Background
နနွင်းတက်လဲ မှန်မှန်ပို့ဆဲ ဧပြီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆၅ တန်နှီးပါး ကန်ဒေါ်လာ ၀ ဒသမ ၁၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ သြင်္ကန်ရက်သတ္တပတ်များမှာတော့ မူဆယ်နဲ့စစ်တွေမှ တန် ၃၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ ဆိုရပါတယ်။ ဒီတစ်ပတ်မှာတော့ စစ်တွေစခန်းမှ တင်ပို့နိုင်ခြင်းမရှိပါဘူး။ MIRT(DOBT)
ပဲစင်းငုံဈေး ဆက်လက်လျော့ကျ အိန္ဒိံယပြည်တွင်း လက်ငင်းဈေးကွက်များအတွင်း ပြည်တွင်းထွက် ပဲစင်းငုံရောင်းချမှု ပိုမိုလာခြင်းနဲ့ မြန်မာနိုင်ငံက ပဲအသစ်သင်္ဘောများ ဝင်ရောက်လာခြင်းတို့ကြောင့် ယခုတစ်ပတ်လည်း ဆက်လက်လျော့ကျခဲ့ပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရာသီဥတု ကောင်းမွန်နေခြင်းက ပဲရိတ်သိမ်းဖို့ အခြေအနေပေးနေပြီး နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ရက်များအတွင်း မိုးရွာပြီးနောက် ရာသီဥတုခြောက်သွေ့လာတဲ့အတွက် ပဲဝင်ရောက်မှု ပိုမိုလာတယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း ပဲစင်းငုံခြမ်း အဝယ်မရှိခြင်းကြောင့် ပဲခွဲစက်များနဲ့ လှောင်လက်များမှလည်း အဝယ်မရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ လက်ရှိဈေးဟာ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း ဝန်းကျင်မှာသာရှိတာကြောင့် ပဲစင်းငုံဈေး အနည်းငယ် မြင့်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄) နဲ့ဖော်ပြထားပါတယ်ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၂၈ .၄ .၁၁ ၂၇ .၄ .၁၁ ၂၆ .၄ .၁၁ ၂၅ .၄ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၂၂ ၇၃၂ ၇၄ဝ ၇၄၂-၇၄၈ဒေလီ(မြန်မာပဲစင်းငုံ) ၇၇၈-၇၉ဝ ၈၁၁-၈၁၆ ၈ဝ၇-၈၁၃ ၈၁ဝ-၈၁၆ချန်နိုင်း ၇၆၅ ၇၇၆ ၇၇၄ ၇၇၆
ပဲတီစိမ်းဈေးအနည်းငယ်လျော့ အိန္ဒိယပြည်တွင်ဈေးကွက်အတွင်း အရောင်းအဝယ်ဆက်လက်ထိုင်နေခြင်းကြောင့် ပဲတီစိမ်းဈေး အနည်းငယ်လျော့ကျလာပါတယ်။ ဈေးကွက်များအတွင် းပဲတီစိမ်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ နွေပဲတီစိမ်းများ မေလအစပိုင်းမှာ ဝင်ရောက်လာဖွယ်ရှိခြင်းကလည်း ဈေးနှုန်းကို ပိုကျစေပါတယ်။ PEC မှ ကင်ညာပဲတီစိမ်းရောင်းချဖို့ တင်ဒါခေါ်ယူနေခြင်းကလည်း ဈေးကွက်အပေါ် သက်ရောက်စေပါတယ်။ ပဲတီစိမ်းနဲ့ အခြားပဲမျိုးစုံ ဈေးနှုန်းအကြား ကွာဟမှုကြီးမားခြင်းကလည်း ဝယ်လိုအားကို နည်းပါးစေတယ်လို့ သိရပါတယ်။ကာလတိုအတွင်း ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃) နဲ့ဖော်ပြလိုက်ပါတယ်ဇယး-၃ ဒေါ်လာ/တန်ဈေးကွက် ၂၈ .၄ .၁၁ ၂၇ .၄ .၁၁ ၂၆ .၄ .၁၁ ၂၅ .၄ .၁၁မွန်ဘိုင်း(ကင်ညာ) ၁ဝ၆ဝ ၁ဝ၅၉ ၁ဝ၆ဝ ၁ဝ၅၇-၁ဝ၇၄ဒေလီ ၈၁၂-၉၂၅ ၈၃၃-၉၆၈ ၈၃ဝ-၉၆၄ ၈၃၂-၉၆၇အာကိုလာ ၉၄၇-၁ဝ၆ဝ ၉၄၆-၁ဝ၅၉ ၉၆၄-၁၁၂၁ ၉၆၇-၁၁၂၅
