN  AMRO   အပါအဝင် ဒတ်ချ်ဘဏ် ချေးငွေအဆင့်ကိုမူဒီကြွေးမြီအဆင့် သတ်မှတ်ရေး အေဂျင်စီက အဆင့် လျှော့ချခဲ့ပါတယ်။ နယ်သာလန် ဘဏ်တွေရဲ့အခက်အခဲက ၂၀၁၂ ခု နှစ် တစ်နှစ်လုံးဖြစ်နိုင်ကြောင်း၊ ထို ကာလထက်ကျော်လွန်နိုင်စရာလည်း ရှိကြောင်း အေဂျင်စီကပြောပါတယ်။          Sources.AP ဒတ်ထရွိုက်    ဓာတ်ဆီဈေးနှုန်းတွေပြန်လည် ကျဆင်းလာတဲ့ အချိန်မှာပင် အမေ ရိကန်တို့က  Big Block, Cobra Jet နှင့် Ramchanger   တို့လို V-8   အင်ဂျင်ကားများကို   အဝယ်များ လာပါတယ်။ အမေရိကန်တို့က ဆီ စားသက်သာတဲ့ ကားများ အထူး သဖြင့်ဆလင်ဒါလေးလုံးတပ် မိုဒယ် တွေနှစ်သက်ပြီး၊ ယခင်နှစ်များက ထက် မြင်းကောင်ရေ များများပါတဲ့ ကားငယ်များကို ပိုမိုရွေးချယ်လာကြ ပါတယ်။               Sources.APလန်ဒန်    ဂရိနိုင်ငံယူရိုဇုန်ကို စွန့်ခွာလာပါ ကဖြစ်ပေါ်လာမဲ့ ဖိတ်လျှံ အကျိုး သက်ရောက်မှုတွေကို ကာကွယ်နိုင် အောင် ယူရိုဇုန်ကအကောင်းဆုံးပြင် ဆင်ထားရမယ်လို့ ဗြိတိသျှ ဘဏ္ဍာ ရေး ဝန်ကြီး ဂျော့အော့စတုန်းက ဇွန် ၁၄ ရက်က ပြောပါတယ်။ ယူရိုဇုန်မှာ ဂရိနိုင်ငံ ဆက်လက် ပါဝင်နိုင်ရေး အတွက် အဆုံးအဖြတ်ပေးနိုင်မဲ့ ဂရိ ရွေးကောက်ပွဲ မတိုင်မီ သုံးရက် အလိုမှာ ယခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ဗြိတိန် ဘဏ်တွေကို အကူအညီပေးဖို့ ပေါင် ဘီလီယံပေါင်း များစွာ အရေးပေါ် ဆောင်ထားတယ်လို့ အင်္ဂလန် ဘဏ် အုပ်ချုပ်ရေးမှူးမာဗင်ကင်းက   ပြော ပါတယ်။      Sources.xinhuaဟနွိုင်း    ၂၀၁၂ ခုနှစ် လက်လီ ရင်းနှီး မြှုပ်နှံမှုအတွက် ထိပ်တန်း ဖွံ့ဖြိုးဆဲ နိုင်ငံ ၃၀ ထဲမှာမပါတော့တဲ့အတွက် ဗီယက်နမ်နိုင်ငံကကမ္ဘာ့လက်လီ လုပ် ငန်းများကို ဆွဲဆောင်နိုင်မှု ကျဆင်း ခဲ့ကြောင်း အမေရိကန် အခြေစိုက် AT. Kearney အတိုင်ပင်ခံက ထုတ် ဝေတဲ့ ကမ္ဘာ့လက်လီလုပ်ငန်း ဖွံ့ဖြိုး ရေး အညွှန်းကိန်းမှာ ဖော်ပြထားပါ တယ်။ အညွှန်ကိန်း ကျဆင်းရတာက ပြည်တွင်းလက်လီလုပ်ငန်းတွေ လေး နှစ် ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ Sources.VNS

