Main menu

Background

Sunday, 30 Jan 2011

ဒီတစ်ပတ်လည်း နို့ဆီအဝင်ကောင်း                ပင်လယ်ရေကြောင်း လမ်းကနေ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နို့ဆီတန်ချိန် ၄၉၃၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၅၁၁ဝ၃၃ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည် စင်ကာပူနိုင်ငံကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် နို့ဆီအဝင်နဲ့ကြည့်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆ဝ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်း က ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါ ဘူး။              နို့မှုန့်အနေနဲ့က အမြဲတမ်းတင် သွင်းနေကြ နိုင်ငံဖြစ်တဲ့ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့အပြင် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံများကပါ အသီးသီးတင်သွင်းလာတာ တွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှ ၂ ဒသမ ၄၉ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ သုည ဒသမ ၁ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၈၂တန်၊ စင်ကာပူနိုင်ငံမှ ၇ ဒသမ ၈ တန်နဲ့ ထိုင်း နိုင်ငံမှ သုည ဒသမ ၅၉ တန်တို့ တင် သွင်းခဲ့ပါတယ်။ MIRT-DOTနို့ဆီ၊ နို့စိမ်း ပြန်လည်တင်သွင်းမှုရှိ            ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက် အတွင်း ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကန်ဒေါ်လာ ၂၉ဝဝ၈တန်ဖိုးရှိ နို့စိမ်း ၁၈၁၃ ကာတွန်း (၃၄ ဒသမ ၃၇ တန်)နဲ့ ကန်ဒေါ်လာ ၁၃၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၇၈ဝဝ ကာတွန်း (၁၄၈ တန်) တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ၊ နို့စိမ်း တင်သွင်းခဲ့မှုမရှိပေမဲ့ ယခုအပတ်မှာ ပြန်လည်တင်သွင်းမှုရှိခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ နို့ဆီ (၅၂၂၃ ကာတွန်း)နဲ့ နို့စိမ်း ၃၇၆ တန် (၁၉၈၁၅ ကာတွန်း) တင်သွင်းထားပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့သော် လည်း ဇန်နဝါရီလအတွင်းမှာ နို့မှုန့် ၁ဝ၅ တန်ကျော် တင်သွင်းထားခဲ့ပြီးဖြစ် တယ်လို့ သိရပါတယ်။ MIRT-DOBT နို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်  လက်လီဈေး               ကျပ်/တစ်ဘူး                      ရန်ကုန်           မန္တလေးဒွန်း( နို့ဆီ )         ၆၇ဝ               ၆၈၅ဒွန်း( နို့စိမ်း)         ၆၅ဝ               ၆၆၅ၤေူခသည နို့ဆီ       ၆၁ဝ               ၆၂၅မာရီဂိုး(နို့ဆီ)        ၆၄ဝ               ၆၅ဝအိုကေနို့ဆီ           ၆၇ဝ               ၆၈၅MIRT(DOT)