ကုလားပဲဈေး လက်ရှိဈေးမှာလှုပ်ရှားနေ အိန္ဒိံယ ပြည်တွင်းလက်ငင်းဈေးကွက်များအတွင်း ကုလားပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေပါတယ်။ ဝယ်လိုအားထိုင်းနေဆဲ ဖြစ်ကြောင်းနဲ့ ရာသီဥတုခြောက်သွေ့နေခြင်းက အိန္ဒိယအနောက်မြောက်ပိုင်းမှာ ပဲရိတ်သိမ်းမှုကို အားသာစေပြီး ပဲအသစ်ဝင်ရောက်မှု တိုးတက်လာနေကြောင်း သိရပါတယ်။ ဒါပေမဲ့ လှောင်လက်များက ဈေးအနိမ့်နဲ့ ဝယ်ယူမှုတွေရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်နေပါတယ်။နိုင်ငံတကာအနေနဲ့သြစတြေးလျမှာ ရာသီဥတု စိုစွက်နေခြင်းက ကုလားပဲစိုက်ပျိူးမှုကို နှေးကွေးစေပြီး တောင်သူများ အခြားသီးနှံကို ပိုစိုက်လာကြတဲ့အတွက် ကုလားပဲစိုက်ဧရိယာ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ကနေဒါနိုင်ငံ စကက်တက်ချ်ဝန်ဒေသမှာ ကုလားပဲစိုက်ပျိုးမှုဟာ ၁၉ဒသမ ၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ကာလတိုအတွင်းလက်ရှိ ဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ဖော်ပြထားပါတယ်ဇယး-၂ ဒေါ်လာ/တန်ဈေးကွက် ၂၈ .၄ .၁၁ ၂၇ .၄ .၁၁ ၂၆ .၄ .၁၁ ၂၅ .၄ .၁၁မွန်ဘိုင်း ၅ဝ၈ ၅ဝ၇-၅၁၂ ၅ဝ၅ ၅ဝ၆ဒေလီ ၄၉၆-၅ဝ၂ ၄၉၅-၅ဝ၁ ၄၉၃-၄၉၉ ၄၉၅-၅ဝ၁ကန်ပါ ၅၃၉ ၅၃၆ ၅၂၉ ၅၃၁
လက်ကားဈေးနှုန်းအပေါ် အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၈ ဒသမ ၇၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဧပြီ ၁၆ ရက်မှာ ပြီးဆုံးတဲ့ သီတင်းပတ်အတွင်း ၈ ဒသမ ၇၆ ရာခိုင်နှုန်းကို အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ သစ်သီးဈေးက ယခင်နှစ်ကထက် ၂၈ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ပြီး ကြက်ဥ၊အသားနဲ့ ငါးဈေးက ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းမြင်တက်ခဲ့ပေမဲ့ ပဲမျိုးစုံ ဈေးနှုန်းက ၆ ဒသမ ၄၉ ရာခိုင်နှုန်း ကျဆင်းပြီး ဟင်းသီးဟင်းရွက်ဈေးက ၀ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်တိုက်ဆင်းနေ အိန္ဒိယ ပြည်တွင်းဈေးကွက်အတွင်း ယခုသီတင်းပတ်မှာလည်း မတ်ပဲဈေးက ဆက်တိုက်ကျဆင်းလာပါတယ်။ ဝယ်လိုအားနည်းပြီး မြန်မာနိုင်ငံ က တင်သွင်းပဲတွေရောက်ရှိခြင်းနဲ့ လှောင်လက်တွေ လက်ကျန်ရှင်းထုတ် နေခြင်းက ဈေးနှုန်းုကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အဓိက ပဲစိုက်ပျိုးတဲ့ နိုင်ငံအလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အရှေ့ပိုင်းဒေသတွေမှာ ရာသီဥတု ခြောက်သွေ့နေတာကြောင့် နွေမတ်ပဲများနောက်လအတွင်း ဝင်ရောက်မှု တိုးတက်လာဖွယ်ရှိကြောင်း သိရပါတယ်။ ပဲစိုက်တောင်သူများက နွေပဲတီစိမ်းထက်ပိုပြီး မတ်ပဲကို ပိုစိုက်လာကြတဲ့ သတင်းတွေအရ ပဲခွဲစက်လုပ်ငန်းရှင်တွေက ဝယ်ယူဖို့ နှောင်နှေးနေတယ်လို့ သိရပါတယ်။ အဓိကပဲစိုက်တဲ့ဒေသတွေမှာ နွေပဲများဆက်တိုက်ရိတ်သိမ်းနေပြီး နွေမတ်ပဲ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးနှုန်းအကျဘက် ဆက်လက်ဆင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင် းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁) နဲ့ဖော်ပြထားပါတယ်ဇယား ၁ ဒေါ်လာ/တန်ဈေးကွက် ၂၈.၄.၁၁ ၂၇.၄.၁၁ ၂၆.၄.၁၁ ၂၅.၄.၁၁ မွန်ဘိုင်း ၈၉၁ ၈၉၅-၉၀၁ ၉၁၄-၉၁၉ ၉၂၂ဒေလီ ၈၄၆-၉၃၆ ၈၆၇-၉၄၆ ၈၆၃-၉၄၂ ၈၆၆-၉၄၅ချန်နိုင်း ၉၆၈-၁၀၈၈ ၉၂၉-၁၀၉၈ ၉၂၅-၁၀၉၃ ၉၃၉-၁၁၁၉
ဈေးအနည်းငယ်ကျလာတဲ့ ပြည်နှမ်းဈေးကွက် ပြည်ဈေးကွက်တွင် ယခုအပတ်၌ ယခင်အပတ်ထက် နှမ်းဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ အဝင်မှာလည်းနည်းလာသဖြင့် အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၅၀၀-၆၀၀ သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်နှမ်းနီ (၄၅) ပိဿာ တစ်အိတ်ကို ၈၀၀၀၀ ကျပ်နဲ့နှမ်း နက် ၄၅ ပိဿာတစ်အိတ်ကို ၈၀၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက်ဈေး အနည်းငယ်ကျလာတာ တွေ့ရပါတယ်။နှမ်းဆီဈေးမှာလည်း တစ်ပိဿာကို ၃၇၀၀ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ ဝေေ၀မင်း