Wednesday, 30 May 2012

       သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက်တင်ပို့သူတွေက တရုတ်၊ အိန္ဒိယနဲ့ ကင်ညာတို့မှ အရည်အသွေးမြင့် လက်ဖက်ခြောက်ကိုတင်သွင်း ကာ ၎င်းလက်ဖက်ခြောက်တွေကိုရောစပ်ပြီး လက်ဖက်ခြောက်မျိုးစုံ ပြုလုပ်နိုင်ရေးလုပ်ငန်းကို တိုးချဲ့နိုင်ရေးအတွက် လက်ဖက်ခြောက်တင် သွင်း မှုအပေါ်မှာ လွတ်လပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားလိုက်တယ်။

Thursday, 17 May 2012

လန်ဒန်        ခေါင်းမာစွာ မြင့်တက်နေတဲ့ငွေ ကြေးဖောင်းပွမှုနှုန်းက ရေရှည်စီးပွား ရေးဆုတ်ကပ်ဖြစ်မည့်  အန္တရာယ် ထက် ပိုမိုဆိုးဝါးနေတဲ့အတွက် ယူရို ဇုန်ကြွေးမြီအကျပ်အတည်းမှ အသစ် ဖြစ်ပေါ်နေတဲ့အန္တရာယ်တွေအတွက် စိုးရိမ်ပူပန်မှုကြောင့် ဗြိတိန်နိုင်ငံ စီးပွားရေးအတွက် တွန်းအားပေး ငွေ ကြေးကို အသစ် ထပ်ထည့်မပေးရန် အင်္ဂလန်ဗဟိုဘဏ်က မဲ ခွဲဆုံးဖြတ်ခဲ့ ပါတယ်။ လှည့်လည်ငွေကြေး တိုးမြှင့် ပေးတဲ့ အစီအစဉ်ကို အဆုံးသတ် လိုက်ခြင်းကြောင့် ဗြိတိန်အစိုးရကို အခက်အခဲပိုတွေ့စေပြီး ခြိုးခြံချွေ တာရေးအစီအမံများကြောင့် ဖြစ်လာ သော နာကျင်မှုများကို သက်သာ အောင် ပိုမိုပျော့ပျောင်းတဲ့ ငွေကြေး မူဝါဒကို ဆောင်ရွက်ရမှာဖြစ်ပါ တယ်။     Source:reuturs.comမက်ဒရစ်    အစိုးရက စီးပွားရေးယုံကြည်မှု ပိုမို ရရှိအောင် တွန်းတင်ပေးရန်နှင့် ယူရိုဇုန်အတွင်းမှာ ဆက်လက်ရပ် တည်နေနိုင်အောင် အပြည်ပြည်ဆိုင် ရာကယ်တင်ငွေ ယူရမည်ကို ကြောက်ရွံ့မှုကြောင့် စပိန်နိုင်ငံရှိအား နည်းလျက်ရှိနေတဲ့ ဘဏ်လုပ်ငန်း စနစ်ပြုပြင်မဲ့ အစီအမံများ ကိုစပိန် အစိုးရက ဆောင်ရွက်မယ်လို့ ခန့်မှန်း ထားပါတယ်။            Source:chosun.comဟိုချီမင်းစီတီ                    တောင်ကိုရီးယားစီးပွားရေး လုပ် ငန်းတွေက ဗီယက်နမ်မှာ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်စားနေကြောင်း Korea Industrial Complex Corporation ရဲ့ ညွှန်ကြားရေးမှူးချုပ် ချေဗျောင် ယွန်းက ပြောပါတယ်။ တောင်ကိုရီး ယား  ကိုယ်စားလှယ်အဖွဲ့က  စက်မှု ယန္တရား၊  သတင်းအချက်အလက် နည်းပညာ၊ အီလက်ထရွန်းနစ်၊  တစ် ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု၊ နေ စွမ်းအင်၊ အစားအစာပြုပြင်မှု၊ ဖက် ရှင်နဲ့ အလှကုန်လုပ်ငန်းတွေကို စိတ် ဝင်စားတယ်လို့ သူက ပြောပါတယ်။    Source:VNS.comဆိုးလ်    မေ ၂၄ ရက်မှ ဇွန် ၃ ရက်ထိ ကျင်းပမဲ့ ၂၀၁၂ ခု ဘူဆန် အပြည် ပြည်ဆိုင်ရာ မော်တော်ကားပြပွဲမှာ နောက် ဘီးယက်အပေါ့ပါး ဆုံးပြိုင် ကားအမျိုးအစား ၈၆  ကို တောင်ကို ရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် တိုယိုတာမော်တာက ပြသမှာဖြစ် ကြောင်း ကြေညာပါတယ်။ ဂျပန် ကားတွန် ဇာတ်လိုက်  lnitial D  စီးတဲ့ AE 86   ကို အမှီပြုမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။        Source:Chosun.com

