Background
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စားဖိုဆောင်သီးနှံမျိုးစုံကို ဧကထောင် ပေါင်းများစွာ စိုက်ပျိုး လျက်ရှိသည်။ ထို့ပြင် ထန်း၊ မန်ကျည်း၊ တမာနှင့် ဆီးကဲ့သို့သော သီးနှံပင်များသည် သဘာဝအလျောက် အလေ့ကျပေါက် ရောက် ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း တိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြားတွင် ဖြစ်ထွန်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း၌ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးသီးပင်များကို စိုက် ပျိုးလျက်ရှိရာ စိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့၌ မေလတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိ နေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၂၀ဝ၀၊ ဆင်(ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ် (အပြာ)ကျပ် ၁၁၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေး နှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရ သည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကွန် ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50Kg ပါတစ်အိတ် ကျပ် ၁၂၄၀ဝ၀၊ ကွန်ပေါင်း ၂၀း ၁၂း၁၂ 50Kg ပါ တစ်အိတ်မှာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရ သည်။ လက်ဖက်မှာ မိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့် ခက်ကန့်(သို့မဟုတ်) ခါးကန့်ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရ သည်။ မိုးလွတ် ရွှေဖီလက်ဖက်ကို မတ်လအကုန် ဧပြီလပိုင်းတွင် ခူးဆွတ် ပြီး ခက်ကန့် (သို့မဟုတ်)ခါးကန့်ကို မတ်လမှ စက်တင်ဘာလအထိ ခူးဆွတ် ရကြောင်း၊ ခက်ကန့်(သို့မဟုတ်)ခါးကန့် အရွက်များကို မိုးကြောင့် လက်ဖက်စို ပြုလုပ်ကြကြောင်း သိရှိရ သည်။
မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်နှင့် ရေးမြို့နယ်တို့မှ ထွက်ရှိသည့် ငါးခြောက်များမှာ ငါးနှပ်ခြောက် (အာပြဲ ခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက် ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက် ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက် ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစရိုင်းခြောက်၊ ပုစွန်ခြောက် (အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက် (အသေး)၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တို့ဖြစ်သည်။
မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားဈေးကွက်ပေါက် ဈေးမှာ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် ကာလတူထက် ဈေးနှစ်ဆ ကျော်ရရှိနေကြောင်း ဆားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ဒေသဆားဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ဆားအသစ် တစ်ပိဿာလျှင် ကျပ် ၈၀ ဝန်းကျင်ရရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလကုန် ပိုင်းအထိ ဆားအသစ် တစ်ပိဿာ ၁၈၀ ကျပ် ဝန်းကျင်ပေါက် ဈေးရရှိနေခြင်းဖြစ်သည်။
"ဒီထက် ဈေးပိုရလာရင်တော့ အဆင်ပြေလာမယ်။ ဒါပေမဲ့ ဆားထွက်တဲ့ မတ်လနဲ့ဧပြီလတွေမှာ မိုးမမိဖို့လည်း လိုတယ်"ဟု မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှ ဆား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အိမ်ခြံဝင်းအတွင်း အလေ့ကျပေါက်သော မန်ကျည်းပင်မှ ဝင်ငွေရလျက်ရှိသည်။ ယခုနှစ်တွင် အသီးနှုန်းကောင်း၍ အထွက်နှုန်းကောင်းကြောင်း သိရသည်။ မန်ကျည်းသီးမှည့်သည် ဟင်းလျာများချက်ပြုတ်ရာတွင်လည်း အသုံး ပြုကြသည့်အပြင် မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာတွင်လည်း အသုံးဝင်သော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာနှင့် ကွမ်းသီး တို့ကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ် သည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ ၃၄၉၁၂၁ ဧက၊ အစေးလှီး ဧရိယာမှာ ၁၉၃၂၇၅ ဧက၊ အထွက်နှုန်းမှာ ၄၉၉ ဒသမ ၉၉ ပေါင်ရှိပြီး တစ်နှစ်စာ ပျမ်းမျှအထွက်တန်မှာ ၄၃၈၃၄ မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
မှိုင်းခံရော်ဘာတွင် RSS-1၊ RSS-2 ၊ RSS-3၊RSS-4၊ RSS-5ဟူ၍အဆင့်သတ်မှတ်ချက် ငါးမျိုးရှိသည်။ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 နှစ်မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ပန်းဂေါ်ဖီထုပ်ကို ရာသီပေါ် သီးနှံအဖြစ် စပါးများရိတ်သိမ်းပြီးချိန်၌ မြေပြန့်လွင်ပြင်များတွင် နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌သာ အများဆုံး စိုက်ပျိုးကြသည်။ မြေပြန့်ဒေသများဖြစ်သော ယန်းလော၊ ကတ်ထိုက်၊ လွယ်လုံ၊ မိုင်းလတ်၊ မိုင်းဇင်း ကျေးရွာအုပ်စုတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို စိုက်ပျိုးသည့် တောင်သူကြီးများထံမှ မေးမြန်းခဲ့သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း လွိုင်ကော်မြို့နယ် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၄၃၀ဝ ကျပ်၊ ရွှေရင်အေး တစ်ပြည် ၂၉၅၀ ကျပ်၊ ဇီယာတစ်ပြည် ၂၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀ဝ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀ဝ၀ ကျပ်တို့ဖြင့် လည်းကောင်း၊ စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်အထိ ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်နေသည့်အတွက် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်နေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းနီးပါးသို့ ရောက်ရှိ လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။