Main menu

Background

Monday, 23 May 2011

ပြည်ဘိုကိတ်ပဲ လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ်                  ပြည်ဘိုကိတ်ပဲမှာ ပဲဈေးကွက်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ဆက်လက်ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ အဝင်နည်း လာတာကြောင့် ယခုလတစ်လလုံးအနေဖြင့် အခြားတိုင်းသို့ တင်ပို့ နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တစ်နေ့ကို အိတ် ၃ဝ-၄ဝ ခန့်သာ အဝင်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လက်လီသမားဖြင့် တစ်ရက်ကို ၁၄-၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 23 May 2011

ပဲသစ်ပေါ်ချိန် တရုတ်အဆွဲသွက်လို့ မုံရွာပဲတီ ဈေးတက်လာ                    မုံရွာကုန်စည်ဒိုင် မေလတတိယပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်စုံက ရေသွင်းပဲတီစိမ်းတွေ အဝင်သွက်လာသလို တရုတ် ဝယ်လက် အဆွဲသွက်နေလို့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ပဲအများစု မိုးလွတ်ခဲ့ကြတဲ့အတွက် အရည်အသွေးလည်း ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲသစ်စပေါ်ချိန်မေလဆန်းကတစ်တင်း ၂၅ဝဝဝ ကျပ် နဲ့ဈေးဖွင့်ခဲ့သလို ဒုတိယပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ရုတ်တရက်ထိုးကျခဲ့ရာက တရုတ်အဆွဲသွက်တဲ့ တတိယပတ် မေ ၁၈ ရက်က တစ်တင်း ၃၁ဝဝဝ ကျပ်ထိအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။                  အရောင်းအဝယ်အားဖြင့် နယ်စုံကပဲတီတွေ ဝင်သလောက် ရောင်းခဲ့ကြရလို့ ယခုပေါ်စအချိန်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တစ်ရက်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ်တင်ပို့မှု ရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်မှ ကြားသိရပါတယ်။ ထွန်းလှိုင်

Monday, 23 May 2011

ဒီတစ်ပတ်နို့ဆီ အဝင်ပိုခဲ့             ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၆၆ဝ ဒသမ ၄၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းငါး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကဖြစ်ပြီး ဒွန်းနို့ဆီ ၁၄၈ ဒသမ ၃၅ တန်၊ ဒွန်းနို့စိမ်း ၂ဝ၆ ဒသမ ၄ဝ တန်၊ COWBELL နို့ဆီ ၁၇၉ ဒသမ ၇၁ တန်နဲ့ OK တံဆိပ်နို့ဆီ ၁၂၅ ဒသမ ၉၉ တန် အသီးသီးတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဝင် ပျောက်ခဲ့တဲ့ နို့စိမ်းက ဒီသီတင်းပတ်မှ သာပြန်လည်တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီ၊ နို့စိမ်းအဝင်က တန် ချိန် လေးရာနီးပါးရှိခဲ့ပြီး ယခုသီတင်းပတ် နို့ဆီ၊နို့စိမ်းအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် နှစ်ရာကျော်လောက် ပိုမိုတင် သွင်းခဲ့တာ တွေ့ရပါတယ်။               နို့မှုန့်အနေနဲ့ ဒီတစ်ပတ်မှာ သွင်းနေကျ နယူးဇီလန်နိုင်ငံအပြင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားဘက်ကပါ တင်သွင်း လာတာတွေ့ရပါတယ်။ ဒီသီတင်းပတ် နို့မှုန့်အဝင်က ၃၆ တန်ကျော်သာ ရှိခဲ့တာကြောင့် ယခင်သီတင်းပတ်အဝင်နဲ့ ယှဉ်ရင် ငါးဆနီးပါးလောက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းလျော့             မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁ဝ၂ဝဝ တန်ဖိုးရှိ နို့ဆီဖာ ၇ဝဝ (၁၃ ဒသမ ၂၇၂ တန်) နဲ့ ကန်ဒေါ်လာ ၁၇ဝဝဝ တန်ဖိုးရှိ နို့စိမ်း ဖာ ၁ဝဝဝ (၁၈ ဒသမ ၉၆ တန်) တင်သွင်း မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ဖာ ၂၃ဝဝ နဲ့ နို့စိမ်း ဖာ ၆ဝဝ လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်း မှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ                နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး        ကျပ်/တစ်ဘူး                        ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )             ၈ဝဝ    ၈၁၅ဒွန်း( နို့စိမ်း)            ၇၅ဝ    ၇၆၅Falcon နို့ဆီ            ၆၅ဝ    ၆၆၅ံHappy Cow (အနီ)    ၆ဝဝ    ၆၁၅Happy Cow  (အပြာ) ၆၈ဝ    ၆၉၅အိုကေနို့ဆီ             ၇၂ဝ    ၇၃၅MIRT (DOT)