နို့ဆီ၊ နို့မှုန့် အဝင်နည်း ဧပြီလ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း စုစုပေါင်း တန်ချိန် ၁၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃ဝဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီက စင်ကာပူနိုင်ငံထုတ် ဒွန်းနို့ဆီပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် အား ကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာတော့ အဝင်လျော့ခဲ့ပါ တယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံဘက်မှ တင်သွင်းခဲ့ပါတယ်။ နို့မှုန့်ကလည်း ၅၇ တန်သာတင်သွင်းခဲ့တဲ့အတွက် ယခင် သီတင်းပတ်အဝင်နဲ့ ယှဉ်ကြည့်ရင် အဝင်အား လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နို့မှုန့်တစ်မျိုးတည်းသာသွင်း ဧပြီ ၂ဝရက်မှ ၂၆ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိပေမယ့် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ နို့မှုန် ၂၈၄၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၂ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ သြင်္ကန်ကာလအတွင်းမှာ နို့မှုန့် ၃၆ တန် တင်သွင်းခဲ့တာကြောင့် တင် သွင်းမှု တိုးတက်လာတယ်လို့ သိရပါ တယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၇၉၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅ံHappy Cow ၆၅ဝ ၆၆၅မာရီဂိုး(နို့ဆီ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ရေကြောင်းမှ အဝင်များလာတဲ့ ဘိလပ်မြေ ဧပြီလ ဒုတိယပတ်အတွင်း ဘိလပ်မြေတန်ချိန် ၃၃၅ဝဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည်စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ မှာယူတင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေကတော့ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၃ဝဝဝဝ နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၃၅ဝဝ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ၆၇ဝဝ ကျော်သာ ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင်က ယခင်သီတင်းပတ်ထက် ငါးဆကျော်လောက် ပိုမို တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်က တန် ၃ဝဝဝ ကျော် တင်သွင်း မူဆယ် ၁ဝ၅ မိုင်၊ တာချီလိတ်၊ ကန်ပိုက်တီးနဲ့ မြိတ်စခန်းများကနေ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ဘိလပ်မြေ ၃၂၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ သြင်္ကန်နှစ်ကူးကာလမှာလည်း တန် ၄ဝဝဝ နီးပါးတင်သွင်းခဲ့တာကြောင့် တင်သွင်းမှုမပြတ်လပ်ဘူးလို့ သိရပါ တယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၁ဝဝ၊ ကန်ပိုက်တီးမှ ၉၃၆ တန်၊ တာချီလိတ် မှ ၁၅၆ဝ တန်နဲ့ မြိတ်မှ တန် ၇ဝဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉ဝဝ ဘိလပ်မြေ (ကျောက်ဆူး) - ၄၆၅ဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၄ဝဝ ၅၄၅ဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၉ဝဝ ၇၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၁ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြန်မာဆင်) - ၆၁ဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၇ဝဝ ၅၇၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