Sunday, 30 Jan 2011

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန်ချိန်နှစ်သောင်းကျော်ဝင်               ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် စုစုပေါင်း နှစ်သောင်းလေးထောင်နှစ်ရာ့သုံးဆယ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၇၂၂၆ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၁၈၈ဝ နဲ့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်ဘိလပ်မြေ ၁၃၇ဝဝ တန်၊ TPI တံဆိပ် ဘိလပ်မြေ ၅၅ဝဝ တန်နဲ့ ဆင်တံဆိပ် ဘိလပ်မြေ ၃၁၅ဝ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေအဝင်တန်ချိန်မှာ တစ်သောင်းခုနစ်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန် ခုနစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT-DOTနယ်စပ်မှလည်း အဝင်ပို               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၅၂ သန်းဖိုး တန်ဖိုးရှိဘိလပ်မြေ ၆၇၁၅ တန် တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၃၅ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ် စခန်းအလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၅၆ တန်၊ လွယ်ဂျယ်မှ ၇ဝ၂ တန်၊ ကန်ပိုက်တီးမှ ၃၇၃၂ တန်၊ တာချီလိတ်မှ ၁၆၉၆ တန်၊ မြိတ်မှ ၂၂၇ တန်၊ စစ်တွေမှ ၉၄ တန်၊ မောင်တောမှ ၂ဝ၈ တန် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင် လာကြတဲ့အတွက် ဘိလပ်မြေတင်သွင်းမှု ပိုမိုရခြင်းဖြစ်ပါတယ်။ MIRT-DOBT ပြည်တွင်းဈေးကွက် ဈေးနှုန်း           ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်               အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း              ၅၃ဝဝ(လက်ကား)                            ဘိလပ်မြေ (စိန်)                    ၅၁၅ဝမန္တလေးတိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း              ၆၉ဝဝ                                           ဘိလပ်မြေ(AAA)                    ၅၃ဝဝ                                            ဘိလပ်မြေ(မြန်မာဆင်)             ၅၂ဝဝ                                            ဘိလပ်မြေ(ဆင်မင်း)                ၅ဝဝဝ                                            ဘိလပ်မြေ(ကျားခေါင်း)             ၅၂ဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)              ၅ဝဝဝတောင်ငူ                                 ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆ဝဝဝ                                            ဘိလပ်မြေ(ဆင်)ထိုင်း               ၇ဝဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)               ၅၂ဝဝ                                            ဘိလပ်မြေ(Lucky)ပါကစ္စတန်      ၆၅ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း                  ၇၅ဝဝ                                            ဘိလပ်မြေ(ခြင်္သေ့)                    ၅၆ဝဝ မော်လမြိုင်                              ဘိလပ်မြေ(ဆင်)ထိုင်း                ၅၈ဝဝ                                            ဘိလပ်မြေ(ကြံ့)မြိုင်ကလေး          ၄၉ဝဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                 ၇ဝဝဝ                                            ဘိလပ်မြေ(စိန်)ထိုင်း                  ၆၇ဝဝ                                             ဘိလပ်မြေ(မြင်းခေါင်း)               ၅၅ဝဝ                                             ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည်  ၅၈ဝဝMIRT-MAPT

