Background
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ကြက်သွန်နီ၊ အာလူးနဲ့ ပဲမိုျးစုံ ဈေးကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ၁ဝ ဒသမ ၃၉ ရာခိုင်နှုန်းကို ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ၁၁ ဒသမ ၄၉ ရာခိုင်နှုန်းရှိခဲ့ရာက ကျဆင်းလာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အာလူးဈေးက ၁၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပဲမိုျးစုံဈေးနှုန်းက ၅ ဒသမ ဝ၂ ရာခိုင်နှုန်းနဲ့ ကြက်သွန်နီဈေးက ၃ဒသမ ၆၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်လက်ဆင်းလာ ယခင်သီတင်းပတ်က အကျဘက်ဆင်းလာသလို ယခုတစ်ပတ်မှာ လည်း အိန္ဒိယပြည်တွင်း မတ်ပဲဈေးကဆက်လက်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။ မြန်မာမတ်ပဲများ အိန္ဒိယဆိပ်ကမ်းကို ပုံမှန်ဝင်ရောက်ခြင်းက ရောင်းအားကို ပိုမိုစေတယ်လို့သိရပါတယ်။ အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် တစ်ပတ်အတွင်း ကမ္ဘာ့မတ်ပဲဈေး တစ်တန်ကို ကန် ဒေါ်လာ ၅ဝ-၇ဝ ခန့် ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အတ္တပရာဒေ့ရှ်က မတ်ပဲဝင်ရောက်မှု အနည်းငယ်နောက်ကျလို့ မတ်ပဲ အသစ် ဝင်ရောက်မယ့် မတ်လလယ်လောက်ထိတော့ ဈေးများများမကျ နိုင်ဘူးလို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း ၈၈၄ ၈၈၁ ၈၈၅-၈၉၁ ၈၈၄ဒေလီ ၈၉ဝ ၈၈၇ ၈၉၁ ၈၉ဝချန်နိုင်း ၉ဝ၁-၁ဝ၂၃ ၈၉၈-၁ဝ၂ဝ ၉ဝ၇-၁ဝ၄ဝ ၉ဝ၆-၁ဝ၃၉
ဒီတစ်ပတ် နို့ဆီ/နို့စိမ်း အဝင်ရှိခဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၁၂၉ နဲ့ နို့စိမ်းတန်ချိန် ၁၁၂ တန် စုစုပေါင်း ၂၄၁တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၉၈၁၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တင်သွင်းမှုမရှိခဲ့တဲ့ နို့ဆီ၊ နို့စိမ်းက ဒီသီတင်းပတ်မှသာ ပြန်လည် တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းခဲ့ တဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ နို့ဆီ နို့စိမ်းတင် သွင်းမှုက စုစုပေါင်းတန်ချိန် ၉၉၉ တန် ရှိခဲ့ပြီး ယခင်လ ဇန်နဝါရီရဲ့ နို့ဆီနို့စိမ်း အဝင်က တန်ချိန် ၁၇၅၄ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နို့ဆီ/စိမ်း အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ သြစတြေးလျမှ ၁၇ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၈ တန်နဲ့ နယူးဇီလန်နိုင်ငံမှာ ၂၅ တန် စုစုပေါင်းတန် ၅ဝ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့စိမ်း၊နို့မှုန့် တင်သွင်းမှုပို ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်မှ နို့စိမ်းနဲ့ နို့မှုန့်တင်သွင်းမှု ယခင်အပတ် က ထက်သိသိသာသာ ပိုမိုတင်သွင်းမှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှကန်ဒေါ်လာ ၇၆၃၃၆ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၉၁ တန် (၄၇၇၁ ကာတွန်း)၊ ကန်ဒေါ်လာ ၂၄၃၁ဝဝ တန်ဖိုးရှိ နို့စိမ်း ၂၇၁ မတ်ထရစ်တန် (၁၄၃ဝဝ ကာတွန်း)တို့ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်း ၁၆၈ တန် (၈၉ဝဝ ကာတွန်း) တင်သွင်းခဲ့တဲ့ အတွက် ၁ဝ၃ တန် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ် က