Monday, 23 May 2011

ဒီတစ်ပတ် ကိုရီးယားနဲ့ ပါကစ္စတန်ဘက်ကပါ တင်သွင်း                    ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၂၅ ဒသမ ၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇ဝဝ၅၊ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ် မြေတန်ချိန် ၄၂ဝ နဲ့ ကိုရီးယားနိုင်ငံမှ သုည ဒသမ ၅ဝ တန် အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခုသီတင်းပတ်တွင် တင်သွင်းနေကြ ထိုင်းနိုင်ငံအပြင် ကိုရီးယား နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဘက်မှပါ တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်း ပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန်လေးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ တန်ချိန်နဲ့ယှဉ်ရင် တော်တော်များများ လျော့နည်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၅ဝဝဝ နီးပါး အသွင်းရှိ                  ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ကန်ဒေါ်လာ ဝ ဒသမ ၆၁၆ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၉၉၇ တန်ကို မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၅၅၅ တန်ကိုသာ တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် ယခုအပတ်မှာ ဘိလပ်မြေ ၂၄၄၂ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုများ မှာ ကန်ပိုက်တီး ၃၃၆၉ တန်၊ တာချီလိတ်မှ ၁၅၄၆ တန်ကျော်နဲ့ မောင်တောမှ ၈၁ တန်ကျော်ဖြစ်ပါတယ်။ ဧပြီလမှ မေလ ၁၇ ရက်ထိ နယ်စပ်စခန်းများမှ ဘိလပ် မြေတင်သွင်းလာမှုမှာ ၁၉ဝ၃၂ တန် ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/                    အမျိုးအစား                     ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                            ယခင်အပတ် ယခုအပတ်                 ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း                ၅ဝ၅ဝ       ၅ဝ၅ဝ(လက်ကား)                    ဘိလပ်မြေ (စိန်)                       ၄၉ဝဝ       ၄၉ဝဝ                                  ဘိလပ်မြေ (ကျောက်ဆူး)             ၄၆၅ဝ       ၄၆၅ဝ                                  ဘိလပ်မြေ (မြင်းခေါင်း)                ၄၂ဝဝ       ၄၂ဝဝမန္တလေးတိုင်းဒေသကြီး       ဘိလပ်မြေ(ဆင်)ထိုင်း                  ၇ဝဝဝ       ၇ဝဝဝ                                  ဘိလပ်မြေ (AAA)                       ၅၅ဝဝ      ၅၅ဝဝ                                  ဘိလပ်မြေ(မြန်မာဆင်)                 ၅၃ဝဝ      ၅၃ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း                    ၇၁ဝဝ      ၇ဝဝဝ                                  ဘိလပ်မြေ(ဆင်မင်း)                   ၄၈ဝဝ       ၄၉ဝဝ                                 ဘိလပ်မြေ(ကျားခေါင်း)                  ၅၂ဝဝ      ၅၂ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)                   ၅ဝဝဝ      ၅ဝဝဝတောင်ငူ                       ဘိလပ်မြေ(ကြံ့)ထိုင်း                     ၆၈ဝဝ      ၆၈ဝဝ                                 ဘိလပ်မြေ(ဆင်)ထိုင်း                   ၇ဝဝဝ      ၇ဝဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)                   ၅၃ဝဝ      ၅၃ဝဝ                                ဘိလပ်မြေ(Lucky)ပါကစ္စတန်            ၆၄ဝဝ      ၆၄ဝဝတောင်ကြီး                    ဘိလပ်မြေ(စိန်)ထိုင်း                      ၇၃ဝဝ     ၆၈ဝဝ                                 ဘိလပ်မြေ(ခြင်္သေ့)                       ၆၁ဝဝ      ၅၈ဝဝ                                 ဘိလပ်မြေ(မြို့တော်)                      ၆ဝဝဝ     ၅၉ဝဝမော်လမြိုင်                    ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၂၅ဝ     ၆၂၅ဝ                                ဘိလပ်မြေ(ကြံ့)မြိုင်ကလေး              ၅၆၅ဝ      ၅၇၅ဝမကွေးတိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း                    ၆၆၅ဝ     ၆၆၅ဝ                                ဘိလပ်မြေ(မြင်းခေါင်း)                   ၅၇ဝဝ      ၆ဝဝဝ                                ဘိလပ်မြေ(ဆင်မြန်မာ)                     -          ၆၆ဝဝ -MIRT (MAPT)

