Background
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၃၇၂၅၈ တန်ဖိုးရှိ မြေသြဇာ ၆၁၄၅ ဒသမ ၀၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၂၁၀၈ တန်၊ အီဂျစ်နိုင်ငံမှ ၆၇၂ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၅၃ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၆၈ ဒသမ ၇၀ တန်၊ နယ်သာလန်နိုင်ငံမှ ၂၄၃ ဒသမ ၃၆ တန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၁ ဒသမ ၂၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဘိလပ်မြေ၂၅၂ ဒသမ ၂၄ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။
သီတာဝင်း(DOT)
နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၈၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ ၅၂ ဒသမ ၅ တန် ၊ ပါကစ္စတန်နိုင်ငံသို့ ၄၂ ဒသမ ၃၅ တန်နှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၂၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၆၈ တန်ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် ပျမ်းမျှအမေရိကန်ဒေါ်လာ ၄၉၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်း အမ
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာနိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖရဲသီးတင်ပို့မှု ၃၃၅ စီး၊ ၄၉၇၅ တန်နှင့် သခွားမွေး ၂၀ စီး၊ ၂၂၅ဒသမ၅၀တန် တင်ပို့ နိုင်ခဲ့ပါသည်။
သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၆၄၄၇တန်၊ သခွားမွေးတင်ပို့မှု ၁၄ တန်ဖြစ်ပြီး၊ နိုဝင်ဘာလတတိယပတ် ဖရဲသီးတင်ပို့မှု (၄၈၈၂ဒသမ၅၀)တန်နှင့် သခွားမွေးတင်ပို့မှု ၁၂၃ တန်ဖြစ်သဖြင့် နိုဝင်ဘာလတတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၁၅၆၄ဒသမ၅တန် လျော့နည်းခဲ့ပြီး၊ သခွားမွေး၁၀၉တန် ပိုမိုတင်ပို့နိုင်ပါသည်။
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့ များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိရ ပါသည်။
ယခုတစ်ပတ်နို၀င်ဘာလနောက်ဆုံးပတ်တွင် ပြည်စျေးကွက်၌ ကြက်သွန်နီစျေးနှုန်းများ လက်ကားရော လက်လီပါ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၅၀ထိ ကျဆင်းသွားကြောင်းသိရပါသည်။ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့နယ်များမှာ ပိဿာ (၃၀)၀င် အိတ် ၃၅၀/၄၀၀ ခန့်နေ့စဉ်၀င်ရောက်လျက်ရှိနေပြီး အရောင်းအ၀ယ်မှာ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/ သေး) ကျပ် ၉၀၀/၈၀၀/၇၀၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင် စျေးနှုန်းအမျိုးအစားမခွဲခြားဘဲ ကြီး၊ လတ်၊ သေး ကြိုက်တာယူကျပ် ၁၀၀၀ဖြင့် ရောင်းချမှုရှိနေကြောင်းလည်း သိရပါသည်။
ယခုအပတ် ပြည်စျေးကွက်သို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်အိတ်များ နေ့စဉ်အ၀င်ရှိပြီး ၀င်သလောက်အရောင်း၀ယ်ဖြစ်တာတွေ့ရပါတယ်။ ဆီစက်သမားများက ဆီဆန်ကိုအ၀ယ်ရှိပြီး လုံးဆန်ကိုရန်ကုန်၀ယ်လက် များနှင့် ပဲလှော်ဖိုသမားများကအ၀ယ်ရှိလို့ မြေပဲဆန်စျေးမှာ ယခင်အပတ်က အတိုင်းစျေးငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူရောအနီပါတစ်ပိဿာလျှင် ကျပ် ၂၄၀၀ နှင့် လုံးဆန်စျေးမှာအဖြူ ရော အနီပါ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့် ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။
ဝေဝေမင်း(ပြည်)
ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းရောင်စုံစျေးများဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။ စျေးကွက်သို့နှမ်း၀င်ရောက်မှု့မရှိဘဲ လက်ကျန်နှမ်းများဖြင့် အရောင်းအ၀ယ်ဖြစ်သော်လည်း အိတ်အနည်းငယ်သာအရောင်းအ၀ယ် ဖြစ်လျက်ရှိပါတယ်။ စျေးကွက်တွင်နှမ်းအနီမှာမရှိသလောက်နည်းသွားပြီး မြို့တွင်းဆီစက်သမားအချို့က အောင်လံမြို့ကိုမှာယူပြီးဆီကြိတ်ရတယ်လို့သိရပါတယ်။ နှမ်းနက်နှင့်စမုံနက်မှာမန္တလေးဘက်မှ နေ့တိုင်းအ၀ယ်မရှိပေမယ့် ရက်ခြားအ၀ယ်ရှိလို့ စျေးကျလာတာ တွေ့ရပါတယ်။ ယခုအပတ်တွင် ပြည်စျေးကွက်၌ ဖြစ်ပေါ်နေသောနှမ်းစျေးများမှာ နှမ်းနီ (၃)တင်း၀င် တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းနက်သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့်
ပြည်ပဲမျိုးစုံစျေးကွက်အတွင်း ဆောင်းပဲသစ်များ၀င်ရောက်လျက်ရှိပြီး အချို့ပဲများကလည်း ပဲဟောင်းလက်ကျန်များဖြင့် ရောင်း၀ယ်နေလျက်ရှိကြပါတယ်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ ပဲသစ်၀င်ရောက်ခြင်းမရှိဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်း၀ယ်နေခဲ့ကြပါတယ်။ ဒါကြောင့် မတ်ပဲနှင့်ပဲစင်းငုံသီးနှံ များနေ့စဉ် အရောင်းအ၀ယ်မဖြစ်ဘဲ ရက်ခြားရောင်းချမှုရှိခဲ့ပါတယ်။
မတ်ပဲ
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာနိုဝင်ဘာလ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့ထိ ဖရဲသီးတင်ပို့မှု(၄၅၈)စီး၊ ( ၆၇၇၃.၅) တန်နှင့် သခွားမွေး (၅)စီး၊(၅၂.၅)တန် တင်ပို့ နိုင်ခဲ့သည်။
နိုဝင်ဘာလ ပထမပတ် ဖရဲသီးတင်ပို့မှုမှာ (၅၅၅၆.၅၀)တန်ဖြစ်ပြီး၊ နိုဝင်ဘာလ ဒုတိယပတ် ဖရဲသီးတင်ပို့မှုမှာ (၆၄၄၇.ဝဝ)တန်နှင့် သခွားမွေး (၁၄.ဝဝ)တန်ဖြစ်သဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖရဲသီး(၈၉၀.၅)တန်နှင့် သခွားမွေး(၁၄.ဝဝ) ပိုမိုတင်ပို့နိုင်သည်။