Tuesday, 15 May 2012

    တောင်ကိုရီးယားနဲ့ နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီ စက်ရုံ တွေမှာ လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ မင်မိုရီချစ်ပ် ထုတ် လုပ်မှုလိုင်းတချို့ကို မင်မိုရီချစ်ပ်မဟုတ်တဲ့လိုင်းတွေအဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က စဉ်းစားလျက် ရှိပါတယ်။ စမတ် ကိရိယာတွေအတွက် အပလီကေးရှင်း ပရိုဆက်ဆာလို မင်မိုရီချစ်ပ်မဟုတ်တဲ့ ကိရိယာတွေရဲ့ ဝယ်လိုအားမြင့်တက်ပြီး တစ်ကိုယ်ရေသုံး ကွန်ပျူတာ (ပီစီ)တွေရဲ့ ရောင်းအားကလည်း ကျနေတဲ့ အတွက်ယခုလိုဆောင်ရွက်တာဖြစ်ကြောင်းလုပ်ငန်းသတင်း ရပ်ကွက်များနဲ့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

Tuesday, 15 May 2012

မွန်ဘိုင်း    အိန္ဒိယကုမ္ပဏီတွေ ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံ မှုတွေက မတ်လက ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ  ရှိခဲ့ရာမှ ဧပြီလတွင် ဒေါ်လာ ၂ ဒသမ ၆၇ သို့ကျဆင်းခဲ့ကြောင်း အိန္ဒိယဗဟို ဘဏ်က မေ ၃ ရက်က ပြောပါ တယ်။ ရှယ်ယာတွေမှာ ရင်းနှီးမြှုပ် နှံမှု က မတ်လမှာဒေါ်လာ  ၅၄၅ ဒသမ ၇၇ သန်းရှိရာမှ ဧပြီမှာ ဒေါ် လာ ၅၉၆ ဒသမ ၃၃ သန်းရှိခဲ့ပါ တယ်။ချေးငွေနှစ်ရပ်ပေါင်းရင် ပြည်ပ ထွက်ငွေကို ရမှာဖြစ်ပါတယ်။Sources.PTI

Tuesday, 15 May 2012

                ပထမ သုံးလအတွင်း ဗီယက်နမ် နိုင်ငံရဲ့ ပြည်ပဝင်ငွေအမြင့်မားဆုံး ရရှိ ပြီးနောက် အထည်လိပ်ကဏ္ဍဟာ ယခု အခါ    အဓိကဈေးကွက်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့အီးယူတို့မှာ ပြည်ပ တင်ပို့မှုဟာ သိသိသာသာ နှေးကွေး ခြင်းနဲ့ရင်ဆိုင်နေရပါတယ်။ ဗီယက်နမ် အထည်ချုပ်အသင်း (Vitas)မှ ပြော ကြားရာမှာ နောက်ဆုံးသုံးလအတွင်း အထည်အလိပ်တင်ပို့မှုဟာ ကန်ဒေါ် လာ ၃ ဒသမ ၂၅ ဘီလီယံထိ ရရှိခဲ့လို့ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက် ခဲ့ပါတယ်။