Monday, 23 May 2011

ပင်လယ်ရေကြောင်းက ဒီတစ်ပတ်ဓာတ်မြေသြဇာ အဝင်မရှိ                 ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၈ရက်မှ ၁၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ယခင်တင်သွင်းထားခဲ့တဲ့ ဓာတ်မြေသြဇာများကိုသာ ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ ၂၂၆၈၉ တန်ကျော် တင်သွင်း                  မူဆယ်၊ ရိဒ်၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၅၇၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၂၆၈၉ တန်ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၂၂၇ဝဝ တန် တင်သွင်းခဲ့တာမို့ ယခုအပတ် တင်သွင်းမှုနဲ့ သိပ် ကွာဟမှုမရှိပါဘူး။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်နယ်စပ်မှ ၂၁၈၄၆ တန်၊ ရိဒ်မှ ၇၄၁ တန်ကျော်၊ တာချီလိတ်မှ ၅၅ တန်ကျော်၊ ကော့သောင်းမှ ၄၇ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားကွန်ပေါင်း၊ အမိုးနီးယမ်းနိုက်တြိတ်၊ နိုက်ထရိတ်ဖော့ စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပြီး၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုးနီးယမ်းနိုက်ကြိတ်နဲ့ ကော့သောင်းမှ ကွန်ပေါင်းတို့ဖြစ်ကြပါတယ်။ မေလအတွင်းမှာ နယ်စပ်မှ ဓာတ်မြေသြဇာ ၄၅၃၉ဝ တန် တင်သွင်းထားပြီး ဧပြီလ ၁ ရက်မှ မေလ ၁၇ ရက် ထိ ဓာတ်မြေသြဇာ တန်ချိန် ၁၁၁၇ဝဝ နီးပါး တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း               ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်             အမျိုးအစား                   ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                               ယခင်အပတ် ယခုအပတ်       ပြောင်းလဲမှု(မာလာမြိုင်)                    တီစူပါ သံကွင်း(တရုတ်)                ၂၇၈ဝဝ     ၂၈၅ဝဝ                                  ပိုတက်(တရုတ်)                          ၂၁၃ဝဝ    ၂၃၅ဝဝ                                  ယူရီးယား(တရုတ်-ရွှေတောင်)          ၂၂၂ဝဝ    ၂၃၅ဝဝ                                  ယူရီးယား(နေရွက်လှေ-တရုတ်)           -          ၂၃ဝဝဝ -မန္တလေးတိုင်းဒေသကြီး        ယူရီးယား(တရုတ်-ရွှေတောင်)         ၂၁ဝဝဝ     ၂ဝ၉ဝဝ                                  ယူရီးယား(တရုတ်-ပန်းဖူး)              ၂၁၃ဝဝ     ၂ဝ၉ဝဝ                                   အာမို (ဒိုင်းမွန်းစတား)                  ၃၉ဝဝဝ     ၄ဝဝဝဝတောင်ငူ                         ယူရီးယား (ရွှေတောင်-တရုတ်)        ၂၂၃ဝဝ    ၂၂၃ဝဝ                                   ယူရီးယား (ကမ္ဘာလုံး-တရုတ်)         ၂၂၃ဝဝ    ၂၂၃ဝဝ                                   ယူရီးယား (ယူအေအီး-တရုတ်)        ၂၃၅ဝဝ    ၂၃ဝဝဝ                                   ကုလားအုတ် (တရုတ်)                  ၂၃ဝဝဝ   ၂၃ဝဝဝတောင်ကြီး                       ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)   ၂၁ဝဝဝ    ၂ဝဝဝဝ                                   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)       ၂၁၂ဝဝ    ၂ဝ၅ဝဝ                                   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၁၂ဝဝ    ၂ဝ၅ဝဝ                                   တီစူပါ-(တရုတ်) 12%                   ၉၅ဝဝ      ၉၅ဝဝ                                   တီစူပါ-(တရုတ်) 16%                 ၁၁၅ဝဝ     ၁ဝဝဝဝ                                   တီစူပါ 15:15:15 (တရုတ်)           ၃ဝ၆ဝဝ     ၃၆ဝဝဝ                                   တီစူပါ 10:10:5(တရုတ်)              ၁၃၇ဝဝ    ၁၃၅ဝဝ                                    ပိုတက် (တရုတ်)                    ၂ဝ၅ဝဝ      ၂ဝ၅ဝဝ                                   ဓာတ်ဆား (တရုတ်)                  ၁၅ဝဝဝ      ၁၃၅ဝဝမော်လမြိုင်                      ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)  ၂၃၃ဝဝ      ၂၃၃ဝဝ                                  ပုလဲ(သေး)(ရွှေပျား 46% တရုတ်)    ၂၃၃ဝဝ    ၂၃၃ဝဝ                                  ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ   ၂၃၃ဝဝ                                  ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15      ၃၈ဝဝဝ   ၃၈ဝဝဝ                                  ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15  ၃၄ဝဝဝ   ၃၄ဝဝဝ                                  ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8        ၃၂ဝဝဝ   ၃၂ဝဝဝ                                  တီစူပါ (တရုတ်) သံကွင်း 46%          ၃ဝဝဝဝ   ၂၇၅ဝဝ                                 တီစူပါ (တရုတ်) မျှား 46%               ၂၈၅ဝဝ   ၂၆ဝဝဝ                                 တီစူပါ (တရုတ်) မျှားကမ္ဘာ 16%         ၁၄ဝဝဝ   ၁၃ဝဝဝMIRT (MAPT)

