Background
ပဲစင်းငုံဈေးပြန်မာလာ အိန္ဒိယပြည်တွင်းပဲစင်းငုံ လက်ငင်းဈေးကွက်တွေမှာ သီတင်းပတ် အစပိုင်းမှာ ဈေးအေးနေခဲ့ရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ ပဲအဝင်လျော့လာလို့ ဈေးပြန်မာလာခဲ့ပါတယ်။ မဟာရပ်ရှတရာမှာ ပဲစင်းငုံ အဝင်ကျဆင်းပေမဲ့ ဝယ်လိုအားနည်းနေဆဲမို့ ဈေးအတက် ဘက်ကို လှည့်မလာသေးဘူးလို့သိရပါတယ်။ မတ်လ ၈ ရက်နဲ့ ၉ရက် နေ့တွေက မွန်ဘိုင်းဆိပ်ကမ်းကို ပဲစင်းငုံကွန်တိန်နာ ၆ဝ လုံး ဝန်း ကျင်ရောက်ရှိလာခဲ့တာမို့ ကာလတိုအတွင်း ပဲရရှိနိုင်မှုများပြီး ဈေး ထပ်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှ်တရာအစိုးရက အများပြည်သူဖြန့်ဝေရေးစနစ် (PDS) နဲ့ ဆင်းရဲသားမိသားစုတွေကို ပဲစင်းငုံခွဲခြမ်း ဖြန့်ဝေတဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အရောင်းရှိနေတာကြောင့် ပြည်တွင်းဈေးက အကျဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၁ဝ .၃ .၁၁ ၉ .၃ .၁၁ ၈ .၃ .၁၁ ၇ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၉၈ ၇၇၇ ၇၈၈ ၇၉၈ဒေလီ(မြန်မာပဲစင်းငုံ) ၇၈၇ ၇၈၉ ၇၈၃ ၇၉၂ချန်နိုင်း(မြန်မာပဲစင်းငုံ) ၇၇၆ ၈၂၂ ၈၂၂ ၇၉၈
ပဲတီစိမ်းဈေး ဆက်လက်ငြိမ် အိန္ဒိယအဓိကလက်ငင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး ရောင်းလိုအားများများမရှိသလို ဝယ်လိုအားလည်း သိပ်မတက်တာကြောင့် လက်ရှိဈေးဝန်းကျင်မှာငြိမ်နေပါတယ်။ မတ်လ ၇ရက်နေ့က မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာနဲ့ ကင်ညာပဲတီစိမ်းကွန်တိန်နာ ၂၆ လုံးဝန်းကျင် ဝင်ရောက်တယ်လို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ်က ပဲအသစ် များ ဝင်ရောက်လာတော့မှာဖြစ်လို့ အရောင်းများပြီး ဈေးလျော့နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန်ဈေးကွက် ၁ဝ .၃ .၁၁ ၉ .၃ .၁၁ ၈ .၃ .၁၁ ၇ .၃ .၁၁ဒေလီ ၁၂၈၆ ၁၂၈၈ ၁၂၈၈ ၁၂၈၅အင်ဒိုရီ ၁၁၅၃ ၁၁၅၅ ၁၁၅၅ ၁၁၅၂ကန်ပါ ၉၃၁-၉၄၂ ၉၃၃-၉၄၄ ၇၉၉-၉၇၇ ၉၂ဝ
ဒွန်းနဲ့ အိုကေသာ သွင်းခဲ့ ယခုသီတင်းပတ်ဖြစ်တဲ့ မတ်လ ၁ ရက်မှ ၇ ရက်တာကာလအတွင်း နို့ဆီ တန်ချိန် ၃၅၃ ဒသမ ၆၈ တန် ၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ဝ၉၉၂၈ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်းနို့ဆီ ၇၄ ဒသမ ၁၈ တန်နဲ့ အိုကေနို့ဆီ ၂၇၉ ဒသမ ၅ဝ တန် တင်သွင်းခဲ့တာပါ။ ယခင်သီတင်းပတ် နို့ဆီအဝင်တန်ချိန် မှာ ၁၂၉ တန်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင် နှစ်ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်က ၂ ဒသမ ၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၁၄၂၂ ဒသမ ၅ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်းနေကြ နယူးဇီလန် ဘက်မှမဟုတ်ဘဲ စင်ကာပူနိုင်ငံမှ မှာယူ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၁၃ ဒသမ ၇၂၇ တန် (၇ဝဝ ကာတွန်း) ကန်ဒေါ်လာ ၁၁၂ဝဝဝ ဖိုးနဲ့ နို့စိမ်း ၃ဝ ဒသမ ၃၃၆ တန် (၁၆ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၇၂ဝဝ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ်က ထက် နို့ဆီ ၇၈ တန်၊ နို့စိမ်း တန် ၂၄ဝ တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။နယ် စပ်မှ ယခုအပတ်မှာ နို့မှုန့် တင်သွင်းမှု မရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ်ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ ဒွန်း( နို့စိမ်း) ၇၂ဝ ၇၃၅ Falcon နို့ဆီ ၆၅ဝ ၆၆၅ Happy Cow ၆၇ဝ ၆၈၅ မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅ အိုကေနို့ဆီ ၇ဝဝ ၇၁၅ MIRT (DOT)