Monday, 14 May 2012

၂၀၁၁ သြဂုတ်လမှ နိုဝင်ဘာလအထိ  ၄ လကျော်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းပြီးနောက် ၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၂ မတ်လအထိ ၄ လအတွင်း ဆန်ဈေးနှုန်း ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ခြင်းကလွဲပြီး ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ၈ ရာခိုင်နှုန်းခန့် မြင့် တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက်ခြင်းဟာ ရေနံဈေးနှုန်း ပိုမိုလာခြင်း၊ ရာသီဥတုအခြေအနေ ဆိုးရွားလာခြင်းနဲ့ ယခုနှစ် အာရှနိုင်ငံများက စားနပ်ရိက္ခာတင်သွင်းမှုကို များစွာမှီခိုလာတာ ကြောင့်လို့ ဆိုပါတယ်။

Monday, 26 Mar 2012

ဖရန်ဖတ်    ယူရိုဇုန်   ကြွေးမြီ   အကျပ် အတည်းမှာ အဆိုးဆုံးတွေ  ပြီးဆုံး သွားပြီ။ဒါပေမယ့်စွန့်စားမှု အန္တရာယ် တွေ တည်ရှိနေဆဲဖြစ်ပြီး ထိုကိစ္စများ ကို ဖြေရှင်းရန်မှာ အစိုးရများရဲ့ ကိစ္စ သာ ဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဌမာရီယိုဒရပ်က မတ် ၂၂ရက် က ပြုလုပ်တဲ့ ဂျာမနီနိုင်ငံမှာ လူဖတ် များတဲ့သတင်းစာရဲ့ သတင်းစာ အင် တာဗျူး တစ်ခုမှာ ပြောပါတယ်။

