Background
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၄၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ ဒေသထွက် (ဧည့်မထ)ဆန်အိတ်စုစုပေါင်း ၆၅၃၀ တန်ချိန်အားဖြင့် ၃၂၇ ဒသမ ၈၈ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့ ပြောင်းသီးနှံ တင်ပို့မှုအနေဖြင့် ပြောင်းအိတ်စုစုပေါင်း ၃၀၄၇၀ အိတ် တန်ချိန်အားဖြင့် ၁၄၉၂ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသရှိစျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းစျေးများငြိမ်နေတာတွေ့ရပါတယ်။ ဆောင်းနှမ်းများစိုက်ပျိုးရန်ပြင်ဆင်နေချိန်ဖြစ်လို့ အ၀င်နည်းသွားသော်လည်း တစ်နေ့လျှင် အိတ် ၁၀၀ လောက် သာအ၀င်ရှိတာတွေ့ရပါတယ်။ အောင်လံနှင့် မန္တလေးဘက်မှ စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိ သော်လည်း ရက်ခြားသာအရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။ မြို့တွင်းရှိတချို့ဆီစက်များကလည်း ယခင်လှောင်ထား တဲ့နှမ်းနီများကို ဆီကြိတ်နေသလို လှောင်နှမ်းမရှိသောဆီစက်အချို့က ဆီကြိတ်ရန်မလုံလောက်လျှင် အောင်လံအနီးတဝိုက်ရှိကျေးရွာများသို့ သွားရောက်၍ အ၀ယ်ရှိတာတွေ့ရပါတယ်။ ယခုအပတ်နှမ်းစျေးမှာ ယခင်အပတ်ကအတိုင်း နှမ်းနီ (၃)တ
နို၀င်ဘာ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၉၅၆၀၅၂၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၅၈၈၁၇ ဒသမ ၅၉ တန်နှင့် အမေရိကန်ဒေါ်လာ ၁၅၁၇၇၆၁၃ တန်ဖိုးရှိဓာတ်ဆီ ၄၄၃၉၉ ဒသမ ၇၃ ၊ စုစုပေါင်းဒီဇယ်၊ ဓာတ်ဆီ ၁၀၃၂၁၇ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၄၃၇၂၂ ဒသမ ၅၁ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်း မှုနှင့်နှိုင်းယှဉ်လျှင် ၁၅၀၉၅ ဒသမ ၀၈ တန် ၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၃၀၁၂၀ ဒသမ ၆၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၄၂၇၉ ဒသမ ၁၃ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့် ဓာတ်ဆီ အ၀င်ပိုခဲ့သည်။
နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၉၅၆၀၄ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၃၂၈ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ မာရီဂိုးနို့ဆီ ၄၃ ဒသမ ၇၇၆ တန်နှင့် ဒွန်းနို့ဆီ ၂၈၄ ဒသမ ၅၅၄ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီ အ၀င်များခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၂၉ ဒသမ ၁၀၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၁၁၃၄၆ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၁၄၀၁၀ ဒသမ ၀၃၄ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၂၅၈၅ တန်၊ တရုတ်နိုင်ငံမှ ၂၀၂၈ ဒသမ ၄၄ တန်၊ အီဂျစ်နိုင်ငံမှ ၁၃၂၂ ဒသမ ၃၈၄ တန်၊ အီရန်နိုင်ငံမှ ၈၁၇ တန်၊ ကိုရီးယားနိုင်ငံမှ ၂၀၂၇ ဒသမ ၄၇ တန်၊ မလေးရှားနိုင်ငံမှ ၁၃၉၂ ဒသမ ၅၃ တန်၊ နော်ဝေနိုင်ငံမှ ၅၂၀ ဒသမ ၁၆ တန်၊ ပိုလန်နိုင်ငံမှ ၂ ဒသမ ၂၅ တန်၊ ရုရှားနိုင်ငံမှ ၁၀၀၈ တန်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၁၂၀ ၊ ထိုင်းနိုင်ငံမှ ၂၀၈ တန်၊ တူရကီနိုင်ငံမှ ၁၂ ဒသမ ၃ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၉၆၇ ဒသမ ၅၀ တန်နှင့် ဗီယက်နမ်နိုင်ငံ
နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၀၂၄၀ ဒေါ်လာတန်ဖိုးရှိ ဘိလပ်မြေ ၁၀၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ တန်ချိန် ၈၄၀ နှင့် မလေးရှားနိုင်ငံမှ ၂၅၆ တန် တင်သွင်း ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၉၄၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။
သီတာဝင်း (DOT)
နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း ချင်း ၂၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ နို၀င်ဘာ နောက်ဆုံးသီတင်းပတ်မှာ အပို့ပျောက်ခဲ့သည့် ချင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၈၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၄၈၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။
သီတာဝင်း (DOT)
နိုဝင်ဘာ ၂၈ ရက်မှဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၉၀၀ ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မြန်မာတရုတ် နယ်စပ်များ ဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၀၈၆၀ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၃၂၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၈၁၀ ကျော်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၅ ခန့် တင်ပို့နိုင်သဖြင့် ယခင် တစ်ပတ် ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ သည်။မြန်မာထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိ
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ရက်မှ ဒီဇင်ဘာလ ၄ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများ မှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်း သိရှိရသည်။