ထိုင်းဘက်မှသာမက တရုတ်ဘက်မှပါတင်သွင်း ဒီလရဲ့ ပထမပတ်ဖြစ်တဲ့ မတ် ၇ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် နှစ်သောင်းလေးထောင်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၁၄ဝ၄၉ ဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅ဝ၁ ဒသမ ၅ တန်၊ ပါကစ္စတန်နိုင်ငံမှ ဘိလပ်မြေ ၈ဝ၉ ဒသမ ၆၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေနဲ့ ွှTPI တံဆိပ်ဘိလပ်မြေ ၂၂၇ဝဝ တန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ငါးသောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်လောက်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံမှန်တင်သွင်းနေကြဖြစ်တဲ့ ထိုင်းနိုင်ငံဘက်မှသာမကဘဲ တရုတ်နဲ့ ပါကစ္စတန်ဘက်မှပါ တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၈ဝဝဝ ကျော် တင်ပို့ မတ်လ ၂ရက်မှ ၈ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၇၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၈ဝ၆ဝ တန် တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၃၄ဝ၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ ကန်ပိုက်တီးမှ ၅၅၄၅ တန်နဲ့ တာချီလိတ်မှာ ၁၄၇၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၆၂၅၈ တန်တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် တန် ၁၇၇၅ တန် နယ်စပ်မှ တင်သွင်းမှုပိုမိုခဲ့တာ ဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်မှ ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပြီး မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းများကတော့ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဘိလပ်မြေတံဆိပ်များမှာ ဆင်၊ ကမ္ဘာလုံးနဲ့ သိန်းငှက်၊ လွယ်ဂျယ်မှ Xi Lin Po ၊ တာချီလိတ်မှ ကျားနဲ့ ငှက်တံဆိပ်များ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ဓာတ်မြေသြဇာအဝင်လျော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် မတ်လ ၁ ရက်နေ့မှ ၇ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၃၅၃ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၄ဝဝ၄၆ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၃ဝဝ နဲ့ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာနဲ့ အမိုးနီးယမ်းနိုက်တြိတ်တန်ချိန် ၁ဝ၅၃ ဒသမ ၇၈ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးထောင့် ခုနစ်ရာ တင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် အဝင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာလည်း တင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၃ သန်း ကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၇၇၂ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် တန် ၁၂ဝဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၄၉၉ တန်၊ တာချီလိတ်မှ ၄၄ တန်၊ ကော့သောင်းမှ တန် ၃ဝ ကျော်၊ တမူးမှ ၇တန်ခွဲနဲ့ ရိဒ်မှ ၁၉၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။ တာချီလိတ်မှ တင်သွင်းတဲ့ဓါတ်မြေသြဇာမှာ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ဓါတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်း နိုက်တြိတ်၊ ကွန်ပေါင်း (NPK ၁၂း၁၃းဝ)၊ (၁ဝး၁ဝး၅)၊ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါ တယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ တီစူပါ GTSP 46% ၂၃၁ဝဝ တီစူပါ ှGSSP 16% ၉၅ဝဝ တီစူပါGSSP 12% ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၅ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၉ဝဝဝ တီဆူပါ10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက်(တရုတ်) ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မြား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မြားကမ္ဘာ 16% ၁၃၅ဝဝMIRT (MAPT)