Monday, 20 Feb 2012

အခြေခံအားဖြင့် ဥရောပသမဂ္ဂက ဂရိနိုင်ငံေ<ကးမြီပေးဆပ်ဖို့ ပျက်ကွက်တဲ့ အခြေအနေမျိုးအဖြစ်ခံမှာ မဟုတ်ဘူး။ဒုတိယအကြိမ် ကယ်တင်ငွေကို  ပေး လိမ့်မယ်။ ဒါကြောင့် အာရှဒေသထဲကို ငွေကြေးတွေစီးဝင်လာပြီး  ဒေသတွင်း ငွေကြေးတွေရဲ့ တန်ဖိုးက ဆက်လက် မြင့်တက်လာမဲ့ အလားအလာတွေရှိနေ တယ်လို့ တိုကျိုမြို့ရှိ  မစ်ဇူဟိုကော်ပို ဘဏ်လီမိတက်မှ အာရှနဲ့ထွန်းသစ်စ ဈေးကွက်များလေ့လာရေးအဖွဲ့  ခေါင်း ဆောင် ရှီငဲဟိစရှိရိုဘီက ပြောပါတယ်။တရုတ်ယွမ်    အမေရိကန်ဒေါ်လာ  အညွှန်း ကိန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျ ဆင်းပြီး တရုတ်ဗဟိုဘဏ်က ယွမ်တန် ဖိုးတိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးက ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြင့်တက်လာခဲ့ပါတယ်။ယွမ်ငွေတန်ဖိုးက ဒေါ်လာအညွှန်းကိန်း နဲ့အညီ လိုက်လံရွေ့လျားမှာ ဖြစ်ပေ မဲ့အထူးသဖြင့်ယူရိုဇုန်အကျပ်အတည်း ကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေး တိုး တက်နှုန်းနှေးကွေးမှုကြောင့် တန်ဖိုး မြင့် တက်မှုအနည်းငယ်သာရှိနိုင်ပါတယ်။ရေတိုကာလအတွင်းမှာ  ယွမ်ငွေ တန်ဖိုးက  တစ်ဒေါ်လာကို ၆ ဒသမ ၃၀ ယွမ် နှုန်းကြားရှိမယ်လို့ခန့်မှန်းထား ပါတယ်။ တရုတ်နိုင်ငံခြားငွေ ရောင်း ဝယ်ရေးဌာနက တရုတ်ယွမ်ငွေရဲ့တန်ဖိုး ကိုဖေဖော်ဝါရီ ၁၇ရက်က သုည ဒသမ ၄၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး  တစ်ဒေါ်လာ ကို ၆ ဒသမ ၂၉၅၁ ယွမ်နှုန်းသတ်မှတ် ထားပါတယ်။အိန္ဒိယရူပီးအိန္ဒိယနိုင်ငံဘဏ်  အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေး  ဈေးကွက်မှာ ဖေဖော်ဝါရီ ၁၇ ရက်က သုည ဒသမ ၀၃ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၄၉ ဒသမ ၂၆ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။ရူပီးငွေကြေးတန်ဖိုးမြင့်တက်ရတာဟာ ပြည်တွင်းရှယ်ယာဈေးနှုန်းတွေ တက် နေချိန်မှာ နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ စီးဝင်မှု များပြားလာသောကြောင့် ဖြစ် ကြောင်း ဝယ်ရောင်းသမားတို့က ပြော ပါတယ်။ အိန္ဒိယ ငွေကြေးရဲ့ တန်ဖိုးက တစ် ဒေါ်လာကို ၄၉ ရူပီးနှုန်းနှင့် ၄၉ ဒသမ ၃၀ ရူပီးနှုန်း လှုပ်ရှားနေမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ဂျပန်ယန်းအလွန်မတန်လိုအပ်နေတဲ့ဂရိနိုင်ငံ ကယ်တင်မှုချေးငွေအတွက် စိတ်မအေး နိုင်သေးတဲ့အတွက်   ယူရိုငွေကြေးရဲ့ တန်ဖိုးက အာရှဈေးကွက်မှာ ဖေဖော် ဝါရီ ၁၆နေ့ရက်က ကျဆင်းလျက်ရှိပါ တယ်။ယူရိုငွေကြေးရဲ့တန်ဖိုးက ဖေဖော် ဝါရီ ၁၅ ရက် ညနေပိုင်းက   နယူး ယောက်မှာ   တစ်ယူရိုကို ၁၀၂ ဒသမ ၄၇ ယန်းရှိရာမှ  ၁၆ ရက် နေ့လယ် ဘက်က   တိုကျိုဈေးကွက်မှာ ၁၀၂ ဒသမ ၀၉ ယန်းနှုန်းရှိခဲ့ပါတယ်။ဒေါ်လာယန်းဖလှယ်နှုန်းက  နယူး ယောက်မှာ တစ်ဒေါ်လာကို ၇၈ ဒသမ ၄၃ ယန်းနှုန်းရှိခဲ့ရာမှ ၁၆ ရက်က တိုကျို မှာ ၇၈ ဒသမ ၃၈ ယန်းနှုန်းရှိခဲ့ပါတယ်။ဒုတိယအကြိမ်  ကယ်တင်မှု ချေး ငွေရဲ့ အခြေအနေတိုးတက်မှု