ကန်ဒေါ်လာငွေတန်ဖိုး လျော့ကျလာနေခြင်းသည် ဝယ်လိုအားကို မြင့်မားစေနိုင်သည်ဟု ခန့်မှန်း ဒီနှစ်အတွင်း ယူရိုငွေ တန်ဖိုး ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာခဲ့ရာ ဒုတိယမြောက် စွမ်းဆောင်မှုအကောင်း ဆုံးငွေကြေးဖြစ်လာပါတယ်။ ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအောက်မှာသာ ထိန်းသိမ်းထားဖို့ ရည်မှန်းထားသော်လည်း ဧပြီလ အတွင်းအတိုးနှုန်းကို နောက်ထပ် သုည ဒသမ ၂၅ ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့ရာ လက်ရှိအတိုးနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်လာပါတယ်။ နောက်ထပ် အတိုးနှုန်းမြှင့်တင်ပေးဖို့ တံခါးဖွင့်လိုက် တာဖြစ်တယ်လို့ ယူဆကြပြီး ယူရိုငွေ တန်ဖိုးမြင့်မားလာခြင်း ဖြစ်ပါတယ်။ ကန်ဒေါ်လာတန်ဖိုး လျော့ကျလာ နေတာက တစ်နည်းအနေနဲ့ ဒေါ်လာ ဝယ်လိုအားကို မြင့်မားစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကြိုပွိုင့် အရောင်း အဝယ်ကုန်သည်တွေက ယူရိုငွေနဲ့ ဒေါ်လာငွေ လဲနှုန်းမှာ ယူရိုငွေတန်ဖိုး မြင့်မားလာမယ်လို့ အလောင်းအစား ပြုမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဗဟိုဘဏ်က၎င်းရဲ့အတိုးနှုန်း ကို သုညမှ သုည ဒသမ ၁ ရာခိုင်နှုန်း အကြားမှာသာ ဆက်လက်ထားရှိဖို့ နောက်လာမယ့် အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ ခန့်မှန်းကြပြီး ယန်းငွေ တန်ဖိုးကလည်း အဓိက လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးလျော့ကျ သွားပါတယ်။ ဒါကြောင့် တစ်ဒေါ်လာ ကို ၈၁ ဒသမ ၈၈ ယန်းမှ ၈၂ ဒသမ ၁၉ ယန်းအထိ ကျဆင်းသွားပါတယ်။ Source:Bloomberg.com ပပ
စိန်ဈေးမြင့ ်တက်သော်လည်း ၂ဝဝ၈ ခုနှစ် ဈေးနှုန်းမမီ ကမ္ဘာ့စိန်ဈေးနှုန်းမြင့်တက်၍ မြန်မာ့စိန်ဈေးနှုန်းမှာ ၂ဝ ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ''မြန်မာ့စိန်ဈေးကွက်က ကမ္ဘာ့စိန်ဈေး အတက်အကျနဲ့ ဒေါ်လာဈေး အတက်အကျပေါ်မူတည်တယ်။ ဒီလထဲမှာ ကမ္ဘာ့စိန်ဈေး တက်တဲ့ အတွက် မြန်မာ့စိန်ဈေးလည်း တက်တယ်။ ဒေါ်လာဈေးက မတက်တဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးကိုမမီဘူး။ ၂ဝဝ၈ ခုနှစ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၃ဝဝ ဝန်းကျင်ရှိပြီး ဒီနှစ်ဒေါ်လာဈေးက ကျပ် ၉ဝဝ အောက်မှာရှိတဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးလောက်မမြင့်တက်ဘူး။ စိန်ဈေးနှုန်းက ခုတစ်ပတ်မှာ တစ်ရတီ ကို နှစ်သောင်းအထက်တက်တယ်''လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် Mandalay Gem Center ၌ အရောင်းအဝယ်အေး လျက်ရှိပြီး စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် သုံးသိန်းနဲ့ လေးသိန်းကြား၊ ၂ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် နှစ်သိန်းနဲ့ သုံးသိန်းကြား၊ ၄ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့ ၂ ဒသမ ၅ သိန်းကြား၊ ရိုးရိုးကျင်ဖြူ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့နှစ်သိန်းကြားရှိကြောင်း သိရပါတယ်။ ဇူးဇူး