Sunday, 30 Jan 2011

ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ဝဝဝ ကျော် အဝင်ရှိ             ပြည်တွင်းကို ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဓာတ်မြေသြဇာတန်ချိန် ၁ဝ၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ဝ၇၂ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှ စူပါဖော့စဖိတ် (မျှား) တန်ချိန် ၁ဝဝဝ နဲ့ ထိုင်းနိုင်ငံဘက်မှ ဓာတ်ဆား ၉၆ တန်တို့ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းခဲ့တဲ့ တန်ချိန် တစ်ထောင့်ရှစ် ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခုနစ်ရာနီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT)  နယ်စပ်မှလည်း အဝင်လျော့နေ        မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆၉၂၆ တန် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၉၂၈ တန်ခန့် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ တာချီ လိတ်၊ ကော့သောင်းနဲ့ တမူးနယ်စပ် များမှ တင်သွင်းမှုပိုမိုခဲ့သော်လည်း ဓာတ်မြေ သြဇာ အဓိကတင်သွင်းတဲ့ မူဆယ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ နယ်စပ် အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏတွေကတော့ မူဆယ်မှ ၁၃၁၉၆ တန်ခန့်၊ တာချီလိတ်မှ ၉၇တန်၊ ကော့သောင်းမှ ၁၆၅ တန်၊ တမူးမှ ၂ ဒသမ ၂၅ တန်နဲ့ ရိဒ်မှ ၅၃၇ တန်ခွဲ အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယခုအပတ် မှာ ယူရီးယားဓာတ်မြေသြဇာ အများဆုံးတင်သွင်းခဲ့ပြီး တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ အမိုးနီးယမ်းနိုက်ထြိတ်၊ စင်ဂဲလ် စူပါဖော့စဖိတ်များတင်သွင်းခဲ့ပါတယ်။  တာချီလိတ်မှ အမိုးနီးယမ်း ဆာလ်ဖိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးမှ ပိုတက်ရှ်၊ ရိဒ်မှ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)   ဈေးကွက်က ဈေးနှုန်း        ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်                 အမျိုးအစား                          ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                          ယူရီးယား(တရုတ်)နေရွက်လှေ             ၂၄၈ဝဝ                                         ယူရီးယား(တရုတ်)ကမ္ဘာလုံး                 ၂၅ဝဝဝ                                         ယူရီးယား(တရုတ်)ရွှေတောင်               ၂၅၈ဝဝ                                         တီစူပါ မြှား(တရုတ်)                          ၂၅ဝဝဝ                                         ပိုတက် (တရုတ်)                             ၂၄၈ဝဝမန္တလေးတိုင်းဒေသကြီး              ယူရီးယား (တရုတ်-ရွှေတောင်)              ၂ဝ၈ဝဝ                                         ယူရီးယား (တရုတ်-ပန်းဖူး)                  ၂ဝ၅ဝဝ                                          တီစူပါ GTSP 46%                          ၂၂၃ဝဝ                                          တီစူပါ GSSP 16%                           ၁ဝ၂ဝဝ                                          တီစူပါ GSSP 12%                           ၉၄ဝဝ                                          ကွန်ပေါင်း 15:15:15 (တရုတ်)             ၂၈၅ဝဝ                                          အာမို (ဒိုင်းမွန်းစတား)                       ၄၁ဝဝဝတောင်ငူ                                 ယူရီးယား-ပုလဲ (ယူအေအီး)              ၁၈ဝဝဝ                                           ယူရီးယား (ရွှေတောင်-တရုတ်)            ၁၈၅ဝဝ                                          ယူရီးယား (ကမ္ဘာလုံး-တရုတ်)              ၁၈၅ဝဝ                                           ကုလားအုတ် (တရုတ်)                     ၁၈၅ဝဝတောင်ကြီး                              ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)       ၂၂ဝဝဝ                                           ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)          ၂၂ဝဝဝ                                           ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)      ၂၂၂ဝဝ                                           တီစူပါ (တရုတ်) 12%                      ၁ဝ၅ဝဝ                                           တီစူပါ (တရုတ်) 16%                      ၁၁ဝဝဝ                                            တီစူပါ 15:15:15 (တရုတ်)               ၃၅ဝဝဝ                                            တီစူပါ 10:10:5 (တရုတ်)                 ၁၃ဝဝဝ                                             ပိုတက် (တရုတ်)                          ၂၁၅ဝဝ                                             ဓာတ်ဆား (တရုတ်)                       ၁၃၅ဝဝမော်လမြိုင်                                ပုလဲ(သေး) (ရွှေတုံး 46% တရုတ်)      ၂၂၅ဝဝ                                             ပုလဲ(သေး) (ရွှေပျား 46% တရုတ်)      ၂၂၅ဝဝ                                             ပုလဲ(သေး) (ရွှေတောင် 46%တရုတ်)    ၂၂၈ဝဝ                                             ကွန်ပေါင်း(အစိမ်း) ထိုင်း 15:15:15       ၃၈၅ဝဝ                                             ကွန်ပေါင်း(ပန်းရောင်) ထိုင်း 15:15:15    ၃၈ဝဝဝ                                              တီစူပါ (တရုတ်) သံကွင်း 46%          ၂၄၅ဝဝ                                              တီစူပါ (တရုတ်) မျှား 46%               ၂၃၅ဝဝ                                              တီစူပါ (တရုတ်) မျှားကမ္ဘာ 16%          ၁၂ဝဝဝ                                                                                                  MIRT (MAPT)