Friday, 20 May 2011

နို့ဆီ တန် ၄ဝဝ နီးပါး တင်သွင်း                     ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၁ရက် မှ ၇ ရက်တာကာလအတွင်း နို့ဆီတန် ချိန် ၃၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းက တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူ နိုင်ငံဖြစ်ပြီး အိုကေတံဆိပ်နဲ့ အခြား တံဆိပ်များကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် အဝင်တန်ချိန် ငါးရာကျော်ရှိခဲ့တာကြောင့်ယခုသီတင်းပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် အနည်း ငယ် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ ယူကေနိုင်ငံ က လေးတန်ကျော်နဲ့ နယူးဇီလန်နိုင်ငံ ဘက်မှ ၁၄၉ တန် မှာယူတင်သွင်းခဲ့ပါ တယ်။                   ယခင်သီတင်းပတ် နို့မှုန့်တင်သွင်း မှုမှာ ၄၂ တန်ကျော် တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် အဝင်သုံးဆလောက် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) ကော့သောင်းနဲ့ မူဆယ်ကနို့ဆီနဲ့ နို့မှုန့်ဝင်                     ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ ၄၈ဝဝဝ တန်ဖိုးရှိ နို့ဆီ ၃ဝဝဝ ဖာ(၅၆ ဒသမ ၈၈ တန်)နဲ့ ကန်ဒေါ်လာ ၂၇၂ဝဝ တန်ဖိုးရှိ နို့စိမ်း ၁၆ဝဝ ဖာ(၃ဝ ဒသမ ၃၄ တန်) တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီတင်သွင်းမှု ဖာ ၂ဝဝဝ ပိုမိုခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု ဖာ၄၁ဝဝ လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ လိပ်ပြာတံဆိပ် နို့မှုန့် ၁၃ တန်၊ ကန်ဒေါ်လာ ၃၇ဝ၁၃ ဖိုးတင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်က ထက် ၅၉ တန် တင်သွင်းမှု လျော့နည်း ခဲ့ပါတယ်။ MIRT(DOBT)ပြည်တွင်း နို့ဆီလက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး        ကျပ်/တစ်ဘူး                          ရန်ကုန်   မန္တလေးဒွန်း( နို့ဆီ )               ၈ဝဝ     ၈၁၅ဒွန်း( နို့စိမ်း)               ၇၅ဝ     ၇၆၅Falcon နို့ဆီ                ၆၅ဝ    ၆၆၅Happy Cow (အနီ)       ၆ဝဝ    ၆၁၅Happy Cow (အပြာ)     ၆၈ဝ   ၆၉၅အိုကေနို့ဆီ                   ၇၂ဝ    ၇၃၅MIRT (DOT)

Friday, 20 May 2011

ထိုင်းနိုင်ငံအပြင် မလေးရှားနိုင်ငံဘက်မှပါ တင်သွင်း                      ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် လေးသောင်းသုံးထောင့်ရှစ်ရာကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ခုနစ်သိန်းကျော်ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ မလေးရှား နိုင်ငံဘက်မှ တန်ချိန် ၅ဝဝဝ နဲ့ ထိုင်းနိုင်ငံဘက်မှ သုံးသောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့ပါတယ်။                    ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းကျော်သာ ရှိခဲ့ပြီး ယခုသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တစ်ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ မိုးရာသီရောက်ခါနီးပြီဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် အတွက် ဘိလပ်မြေများ အင်တိုက်အားတိုက် တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT(DOT) ဘိလပ်မြေ တန် ၂၅ဝဝ ကျော် နယ်စပ်မှအသွင်းရှိ                    မေ ၄ ရက်မှ ၁ဝရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင် တော နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၅၅ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ မြိတ် စခန်းများက တန် ၃ဝ၅ဝ တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် တန် ၅ဝဝနီးပါး လျော့နည်းတင်သွင်းခဲ့ပါတယ်။ ဧပြီလတစ်လလုံး ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၁၁၄၈ဝ ကျော်ရှိခဲ့ပြီး ယခင်နှစ်ဧပြီလမှာတော့ ၁၂၂၉၅ တန်ကျော် တင်သွင်းခဲ့ပါ တယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                   ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/                   အမျိုးအစား                  ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                       ယခင်အပတ်   ယခုအပတ်               ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး           ဘိလပ်မြေ(ဆင်)ထိုင်း      ၅ဝ၅ဝ        ၅ဝ၅ဝ(လက်ကား)                       ဘိလပ်မြေ (စိန်)            ၄၉ဝဝ        ၄၉ဝဝ                                     ဘိလပ်မြေ (ကျောက်ဆူး)   ၄၆၅ဝ       ၄၆၅ဝ                                     ဘိလပ်မြေ (မြင်းခေါင်း)      ၄၂ဝဝ       ၄၂ဝဝမန္တလေးတိုင်းဒေသကြီး          ဘိလပ်မြေ(ဆင်)ထိုင်း         ၇ဝဝဝ       ၇ဝဝဝ                                     ဘိလပ်မြေ (AAA)             ၅၅ဝဝ       ၅၅ဝဝ                                    ဘိလပ်မြေ(မြန်မာဆင်)        ၅၃ဝဝ        ၅၃ဝဝ                                    ဘိလပ်မြေ(စိန်)ထိုင်း           ၇ဝဝဝ       ၇၁ဝဝ                                    ဘိလပ်မြေ(ဆင်မင်း)          ၄၉ဝဝ        ၄၈ဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)        ၅၂ဝဝ       ၅၂ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)        ၅ဝဝဝ        ၅ဝဝဝတောင်ငူ                          ဘိလပ်မြေ(ကြံ့)ထိုင်း           ၆၈ဝဝ       ၆၈ဝဝ                                    ဘိလပ်မြေ(ဆင်)ထိုင်း          ၇ဝဝဝ       ၇ဝဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)          ၅၃ဝဝ       ၅၃ဝဝ                                    ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝ        ၆၄ဝဝတောင်ကြီး                       ဘိလပ်မြေ(စိန်)ထိုင်း            ၇၃ဝဝ        ၇၃ဝဝ                                    ဘိလပ်မြေ(ခြင်္သေ့)              ၆၁ဝဝ        ၆၁ဝဝ                                    ဘိလပ်မြေ(မြို့တော်)            ၆ဝဝဝ        ၆ဝဝဝမော်လမြိုင်                       ဘိလပ်မြေ(ဆင်)ထိုင်း           ၆၂၅ဝ         ၆ဝ၅ဝ                                   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၅၇၅ဝ        ၅၆၅ဝမကွေးတိုင်းဒေသကြီး           ဘိလပ်မြေ(ဆင်)ထိုင်း             ၆၇ဝဝ       ၆၆၅ဝ                                    ဘိလပ်မြေ(မြင်းခေါင်း)           ၅၈ဝဝ        ၅၇ဝဝMIRT (MAPT)