မတ်လဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၄၄ဝ ဒေါ်လာအထိ မြင့်မားလာ ၂ဝ၁ဝ ခုနှစ်အတွင်း ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားခြင်းနဲ့ ငွေကြေး တန်ဖိုး လျော့ကျခြင်းတို့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၃ဝ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း တစ်အောင်စကို ကန်ဒေါ်လာ ၁၄၃၂ ဒသမ ၅ဝ အထိ စံချိန်တင်မြင့် မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ၂ဝ၁၁ ဇန်နဝါရီလအတွင်း ၅ ဒသမ ၇ ရာခိုင် နှုန်း ပြန်လည် အားနည်းသွားခဲ့တယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်ရလာပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအားကောင်းလာတာကြောင့် ရွှေဝယ်လိုအားကျဆင်းကာ ဈေးနှုန်းလည်း ကျဆင်းခဲ့တယ်။ ဒါ့ပြင် အီဂျစ်နိုင်ငံရေး မငြိမ်သက်မှုဖြစ်ပွားချိန်မှစပြီး ပြန်လည် မြင့်မားလာတဲ့ ရွှေဈေးနှုန်းကို တရုတ် နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာ တင်ပြခြင်း၊ အိုမန်နဲ့ လစ်ဗျားအထိ ကူးစက်လာတဲ့ အရှေ့အလယ်ပိုင် ဒေသ နိုင်ငံရေးမငြိမ်သက်မှုများ ဆိုးဝါးလာ ခြင်း၊ အီဂျစ်က ရွှေတင်ပို့မှုကို ဇွန်လ ၃ဝ ရက်အထိ ပိတ်ပင်လိုက်ခြင်းတို့က တွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်မှစပြီး ရွှေဈေး မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၄ဝဝ အထက် ပြန်လည်ရောက်ရှိခဲ့ ရာ မတ် ၂ ရက် နံနက်ပိုင်းက တစ်အောင်စကို ၁၄၄ဝ ဒေါ်လာအထိ မှတ် တမ်းတင် မြင့်တက်ခဲ့ပါတယ်။ နာမည်ကျော် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးတဲ့ Credit Suisse Group AG မှ စီးပွားရေးပညာရှင် Dong Tao က ၂ဝ၁၁ ခုနှစ် ပထမလေးလအတွင်း ရွှေဈေးနှုန်း က တစ်အောင်စကို ကန်ဒေါ်လာ ၁၅ဝဝ အထိ ရောက်ရှိလာမယ်လို့ ဇန်န ဝါရီလအတွင်းက ခန့်မှန်းထားခဲ့ဖူးပါ တယ်။ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ရေးလက္ခဏာတွေ ကောင်းမွန်တိုးတက် မှုရှိလာတဲ့အချိန်တိုင်အောင် ကမ္ဘာ့ရွှေ ဈေးနဲ့ ရေနံဈေး အားကောင်းနေဦး မယ်လို့ Phillip Futures Pte Ltd မှ စင်ကာပူအခြေစိုက် လေ့လာသူ Ong Yi Ling က ပြောကြားထားပါတယ်။ ှSource:Bloomberg.com , morgangold.com , goldline.com, ပပ
လစ်ဗျား အကျပ်အတည်းက ရေနံဈေးနှုန်းကို ကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်နိုင် လစ်ဗျားအကျပ်အတည်းက ရေနံစိမ်းဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်စေနိုင်ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောကြားလိုက်ပါတယ်။ ၎င်းအခြေအနေတွင် ကမ္ဘာ့ဈေးကွက်မှာရရှိနိုင်တဲ့ ရေနံစိမ်းပမာဏမှာ လွန်စွာလုံလောက်မှုရှိကြောင်း ဆော်ဒီအာရေဗျရေနံဝန်ကြီးက မတ် ၈ ရက်တွင် ပြောကြားလိုက်ပါတယ်။ လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေ တာကြောင့် နိုင်ငံရဲ့ရေနံထုတ်လုပ်မှုရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း၊ လစ်ဗျားနိုင်ငံ အနီးရှိ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း အလားတူရေနံထုတ်လုပ်မှု ရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားပါတယ်။ လုပ်သားတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ပြည်ပကုမ္ပဏီများကလည်း