Sunday, 30 Jan 2011

ရေနံဈေးတက်တာ ရေနံဖြန့်ဖြူးမှုကြောင့်မဟုတ်ဟုဆို                ရေနံဈေးနှုန်းတွေ တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်လာတာက ရေနံစိမ်းဖြန့်ဖြူးမှုပြတ်လပ်သွားလို့ မဟုတ်ဘူးလို့ ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ အိုပက်ရဲ့ ထိပ်တန်းအရာရှိတွေက အခိုင်အမာပြောကြားပါတယ်။ ရေနံထုတ်လုပ်သူတွေက ထုတ်လုပ်မှု တိုးမြှင့်မပေးချင်ဘူးဆိုတဲ့ ဝေဖန်ချက်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ ရေနံဈေးကွက်မှာ ရေနံပြတ်လပ်မှု မရှိတာ ရာနှုန်းပြည့်သေချာကြောင်းနဲ့ ရေနံကို အလုံအလောက် ဖြန့်ဖြူး ပေးထားပြီးဖြစ်ကြောင်း အိုပက်အဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အယ်လ်ဘက်ထရီက ပြောပါတယ်။           ရေနံကို ရက် ၆ဝ စာသိုလှောင်ထားပြီးဖြစ်နေချိန်မှာ အိုပက်အဖွဲ့က တစ်ရက်ကို စည် ၂၉ ဒသမ ၃ သန်း ထုတ်နေတဲ့အတွက် ပြတ်လပ်မှုမရှိနိုင် ဘူးလို့ သူကပြောပါတယ်။ ရေနံဈေးတက်ရတာဟာ ရာသီဥတုအေးတာနဲ့ ကုန်သည်တွေ ဝယ်တာတွေကြောင့် ဖြစ်ရတယ်လို့ သူက ပြောတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စုရေနံဝန်ကြီး အယ်လ်ဟမ်မလီက ပြောပါတယ်။            ရေနံတိုး ထုတ်၊ မထုတ်မေးမြန်းချက်ကိုမူ ပြန်လည်ဖြေကြားခြင်းမရှိပါ။ မတ်လအတွင်း ဖြန့်ဖြူးမဲ့ အမေရိကန်ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၃ ဒသမ ၄၅ ဒေါ်လာမြင့်တက်ပြီး ၈၉ ဒသမ ဝ၉ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏက စည် ၁ ဒသမ ၂သန်းရှိတဲ့အတွက် ဧပြီလ ၁၃ ရက် က စံချိန်တင်ထားခဲ့တဲ့ ၁ ဒသမ ၄၃၂ သန်း နီးကပ်လျက်ရှိပါတယ်။ လန်ဒန် ICE Brant  ရေနံစိမ်းဈေးက ၂ ဒသမ ၁၃ ဒေါ်လာမြင့်တက်ပြီး တစ်စည်ကို ၉၉ ဒသမ ၅၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။                                Source:saudigazette.com.sa ဉာဏ်တင် 

Sunday, 30 Jan 2011

ဒီဇယ်တန်ချိန် တစ်သောင်းကိုးထောင်နီးပါးသာ တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်းကနေ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ တစ်သိန်းလေးသောင်းနှစ် ထောင့်နှစ်ရာကျော်၊ တန်ချိန်အားဖြင့် တစ်သောင်းကိုးထောင်နီးပါးကို တင်သွင်းခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း အပတ်စဉ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် သုံးသောင်း နဲ့လေးသောင်းအကြား ရှိနေခဲ့တာကြောင့် ယခုတစ်ပတ်ဒီဇယ်ဆီတင်သွင်းမှုက ယခင်သီတင်းပတ်များထက် လျော့နည်းနေခဲ့ကြောင်း သိရှိရပါတယ်။ MIRT (DOT) ယခုအပတ်မှ နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုပို               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်နဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုးရှိ ဓာတ်ဆီ ၇၂၇၁ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ကော့သောင်း၊ တာချီလိတ်နဲ့ ကန်ပိုက်တီး နယ်စပ် စခန်းများမှ ၃ ဒသမ ၇၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၉၄၉၇၈ ဂါလန် တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၄၅၉၈၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၉၁၈၉၁ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နှစ်သစ်ကူး ကာလများတွင် ခေတ္တရပ်နားမှုရှိ ခဲ့သော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည် လည်ပတ်လာခြင်း၊ မိုးတွင်းကာလ အတွင်း ပျက်စီးခဲ့သော လမ်းပိုင်းအချို့ ပြုပြင်မှုပြီးစီးသွားခြင်း၊ ခရီးလမ်းကြမ်းသော ကျိုင်းတုံ-တောင်ကြီး လမ်းပိုင်းများ ပွင့်လင်းရာသီတွင် သွားလာမှု လွယ်ကူလာခြင်း ကြောင့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုရှိလာသဖြင့် တာချီ လိတ်တွင် စက်သုံးဆီတင်သွင်းမှု ပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                              ဇန်နဝါရီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)         ဝယ်ဈေးဒီဇယ်(ကျပ်)ရက်      ရန်ကုန်      မန္တလေး         ရန်ကုန်        မန္တလေး၂၄          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၅          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၆          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၇          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၈         ၃၂ဝဝ     ၃၅ဝဝ           ၃၁ဝဝ          ၃၄ဝဝMIRT-DOT

Friday, 28 Jan 2011

 ပဲစင်းငုံဈေးသိသိသာသာမြင့်တက်နေ             အိန္ဒိယဈေးကွက်တွေမှာ ဝယ်လိုအားကောင်းနေခြင်းနဲ့ အစိုးရ မှ အပိုဆောင်းပေးဝယ်ယူနေခြင်းတို့ကြောင့် ပဲစင်းငုံဈေးနှုန်းမြင့်တက် လျက်ရှိပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ အစိုးရ အေဂျင်စီများ ပဲဝယ်ယူမှုက တန်ချိန် ၉ဝ ဝန်းကျင်သာရှိရာ ကာလတိုအတွင်း ထပ်မံဝယ်ယူဖို့ ကျန်ရှိဦးမယ်လို့ မျှော်လင့်နေကြပါ တယ်။ လွန်ခဲ့တဲ့ရက်များအတွင်း ပဲအသစ်ဝင်ရောက်မှု တိုးတက် လာခဲ့ပေမဲ့ ဈေးနှုန်းကျဆင်းမှုကို မထိန်းနိုင်ဘဲ ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ပါတယ်။  ဝယ်လိုအားတိုးတက်နေလို့ ကာလတို အတွင်းမှာလည်း ဈေးခိုင်မာဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                                    ဒေါ်လာ/တန်   ဈေးကွက်                     ၂ဝ .၁ .၁၁                   ၁၉ .၁ .၁၁               ၁၈ .၁ .၁၁                ၁၇ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၉ဝ၅                         ၈၂၆                         ၈၂၄                    ၈၂၈-၈၃၄ဒေလီ(မြန်မာပဲစင်းငုံ)             ၈၈၉                         ၈၃၇                         ၈၃၅                    ၇၅၇-၇၆၈ချန်နိုင်း(မြန်မာပဲစင်းငုံ)           ၈၇၈                         ၈ဝ၄                          ၈၁၃                          ၈၁၂

Friday, 28 Jan 2011

 ပဲတီစိမ်း ဈေးအနည်းငယ်တိုးလာ           ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးအနည်းငယ်တိုးလာပါတယ်။ ဈေးကွက်တွေမှာ အရည် အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်ခြင်းက ပြည်တွင်းပဲဈေးကျဆင်းမှုကို ကန့်သတ်စေပါတယ်။ မြန်မာနိုင်ငံအတွင်း ပဲတီစိမ်းအထွက်ကောင်း မယ့် အခြေအနေရှိပေမဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းခြင်း ကြောင့် နိုင်ငံတကာမှ ဈေးခိုင်မာနေခြင်းဖြစ်ပါတယ်။ ထို့အပြင် သြစတြေးလျမှ ပဲတီစိမ်းမရရှိနိုင်ခြင်းကလည်း နိုင်ငံတကာရောင်းလိုအား ပိုမိုလျော့ကျစေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း လက်ကျန် မရှိတော့လို့ ရာဂျက်စသန်ပဲတီစိမ်းများကို ဝယ်လိုအားတက်လာ ကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                                    ဒေါ်လာ/တန်  ဈေးကွက်                  ၂ဝ .၁ .၁၁               ၁၉ .၁ .၁၁                 ၁၈ .၁ .၁၁                ၁၇ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)    ၁ဝ၉၇-၁၁၁၉                  ၁ဝ၆၉                       ၁ဝ၉၈                      ၁ဝ၄၂ဒေလီ                         ၁ဝ၅၃                       ၁ဝ၅၈                       ၁ဝ၅၄                      ၁ဝ၅၃အင်ဒိုရီ                        ၁၁၄၁                      ၁၁၄၆                       ၁ဝ၉၈                       ၁ဝ၉၇