Friday, 20 May 2011

ဈေးကွက်က ဈေးနှုန်း        ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ်               အမျိုးအစား                        ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                       ယခင်အပတ် ယခုအပတ်              ပြောင်းလဲမှု(မာလာမြိုင်)                             တီစူပါ သံကွင်း(တရုတ်)           ၂၇ဝဝဝ       ၂၇၈ဝဝ                                             ပိုတက်(တရုတ်)                       ၂၃၅ဝဝ       ၂၁၃ဝဝ                                             ယူရီးယား(တရုတ်-ရွှေတောင်)       ၂၁၅ဝဝ      ၂၂၂ဝဝမန္တလေးတိုင်းဒေသကြီး                 ယူရီးယား(တရုတ်-ရွှေတောင်)        ၂ဝ၃ဝဝ     ၂၁ဝဝဝ                                             ယူရီးယား(တရုတ်-ပန်းဖူး)             ၂ဝဝဝဝ      ၂၁၃ဝဝ                                              အာမို (ဒိုင်းမွန်းစတား)                 ၃၉၅ဝဝ     ၃၉ဝဝဝတောင်ငူ                                  ယူရီးယား (ရွှေတောင်-တရုတ်)        ၂၂၃ဝဝ    ၂၂၃ဝဝ                                             ယူရီးယား (ကမ္ဘာလုံး-တရုတ်)          ၂၂၃ဝဝ    ၂၂၃ဝဝ                                             ယူရီးယား (ယူအေအီး-တရုတ်)         ၂၃၅ဝဝ    ၂၃၅ဝဝ                                             ကုလားအုတ် (တရုတ်)                   ၂၃ဝဝဝ    ၂၃ဝဝဝတောင်ကြီး                               ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)     ၂ဝ၈ဝဝ     ၂၁ဝဝဝ                                             ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)        ၂၁ဝဝဝ    ၂၁၂ဝဝ                                             ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)   ၂၁ဝဝဝ    ၂၁၂ဝဝ                                             တီစူပါ-(တရုတ်) 12%                     ၉၅ဝဝ       ၉၅ဝဝ                                              တီစူပါ-(တရုတ်) 16%                    ၁ဝ၂ဝဝ   ၁၁၅ဝဝ                                              တီစူပါ 15:15:15 (တရုတ်)              ၃ဝ၅ဝဝ   ၃၆ဝဝဝ                                              တီစူပါ 10:10:5 (တရုတ်)                ၁၃၅ဝဝ    ၁၃၇ဝဝ                                               ပိုတက် (တရုတ်)                          ၂ဝဝဝဝ    ၂ဝ၅ဝဝ                                               ဓာတ်ဆား (တရုတ်)                      ၁၃၅ဝဝ     ၁၅ဝဝဝမော်လမြိုင်                                 ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)      ၂၃၃ဝဝ    ၂၃၃ဝဝ                                               ပုလဲ(သေး)(ရွှေပျား 46% တရုတ်)     ၂၃၃ဝဝ    ၂၃၃ဝဝ                                               ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)  ၂၃၃ဝဝ    ၂၃၃ဝဝ                                               ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15      ၃၈ဝဝဝ    ၃၈ဝဝဝ                                               ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15  ၃၄ဝဝဝ    ၃၄ဝဝဝ                                                ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8        ၃၂ဝဝဝ     ၃၂ဝဝဝ                                               တီစူပါ (တရုတ်) သံကွင်း 46%            ၂၇၅ဝဝ      ၃ဝဝဝဝ                                               တီစူပါ (တရုတ်) မျှား 46%                 ၂၆ဝဝဝ      ၂၈၅ဝဝ                                               တီစူပါ (တရုတ်) မျှားကမ္ဘာ 16%          ၁၃ဝဝဝ       ၁၄ဝဝဝMIRT (MAPT)

