Background
ဒီတစ်ပတ်လည်းဝင်အားကောင်းနေတဲ့ ဘိလပ်မြေ ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း ဘိလပ် မြေတန်ချိန် ၂၄၄၆ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၇၇၉၇ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ကတော့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်နဲ့ ဆင်တံဆိပ် ဘိလပ်မြေတန်ချိန် နှစ်သောင်း သုံးထောင့်သုံးရာရှစ်ဆယ်နဲ့ ပါကစ္စတန် နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်ထောင့်ရှစ်ဆယ်တို့ကို အသီး သီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝင်အားကောင်းကောင်းနဲ့ ဝင်လာခဲ့တဲ့ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်လက် ဝင်အားကောင်းဆဲ ဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၄၅ဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၄၄၈၃ ဒသမ ၅ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းခဲ့တဲ့ လွယ်ဂျယ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများက ယခုအပတ်မှာ တင် သွင်းမှုမရှိတဲ့အတွက် ယခင်အပတ်ကထက် တန်ချိန် ၈ဝဝကျော် တင်သွင်းမှု လျော့နည်းသွားပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၃ တန်၊ ကန်ပိုက်တီးမှ ၂၅၆၅ တန်နဲ့ တာချီလိတ်မှ ၁၈၅၅ တန်ကျော် ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၅ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
သီတင်းတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်မြေသြဇာအဝင်မရှိ သီတင်းတစ်ပတ်ကို ပျမ်းမျှ တန်ချိန် တစ်ထောင်မှ နှစ်ထောင်ကျော်ကြား တင်သွင်းနေကြ ဓာတ်မြေသြဇာက ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် နှစ်ရာကျော် သာတင်သွင်းခဲ့ပြီး ဒီသီတင်းပတ်မှာတော့ အဝင်မရှိခဲ့ပါဘူး။ ဈေးကွက်ထဲ အရောင်း အဝယ်ကလည်း ပုံမှန်သာရှိကြောင်း သတင်းရရှိပါတယ်။ MIRT (DOT) တစ်ပတ်အတွင်း နယ်စပ်က တန်ချိန် ၁၅ဝဝဝ နီးပါးသွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ မောင်တောနဲ့ ရိဒ်နယ်စပ်စခန်းများမှ ဓာတ်မြေ သြဇာ ၁၄၆၆၉ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၇၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၇၃ဝ တန်ကျော်၊ တာချီလိတ်မှ ၅၇ ဒသမ ၅တန်၊ ကော့သောင်းမှ ၂၈၉ဝတန်၊ မောင်တောမှ ၁၂ ဒသမ ၄၅ တန်နဲ့ ရိဒ်မှ ၉၇၈ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်းနဲ့ အမိုးနီးယမ်းနိုက် တြိတ်ဓာတ်မြေသြဇာကုန်ကြမ်းတို့ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ ရိဒ်မှ ယူရီယားနဲ့ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါ တယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် မူဆယ်မှ ၆၅၄၉ တန်နဲ့ ရိဒ်မှ ၂၄၅ တန် သိသိသာသာပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၅၈၁ဝဝဝ ကျော် တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီစူပါ GTSP 46% ၂၂၃ဝဝ တီစူပါ GSSP 16% ၁ဝ၂ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၈ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁ဝ၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇၅ဝဝ တီဆူပါ 10:10:5(တရုတ်) ၁၅၅ဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၄၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝMIRT (MAPT)