မရှိရင် ယူရိုငွေကြေးက အခက်အခဲနဲ့ရင်ဆိုင်ရ ဦးမယ်လို့   တိုကျို-မစ်ဆူဘီရှီ UFJ ဘဏ်မှလေ့လာဆန်းစစ်ရေးမှူုး ဆူမီနို ခါမေးက ပြောပါတယ်။မလေးရှားရင်းဂစ်မလေးရှားရင်းဂစ်ရဲ့  တန်ဖိုးက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဒေါ်လာနဲ့ ဖလှယ်ရာမှာ  ပြန်လည်ဦးမော့လာပါ တယ်။ရင်းဂစ်တန်ဖိုးက ဖေဖော်ဝါရီ ၁၆ ရက်က  တစ်ဒေါ်လာကို ၃ ဒသမ ၀၅၇၀ ရင်းဂစ်နှုန်းရှိရာမှ ၁၇ ရက်မနက် ၉နာရီ ၂ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၄၀၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ကြွေးမြီထူပြောနေတဲ့   ဂရိနိုင်ငံက အပြည်ပြည်ဆိုင်ရာ  ဘဏ္ဍာရေးအကူ အညီရနိုင်မယ်လို့  လမ်းစရှိနေသေးတဲ့ အတွက်   ထွန်းသစ်စဈေးကွက်တွေ ထူထူထောင်ထောင်   ဖြစ်လာတယ်လို့ ဝယ်ရောင်းသမားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားဝမ်တောင်ကိုရီးယားနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာ ငွေချေးငှားသူတွေ က  ဂရိနိုင်ငံအတွက် ဒုတိယအကြိမ် ကယ်တင်မှုချေးငွေပေးဖို့  တုံ့ဆိုင်းနေ တာကို စိုးရိမ်မကင်းဖြစ်နေပါတယ်။ဒါပေမဲ့ ဖေဖော်ဝါရီ ၁၆ရက်ညနေဘက် မှာ  တောင်ကိုရီးယားဝမ်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဝမ်တန်ဖိုးကျဆင်းခဲ့ပါ တယ်။တောင်ကိုရီးယားမှာ   ပို့ကုန်လုပ် ငန်းရှင်တွေက ဒေါ်လာကိုထုတ်ရောင်း တဲ့အတွက် အာရှဈေးကွက်မှာ ဝမ် တန်ဖိုးက တစ်ဒေါ်လာကို ၁၁၃၀ ဝမ် ဝန်းကျင်မှာ  ရှိနေပါတယ်။  ဒါပေမဲ့ ပင်လယ်ရပ်ခြားနဲ့ နိုင်ငံတွင်းဘဏ်တွေ ကဒေါ်လာအဝယ်လိုက်လာတဲ့အတွက် နောက်ဆုံးမှာ တစ်ဒေါ်လာကို ၁၁၃၂ ဒသမ ၄၀ ဝမ်နှုန်းထိ ရှိခဲ့ပါတယ်။လာမဲ့ရက် အနည်းငယ်အတွင်း ကိုရီးယားဝမ်တန်ဖိုးက တစ်ဒေါ်လာကို ၁၁၁၀ ဝမ်ကနေ ၁၁၄၀ ဝမ်အကြား အတက်အကျရှိမယ်လို့ခန့်မှန်းကြပါတယ်။ထိုင်းဘတ်ထိုင်းနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးရေး အလားအလာကောင်းမွန်လာတဲ့အတွက် ပြည်တွင်းငွေကြေး စာချုပ်စာတမ်းများ ကို အဝယ်လိုက်လာခြင်းနဲ့ ဂရိနိုင်ငံ ကနောက်ထပ်  ဒုတိယကယ်တင်ငွေရ နိုင်ဦးမယ်လို့   ယုံကြည်မှု တိုးပွား လာခြင်းတို့ကြောင့် ဘတ်ငွေတန်ဖိုးက မြင့်တက်လာပါတယ်။ဖေဖော်ဝါရီ ၁၆ ရက်အထိ ကာ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ က  ထိုင်းရှယ်ယာကို  အရောင်းထက် အဝယ်က  ဒေါ်လာ ၁၅၅ သန်းပိုမိုပြီး အစိုးရဘွန်းစာချုပ်ကို ဒေါ်လာ ၉၆၅ သန်းပိုမိုဝယ်ယူလာတဲ့အတွက် ဘတ် ငွေရဲ့ သီတင်းပတ်လိုက် တိုးတက်နှုန်း မြင့်မားခဲ့တာကို ငွေကြေးဒိုင်နဲ့  ထိုင်း ဘွန်းစာချုပ်ဈေးကွက်အသင်းမှ  စာရင်း ဇယားတို့အရ သိရပါတယ်။ဘတ်ငွေတန်ဖိုးက ဘန်ကောက်မှာ ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၈ နာရီ ၃၆ မိနစ်က သုညဒသမ ၂ ရာခိုင်နှုန်း  မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၈၂ ဘတ်နှုန်း ရှိခဲ့ပါတယ်။ှSource:  reuters,xinhua, bloomberg,  bernama, AFP, economictimes.   indiatimes, dowjones,

Monday, 19 Dec 2011

    အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ခံစားခွင့်တောင်းဆိုမှုက ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအ ဆင့်သို့ ကျဆင်းခဲ့တာကို အမေရိကန် အစိုးရအစီရင်ခံစာတွင်တွေ့မြင်ရပြီး ပို့ ကုန်တွေရဲ့အလားအလာကလည်း ပြန် လည်မြင့်တက်လာပြီး နောက်ပိုင်း အာရှငွေကြေးများ ပြန်လည်မြင့်တက် လာပါတယ်။ယခင်က ဖြစ်ပေါ်ခဲ့တဲ့ သီတင်းပတ်အလိုက် တန်ဖိုးကျဆင်း တာတွေလည်းရပ်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အလုပ် လက်မဲ့ ခံစားခွင့်ပေးခဲ့တဲ့ လျှောက်လွှာ ကဒီဇင်ဘာ ၁၀ ရက်မှကုန်ဆုံးတဲ့ သီတင်းပတ်မှာ  ၃၆၆၀၀၀  ရှိခဲ့ရာ ဘလွမ်းဘတ်သတင်းဌာနက စစ်တမ်း ကောက်ယူချက်အရ ခန့်မှန်းချက် အောက်ကိုကျဆင်းခဲ့ပါတယ်။တရုတ်ယွမ်    ချေးငွေ  ထိန်းချုပ်တာတွေကို လျှော့ချပေးမဲ့ လက္ခဏာတွေကြောင့် တရုတ်နိုင်ငံရဲ့စီးပွားရေး အကြီးအ ကျယ် နှေးကွေးမှာကို မူဝါဒရေးဆွဲသူ တို့က ရှောင်ကြဉ်လိမ့်မယ်ဆိုတဲ့ အကောင်းမြင်မှုကို ပိုမိုမြင့်တက်လာစေ ပါတယ်။ဒါကြောင့် ယွမ်ငွေကြေးတန်ဖိုး က နှစ်လအတွင်း အမြင့်ဆုံးကိုရောက် ခဲ့ပါတယ်။တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းမှာဒေါ်လာတန် ဖိုးကို သုညဒသမ ၁ ရာခိုင်နှုန်းမြှင့်တင် ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၃၅၂ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။အိန္ဒိယရူပီး    အိန္ဒိယရူပီး ငွေကြေးနဲ့ တန်ဖိုးကျ ဆင်းတာကို ထိန်းချုပ်ဖို့အတွက် ငွေလွှဲ ပို့ရောင်းဝယ်တာကို အိန္ဒိယဗဟိုဘဏ် ကကန့်သတ်ချက်ထုတ်ပြီးနောက် ဒီဇင် ဘာ ၁၆ ရက်က ဈေးကွက်ဖွင့်ချိန်မှာ အိန္ဒိယရူပီးတန်ဖိုးက သုညဒသမ ၇၄ ရူပီးကျဆင်းပြီး တစ်ဒေါ်လာကို ၅၂ ဒသမ ၉၀ ရူပီးရှိခဲ့ပါတယ်။ဒီဇင်ဘာ ၁၅ ရက်ကတော့ ရူပီးတန်ဖိုးက ဈေးမ ငြိမ်တဲ့အတွက် ၈၄ ဒသမ ၃၀ ရူပီးနှုန်း ထိစံချိန်တင် တန်ဖိုးကျဆင်းခဲ့ပြီး သုည ဒသမ ၀၇ ရူပီးနှုန်းပြန်လည် မြင့်တက် ခဲ့ပြီးတစ်ဒေါ်လာကို ၅၃ ဒသမ ၆၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ဂျပန်ယန်း    တိုကျိုမှာ ဒေါ်လာတန်ဖိုးက ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ဒေါ်လာကို ၇၇ ဒေါ်လာတန်းအထက်မှာ ရှိနေပြီး ယူရိုတန်ဖိုးက မကြာမီကကျဆင်းခဲ့ပေ မဲ့ ထေမိသွားပြီး ဒေါ်လာနဲ့ယူရိုတို့နဲ့ ဖလှယ်ရာမှာ ပြန်လည်ဦးမော့လာပါ တယ်။    ယန်းတန်ဖိုးဟာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီက နယူးယောက်  မှာ ၇၇ ဒသမ  ၈၁ ယန်းနဲ့ တိုကျိုမှာ  တစ်ဒေါ်လာ ၇၇ ဒသမ ၉၃ ယန်းမှ ဒီဇင်ဘာ ၁၆ ရက် ညနေ ၅နာရီမှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၈၈ ယန်း နှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    ဥရောပကြွေးမြီ အကျပ်အတည်း ကထွန်းသစ်စဈေးကွက်တွေရဲ့ အက် ဆက်တွေရဲ့ ဝယ်လိုအားကို ပိုမိုဆိုးလာ မှာကိုစိုးရိမ်မှုကြောင့် မလေးရှားရင်းဂစ် တန်ဖိုးက  ဒုတိယသီတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။    အရှေ့တောင်အာရှမှာ စီးပွားရေး  တတိယနေရာရှိနေတဲ့ မလေးရှားရဲ့ အောက်တိုဘာပို့ကုန်က ယခင်နှစ်က ထက် ၁၅ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ခဲ့ပါတယ်။စက်တင်ဘာကရှိခဲ့တဲ့ ၁၆ ဒသမ ၆ ရာခိုင်နှုန်းနှိုင်းယှဉ်ရင်တော့ နည်းနေပါတယ်။    ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၁၅ ရက်မနက် ၉ နာရီ၆ မိနစ်က ရင်းဂစ် တန်ဖိုးက သီတင်းပတ်အတွင်း ကျဆင်း မှု သုညဒသမ ၉ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ်လာကို ၃ ဒသမ ၁၇၈၅ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ခံစားခွင့်တောင်းတဲ့ အရေအတွက်က ၂၀၀၈ ခုနှစ် နောက် ပိုင်းအနိမ့်ဆုံးကို ရောက်ခဲ့လို့ အမေရိ ကန်ကိုတင်ပို့မဲ့ပို့ကုန်အလားအလာတွေ တောက်ပြောင်လာတာ တွေ့ရပါတယ်။    ဘလွမ်းဘတ်   စစ်တမ်းအရ ဆိုးလ်မြို့မှာတောင်ကိုရီးယားဝမ်တန်ဖိုး က သုညဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၁၁၅၈ ဒသမ ၇၃ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ဥရောပကြွေးမြီ အကျပ်အတည်း က ထွန်းသစ်စနိုင်ငံတွေရဲ့အ က်ဆက် တွေဝယ်လိုအား ကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ထိုင်းဘတ်ငွေတန်ဖိုးက ဒုတိယသီတင်းပတ်အဖြစ်တန်ဖိုးကျနေ တာကို ဆက်လက်တည်တံ့  နေစေပါ တယ်။    ဘတ်ငွေတန်ဖိုးက ဗန်ကောက်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၁၃ မိနစ်က သီတင်းပတ်အတွင်းမြင့်တက်မှု ၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ် လာကို၃၁ဒသမ၃၅ဘတ်နှုန်းရှိခဲ့ပါတယ်။ources :bloomberg.com; thehindu.com; Mainichi Japan, btimes.com.my

Pages