လုပ်ငန်းပြန်လည်စတင်ဖို့ မဖြစ်နိုင်သေးပါ။ လစ်ဗျားနိုင်ငံရဲ့ နေ့စဉ်ရေနံထုတ်လုပ်မှုစည်သန်းပေါင်း ၁ ဒသမ ၆ သန်းရှိတဲ့ အနက် စည်သန်းပေါင်း ၁ သန်း (နိုင်ငံရဲ့ ရေနံထုတ်လုပ်မှု ၃ ပုံပုံ ၂ ပုံ) လျော့ကျနေ နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) က ပြောကြားပါတယ်။ အာဖရိကတိုက်ရှိလစ်ဗျားနိုင်ငံက နိုက်ဂျီးရီးယား၊ အယ်လ်ဂျီး ရီးယားနဲ့ အင်ဂိုလာနိုင်ငံတို့ပြီးရင် ကမ္ဘာ့စတုတ္ထအများဆုံး ရေနံတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။ Source:CAN.com,သိန်းမြင့်ဝေ
ပဲစင်းငုံဈေး ဆက်တိုက်ဆင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက ဆက်တိုက်ဆိုသလို ကျဆင်းလာပါတယ်။ ပဲအသစ်တွေ အဆက်မပြတ် ဝင်ရောက်နေပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းလာတာ ဖြစ်ပါ တယ်။ ပြည်တွင်းပဲအသစ်တွေ လှိုင်လှိုင်ဝင်နေတဲ့အပြင် မြန်မာပဲစင်းငုံ တွေလည်း ပုံမှန်ဝင်ရောက်နေလို့ ရောင်းအားနဲ့ ဝယ်လိုအားအကြား ကွာဟမှုများပြီး ယခုလို ပဲစင်းငုံဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံဈေး ကျဆင်းလာတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာလည်း တစ်ပတ်အတွင်း တစ်တန်ကို ဒေါ်လာ ၃ဝခန့် လျော့ ကျလာခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်လိုအားတိုးတက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်း ဈေးနှုန်းပြန်လည်ခိုင်မာနိုင်တယ်လို့ ကုန်သည်များက သုံးသပ် ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေး နှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၆ ၈ဝ၉-၈၁၄ ၈၁၉-၈၂၄ ၈၁၈ဒေလီ(မြန်မာပဲစင်းငုံ) ၈ဝ၆ ၈၃၇ ၈၂၄ ၈ဝ၇ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၁ ၇၉၈ ၈၃ဝ ၈၁၈
ပဲတီစိမ်းဈေးငြိမ် ပဲတီရွှေဝါဈေးလျော့ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲတီစိမ်း ဈေးငြိမ်ပေမဲ့ ပဲတီရွှေဝါဈေးကတော့ အနည်းငယ်လျော့လာခဲ့ပါတယ်။ ပဲရရှိနိုင်မှု အကန့်အသတ်သာရှိပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေး လျော့လာတာဖြစ်ပါတယ်။ ဧပြီလ အစပိုင်းလောက်မှာလည်း တမီလ်နာဒူး ပြည်နယ်က ပဲတီစိမ်းအသစ်တွေ ဝင်လာတော့မှာဖြစ်လို့ ကာလတိုအတွင်း ပဲတီစိမ်းရောင်းလိုအား တက်ဖွယ်ရှိပါတယ်။ ဈေးကွက်မှ ပြောကြားချက် အရ နိုင်ငံတကာဈေးမြင့်တက်မှုကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ပဲတီစိမ်း ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေ ကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃၁၂-၁၃၃၅ ၁၃ဝ၈-၁၃၃ဝ ၁၃၂၈ ၁၃၂၆ဒေလီ ၁၂၉ဝ ၁၂၈၅ ၁၂၈၄ ၁၂၈၂အင်ဒိုရီ ၁၁၅၉ ၁၁၅၂ ၁၁၅၁ ၁၁ဝ၅
ကုလားပဲဈေး အနည်းငယ်ပြောင်းလဲ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ကုလားပဲအသစ်တွေဝင်ရောက် မှု တိုးလာပြီး အရောင်းအဝယ်ဖြစ်မှုနည်းလို့ လက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိပေမဲ့ ဈေးများများမကျဆင်းတာတွေ့ရပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်မှာ ရာသီဥတုခြောက်သွေ့လို့ ပဲရိတ်သိမ်းမှုကို အထောက်အကူ ဖြစ်စေပြီး ပဲအသစ်ဝင်ရောက်မှု အရှိန်ရလာနေပြီလို့ သိရပါတယ်။ လှောင်လက်များကလည်း ယခုနှစ်ပဲအထွက်ကောင်းမယ့် အလားအလာအရ ဈေးကျဆင်းမယ့် ခန့်မှန်းချက်နဲ့ မနှစ်က လက်ကျန်ပဲတွေကို ရှင်းထုတ်နေ ကြတယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအားထက် ကျော်လွန်နေလို့ ကာလတိုအတွင်း ဈေးလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း ၅၁၇-၅၂၃ ၄၅၉-၅၂၁ ၅၂ဝ ၅၃ဝဒေလီ ၅၇၁-၅၇၂ ၅၅၄-၅၆ဝ ၅၅၉ ၅၆၉ကန်ပါ ၅၈၃ ၅၇ဝ ၅၇၅ ၅၉ဝ