ပဲစင်းငုံဈေးအနည်းငယ်ပြန်တိုးလာ ယခုတစ်ပတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား ဆက်တိုက်ရှိနေတာကြောင့် အနည်းငယ်ပြန်လည် တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်တခိုျ့မှ ဝင်ရောက်လာတဲ့ ပဲအသစ် များမှာ အရည်အသွေးနိမ့်ကျတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ဒုတိယ အကြိမ် ခန့်မှန်းချက်အရ ပဲစင်းငုံတန်ချိန် ၃ ဒသမ ၁၈ သန်းထွက် မယ်လို့ဆိုရာ ပထမအကြိမ်ခန့်မှန်းထားတဲ့ တန်ချိန် ၃ ဒသမ ၂၇ သန်းထက်လျော့ကျခန့်မှန်း ထားပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း မှာ မိုးရွာသွန်းခြင်းက အထွက်နှုန်းကို လျော့ကျစေခဲ့တာကြောင့် ခုလိုလျော့ကျခန့်မှန်းခြင်းဖြစ်ပါတယ်။ အထွက်လျော့ကျမယ့် ခန့်မှန်း ချက်က ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေး ကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁ဝ .၂ .၁၁ ၉ .၂ .၁၁ ၈ .၂ .၁၁ ၇ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈၃၆-၈၃၈ ၈၃၈ ၈၂၆ ၈၂၃ဒေလီ(မြန်မာပဲစင်းငုံ) ၈၃၄ ၈၃၈ ၈၃၂ ၈၂၃ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၂၃ ၈၂၇ ၈၅၉ ၈၃၄
ပဲတီစိမ်းဈေး တန့်နေ ယခုတစ်ပတ် အိန္ဒိယပြည်တွင်း ပဲတီစိမ်းဈေးက တစ်ပတ် အတွင်း ဈေးအပြောင်းအလဲမရှိဘဲ တန့်နေပါတယ်။ ဈေးကွက်တွေ မှာ လက်ကျန်နည်းနေပေမဲ့ အဝယ်အေးတာကြောင့် ဈေးငြိမ်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ပဲတီစိမ်းထွက် ရှိမှုဟာ ယခင်နှစ်က တန်ချိန် ဝ ဒသမ ၆၉ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁ ဒသမ ၁၂ သန်းကို တိုးတက်ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်းပဲ မရရှိနိုင်ခြင်းကတော့ ဈေးအမြင့်မှာရှိနေဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁ဝ .၂ .၁၁ ၉ .၂ .၁၁ ၈ .၂ .၁၁ ၇ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃၆ဝ ၁၃၆၈ ၁၃၆၆ ၁၃၆ဝဒေလီ ၁၂၇၂ ၁၂၈ဝ ၁၂၇၈ ၁၂၇၂အင်ဒိုရီ ၁၂ဝ၇ ၁၂၁၃ ၁၁၉ဝ ၁၂ဝ၆
ကုလားပဲလက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိ အိန္ဒိယကုလားပဲ လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် လက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲ ဖြစ်နေပါတယ်။ လတ္တာမှ ဝင်ရောက်လာတဲ့ ကုလားပဲ အရည်အသွေးကောင်းပေမဲ့ မဟာရပ် ရှတရာက ထုတ်လုပ်မှုမှာ မနှစ်ကထက်လျော့ကျမယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်း ဝန်းကျင်ထွက်မယ်လို့ ခန့်မှန်းထားလို့ မနှစ်ကထွက်ရှိခဲ့တဲ့ တန်ချိန် ၇ ဒသမ ၃၈ သန်းအောက် လျော့ကျမယ်လို့ ဆိုပါတယ်။ အိန္ဒိယ အစိုးရက ယခုနှစ်အတွက် ကုလားပဲတန်ချိန် ၇ ဒသမ ၅၈ သန်း ထွက်ရှိဖို့ မျှော်မှန်းထားပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာအအေးပိုပြီး မဟာရပ် ရှတရာမှာ မိုးပိုမိုရွာသွန်းခဲ့တာကြောင့် မျှော်မှန်းထားတဲ့ ပမာဏ အောက် လျော့ကျခဲ့တာဖြစ်ပါတယ်။ ပဲအသစ်တွေဝင်ရောက်လာ တော့မှာဖြစ်လို့ ကာလတိုအတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ဈေး ကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁ဝ .၂ .၁၁ ၉ .၂ .၁၁ ၈ .၂ .၁၁ ၇ .၂ .၁၁မွန်ဘိုင်း ၅၇၆-၅၇၇ ၅၈ဝ ၅၇၈-၅၇၉ ၅၈၁-၅၈၇ဒေလီ ၅၉ဝ-၅၉၂ ၅၈၇-၅၈၈ ၅၈၈-၅၈၉ ၅၈၇-၅၉၂ကန်ပါ ၅၉၉ ၆ဝ၃ ၆ဝဝ ၅၉၉-၆ဝဝ
အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ပဲမိုျးစုံနဲ့ အာလူး ဈေးကျဆင်းတဲ့အတွက် သိသိသာသာ လျော့ကျလာတယ်လို့ သိရပါတယ်။ စီးပွားကူးသန်းနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ ဇန်နဝါရီလ ၂၉ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာ ဖောင်းပွမှုဟာ ၁၃ ဒသမ ဝ၇ ရာခိုင်နှုန်းဖြစ်ခဲ့လို့ ယခင်သီတင်းပတ်က ၁၇ ဒသမ ဝ၅ ရာခိုင်နှုန်းအောက် သိသိသာသာလျော့ကျခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်အေးလာ ယခုသီတင်းပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေတာကြောင့် မတ်ပဲဈေး ပြန်အေးလာခဲ့ပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းတဲ့ အခြေအနေရှိပေမဲ့ အတ္တရာ ပရာဒေ့ရှ်က ပဲအသစ်တွေဝင်ရောက်လာခြင်းက ပြည်တွင်ဈေးကျဖို့ ဖိအားဖြစ်စေပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ မတ်ပဲထွက်ရှိမှုဟာ မနှစ်ကထွက်ရှိတဲ့ တန်ချိန် ၁ ဒသမ ၂၅ သန်း ထက်ပိုပြီး ဒီနှစ်မှာ တန်ချိန် ၁ ဒသမ ၄၅ သန်းထွက်မယ်လို့ ဆိုပါတယ်။ အထွက်နှုန်းမြင့်မယ်လို့ ခန့်မှန်းပေမဲ့ အရည်အသွေးကောင်း မတ်ပဲမရရှိနိုင်ခြင်းကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင် မှာဖြစ်လို့ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁ဝ .၂ .၁၁ ၉ .၂ .၁၁ ၈ .၂ .၁၁ ၇ .၂ .၁၁မွန်ဘိုင်း ၈၈၃ ၉၁ဝ ၉၁၄ ၉၁ဝဒေလီ ၈၉၄-၉ဝဝ ၉ဝ၄ ၉၂၅ ၉၂၇ချန်နိုင်း ၉၄၃-၁ဝ၃၁ ၉၄၉-၁ဝ၃၇ ၉၃၆-၁ဝ၄၆ ၉၃၂-၁ဝ၄၂