Friday, 28 Jan 2011

် ကုလား ပဲဈေးငြိမ် အရောင်းအဝယ်ဖြစ်              အိန္ဒိယပြည်တွင်း ကုလားပဲ လက်ငင်းဈေးကွက်များမှာ ကုလားပဲဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ ပုံမှန်မဟုတ်ဘဲ မိုးရွာသွန်းပြီး မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဝင်ရောက်မှုကြောင့် ကုလားပဲပင် များပျက်စီးတဲ့ သတင်းတွေအရ လာမယ့်ကာလ ပဲအထွက် မရေရာ မှုကြောင့် ဝယ်လက်များ ပိုမိုဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြးလျမှာလည်း မိုးများပြီး အထွက်နှုန်းကျဆင်းနိုင်ကာ ရောင်းချမှုလျော့ကျနိုင်တဲ့အတွက် ကုလားပဲဈေးက ခိုင်မာနေခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလကုန်မှာ မဟာရပ်ရှတရာက ပဲအသစ်တွေ ဝင်ရောက်လာတော့မှာဖြစ်ပြီး အဲဒီကာလမှာတော့ လက်ငင်းဈေး ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                          ဒေါ်လာ/တန်  ဈေးကွက်           ၂ဝ .၁ .၁၁            ၁၉ .၁ .၁၁             ၁၈ .၁ .၁၁                    ၁၇ .၁ .၁၁မွန်ဘိုင်း                  ၅၇၆                ၅၆၇-၅၇၃                 ၅၈၂                            ၅၈၁ဒေလီ                   ၅၄၈-၅၆၂            ၅၆ဝ-၅၆၂            ၅၄၂-၅၄၄                     ၅၄၂-၅၄၃ကန်ပါ                     ၅၈၅                    ၅၈၄                ၅၈၈-၅၈၉                         ၅၉၂

Friday, 28 Jan 2011

        နှစ်စဉ်လက်ကားဈေးနှုန်းညွှန်းကိန်းအပေါ် အခြေခံတဲ့ စားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ဇန်နဝါရီလ ၈ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၅၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ နှစ်စဉ်အခြေခံ ဈေးနှုန်းအရ ပဲမိုျးစုံဈေးနှုန်းက ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး ဂံျုဈေးက ၆ ရာခိုင်နှုန်းနဲ့ အာလူးက ၃ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြက်သွန်နီဈေးကတော့ ၁ဝဝ ရာခိုင်နှုန်းနီးပါး မြင့်တက်တယ်လို့ သိရပါတယ်။ မတ်ပဲဈေးအမြင့်မှာ ခိုင်မာနေ        ယခုသီတင်းပတ်အတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ မတ်ပဲဈေးက အမြင့်မှာတည်ငြိမ်သလောက် ရှိနေပါတယ်။ ကုန်သည်များနဲ့ ပဲခွဲစက်လုပ်ငန်းရှင်တွေက ပုံမှန်အဝယ်ရှိနေတာကြောင့် မတ်ပဲ ဈေး ခိုင်မာနေတာဖြစ်ပါတယ်။ ပြည်တွင်း မိုးမတ်ပဲများထွက်ရှိချိန်က အရည်အသွေး နိမ့်ကျမှုကြောင့် လှောင်လက်တွေ များများလှောင် မထားကြလို့ လက်ရှိအချိန်မှာ လက်ကျန်များ လျော့နည်းနေတာ ဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ် ဘက်က မတ်ပဲအသစ်များ ဇန်န ဝါရီလ နောက်ဆုံးပတ်မှာ ဝင်ရောက်မှာဖြစ်ပေမဲ့ ပမာဏနည်းတဲ့ အတွက် အတ္တရာပရာဒေ့ရှ်ရဲ့ လိုအပ်ချက်သာ ဖြည့်ဆည်းနိုင်မှာဖြစ် လို့ ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာ မတ်ပဲအထွက်ကောင်းမယ့် သတင်းတွေအရ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအလွယ်တကူရရှိဖို့ အလား အလာတွေရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                           ဒေါ်လာ/တန်  ဈေးကွက်       ၂ဝ .၁ .၁၁           ၁၉ .၁ .၁၁           ၁၈ .၁ .၁၁                 ၁၇ .၁ .၁၁မွန်ဘိုင်း         ၉၃၂-၉၃၈                ၉၃၁                   ၉၃၃                        ၉၃၂ဒေလီ            ၉၃၈-၉၄၃                ၉၄၈                   ၉၄၄                        ၉၂၁ချန်နိုင်း          ၉၅၄-၁၁၂၄         ၉၄၈-၁၁၂၉           ၉၅၅-၁၁၃၁              ၉၅၄-၁၁၂၄