နို့မှုန့်တင်သွင်းမှု မရှိခဲ့သော်လည်း ယခုအပတ်မှာတော့ ကန်ဒေါ်လာ ၁၈၇၆၃၁ တန်ဖိုးရှိ နို့မှုန့် ၆၆ တန် နီးပါး တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၇၉၅ဒွန်း( နို့စိမ်း) ၇ဝဝ ၇၁၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow ၆၇ဝ ၆၈၅မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ပင်လယ်ရေကြောင်းမှ ဖေဖော်ဝါရီမှာ တန်ချိန်နှစ်သိန်းကျော် အဝင်ရှိ ဒီလရဲ့ နောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အိန္ဒိယမှ ဘိလပ်မြေ ၇၁ တန်၊ ပါကစ္စတန်မှ ဆင်တံဆိပ်နဲ့ အခြားဘိလပ်မြေ ၆၈ဝ တန်၊ ပိုလန်နိုင်ငံမှ ၄ဝ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ်နဲ့ MOUNTAIN ဘိလပ်မြေ ၅၄၇၃၉ တန်တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းခြောက်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ၃ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ လချုပ်အနေနဲ့ ကြည့်ရင် ဖေဖော်ဝါရီတစ်လလုံးမှာ ဘိလပ်မြေတန်ချိန် ၂၃၆၈၆၃ တင်သွင်းနိုင်ခဲ့ပြီး ယခင်ဇန်နဝါရီလရဲ့ ဘိလပ်မြေတင်သွင်း မှုမှာ တန်ချိန် ၁၄၂၆၁၅ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီမှာ ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်လောက် ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေ တန် ၆၂ဝဝ ကျော် တင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်း များမှ ကန်ဒေါ်လာ ဝ ဒသမ ၇၈၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၆၂၅၈ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုများကတော့ မူဆယ်မှ ၉၅ တန်၊ ကန်ပိုက်တီးမှ ၄၂၅၆ တန်၊ တာချီလိတ်မှ ၁၈၇၇ တန်၊ စစ်တွေမှ တန် ၃ဝ အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ၆၃၂ဝ တန်တင်သွင်းခဲ့ပါတာမို့ ယခုအပတ်မှာ ၆၂ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်အနေနဲ့ တင် သွင်းခဲ့ခြင်းမရှိတာကလည်း လျော့နည်းရတဲ့အကြောင်းထဲက တစ်ချက်ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ထိုင်းမှ အများဆုံးဝင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၄၇၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၅၃၄၄ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၃၃ဝဝ၊ ဘူဂေးရီးယားနိုင်ငံမှ ဖော့စ်ပရပ် တန်ချိန် ၅ဝဝ၊ ကိုရီးယားနိုင်ငံမှ အမိုးနီးယားဆာလဖိတ် တန်ချိန် ၂၇ဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယားဆာလဖိတ် ၇၂၆ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတန်ချိန်မှာ ရှစ်ရာကျော်သာရှိခဲ့တာမို့ ဒီသီတင်းပတ်မှာ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလချုပ်အနေနဲ့ ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန်ငါးထောင် ရှစ်ရာကျော်ရှိခဲ့ပြီး ဇန်နဝါရီလရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ ခြောက်ထောင့် ကိုးရာကျော် ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ဓာတ်မြေသြဇာတင်သွင်းမှု လျော့ နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၄ဝဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိကာလအတွင်း