ရေကြောင်းလမ်းမှ နို့စိမ်းအဝင်ပို ပင်လယ်ရေကြောင်း လမ်းကနေ ဖေဖော်ဝါရီ ပထမပတ်အတွင်း နို့ဆီ တန်ချိန် ၂၅၁ ဒသမ ၅၉ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂၇၂၉၄၄ ဒေါ်လာနဲ့ နို့စိမ်း တန်ချိန် ၃၅၈ ဒသမ ၁၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၁၇၅ဝဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံ ကတော့ အမြဲတမ်းဖောက်သည် စင်ကာပူနိုင်ငံကပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့ဆီအဝင်တန်ချိန် လေးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်မှာ နို့ဆီ အဝင်တန်ချိန် လျော့ခဲ့ပါတယ်။ နို့စိမ်း ကတော့ ယခင်သီတင်းပတ်အဝင် တန် ချိန်ထက် ၅ ဆ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်အနေနဲ့ကတော့ သြစတြေးလျ၊ မလေးရှား၊ နယူးဇီလန်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံစသဖြင့် နိုင်ငံ အစုံမှ ဝင်လာတာ တွေ့ရပါတယ်။ ဒီတစ်ပတ် နို့မှုန့်အဝင်တန်ချိန်မှာ ၁၄၉ တန်နီးပါး ရှိခဲ့ပေမယ့်လည်း ယခင် သီတင်းပတ် နို့မှုန့်အဝင်တန်ချိန်နဲ့ ယှဉ် ရင် လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ အဝင်မရှိ မေ ၂ ရက်မှ ၈ ရက်အထိ ကာလ အတွင်း နယ်စပ်စခန်းများမှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ မူဆယ်နဲ့ ကော့ သောင်း နယ်စပ်စခန်းများမှ နို့ဆီ၊ နို့စိမ်း ၂ဝ၈၅၈ ၃ တန်၊ နို့မှုန့် ၂၇၅၉၄ တန် တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၇ဝ ၆၈၅Falcon နို့ဆီ ၆၃ဝ ၆၄၅Happy Cow ၆၂ဝ ၆၃၅မာရီဂိုး(နို့ဆီ) ၆၅ဝ ၆၆၅အိုကေနို့ဆီ ၆၇ဝ ၆၈၅MIRT (DOT)
ဓာတ်မြေသြဇာ အဝင်လျော့ ဖေဖော်ဝါရီ ၁ ရက်မှ ၆ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၁၁ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၁ဝ၁၄ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ထိုင်းနိုင်ငံကပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ အပတ်စဉ် ပျမ်းမျှဓာတ်မြေသြဇာ အဝင်တန်ချိန်မှာ ၁၇ဝဝ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်မြေသြဇာအဝင် တော်တော်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နှစ်သစ်ကူးပွဲတော်ကာလ မူဆယ်မှ ဓာတ်မြေသြဇာတင်သွင်းမှုကျ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်ထိကာလ အတွင်း ဓာတ်မြေသြဇာ ၄၁၈၃ တန်ခန့် တင်သွင်းနိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၃၇၇၉ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။နှစ်သစ်ကူးပွဲတော်ကာလဖြစ်တဲ့ အတွက် နှစ်နိုင်ငံလုပ်ငန်းရှင်များ အရောင်းအဝယ် လုပ်ငန်းဆောင်ရွက်မှုနည်းပါးတဲ့ အတွက်ရော သယ်ယူပို့ဆောင်ခများမြင့်တက်တဲ့အတွက်ပါ ဓာတ်မြေသြဇာတင် သွင်းမှု လျော့ကျရခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၉၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၅ဝ၉ဝ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၈၂၇၃ တန်တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် တန်ချိန် ၃၁၈ဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူးရီးယား၊ ကွန်ပေါင်း၊ ှSingle Super Phoshpate ၊ Nitric Phophate N၊ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုးနီးယမ်း ဆာလဖိတ်၊ ရိဒ်မှ ပိုတက်ရှ်ဓာတ်မြေသြဇာတင်သွင်းကြပါတယ်။ တာချီလိတ်နယ်စပ်ဘက်မှလည်း တရုတ်နှစ်သစ်ကူးကာလနဲ့ တိုက်ဆိုင်တဲ့ အတွက် နှစ်နိုင်ငံကုမ္ပဏီများ၊ အရောင်းဆိုင်များ ခေတ္တပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု လျော့ကျနေတယ်လို့ သိရပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၁ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၃ဝဝဝ ယူရီးယား(တရုတ်)ရွှေတောင် ၂၃၁ဝဝ တီစူပါ မြှား(တရုတ်) ၂၂၇ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄၇ဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ပိုတက်(ကနေဒါ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီဆူပါ GTSP 46% ၂၂၃ဝဝ တီဆူပါ GSSP 16% ၁ဝ၂ဝဝ တီဆူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၃ဝဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁ဝ၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက်(တရုတ်) ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅ဝဝMIRT (MAPT)
ဘိလပ်မြေတန်ချိန် တစ်သိန်းသုံးသောင်းကိုးထောင်ကျော်ဝင်ခဲ့ ဖေဖော်ဝါရီပထမပတ် ၁ ရက်မှ ၆ ရက်တာ ကာလအတွင်း ဘိလပ်မြေတန် ချိန် ၁၃၉ဝဝဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၂၈၃၆ဝ၃ဝ ဖိုးကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေ ကတော့ တရုတ်နိုင်ငံမှ တန်ချိန် ၂၈၆၃ တန်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၁ဝဝဝ၊ စင်ကာပူနိုင်ငံမှ ၉၈၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ် ဘိလပ်မြေ ၊ TPI တံဆိပ်ဘိလပ်မြေနဲ့ အခြားဘိလပ်မြေမိုျးစုံ ၁၂၄၈၂၈ တန်တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေ အများဆုံးတင်သွင်းခဲ့တဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက ၂၇ဝဝဝ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၅၃ဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၅၂၉၆ ဒသမ ဝ၅ တန် တင်သွင်းနိုင်ခဲ့ပါ တယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေက မူဆယ်မှ ၁၅ တန်၊ ကန်ပိုက်တီးမှ ၁၄၇၆တန်၊ လွယ်ဂျယ်မှ ၁၁၇၉ တန်၊ တာချီလိတ်မှ ၁၆၈၃ ဒသမ ၅ တန်၊ မြိတ်မှ ၇၇၈ တန်၊ စစ်တွေမှ တန် ၃ဝ နဲ့ မောင်တောမှ ၁၆၄ ဒသမ ၅၅ တန် အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ နှစ်သစ်ကူးကာလဖြစ်ခြင်း သယ်ယူပို့ဆောင်ခ မြင့်တက်ခြင်းတွေကြောင့် ကုန်သွယ်မှုတွေကျဆင်းနေရတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ (ူLucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၈ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ဘိလပ်မြေ(စိန်) ထိုင်း ၅၈၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ပဲစင်းငုံဈေးလျော့ကျရာမှ ပြန်လည်ခိုင်မာလာ ယခုသီတင်းပတ်အစပိုင်းမှာ လက်ငင်းဈေးကွက်များအတွင်း ဈေးအမြင့်မှာ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းခဲ့ပေမဲ့ သီတင်းနှောင်းပိုင်းမှာတော့ ပြန်လည်ခိုင်မာလာခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံအသစ် အရည် အသွေးများ နိမ့်တယ်ဆိုတဲ့သတင်းများက ပြည်တွင်းဈေးကို မြင့်တက် စေခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဲစင်းငုံဈေး ဆက်လက်ကျဆင်းနေတာကြောင့် ဝယ်လက်များ ဈေးအနိမ့်နဲ့ ပိုမို ဝယ်ယူလာကြတယ်လို့ သိရပါတယ်။ အာကိုလာမှ ပဲအသစ်များ လာမယ့်ရက်တွေမှာ ဝင်ရောက်ဖွယ်ရှိပြီး အဲဒီကာလမှာတော့ ဈေးနှုန်းကို ထိန်းခုျပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၃ .၂ .၁၁ ၂ .၂ .၁၁ ၁ .၂ .၁၁ ၃၁ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈၆၆ ၈၂၂-၈၂၇ ၈၂၄ ၈၄၉-၈၅၄ဒေလီ(မြန်မာပဲစင်းငုံ) ၈၆ဝ ၈၄၄ ၈၄၆ ၈၄၃ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၃၃-၈၅၅ ၉၂ဝ ၈၇၃ ၈၇၁