Friday, 20 May 2011

ဓာတ်မြေသြဇာတန် ၂၂၇ဝဝ ကျော်နယ်စပ်မှ တင်သွင်း                  မေ ၄ရက်မှ ၁ဝရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၅၂၃ သန်းဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၂၇၄၁ တန် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ တန် ၂၂၁၈၄ တန်၊ ချင်းရွှေဟော်မှ တန် ၁၅ဝ၊ တာချီလိတ်မှ တန် ၂ဝ ကျော်၊ ကော့သောင်းမှ ၄၅ တန်နဲ့ ရိဒ်မှ ၃၄၁ တန်ကျော် အသီးသီး တင်သွင်းခဲ့ပါတယ်။                ယခင်အပတ်ကထက် တန်ချိန် ၂၅ဝဝ နီးပါး တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားကွန်ပေါင်း၊ အမိုနီယမ်နိုက်ထရိတ်၊ နိုက်ထရိတ်ဖော့စဖိတ်နဲ့ စင်ဂဲလ် စူပါဖော့စဖိတ်တို့ဖြစ်ပြီး ချင်းရွှေဟော်နဲ့ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုနီယမ်နိုက်ထရိတ်၊ ရိဒ်မှ ပိုတက်ရှ်၊ ယူရီးယားတို့ တင်သွင်းနေတာဖြစ်ပါတယ်။ ယခုနှစ် ဧပြီလမှ ဓာတ်မြေသြဇာတန် ၆၆၂၇ဝ ကျော်တင်သွင်းခဲ့ပြီး ယမန်နှစ် ဧပြီလမှာ ၅၈၈ဝဝ ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုနှစ် ဧပြီလမှာ တန် ၇၅ဝဝ နီးပါး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT )

Friday, 20 May 2011

အမိုးနီးယမ်နိုက်တြိတ်ကို တရုတ်မှ တင်သွင်း                  မေ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် တစ်ထောင့်နှစ်ရာကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံမှ ကောမတ် ဓာတ်မြေသြဇာ တန်ချိန် ၄ဝဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယမ်နိုက်တြိတ်အပါအဝင် ဓာတ်မြေသြဇာတန်ချိန် ရှစ်ရာ့နှစ်ဆယ်ကျော်တို့ ရေကြောင်းလမ်းကနေ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတန်ချိန်မှာ တစ်ထောင်ကျော် တင်သွင်းခဲ့ပြီး ယခုသီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ တစ်ထောင့်နှစ်ရာ ကျော်ရှိခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ အဝင်နည်းနည်းပိုခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)

Pages