နယ်စပ်စခန်း များမှ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၈၃ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေ ကတော့ မူဆယ်မှ တန် ၁၂၉ဝဝ ကျော်၊ ရိဒ်မှ ၇၅၅ တန်ခန့်၊ ကော့သောင်းမှ ၃ဝ၇ တန်ကျော်နဲ့ တာချီလိတ်မှ ၃၃ တန် အသီးသီးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ် ကထက် တန် ၁၁၅ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း (NPK) 12:13:0 ၊ 10:10:5 ၊ 15:5:5 ၊ 13:5:71 Single Super Phosphate နဲ့ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီး ယမ်းနိုတ်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်တို့မှ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၂ဝဝ တီစူပါ မြား(တရုတ်) ၂၄၅ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄၅ဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၇ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁၄ဝဝ တီဆူပါGTSP 46% ၂၃၁ဝဝ တီဆူပါGSSP 16% ၉၆ဝဝ တီဆူပါ GSSP 12% ၈၉ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝ၅ဝဝတောင်ငူ ယူရီးယား(ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား(ပုလဲ-ယူအေအီး) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂ဝဝဝ တီဆူပါ-(တရုတ်) 12% ၉၈ဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ15:15:15 (တရုတ်) ၄ဝဝဝဝ တီဆူပါ 10:10:5(တရုတ်) ၁၁ဝဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ MIRT (MAPT)
အရှေ့အလယ်ပိုင်း မငြိမ်မသက်မှုကြောင့် ရေနံတစ်စည်ကို ဒေါ်လာ ၁၄ဝ ဖြစ်လာနိုင် အရှေ့အလယ်ပိုင်းဒေသ အကျပ် အတည်းတွေဆက်လက်ဖြစ်ပေါ်နေရင် ရေနံတစ်စည်ဈေးနှုန်းဟာ ဒေါ်လာ ၁၄ဝ ကနေ ၁၅ဝ အထိ ဖြစ်ပွားနိုင်ပြီး ဥရောပဒေသရှိ နေရာအတော်များများ မှာ တစ်ကျော့ပြန်စီးပွားရေး ဆုတ်ကပ် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် နိုရီယမ်ရူဘီနီက ပဲရစ်မြို့မှာ ကျင်းပတဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပါတယ်။ နိုရီ ယမ်ရူဘီနီက ချေးငွေဈေးကွက် ပြိုကွဲ မယ်လို့ ပထမဦးဆုံး ဟောကိန်းထုတ် ထားတဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ် ပါတယ်။ ကုန်ဈေးနှုန်းတွေ တိုးမြင့်တာနဲ့ အစိုးရြွေကးမြီတွေ ပေးဆပ်ဖို့အတွက် တခိုျ့နိုင်ငံတွေမှာ ငွေကြေးတွေ ထုတ် လုပ်နေတဲ့အတွက် ငွေကြေးဖောင်းပွမှု အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ရူဘီနီက ပြောပါတယ်။ ှSource : bloomberg.com ဉာဏ်တင်
မန္တလေးမြို့ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့ ်ရ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်းအလဲမရှိ မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့်ရ စက်သုံးဆီဆိုင် ၁၃ ဆိုင်တွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်း အလဲမရှိဘဲ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။ ''မတ်လပိုင်းကစပြီး ဓာတ်ဆီဈေး တက်ရောင်းမယ်လို့ အပြင်မှာ သတင်းထွက်နေတဲ့အတွက် ရင်းနှီးတဲ့သူတွေက မေးလို့ရှင်းရတယ်။ အခု လောလောဆယ် ဈေးအပြောင်းအလဲမရှိဘူး၊ လက်ရှိဈေးနဲ့ပဲ ရောင်း တယ်။ ကျွန်တော့်ဆိုင်မှာ တစ်နေ့ကို ဓာတ်ဆီဂါလန် ၃၂ဝဝ နေ့စဉ် ရောင်းချပေးနေပါတယ်''လို့ မြို့သစ်ရှိ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာ တစ်ဦးကပြောပါတယ်။ မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၁၃ ဆိုင်တွင် DENKO ၊ မြတ်မေတ္တာမွန်၊NewDays ၊ SPOIN ၊ Green Luck ၊ ရွှေစင်ရော်၊ ဧရာရွှေဝါ၊ RedPower ၊ နီလာရိုးမ၊ မြဝတီထရေးဒင်း၊ ရွှေတောင်၊ Max Myanmar၊ ကောင်းဇော်ဟိန်း အရောင်းဆိုင်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီများ နေ့စဉ်ရောင်းချ ပေးလျက်ရှိပါတယ်။ ဓာတ်ဆီ တစ်ဂါလန်ကို ကျပ် ၂၅ဝဝ၊ အောက်တိန်းဆီ တစ်ဂါလန်ကို ကျပ် ၄၂ဝဝ၊ ဒီဇယ်ဆီ တစ်ဂါလန်ကို ကျပ် ၄၅ဝဝ ဖြင့် ရောင်းချပေးချက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
ပဲစင်းငုံဈေး ဆက်လက်ကျဆင်း ယခုသီတင်းပတ် အိန္ဒိယပြည်တွင်း ပဲစင်းငုံလက်ငင်းဈေး ဆက်လက်ကျဆင်းခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှ ပဲအသစ်များက အရည် အသွေးနိမ့်များ ပါဝင်တာကြောင့် ဈေးအနိမ့်နဲ့အမြင့်ကြား ကွာဟမှုများ လာတယ်လို့ သိရပါတယ်။ ကာနာတာကာက ဒေစီပဲစင်းငုံများ အဆက်မပြတ် ဝင်ရောက်ရောင်းချခြင်းက ဝယ်လိုအားနည်းပါးနေတဲ့ ဈေးကွက် အတွင်း ဈေးကျဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။ အာကိုလာမှာ ပဲရိတ်သိမ်းမှု ပြီးစီးနေပြီဖြစ်ပြီး ပဲစိုက်ပျိုးတဲ့ ဒေသအားလုံးလိုလိုက ဈေးကွက်တွေကို ဝင်ရောက်နေပြီဖြစ်လို့ ဈေးကျဆင်းနေခြင်းဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ လှောင်လက်တွေအနေနဲ့ လာမယ့်သီတင်းပတ်တွေမှာ ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့လည်း အချို့ကခန့်မှန်းကြပါတယ်။ လက်ရှိရာသီပဲအထွက်က ၂ဝ ရာခိုင်နှုန်း ဝန်းကျင် လျော့ကျတဲ့အတွက် ကာလတိုအတွင်း ဈေးမြင့်တက်ဖွယ်ရှိတယ် လို့ ဈေးကွက်မှသုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ် ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၈၈-၇၉၃ ၇၉၆ ၈ဝ၈ ၈၂၆-၈၃၁ဒေလီ(မြန်မာပဲစင်းငုံ) ၇၉၉ ၈ဝ၈ ၈ဝ၈ ၈၃၁ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၃၈ ၈၄၁ ၇၉၆-၈ဝ၈ ၈၄၂
ပဲတီစိမ်းဈေး တည်ငြိမ် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက တည်ငြိမ်သလောက်ရှိနေပါတယ်။ အခိုျ့ဈေးကွက်တွေမှာ လက်ကျန်နည်းလာတာကြောင့် တစ်ပတ်အတွင်း ဂိုျင်ပါဈေးကွက်မှာ ပဲတီစိမ်းဈေး ၂ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့အာကိုလာဈေးကွက်မှာ ၂ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ ချန်နိုင်းဈေးကွက်မှာ ကုန်သည်တွေနဲ့ ပဲခွဲစက် လုပ်ငန်းရှင်တွေ အဝယ်အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ လွန် ခဲ့တဲ့သီတင်းပတ်များအတွင်း နိုင်ငံတကာ ပဲတီစိမ်းဈေးက တစ်တန်ကို ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့် ထပ်မံမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဲအထွက်နည်းမယ်လို့ ခန့်မှန်းခြင်းနဲ့တရုတ်နိုင်ငံက အဆက်မပြတ် ဝယ် ယူနေတာကြောင့် နိုင်ငံတကာဈေး မြင့်တက်နေပါတယ်။ ပြည်တွင်းပဲ အသစ်များမှာ အရည်အသွေးနိမ့်များပါဝင်လို့ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးအတိုင်း အရောင်းအဝယ် ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃ဝဝ-၁၃၂၂ ၁၃ဝ၅-၁၃၂၇ ၁၃ဝ၅-၁၃၂၇ ၁၂၈၆ဒေလီ ၁၂၇၈ ၁၂၈၃ ၁၂၈၃ ၁၂၈၆အင်ဒိုရီ ၁၁၄၆ ၁၁၉၅ ၁၁၉၅ ၁၁၇၅-၁၁၉၇
ကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေ အိန္ဒိယပြည်တွင်းကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် ကုလားပဲဈေးက လက်ရှိဈေးဝန်း ကျင်မှာဘဲ အပြောင်းအလဲ ဖြစ်နေပါတယ်။ လာမယ့်ရာသီ ပဲအထွက်ကောင်းမယ့်အလားအလာနဲ့ လက်ရှိဈေး မှာ အဝယ်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ရာဂျက် စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ယခင်သီတင်းပတ်က မိုးရွာသွန်းခဲ့တာကြောင့် ပဲပိုထွက်မယ့် အလားအလာဖြစ်စေပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲအသစ် အိတ် ၃ဝဝဝ ခန့် ဝင်လာပြီဖြစ်ပြီး အိတ် ၁၅ဝဝ ခန့်မှာ ကာဘူလီဖြစ်ပြီး ကျန်ပဲမှာ ဒေစီကုလားပဲများဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာ က ပုံမှန်ဝင်ရောက်နေပြီဖြစ်လို့ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁မွန်ဘိုင်း ၅၄ဝ ၅၄၈ ၅၃၁ ၅၃၂ ဒေလီ ၅၇၃ ၅၇၅-၅၈၁ ၅၇၅ ၅၇၆-၅၈၂ကန်ပါ ၆ဝဝ ၆ဝ၆ ၅၉၇-၆ဝ၃ ၅၇၆
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၉ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ရက်မှာပြီးဆုံးခဲ့တဲ့သီတင်းပတ်အတွင်း စားနပ်ရိက္ခာဖောင်းပွမှုဟာ ၁၁ ဒသမ ၄၉ရာခိုင်နှုန်းရှိခဲ့လို့ ယခင်သီတင်းပတ်မှာဖြစ်ပေါ်ခဲ့တဲ့ ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်းထက် ပိုလာတာတွေ့ရပါတယ်။ ပဲမျိုးစုံဈေးက ၁ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း ကျဆင်းပေမဲ့ အသား၊ နို့နဲ့ အသီးအရွက်ဈေး တွေက ၁၅ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းအသီးသီး မြင့် တက်ခဲ့တာကြောင့်လို့ သိရပါတယ်။ မတ်ပဲဈေး အကျဘက်ဆင်းလာ ယခင်သီတင်းပတ်က မတ်ပဲဈေးမာခဲ့ပေမဲ့ ယခုသီတင်းပတ်မှာ တော့ ကုန်သည်တွေနဲ့ ပဲခွဲစက်သမားတွေက အဝယ်မရှိတာကြောင့် ပြည်တွင်းဒေစီမတ်ပဲရော မြန်မာမတ်ပဲပါ အကျဘက်ကို ဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲလက်ကျန်အခြေအနေက နည်းနေပြီဖြစ်လို့ ကာလတိုအတွင်းမှာတော့ ဈေးကျဆင်းတာကို ကန့်သတ်နိုင်မယ်လို့ ကုန်သည်တွေ က ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းမှုက လိုအပ်တာ ထက် ပိုခဲ့တဲ့အတွက် ပဲအထွက်လျော့မယ်လို့ ခန့်မှန်းထားပြီး ဈေးကွက် တွေထဲ ပဲဝင်ရောက်မှုဟာလည်း ၁ဝ ရက်-၁၅ ရက်ခန့် နောက်ကျမယ်လို့ ဆိုပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ပုံမှန်အားဖြင့် ပဲတန်ချိန် ၂ ဒသမ ၂၅ သိန်း-၂ ဒသမ ၅ သိန်းခန့်ထွက်ရာမှ ယခုနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၈ သန်း-၂ သန်းဝန်းကျင်သာ ထွက်မယ်လို့ ကုန်သည်အသိုင်း အဝန်းကဆိုပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မတ်ပဲတွေက မတ်လလယ်မှာ ဝင်ရောက်တော့မှာဖြစ်လို့ အဲဒီကာလမှာလည်း ပြည်တွင်း ဈေးထပ်ကျအောင် ဖိအားဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁မွန်ဘိုင်း ၈၉၃ ၉ဝ၇ ၉၁၈-၉၂၉ ၉၂၆ဒေလီ ၈၉၈ ၉ဝ၇ ၉၁၈ ၉၂၆ချန်နိုင်း ၉၂ဝ-၁ဝ၄၁ ၉၂၄-၁ဝ၄၅ ၉၂၉-၁ဝ၆၂ ၉၂ဝ-၁ဝ၄၂