Tuesday, 25 Jan 2011

နို့ဆီ တန်ချိန် တစ်ရာကျော် ပိုမိုတင်သွင်းနိုင်               ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁ဝ ရက်မှ ၁၆ ရက်တာကာလအတွင်း နို့ဆီ တန်ချိန် ၄၃၁ ဒသမ ၁၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄၂၁၂၈ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေ ကတော့ မလေးရှားနိုင်ငံဘက်မှ ၄၆ ဒသမ ၆၄ တန်နဲ့ ဖောက်သည်နိုင်ငံ ဖြစ်တဲ့ စင်ကာပူနိုင်ငံဘက်မှ ၃၈၄ ဒသမ ၅၄ တန် အသီးသီး တင်သွင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့သီတင်းပတ်နို့မှုန့်အဝင်နဲ့ ကြည့်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁ဝဝ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းကတော့ ဒီတစ်ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက်အဝင် မရှိခဲ့ပါဘူး။ နို့မှုန့်အနေနဲ့က အမြဲတမ်းတင် သွင်းနေကြ ဖောက်သည်နိုင်ငံတွေဖြစ် တဲ့ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံ တို့အပြင် ပြင်သစ်၊ အင်ဒိုနီးရှား၊ အီရန်နဲ့ မလေးရှားနိုင်ငံများကပါ အသီးသီးတင် သွင်းလာတာတွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှ ၁၄ ဒသမ ၂၄ တန်၊ ပြင်သစ် နိုင်ငံမှ သုည ဒသမ ၂၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံမှ သုည ဒသမ ၂၅တန်၊ အီရန် နိုင်ငံမှ ၃၄ တန်၊ မလေးရှားနိုင်ငံမှ ၉ ဒသမ ၅၃ တန်နဲ့ နယူးဇီလန်နိုင်ငံမှ ၉၉ ဒသမ ၉၁ တန်တို့ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုက ယခင် သီတင်းပတ်ထက် တန်ချိန်ပိုမိုတင်သွင်း နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                   MIRT (DOT)ယခုတစ်ပတ် နို့မှုန့်တစ်မျိုးတည်းသာ တင်သွင်း                   ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက် အထိ ကာလအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းမှုအများဆုံး ဖြစ်တဲ့ကော့သောင်း နယ်စပ်ကနေ တင်သွင်းမှု လုံးဝမရှိခဲ့ပါဘူး။ မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် ကနေ လိပ်ပြာနှစ်ကောင်တံဆိပ် နို့မှုန့် ၄ဝဝ ဂရမ်နဲ့ ၅ဝဝ ဂရမ်ထုပ်များ ၄၇ တန် တန်ဖိုးကန်ဒေါ်လာ ဝ.၁၃၄သန်း ကျော်ကို ယခုအပတ်မှာ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၃၅ တန်ကျော် တင်သွင်းခဲ့တာကြောင့် ယခုရက်သတ္တ ပတ်မှာ ၁ဝ တန်ကျော် ပိုမိုတင်သွင်း နိုင်တာ တွေ့ရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ               နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်   လက်လီဈေး             ကျပ်/တစ်ဘူး                        ရန်ကုန်           မန္တလေးဒွန်း( နို့ဆီ )             ၆၇ဝ              ၆၈၅ဒွန်း( နို့စိမ်း)             ၆၅ဝ              ၆၆၅ၤေူခသည နို့ဆီ           ၆၁ဝ              ၆၂၅မာရီဂိုး(နို့ဆီ)            ၆၄ဝ              ၆၅ဝအိုကေနို့ဆီ              ၆၇ဝ              ၆၈၅MIRT (DOT)   

Pages